အမေရိကန်နိုင်ငံ နှင့် ကောင်းမွန်သောဆက်ဆံရေးတည်ဆောက်မှုများကို ဆက်လက်ထိန်းသိမ်းမည်ဟု တရုတ်သမ္မတ ကတိပြု

 771

ဂျန်ဇက် (NP News) - ဩဂုတ် ၃ဝ

ကမ္ဘာတဝန်း၌ ကြီးမားသောအပြောင်းအလဲများဖြစ်ပေါ်နေသော်လည်း တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နိုင်ငံ နှင့် ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်မှုများကို ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ကတိပြုပြောဆိုလိုက်သည်။

တရုတ်သမ္မတသည် ဘေးဂျင်းမြို့ကို ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်လာရောက်လည်ပတ်ခဲ့သော အမေရိကန်အစိုးရ၏အမျိုးသားလုံခြုံ ရေးအကြံပေးပုဂ္ဂိုလ် ဂျိတ်ဆူလီဗန် နှင့်တွေ့ဆုံဆွေးနွေးချိန်အတွင်း
ပြော ဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ဂျိတ်ဆူလီဗန်သည် တရုတ်နိုင်ငံသို့ သုံးရက်ကြာသွားရောက်လည်ပတ်ခဲ့ပြီး တရုတ်သမ္မတရှီကျင့်ဖျင့်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအပြင် တရုတ်အစိုးရအဖွဲ့ အဆင့်မြင့်အရာရှိကြီးများနှင့်တွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံနှင့် အမေရိကန်နိုင်ငံ၏ မဟာမိတ်များဖြစ်သော ဂျပန်၊ ဖိလစ်ပိုင်နိုင်ငံတို့ နှင့် လုံခြုံရေးကိစ္စများအငြင်းပွားမှုများရှိနေချိန်တွင် ဂျိတ်ဆူလီဗန်သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ တရုတ်သမ္မတက" ကမ္ဘာကြီးမှာ အခြေနေတွေနဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာအကြီးအကျယ်ပြောင်းလဲနေပေမယ့် တရုတ်နဲ့ အမေရိကန်နိုင်ငံကြား ဆက်ဆံရေး ကောင်းမွန်အောင်လုပ်ဆောင်သွားမယ်။ တရုတ်နဲ့အမေရိကန်နိုင်ငံကြား ဆက်ဆံရေးကောင်းမွန်စေဖို့၊ တည်ငြိမ်စေဖို့ အပြောင်းအလဲတွေလုပ်ဆာင်မှာမဟုတ်ဘူး၊ အမေရိကန်နိုင်ငံအနေနဲ့လည်း တစ်နိုင်ငံရဲ့အကျိုးစီးပွားကို ကာကွယ်နိုင်အောင် တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်မယ်လို့မျှော်လင့်ထားတယ်" ဟုပြောသည်။

ဂျိတ်ဆူလီဗန်သည် တရုတ်နိုင်ငံခရီးစဉ်အတွင်း တရုတ်ကာကွယ်ရေး ဦးစီးချုပ်နှင့်လည်းတွေ့ဆုံဆွေးနွေးခဲ့ကြောင်းသိရသည်။ ဂျိတ်ဆူလီဗန်က အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်သည် လာမည့်သီတင်းပတ်များအတွင်း တရုတ်သမ္မတရှီကျင့်ဖျင့် နှင့်တွေ့ဆုံဆွေနွေးခွင့်ရရှိရန် မျှော်လင့်နေကြောင်းပြောသည်။တရုတ်-အမေရိကန်ဆက်ဆံရေး တည်ငြိမ်၊ ခိုင်မာ၊ ရေရှည်တည်တံ့ရေး ပန်းတိုင်မှာမူ ပြောင်းလဲမှုမရှိကြောင်း၊အပြန်အလှန်လေးစားမှု၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုနှင့် အပြန်အလှန် အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုအပေါ် အခြေခံထားသည့် ဆက်ဆံရေးမူကြီးမှာလည်း ပြောင်းလဲမှုမရှိကြောင်း၊ နိုင်ငံ၏အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကျိုးစီးပွားများကို အခိုင်အမာကာကွယ်ထိန်းသိမ်းမည့် တရုတ်နိုင်ငံ၏ ရပ်တည်ချက်မှာလည်း ပြောင်းလဲမှုမရှိကြောင်း၊ တရုတ်သမ္မတက ထည့်သွင်းပြောဆိုခဲ့သည်။ တရုတ်ပြည်သူများနှင့် အမေရိကန်ပြည်သူများကြား အစဉ်အလာရှိသော ချစ်ကြည်ရင်းနှီးမှုကို ရှေ့ဆက်ရေးကြိုးပမ်းအားထုတ်မှုမှာလည်း ပြောင်းလဲမှုမရှိကြောင်း သမ္မတ ရှီက ပြောကြားခဲ့သည်။အမေရိကန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်ရည်မှန်းချက်တူညီစွာ လုပ်ဆောင်မည်၊ အပြုသဘောဆောင်၍ ကျိုးကြောင်းဆီလျော်မှုဖြင့် တရုတ်နိုင်ငံနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို ရှုမြင်သုံးသပ်မည်၊ဖြစ်သလို စိန်ခေါ်မှုထက် အခွင့်အလမ်းအဖြစ် တစ်နိုင်ငံ၏ တိုးတက်မှုကို တစ်နိုင်ငံက ရှုမြင်သုံးသပ်ပြီးအင်အားကြီးနှစ်နိုင်ငံအနေဖြင့် မှန်ကန်သောလမ်းကြောင်းကို ရှာဖွေရေးအတွက် တရုတ်နိုင်ငံနှင့်အတူ ဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း သမ္မတ ရှီကျင့်ဖျင့်ကထပ်မံပြောဆိုခဲ့သည်။ ဂျိတ်ဆူလီဗန်သည် အဆိုပါ ခရီးစဉ်အတွင်း တောင်တရုတ်ပင်လယ်အရေး၊ ဖိလစ်ပိုင်အရေး၊ထိုင်ဝမ်အရေး ကိစ္စများကိုလည်းထည့်သွင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

zawgyi version
အေမရိကန္ႏိုင္ငံ ႏွင့္ ေကာင္းမြန္ေသာဆက္ဆံေရးတည္ေဆာက္မႈမ်ားကို ဆက္လက္ထိန္းသိမ္းမည္ဟု တ႐ုတ္သမၼတ ကတိျပဳ
ဂ်န္ဇက္ (NP News) - ဩဂုတ္ ၃ဝ

ကမာၻတဝန္း၌ ႀကီးမားေသာအေျပာင္းအလဲမ်ားျဖစ္ေပၚေနေသာ္လည္း တ႐ုတ္ႏိုင္ငံအေနျဖင့္ အေမရိကန္ႏိုင္ငံ ႏွင့္ ေကာင္းမြန္ေသာ ဆက္ဆံေရးတည္ေဆာက္မႈမ်ားကို ဆက္လက္ထိန္းသိမ္းသြားမည္ျဖစ္ေၾကာင္း တ႐ုတ္သမၼတ ရွီက်င့္ဖ်င္က ကတိျပဳေျပာဆိုလိုက္သည္။

တ႐ုတ္သမၼတသည္ ေဘးဂ်င္းၿမိဳ႕ကို ၂၀၁၆ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္လာေရာက္လည္ပတ္ခဲ့ေသာ အေမရိကန္အစိုးရ၏အမ်ိဳးသားလုံၿခဳံ ေရးအႀကံေပးပုဂၢိဳလ္ ဂ်ိတ္ဆူလီဗန္ ႏွင့္ေတြ႕ဆုံေဆြးေႏြးခ်ိန္အတြင္း
ေျပာ ဆိုခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ဂ်ိတ္ဆူလီဗန္သည္ တ႐ုတ္ႏိုင္ငံသို႔ သုံးရက္ၾကာသြားေရာက္လည္ပတ္ခဲ့ၿပီး တ႐ုတ္သမၼတရွီက်င့္ဖ်င့္၊ တ႐ုတ္ႏိုင္ငံျခားေရးဝန္ႀကီး ဝမ္ယိအျပင္ တ႐ုတ္အစိုးရအဖြဲ႕ အဆင့္ျမင့္အရာရွိႀကီးမ်ားႏွင့္ေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

တ႐ုတ္ႏိုင္ငံႏွင့္ အေမရိကန္ႏိုင္ငံ၏ မဟာမိတ္မ်ားျဖစ္ေသာ ဂ်ပန္၊ ဖိလစ္ပိုင္ႏိုင္ငံတို႔ ႏွင့္ လုံၿခဳံေရးကိစၥမ်ားအျငင္းပြားမႈမ်ားရွိေနခ်ိန္တြင္ ဂ်ိတ္ဆူလီဗန္သည္ တ႐ုတ္ႏိုင္ငံသို႔ သြားေရာက္ခဲ့ျခင္းျဖစ္သည္။ တ႐ုတ္သမၼတက" ကမာၻႀကီးမွာ အေျခေနေတြနဲ႔ စိတ္ဓါတ္ပိုင္းဆိုင္ရာအႀကီးအက်ယ္ေျပာင္းလဲေနေပမယ့္ တ႐ုတ္နဲ႔ အေမရိကန္ႏိုင္ငံၾကား ဆက္ဆံေရး ေကာင္းမြန္ေအာင္လုပ္ေဆာင္သြားမယ္။ တ႐ုတ္နဲ႔အေမရိကန္ႏိုင္ငံၾကား ဆက္ဆံေရးေကာင္းမြန္ေစဖို႔၊ တည္ၿငိမ္ေစဖို႔ အေျပာင္းအလဲေတြလုပ္ဆာင္မွာမဟုတ္ဘူး၊ အေမရိကန္ႏိုင္ငံအေနနဲ႔လည္း တစ္ႏိုင္ငံရဲ႕အက်ိဳးစီးပြားကို ကာကြယ္ႏိုင္ေအာင္ တ႐ုတ္ႏိုင္ငံနဲ႔ ပူးေပါင္းေဆာင္႐ြက္မယ္လို႔ေမွ်ာ္လင့္ထားတယ္" ဟုေျပာသည္။

ဂ်ိတ္ဆူလီဗန္သည္ တ႐ုတ္ႏိုင္ငံခရီးစဥ္အတြင္း တ႐ုတ္ကာကြယ္ေရး ဦးစီးခ်ဳပ္ႏွင့္လည္းေတြ႕ဆုံေဆြးေႏြးခဲ့ေၾကာင္းသိရသည္။ ဂ်ိတ္ဆူလီဗန္က အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္သည္ လာမည့္သီတင္းပတ္မ်ားအတြင္း တ႐ုတ္သမၼတရွီက်င့္ဖ်င့္ ႏွင့္ေတြ႕ဆုံေဆြေႏြးခြင့္ရရွိရန္ ေမွ်ာ္လင့္ေနေၾကာင္းေျပာသည္။တ႐ုတ္-အေမရိကန္ဆက္ဆံေရး တည္ၿငိမ္၊ ခိုင္မာ၊ ေရရွည္တည္တံ့ေရး ပန္းတိုင္မွာမူ ေျပာင္းလဲမႈမရွိေၾကာင္း၊အျပန္အလွန္ေလးစားမႈ၊ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္မႈႏွင့္ အျပန္အလွန္ အက်ိဳးျဖစ္ထြန္းေသာ ပူးေပါင္းေဆာင္႐ြက္မႈအေပၚ အေျခခံထားသည့္ ဆက္ဆံေရးမူႀကီးမွာလည္း ေျပာင္းလဲမႈမရွိေၾကာင္း၊ ႏိုင္ငံ၏အခ်ဳပ္အျခာအာဏာ၊ လုံၿခဳံေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္မႈ အက်ိဳးစီးပြားမ်ားကို အခိုင္အမာကာကြယ္ထိန္းသိမ္းမည့္ တ႐ုတ္ႏိုင္ငံ၏ ရပ္တည္ခ်က္မွာလည္း ေျပာင္းလဲမႈမရွိေၾကာင္း၊ တ႐ုတ္သမၼတက ထည့္သြင္းေျပာဆိုခဲ့သည္။ တ႐ုတ္ျပည္သူမ်ားႏွင့္ အေမရိကန္ျပည္သူမ်ားၾကား အစဥ္အလာရွိေသာ ခ်စ္ၾကည္ရင္းႏွီးမႈကို ေရွ႕ဆက္ေရးႀကိဳးပမ္းအားထုတ္မႈမွာလည္း ေျပာင္းလဲမႈမရွိေၾကာင္း သမၼတ ရွီက ေျပာၾကားခဲ့သည္။အေမရိကန္ႏိုင္ငံအေနျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္ရည္မွန္းခ်က္တူညီစြာ လုပ္ေဆာင္မည္၊ အျပဳသေဘာေဆာင္၍ က်ိဳးေၾကာင္းဆီေလ်ာ္မႈျဖင့္ တ႐ုတ္ႏိုင္ငံႏွင့္ ႏိုင္ငံ၏ ဖြံ႕ၿဖိဳးတိုးတက္မႈကို ရႈျမင္သုံးသပ္မည္၊ျဖစ္သလို စိန္ေခၚမႈထက္ အခြင့္အလမ္းအျဖစ္ တစ္ႏိုင္ငံ၏ တိုးတက္မႈကို တစ္ႏိုင္ငံက ရႈျမင္သုံးသပ္ၿပီးအင္အားႀကီးႏွစ္ႏိုင္ငံအေနျဖင့္ မွန္ကန္ေသာလမ္းေၾကာင္းကို ရွာေဖြေရးအတြက္ တ႐ုတ္ႏိုင္ငံႏွင့္အတူ ေဆာင္႐ြက္မည္ဟု ေမွ်ာ္လင့္ေၾကာင္း သမၼတ ရွီက်င့္ဖ်င့္ကထပ္မံေျပာဆိုခဲ့သည္။ ဂ်ိတ္ဆူလီဗန္သည္ အဆိုပါ ခရီးစဥ္အတြင္း ေတာင္တ႐ုတ္ပင္လယ္အေရး၊ ဖိလစ္ပိုင္အေရး၊ထိုင္ဝမ္အေရး ကိစၥမ်ားကိုလည္းထည့္သြင္းေဆြးေႏြးခဲ့ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.