အပ်ငွေအတိုးနှုန်းသတ်မှတ်ချက် ဩဂုတ် (၁၄) ရက် ကြေညာချက်ထက် ပိုများလာရန်ရှိ

 4312

အေဝိုင်အီး (NP News) - ဩဂုတ် ၃ဝ

ပြည်သူလူထု၏အပ်နှံငွေအပေါ် ပြန်လည်ပေးအပ်သည့်ဘဏ်တိုးနှုန်းသည် ဩဂုတ်လ(၁၄) ရက်ကထုတ်ပြန်ခဲ့သော ပမာဏထက် ပိုမိုများပြား သည့်အပ်နှံငွေအပေါ် အတိုးနှုန်းသတ်မှတ်ခြင်း များဖြစ်လာနိုင်ကြောင်း သတင်းရရှိသည်။

ဩဂုတ်လ(၁၄)ရက်တွင် ဗဟိုဘဏ်ကထုတ် ပြန်ခဲ့သောကြေညာ ချက်၌ လာမည့်စက်တင်ဘာ (၁)ရက်မှစ၍ ပြည်သူလူထု၏အပ်နှံငွေအပေါ် အတိုးနှုန်းကို အနိမ့်ဆုံး(၇)ရာခိုင်နှုန်းမှ အမြင့်ဆုံး(၉)ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ် ကြောင်း ကြေညာခဲ့ခြင်းဖြစ်ပြီး ယခင်သတ်မှတ်ချက်များထက် ပိုမိုမြင့်မားလာခြင်းမျိုး လည်းဖြစ်သည်။

သို့သော်လည်း ဗဟိုဘဏ်နှင့် ပုဂ္ဂလိကဘဏ်များက ပြည်သူလူထု၏ အပ်နှံငွေများကို ဩဂုတ်လ(၁၄)ရက်က ကြေညာချက်ထက်ပို၍ အတိုးနှုန်းများမြှင့်တင်ပေးရန် သဘောထားများရှိလာကြကြောင်း ဘဏ္ဍာရေးဆိုင်ရာ သတင်း ရင်းမြစ်ထံမှ ကြားသိရသည်။ ‘‘အပ်ငွေအတိုးနှုန်းကို အနိမ့်ဆုံး (၇)ရာခိုင်နှုန်းအဖြစ် အခုသတ်မှတ်ထားတာကနေ အနိမ့်ဆုံးပမာဏက (၈)၊ (၉)ရာခိုင်နှုန်းဖြစ်နိုင်သလို၊ အမြင့်ဆုံးအတိုးနှုန်းက (၁၀) ရာခိုင်နှုန်းအထက် တောင်ဖြစ်လာ နိုင်တယ်။ အပ်နှံငွေအတိုးနှုန်းကို ကြေညာထားတာထက် ပိုပြီးတိုးပေးဖို့ ကြိတ်ပြီးစီစဉ်နေကြတယ်”ဟု ဘဏ္ဍာရေး သတင်းရင်းမြစ်က NP News ကို ပြောသည်။

ဗဟိုဘဏ်က ဩဂုတ်လ(၁၄)ရက်တွင် ကြေညာခဲ့သော အပ်ငွေအပေါ် အတိုးနှုန်းများ တိုးမြှင့်ပေးအပ်မည်ဆိုသည့် သတင်းကြောင့် ငွေကြေး ဖောင်းပွမှုနှုန်း လျော့ကျလာပြီး ပြည်သူများ ဘက်ကလည်း ဘဏ်အပ်နှံငွေပေါ်မှ အတိုးဝင်ငွေ ပိုမိုရရှိလာ မည်ဖြစ်ကြောင်း၊ အပ်နှံငွေမြင့်တက်လာမှုနှင့်အတူ ဘဏ် များ၏ ချေးငွေထုတ်ချေးနိုင်မှုသည်လည်း ပိုမိုများပြားလာနိုင်ကြောင်း၊ ဆက်စပ်၍ နိုင်ငံ၏စီးပွားရေး တိုးတက်မှုကို များစွာအထောက် အကူပြုမည်ဖြစ်ကြောင်းလည်း သတင်းရင်းမြစ်က သုံးသပ်သည်။ ဗဟိုဘဏ်နှင့် ပုဂ္ဂလိက ဘဏ် တာဝန်ရှိသူတို့က ယင်းအချက်များကိုဆွေးနွေးထားကြပြီး အပ်ငွေများအပေါ် ဘဏ်တိုးနှုန်းများ ထပ်မံတိုးမြှင့်ပေးသွား မည့်ကိစ္စအပေါ် သီးခြားအစီအစဉ်များအဖြစ် ဆက်လက်ဆောင်ရွက်နေခြင်းမျိုးဖြစ်ကြောင်း ဗဟိုဘဏ်နှင့်နီးစပ်သည့် သတင်းအရင်းအမြစ်များ အရသိရသည်။

‘‘ဘဏ်မှာ ငွေသွားအပ်ရင် အရင်ကအတိုးနှုန်း (၆) ရာခိုင်နှုန်း (၇)ရာခိုင်နှုန်း ရတယ်ပေါ့ဗျာ။ အခုက အဲဒါထက်ပိုပြီးများမယ့်သဘော။ဩဂုတ်လ(၁၄) ရက်က ကြေညာထားတဲ့နှုန်းထက် ပိုပြီးများ မယ့် အတိုးနှုန်းမျိုး ရမယ့်သဘောဗျ’’ဟု သတင်းရင်းမြစ်ကပြောသည်။ ပုဂ္ဂလိကဘဏ် အချို့၏ (၂၀၂၀) ပြည့်နှစ်က တည်းက သတ်မှတ်ထားသော အပ်ငွေအပေါ်အတိုးနှုန်းမှာ အမြင့်ဆုံးအားဖြင့် (၇)ရာခိုင်နှုန်းသာ ရှိထားပြီး အပ်နှံငွေ အပေါ်ရရှိခဲ့ဖူးသည့် အမြင့်ဆုံးသောပမာဏမှာ (၈)ရာခိုင်နှုန်းခန့်သာဖြစ်ခဲ့ကြောင်း ကြားသိရသည်။

zawgyi version
အပ္ေငြအတိုးႏႈန္းသတ္မွတ္ခ်က္ ဩဂုတ္ (၁၄) ရက္ ေၾကညာခ်က္ထက္ ပိုမ်ားလာရန္ရွိ
ေအဝိုင္အီး (NP News) - ဩဂုတ္ ၃ဝ

ျပည္သူလူထု၏အပ္ႏွံေငြအေပၚ ျပန္လည္ေပးအပ္သည့္ဘဏ္တိုးႏႈန္းသည္ ဩဂုတ္လ(၁၄) ရက္ကထုတ္ျပန္ခဲ့ေသာ ပမာဏထက္ ပိုမိုမ်ားျပား သည့္အပ္ႏွံေငြအေပၚ အတိုးႏႈန္းသတ္မွတ္ျခင္း မ်ားျဖစ္လာႏိုင္ေၾကာင္း သတင္းရရွိသည္။

ဩဂုတ္လ(၁၄)ရက္တြင္ ဗဟိုဘဏ္ကထုတ္ ျပန္ခဲ့ေသာေၾကညာ ခ်က္၌ လာမည့္စက္တင္ဘာ (၁)ရက္မွစ၍ ျပည္သူလူထု၏အပ္ႏွံေငြအေပၚ အတိုးႏႈန္းကို အနိမ့္ဆုံး(၇)ရာခိုင္ႏႈန္းမွ အျမင့္ဆုံး(၉)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္သတ္မွတ္ ေၾကာင္း ေၾကညာခဲ့ျခင္းျဖစ္ၿပီး ယခင္သတ္မွတ္ခ်က္မ်ားထက္ ပိုမိုျမင့္မားလာျခင္းမ်ိဳး လည္းျဖစ္သည္။

သို႔ေသာ္လည္း ဗဟိုဘဏ္ႏွင့္ ပုဂၢလိကဘဏ္မ်ားက ျပည္သူလူထု၏ အပ္ႏွံေငြမ်ားကို ဩဂုတ္လ(၁၄)ရက္က ေၾကညာခ်က္ထက္ပို၍ အတိုးႏႈန္းမ်ားျမႇင့္တင္ေပးရန္ သေဘာထားမ်ားရွိလာၾကေၾကာင္း ဘ႑ာေရးဆိုင္ရာ သတင္း ရင္းျမစ္ထံမွ ၾကားသိရသည္။ ‘‘အပ္ေငြအတိုးႏႈန္းကို အနိမ့္ဆုံး (၇)ရာခိုင္ႏႈန္းအျဖစ္ အခုသတ္မွတ္ထားတာကေန အနိမ့္ဆုံးပမာဏက (၈)၊ (၉)ရာခိုင္ႏႈန္းျဖစ္ႏိုင္သလို၊ အျမင့္ဆုံးအတိုးႏႈန္းက (၁၀) ရာခိုင္ႏႈန္းအထက္ ေတာင္ျဖစ္လာ ႏိုင္တယ္။ အပ္ႏွံေငြအတိုးႏႈန္းကို ေၾကညာထားတာထက္ ပိုၿပီးတိုးေပးဖို႔ ႀကိတ္ၿပီးစီစဥ္ေနၾကတယ္”ဟု ဘ႑ာေရး သတင္းရင္းျမစ္က NP News ကို ေျပာသည္။

ဗဟိုဘဏ္က ဩဂုတ္လ(၁၄)ရက္တြင္ ေၾကညာခဲ့ေသာ အပ္ေငြအေပၚ အတိုးႏႈန္းမ်ား တိုးျမႇင့္ေပးအပ္မည္ဆိုသည့္ သတင္းေၾကာင့္ ေငြေၾကး ေဖာင္းပြမႈႏႈန္း ေလ်ာ့က်လာၿပီး ျပည္သူမ်ား ဘက္ကလည္း ဘဏ္အပ္ႏွံေငြေပၚမွ အတိုးဝင္ေငြ ပိုမိုရရွိလာ မည္ျဖစ္ေၾကာင္း၊ အပ္ႏွံေငြျမင့္တက္လာမႈႏွင့္အတူ ဘဏ္ မ်ား၏ ေခ်းေငြထုတ္ေခ်းႏိုင္မႈသည္လည္း ပိုမိုမ်ားျပားလာႏိုင္ေၾကာင္း၊ ဆက္စပ္၍ ႏိုင္ငံ၏စီးပြားေရး တိုးတက္မႈကို မ်ားစြာအေထာက္ အကူျပဳမည္ျဖစ္ေၾကာင္းလည္း သတင္းရင္းျမစ္က သုံးသပ္သည္။ ဗဟိုဘဏ္ႏွင့္ ပုဂၢလိက ဘဏ္ တာဝန္ရွိသူတို႔က ယင္းအခ်က္မ်ားကိုေဆြးေႏြးထားၾကၿပီး အပ္ေငြမ်ားအေပၚ ဘဏ္တိုးႏႈန္းမ်ား ထပ္မံတိုးျမႇင့္ေပးသြား မည့္ကိစၥအေပၚ သီးျခားအစီအစဥ္မ်ားအျဖစ္ ဆက္လက္ေဆာင္႐ြက္ေနျခင္းမ်ိဳးျဖစ္ေၾကာင္း ဗဟိုဘဏ္ႏွင့္နီးစပ္သည့္ သတင္းအရင္းအျမစ္မ်ား အရသိရသည္။

‘‘ဘဏ္မွာ ေငြသြားအပ္ရင္ အရင္ကအတိုးႏႈန္း (၆) ရာခိုင္ႏႈန္း (၇)ရာခိုင္ႏႈန္း ရတယ္ေပါ့ဗ်ာ။ အခုက အဲဒါထက္ပိုၿပီးမ်ားမယ့္သေဘာ။ဩဂုတ္လ(၁၄) ရက္က ေၾကညာထားတဲ့ႏႈန္းထက္ ပိုၿပီးမ်ား မယ့္ အတိုးႏႈန္းမ်ိဳး ရမယ့္သေဘာဗ်’’ဟု သတင္းရင္းျမစ္ကေျပာသည္။ ပုဂၢလိကဘဏ္ အခ်ိဳ႕၏ (၂၀၂၀) ျပည့္ႏွစ္က တည္းက သတ္မွတ္ထားေသာ အပ္ေငြအေပၚအတိုးႏႈန္းမွာ အျမင့္ဆုံးအားျဖင့္ (၇)ရာခိုင္ႏႈန္းသာ ရွိထားၿပီး အပ္ႏွံေငြ အေပၚရရွိခဲ့ဖူးသည့္ အျမင့္ဆုံးေသာပမာဏမွာ (၈)ရာခိုင္ႏႈန္းခန႔္သာျဖစ္ခဲ့ေၾကာင္း ၾကားသိရသည္။

Related news

© 2021. All rights reserved.