ပုပ္ပားတောင်အနီးမှ တောင်ပေါ်ကျေးရွာ အပန်းဖြေခရီးစဉ်သစ် မကြာခင်စတင်ရန်ရှိ

 1091

photo credit - The Unlock Travels& Tours

စော (NP News) - ဩဂုတ် ၃၁

ပုပ္ပားတောင်မကြီးအနီးရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သည့် တောင်ပေါ်ကျေးရွာသို့ ပထမဆုံးအ ကြိမ်အဖြစ် အပန်းဖြေခရီးစဉ်ဖော်ဆောင်ရန်စီစဉ် နေကာ ခရီး သွားများအကြား ထင်ရှားသောနေရာတစ်ခု ဖြစ်လာဖွယ်ရှိကြောင်း The Unlock Travels & Tours မှ မန်နေဂျာ ကိုဟိန်းထက်ကိုကိုက NP News ကိုပြောသည်။

အဆိုပါကျေးရွာသည် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်မကြီး၏ တောင် အောက်ခြေတွင်ရှိကာ ခရမ်းချဉ်သီး၊ ပန်းဂေါ် ဖီ၊ ပန်းပွင့်နှင့် နေကြာပန်းတို့ကို စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သည့် ကျေးရွာဖြစ်ကြောင်း သိရသည်။

“ပုဂံတာဝန်ခံ ဒေသခံတစ်ယောက်က ဒီနေရာလေးကို သူကိုယ်တိုင်သွားရင်းနဲ့ အရမ်းလှတယ်။ မသိရင် ရှမ်းပြည် ကလောဘက်ရောက်နေသလိုလို အရသာလေးခံစားနေရတဲ့အတွက် ပြီးရင် အခုချိန်မှာ နေကြာခင်းလေး ကလည်း အရမ်းလှတယ်ဆိုတော့ ဓာတ်ပုံလေးလည်းရိုက်လို့အရမ်းကောင်းတယ်။ အဲဒီအတွက်ကြောင့်မို့ ကျွန်တော်တို့က ဒီခရီးစဉ်လေးကို စဆွဲခဲ့တာပါ’’ဟု ကိုဟိန်းထက်ကိုကိုကပြောသည်။

လက်ရှိတွင် တောင်ပေါ်ကျေးရွာသည် လူသိနည်းနေသော်လည်း နောက်ပိုင်းတွင် အဆိုပါ ကျေးရွာသို့ စိတ်ဝင်စားသည့် ခရီးသွားဧည့်သည်များလာနိုင်ကြောင်း သိရသည်။

‘‘နောက်ပိုင်းမှာတော့ စိတ်ဝင်စားမှုများလာမယ် လို့တော့ထင်ပါတယ်။ အခုလက်ရှိကလည်း နိုင်ငံရေး အခြေ အနေကြောင့်ရယ်၊ မိုးတွင်းပိုင်းဖြစ်တာကြောင့်ရယ်၊ နည်းနည်းလေးတော့ ပါးနေတယ်။ ရာသီချိန် ရောက်လာရင် ဒီနေရာလေးတွေက ခရီးသွားဧည့်သည်တွေ များလာမယ်လို့ထင်တယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အဆိုပါခရီးစဉ်ကို ပုဂံ-ပုပ္ပားခရီးစဉ်နှင့် တွဲဖက်ကာ ဖော်ဆောင်ခဲ့ခြင်းဖြစ်ပြီး ခရီးစဉ်ကို စိတ်ဝင်စားသူ ခရီးသွား များက အထက်ပါနေရာသို့ သွားရောက်ကာ ဓာတ်ပုံများ ရိုက်ကူးချင်ကြကြောင်း ၎င်းကဆိုသည်။

zawgyi version
ပုပၸားေတာင္အနီးမွ ေတာင္ေပၚေက်း႐ြာ အပန္းေျဖခရီးစဥ္သစ္ မၾကာခင္စတင္ရန္ရွိ
ေစာ (NP News) - ဩဂုတ္ ၃၁

ပုပၸားေတာင္မႀကီးအနီးရွိ စိုက္ပ်ိဳးေရးလုပ္ငန္း လုပ္ကိုင္သည့္ ေတာင္ေပၚေက်း႐ြာသို႔ ပထမဆုံးအ ႀကိမ္အျဖစ္ အပန္းေျဖခရီးစဥ္ေဖာ္ေဆာင္ရန္စီစဥ္ ေနကာ ခရီး သြားမ်ားအၾကား ထင္ရွားေသာေနရာတစ္ခု ျဖစ္လာဖြယ္ရွိေၾကာင္း The Unlock Travels & Tours မွ မန္ေနဂ်ာ ကိုဟိန္းထက္ကိုကိုက NP News ကိုေျပာသည္။

အဆိုပါေက်း႐ြာသည္ မႏၲေလးတိုင္းေဒသႀကီး ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ပုပၸားေတာင္မႀကီး၏ ေတာင္ ေအာက္ေျခတြင္ရွိကာ ခရမ္းခ်ဥ္သီး၊ ပန္းေဂၚ ဖီ၊ ပန္းပြင့္ႏွင့္ ေနၾကာပန္းတို႔ကို စိုက္ပ်ိဳးေရးလုပ္ငန္း လုပ္ကိုင္သည့္ ေက်း႐ြာျဖစ္ေၾကာင္း သိရသည္။

“ပုဂံတာဝန္ခံ ေဒသခံတစ္ေယာက္က ဒီေနရာေလးကို သူကိုယ္တိုင္သြားရင္းနဲ႔ အရမ္းလွတယ္။ မသိရင္ ရွမ္းျပည္ ကေလာဘက္ေရာက္ေနသလိုလို အရသာေလးခံစားေနရတဲ့အတြက္ ၿပီးရင္ အခုခ်ိန္မွာ ေနၾကာခင္းေလး ကလည္း အရမ္းလွတယ္ဆိုေတာ့ ဓာတ္ပုံေလးလည္း႐ိုက္လို႔အရမ္းေကာင္းတယ္။ အဲဒီအတြက္ေၾကာင့္မို႔ ကြၽန္ေတာ္တို႔က ဒီခရီးစဥ္ေလးကို စဆြဲခဲ့တာပါ’’ဟု ကိုဟိန္းထက္ကိုကိုကေျပာသည္။

လက္ရွိတြင္ ေတာင္ေပၚေက်း႐ြာသည္ လူသိနည္းေနေသာ္လည္း ေနာက္ပိုင္းတြင္ အဆိုပါ ေက်း႐ြာသို႔ စိတ္ဝင္စားသည့္ ခရီးသြားဧည့္သည္မ်ားလာႏိုင္ေၾကာင္း သိရသည္။

‘‘ေနာက္ပိုင္းမွာေတာ့ စိတ္ဝင္စားမႈမ်ားလာမယ္ လို႔ေတာ့ထင္ပါတယ္။ အခုလက္ရွိကလည္း ႏိုင္ငံေရး အေျခ အေနေၾကာင့္ရယ္၊ မိုးတြင္းပိုင္းျဖစ္တာေၾကာင့္ရယ္၊ နည္းနည္းေလးေတာ့ ပါးေနတယ္။ ရာသီခ်ိန္ ေရာက္လာရင္ ဒီေနရာေလးေတြက ခရီးသြားဧည့္သည္ေတြ မ်ားလာမယ္လို႔ထင္တယ္” ဟု ၎က ဆက္လက္ေျပာသည္။

အဆိုပါခရီးစဥ္ကို ပုဂံ-ပုပၸားခရီးစဥ္ႏွင့္ တြဲဖက္ကာ ေဖာ္ေဆာင္ခဲ့ျခင္းျဖစ္ၿပီး ခရီးစဥ္ကို စိတ္ဝင္စားသူ ခရီးသြား မ်ားက အထက္ပါေနရာသို႔ သြားေရာက္ကာ ဓာတ္ပုံမ်ား ႐ိုက္ကူးခ်င္ၾကေၾကာင္း ၎ကဆိုသည္။

Related news

© 2021. All rights reserved.