မန္တလေးမြို့မှ အပေါင်ဆိုင်အချို့သည် မီနီအိုးဝေ၊ ဆိုင်ကယ်နှင့် အခြားပစ္စည်းများ ခိုးရာပါလက်ခံဈေးကွက်တစ်ခု ဖြစ်လာနေဟုဆို
3207
သန့်ဇင် (NP News) - ဩဂုတ် ၃ဝ
မန္တလေးမြို့မှအပေါင်ဆိုင်အချို့သည် ခိုးရာပါ မီနီအိုးဝေ၊ ဆိုင်ကယ်နှင့် အခြားသော ပစ္စည်းများလက်ခံရာ ဈေးကွက်တစ်ခုဖြစ်လာနေကြောင်း မန္တလေးမြို့ခံတစ်ဦးထံ NP News က ဆက်သွယ်မေးမြန်းထားချက်အရ သိရသည်။
မန္တလေးမြို့တွင် မီနီအိုးဝေ၊ ဆိုင်ကယ်လုယက် ခိုးယူမှုဖြစ်စဉ်များသည် ယခင်ထက်ပိုမိုဖြစ်ပွား လာနေကြောင်း မန္တလေးမြို့မှ မီနီအိုးဝေယာဉ်မောင်း တစ်ဦးကဆိုသည်။
‘‘ဒီလိုဖြစ်စဉ်တွေက အခုနောက်ပိုင်း ခပ်စိပ် စိပ်ဖြစ်လာတယ်ပေါ့နော်။ အိုးဝေတို့ ဆိုင်ကယ်တို့ ပျောက်တာတွေ လည်း အခုနောက်ပိုင်းရှိတယ်ဗျ။ ကျွန်တော်တို့လည်းကြားနေရတယ်။ အဲဒါတွေကလည်း မန္တလေးက ဈေးကွက် ကြီးတစ်ခုလို ဖြစ်နေတာပေါ့။ အခုနောက်ပိုင်းက ပေါ်တင်ကြီးလုပ်ပြီး ပေါ်တင်ကြီး အပေါင်ဆိုင်မှာပေါင်ကြတာ။ ပြီး တော့ လောင်းကစားရုံတွေမှာပေါင်ခဲ့တာမျိုးပေါ့”ဟု အထက်ပါ မြို့ခံကပြောသည်။
ထို့ပြင် ပစ္စည်းပိုင်ရှင်က အပေါင်ဆိုင်တွင် ၎င်းတို့၏ ပျောက်ဆုံး၊ လုယက်ခံရသော အထက်ပါပစ္စည်းများကို ပြန်တွေ့သောကြောင့် ရွေးယူရာတွင်လည်း ဈေးလျှော့မပေးသည့်အပြင် ပိုက်ဆံကို လက်ငင်းချေမှသာ ပစ္စည်းပြန်ရမည့် အနေအထားမျိုး ဖြစ်နေကြောင်း ၎င်းကရှင်းပြသည်။
‘‘အဲဒါတွေကြောင့် အခုနောက်ပိုင်းဆိုရင် မန္တလေးမှာက ညတွေသွားတာတို့ နေ့ခင်းဘက်တွေ သွားတာကအစ နည်းနည်းလေး နောက်ကျော မလုံဘူး။ ကိုယ့်အနားကို ဆိုင်ကယ်တစ်စီး ကပ်လာမယ်ဆိုရင် အကုန်လုံးက ကြောက် လန့်နေကြတာလေ”ဟု အခြားမန္တလေးမြို့ခံတစ်ဦးက ပြောသည်။
မန္တလေးမြို့တွင် ခိုးဆိုးလုယက်မှုဖြစ်စဉ်များကို အဖွဲ့လိုက်ဖြင့်သော် ည်းကောင်း တစ်ဦးချင်းဖြင့် သော်လည်းကောင်း ကျူးလွန်နေကြကြောင်း သိရသည်။
မန္တလေးမြို့တွင် ဒုစရိုက်မှုများပြားလာရသည့် အကြောင်းရင်းများအနက် အဓိကအကြောင်း ရင်းများထဲတွင် မူးယစ်ဆေးဝါး၊ လောင်းကစားနှင့် အလုပ်အကိုင်ရှားပါးလာမှုများ ပါဝင်နေပြီး ငွေရလွယ်သောကြောင့် အရဲစွန့်ကျူးလွန် လာကြခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
‘‘အဲဒါတွေက လက်ရဲဇက်ရဲရှိတဲ့လူတွေ ခိုးမှုနဲ့ ထောင်ကျဖူးတဲ့လူတွေက ဒီလိုမျိုးတွေပြန် လုပ်နေတာရှိ တယ်ပေါ့နော်။ အဲဒီလူတွေလည်း ခိုးမှုတွေ၊ လုယက်မှုတွေမှာ မိတဲ့အချိန်မှာ ဆက်စပ်ပြီးလိုက်တော့ ဒီလိုဟာတွေထဲက ပဲဖြစ်နေတာပေါ့နော်။ အရင်က ပြစ်ဒဏ်ကျခဲ့တဲ့လူပေါ့။ နောက်ပြီး မန္တလေးမှာက တချို့နေရာတွေမှာဆိုရင် တရားမ ဝင်မူး ယစ်ဆေးတွေပေါ်ပေါ်ထင် ထင်ရောင်းနေတဲ့နေရာ တွေရှိတယ်။ အဲဒါတွေလည်းပါတာပေါ့။ ဒုတိယတစ် ချက်က တော့ စားဝတ်နေရေးပေါ့။ အလုပ်အကိုင်တွေ ကလည်းရှားတော့ လူတွေက မလုပ်သင့်တာတွေ လုပ်ကြတော့ တာပေါ့”ဟု ၎င်းက ရှင်းပြသည်။
zawgyi version
မႏၲေလးၿမိဳ႕မွ အေပါင္ဆိုင္အခ်ိဳ႕သည္ မီနီအိုးေဝ၊ ဆိုင္ကယ္ႏွင့္ အျခားပစၥည္းမ်ား ခိုးရာပါလက္ခံေဈးကြက္တစ္ခု ျဖစ္လာေနဟုဆို
သန႔္ဇင္ (NP News) - ဩဂုတ္ ၃ဝ
မႏၲေလးၿမိဳ႕မွအေပါင္ဆိုင္အခ်ိဳ႕သည္ ခိုးရာပါ မီနီအိုးေဝ၊ ဆိုင္ကယ္ႏွင့္ အျခားေသာ ပစၥည္းမ်ားလက္ခံရာ ေဈးကြက္တစ္ခုျဖစ္လာေနေၾကာင္း မႏၲေလးၿမိဳ႕ခံတစ္ဦးထံ NP News က ဆက္သြယ္ေမးျမန္းထားခ်က္အရ သိရသည္။
မႏၲေလးၿမိဳ႕တြင္ မီနီအိုးေဝ၊ ဆိုင္ကယ္လုယက္ ခိုးယူမႈျဖစ္စဥ္မ်ားသည္ ယခင္ထက္ပိုမိုျဖစ္ပြား လာေနေၾကာင္း မႏၲေလးၿမိဳ႕မွ မီနီအိုးေဝယာဥ္ေမာင္း တစ္ဦးကဆိုသည္။
‘‘ဒီလိုျဖစ္စဥ္ေတြက အခုေနာက္ပိုင္း ခပ္စိပ္ စိပ္ျဖစ္လာတယ္ေပါ့ေနာ္။ အိုးေဝတို႔ ဆိုင္ကယ္တို႔ ေပ်ာက္တာေတြ လည္း အခုေနာက္ပိုင္းရွိတယ္ဗ်။ ကြၽန္ေတာ္တို႔လည္းၾကားေနရတယ္။ အဲဒါေတြကလည္း မႏၲေလးက ေဈးကြက္ ႀကီးတစ္ခုလို ျဖစ္ေနတာေပါ့။ အခုေနာက္ပိုင္းက ေပၚတင္ႀကီးလုပ္ၿပီး ေပၚတင္ႀကီး အေပါင္ဆိုင္မွာေပါင္ၾကတာ။ ၿပီး ေတာ့ ေလာင္းကစား႐ုံေတြမွာေပါင္ခဲ့တာမ်ိဳးေပါ့”ဟု အထက္ပါ ၿမိဳ႕ခံကေျပာသည္။
ထို႔ျပင္ ပစၥည္းပိုင္ရွင္က အေပါင္ဆိုင္တြင္ ၎တို႔၏ ေပ်ာက္ဆုံး၊ လုယက္ခံရေသာ အထက္ပါပစၥည္းမ်ားကို ျပန္ေတြ႕ေသာေၾကာင့္ ေ႐ြးယူရာတြင္လည္း ေဈးေလွ်ာ့မေပးသည့္အျပင္ ပိုက္ဆံကို လက္ငင္းေခ်မွသာ ပစၥည္းျပန္ရမည့္ အေနအထားမ်ိဳး ျဖစ္ေနေၾကာင္း ၎ကရွင္းျပသည္။
‘‘အဲဒါေတြေၾကာင့္ အခုေနာက္ပိုင္းဆိုရင္ မႏၲေလးမွာက ညေတြသြားတာတို႔ ေန႔ခင္းဘက္ေတြ သြားတာကအစ နည္းနည္းေလး ေနာက္ေက်ာ မလုံဘူး။ ကိုယ့္အနားကို ဆိုင္ကယ္တစ္စီး ကပ္လာမယ္ဆိုရင္ အကုန္လုံးက ေၾကာက္ လန႔္ေနၾကတာေလ”ဟု အျခားမႏၲေလးၿမိဳ႕ခံတစ္ဦးက ေျပာသည္။
မႏၲေလးၿမိဳ႕တြင္ ခိုးဆိုးလုယက္မႈျဖစ္စဥ္မ်ားကို အဖြဲ႕လိုက္ျဖင့္ေသာ္ ည္းေကာင္း တစ္ဦးခ်င္းျဖင့္ ေသာ္လည္းေကာင္း က်ဴးလြန္ေနၾကေၾကာင္း သိရသည္။
မႏၲေလးၿမိဳ႕တြင္ ဒုစ႐ိုက္မႈမ်ားျပားလာရသည့္ အေၾကာင္းရင္းမ်ားအနက္ အဓိကအေၾကာင္း ရင္းမ်ားထဲတြင္ မူးယစ္ေဆးဝါး၊ ေလာင္းကစားႏွင့္ အလုပ္အကိုင္ရွားပါးလာမႈမ်ား ပါဝင္ေနၿပီး ေငြရလြယ္ေသာေၾကာင့္ အရဲစြန႔္က်ဴးလြန္ လာၾကျခင္းျဖစ္ႏိုင္ေၾကာင္း သုံးသပ္မႈမ်ားရွိေနသည္။
‘‘အဲဒါေတြက လက္ရဲဇက္ရဲရွိတဲ့လူေတြ ခိုးမႈနဲ႔ ေထာင္က်ဖူးတဲ့လူေတြက ဒီလိုမ်ိဳးေတြျပန္ လုပ္ေနတာရွိ တယ္ေပါ့ေနာ္။ အဲဒီလူေတြလည္း ခိုးမႈေတြ၊ လုယက္မႈေတြမွာ မိတဲ့အခ်ိန္မွာ ဆက္စပ္ၿပီးလိုက္ေတာ့ ဒီလိုဟာေတြထဲက ပဲျဖစ္ေနတာေပါ့ေနာ္။ အရင္က ျပစ္ဒဏ္က်ခဲ့တဲ့လူေပါ့။ ေနာက္ၿပီး မႏၲေလးမွာက တခ်ိဳ႕ေနရာေတြမွာဆိုရင္ တရားမ ဝင္မူး ယစ္ေဆးေတြေပၚေပၚထင္ ထင္ေရာင္းေနတဲ့ေနရာ ေတြရွိတယ္။ အဲဒါေတြလည္းပါတာေပါ့။ ဒုတိယတစ္ ခ်က္က ေတာ့ စားဝတ္ေနေရးေပါ့။ အလုပ္အကိုင္ေတြ ကလည္းရွားေတာ့ လူေတြက မလုပ္သင့္တာေတြ လုပ္ၾကေတာ့ တာေပါ့”ဟု ၎က ရွင္းျပသည္။