လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်၍ လက်နက်ပြပြီး ခြိမ်းခြောက် လုယက်မှုများရှိလာနေ

 5361

သန့်ဇင် (NP News) - ဩဂုတ် ၃ဝ

ယခုနောက်ပိုင်းကာလများအတွင်း ဒေသအသီးသီး၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ အယောင်ဆောင်ကာ လက်နက်ပြ ပြီး ခြိမ်းခြောက်လုယက်မှုများ ရှိနေကြောင်း NP News က စုံစမ်းမေးမြန်းထားသည့် အချက်အလက်များအရ သိရသည်။

အကြမ်းဖက်ခြိမ်းခြောက်လုယက်မှုဖြစ် စဉ်များဖြစ်ပွားလျက်ရှိသည့်အနက် အထက်ပါလုယက်သည့် ပုံစံမျိုးကို ရန်ကုန်မြို့နှင့် မန္တလေးမြို့တို့တွင် အဓိကဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်း ဒုစရိုက်မှုများပြားလာရသည့် အကြောင်းအရင်းများအနက် အဓိကအကြောင်းအရင်းများထဲတွင် မူးယစ်ဆေးဝါး၊ လောင်းကစားနှင့် အလုပ်အကိုင်ရှားပါးလာမှုများပါဝင်နေပြီး ငွေရလွယ်သောကြောင့် အရဲစွန့်ကျူးလွန် လာကြခြင်းဖြစ်နိုင် ကြောင်း သုံးသပ်မှုများ ရှိနေသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁၆)ရက်ကလည်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ (၅၁)လမ်း၊ (၃၅) လမ်းနှင့် (၃၆)လမ်းကြားတွင် ဆိုင်ကယ်ဖြင့် ကျောင်းပြန်လာသည့် ကျောင်းသူ(၂)ဦးကို လုံခြုံရေး တပ်ဖွဲ့ဝင်အယောင် ဆောင်ထားသော အမျိုးသား(၂)ဦးက စစ်ဆေးမည်ပြော၍ ဆိုင်ကယ်ရပ်ခိုင်းကာ ဖုန်းနှင့်ဆိုင်ကယ်ကို တောင်းဆိုလုယက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

‘အဲဒီတုန်းက CCTV မှာတွေ့တဲ့ပုံစံအရ ဆိုရင် နောက်ကနေသေနတ်ပြပြီး စစ်ဆေးစရာရှိ တယ်ဆိုပြီးလုပ်တာ။ သူတို့က လုံခြုံရေးတပ်ဖွဲ့ဝင် ပုံစံမျိုး အဲလိုပုံစံဖမ်းပြီး စစ်တာပေါ့။ နောက်တော့ စစ်ဆေးမယ်လိုလိုနဲ့ ဆိုင်ကယ်ကို မောင်းပြီး ထွက်ပြေး သွာတာ’ဟု မန္တလေးမြို့ခံတစ်ဦးက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ (၂၇)ရက် ညပိုင်းကလည်း ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ပေါ်၌ လုံခြုံရေးအဖွဲ့ အယောင်ဆောင်၍ ဓားပြမှု ကျူးလွန်နေသည့် ရွေးကောက်ပွဲကော်မရှင်ဒုဦးစီးမှူး ဦးဆောင်သောအဖွဲ့ကို လက်နက်ခဲယမ်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ ခဲ့ဖူးကြောင်း သိရသည်။

အလားတူ ပြီးခဲ့ကာလများကလည်း ရန်ကုန်မြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များအယောင် ဆောင်ကာ လူသူပြတ် လပ်သည့်လမ်းများ၌ ဖမ်းဆီးငွေညှစ်ခြင်းနှင့် ပစ္စည်းလုယက်ခြင်းများ ကျူးလွန်ခဲ့သည့် အဖွဲ့များရှိခဲ့ဖူးကြောင်း ရန်ကုန် မြို့ခံတစ်ဦးကဆိုသည်။

‘ဖြစ်တာတော့ကြာပါပြီ။ အခြေအနေမ တည်မငြိမ်တွေစဖြစ်တုန်းကဖြစ်တာပါ။ ကျွန်တော်က မြို့ထဲကိုသွား တာမှာ လမ်းမှာ ကျွန်တော့်ကိုခေါ်ပြီး စစ်တာဆေးတာတွေလုပ်တယ်။ ကျွန်တော်က ဘယ်စခန်းကလဲလို့မေးတော့ မဖြေဘူး။ အဲဒါနဲ့ ပိုက်ဆံအိတ်ကို ယူထားပြီးသွားတော့လို့ပြောတာ။ အဲဒါတောင် ညည့်မနက်သေးဘူး။ ရန်ကုန်မြို့ လယ်ကောင် ကြီးမှာ ဖြစ်သွားတာ’ဟု ဖြစ်စဉ်ကို ကိုယ့်တွေ့ကြုံခဲ့ရသည့် ရန်ကုန်မြို့ခံတစ်ဦးက ပြော သည်။

zawgyi version
လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား အေယာင္ေဆာင္၍ လက္နက္ျပၿပီး ၿခိမ္းေျခာက္ လုယက္မႈမ်ားရွိလာေန
သန႔္ဇင္ (NP News) - ဩဂုတ္ ၃ဝ

ယခုေနာက္ပိုင္းကာလမ်ားအတြင္း ေဒသအသီးသီး၌ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား အေယာင္ေဆာင္ကာ လက္နက္ျပ ၿပီး ၿခိမ္းေျခာက္လုယက္မႈမ်ား ရွိေနေၾကာင္း NP News က စုံစမ္းေမးျမန္းထားသည့္ အခ်က္အလက္မ်ားအရ သိရသည္။

အၾကမ္းဖက္ၿခိမ္းေျခာက္လုယက္မႈျဖစ္ စဥ္မ်ားျဖစ္ပြားလ်က္ရွိသည့္အနက္ အထက္ပါလုယက္သည့္ ပုံစံမ်ိဳးကို ရန္ကုန္ၿမိဳ႕ႏွင့္ မႏၲေလးၿမိဳ႕တို႔တြင္ အဓိကျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

ႏိုင္ငံတစ္ဝန္း ဒုစ႐ိုက္မႈမ်ားျပားလာရသည့္ အေၾကာင္းအရင္းမ်ားအနက္ အဓိကအေၾကာင္းအရင္းမ်ားထဲတြင္ မူးယစ္ေဆးဝါး၊ ေလာင္းကစားႏွင့္ အလုပ္အကိုင္ရွားပါးလာမႈမ်ားပါဝင္ေနၿပီး ေငြရလြယ္ေသာေၾကာင့္ အရဲစြန႔္က်ဴးလြန္ လာၾကျခင္းျဖစ္ႏိုင္ ေၾကာင္း သုံးသပ္မႈမ်ား ရွိေနသည္။

ၿပီးခဲ့သည့္ ဩဂုတ္လ (၁၆)ရက္ကလည္း မႏၲေလးၿမိဳ႕၊ မဟာေအာင္ေျမၿမိဳ႕နယ္၊ (၅၁)လမ္း၊ (၃၅) လမ္းႏွင့္ (၃၆)လမ္းၾကားတြင္ ဆိုင္ကယ္ျဖင့္ ေက်ာင္းျပန္လာသည့္ ေက်ာင္းသူ(၂)ဦးကို လုံၿခဳံေရး တပ္ဖြဲ႕ဝင္အေယာင္ ေဆာင္ထားေသာ အမ်ိဳးသား(၂)ဦးက စစ္ေဆးမည္ေျပာ၍ ဆိုင္ကယ္ရပ္ခိုင္းကာ ဖုန္းႏွင့္ဆိုင္ကယ္ကို ေတာင္းဆိုလုယက္မႈတစ္ခု ျဖစ္ပြားခဲ့ေၾကာင္း ေဒသခံမ်ားထံမွ သိရသည္။

‘အဲဒီတုန္းက CCTV မွာေတြ႕တဲ့ပုံစံအရ ဆိုရင္ ေနာက္ကေနေသနတ္ျပၿပီး စစ္ေဆးစရာရွိ တယ္ဆိုၿပီးလုပ္တာ။ သူတို႔က လုံၿခဳံေရးတပ္ဖြဲ႕ဝင္ ပုံစံမ်ိဳး အဲလိုပုံစံဖမ္းၿပီး စစ္တာေပါ့။ ေနာက္ေတာ့ စစ္ေဆးမယ္လိုလိုနဲ႔ ဆိုင္ကယ္ကို ေမာင္းၿပီး ထြက္ေျပး သြာတာ’ဟု မႏၲေလးၿမိဳ႕ခံတစ္ဦးက ေျပာသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ (၂၇)ရက္ ညပိုင္းကလည္း ရွမ္းျပည္နယ္အေရွ႕ပိုင္း တာခ်ီလိတ္ၿမိဳ႕ေပၚ၌ လုံၿခဳံေရးအဖြဲ႕ အေယာင္ေဆာင္၍ ဓားျပမႈ က်ဴးလြန္ေနသည့္ ေ႐ြးေကာက္ပြဲေကာ္မရွင္ဒုဦးစီးမႉး ဦးေဆာင္ေသာအဖြဲ႕ကို လက္နက္ခဲယမ္းမ်ားႏွင့္အတူ ေဖာ္ထုတ္ဖမ္းဆီးရမိ ခဲ့ဖူးေၾကာင္း သိရသည္။

အလားတူ ၿပီးခဲ့ကာလမ်ားကလည္း ရန္ကုန္ၿမိဳ႕တြင္ လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားအေယာင္ ေဆာင္ကာ လူသူျပတ္ လပ္သည့္လမ္းမ်ား၌ ဖမ္းဆီးေငြညႇစ္ျခင္းႏွင့္ ပစၥည္းလုယက္ျခင္းမ်ား က်ဴးလြန္ခဲ့သည့္ အဖြဲ႕မ်ားရွိခဲ့ဖူးေၾကာင္း ရန္ကုန္ ၿမိဳ႕ခံတစ္ဦးကဆိုသည္။

‘ျဖစ္တာေတာ့ၾကာပါၿပီ။ အေျခအေနမ တည္မၿငိမ္ေတြစျဖစ္တုန္းကျဖစ္တာပါ။ ကြၽန္ေတာ္က ၿမိဳ႕ထဲကိုသြား တာမွာ လမ္းမွာ ကြၽန္ေတာ့္ကိုေခၚၿပီး စစ္တာေဆးတာေတြလုပ္တယ္။ ကြၽန္ေတာ္က ဘယ္စခန္းကလဲလို႔ေမးေတာ့ မေျဖဘူး။ အဲဒါနဲ႔ ပိုက္ဆံအိတ္ကို ယူထားၿပီးသြားေတာ့လို႔ေျပာတာ။ အဲဒါေတာင္ ညည့္မနက္ေသးဘူး။ ရန္ကုန္ၿမိဳ႕ လယ္ေကာင္ ႀကီးမွာ ျဖစ္သြားတာ’ဟု ျဖစ္စဥ္ကို ကိုယ့္ေတြ႕ႀကဳံခဲ့ရသည့္ ရန္ကုန္ၿမိဳ႕ခံတစ္ဦးက ေျပာ သည္။

Related news

© 2021. All rights reserved.