ဂျာမနီစစ်တပ်က နိုင်ဂျာမှာ စစ်ရေးလှုပ်ရှားမှုတွေကို ရပ်ဆိုင်း

 371

Pika (NP News) - သြဂုတ် ၃၁

ဂျာမနီစစ်တပ်ဟာ စစ်တပ်အုပ်ချုပ်နေတဲ့နိုင်ဂျာနိုင်ငံမှာရှိတဲ့၎င်းရဲ့လေတပ်စခန်းတစ်ခုကို ဩဂုတ်လ(၃၀)ရက်မှာ ပြန်လည်ရုပ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ ဂျာမနီနဲ့ နိုင်ဂျာတို့ဟာ ဩဂုတ်လကုန်အထိ Niamey မြို့မှာ လေတပ် စခန်းတစ်ခု ဆက်လက်လည်ပတ်ဖို့ ဂျာမနီစစ်တပ်ကိုခွင့်ပြုတဲ့ယာယီသဘောတူညီချက်တစ်ခုကို ပြီးခဲ့တဲ့ မေလကုန်က လက်မှတ်ရေးထိုးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါပေမယ့်လည်း နှစ်နိုင်ငံကြားမှာ အဲဒီသဘောတူညီချက်ကို ဆက်လက်သက်တမ်းတိုးမယ့်ဆွေးနွေးပွဲတွေ လုပ်ဆောင်နိုင်ခဲ့တာမျိုး မရှိခဲ့ဘူးလို့လည်း သိရပါတယ်။ တပ်ဖွဲ့ဝင်တွေရုတ်သိမ်းတာကို ဂျာမနီအကြီးတန်းအရာရှိ နဲ့ နိုင်ဂျာစစ်တပ်အရာရှိတွေက ထုတ်ပြန်ဖတ်ကြားခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

ဂျာမနီတပ်ဖွဲ့ဝင်(၆ဝ)ဦး နဲ့ စစ်လက်နက်ပစ္စည်းကိရိယာတန်ချိန်(၁၄၆)တန်ကို ကုန်တင်လေယာဉ်(၅)စီးနဲ့အတူ ပြန်လည်သယ်ဆောင်လာခဲ့တယ်လို့ ဂျာမနီအကြီးတန်းအရာရှိက ပြောကြားထားပါတယ်။ ဂျာမနီအကြီးတန်း အရာရှိက “ဒီရုတ်သိမ်းမှုဟာ နိုင်ဂျာနဲ့ ဂျာမနီနိုင်ငံကြားက စစ်ရေးပူးပေါင်းဆောင်ရွက်မှုတွေ အဆုံးသတ်သွားတာ မျိုး မဟုတ်ပါဘူး။ နှစ်ဘက်စလုံးက စစ်ရေးအရဆက်ဆံရေးတွေကို ဆက်လက်ထိန်းသိမ်းထားဖို့ ကတိပြုထား ကြပါတယ်” လို့ ပြောခဲ့ပါတယ်။

နိုင်ဂျာစစ်တပ်ဟာ ၂၀၂၃ ခုနှစ် ဇူလိုင်လမှာ ဒီမိုကရေစီနည်းကျရွေးကောက်ထားတဲ့သမ္မတ မိုဟာမက်ဘာဇိုရမ်ကို ရာထူးမှဖြုတ်ချကာ အာဏာသိမ်းယူခဲ့ပြီး ယခုအချိန်အထိ အုပ်ချုပ်နေခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါ့ပြင် နိုင်ဂျာစစ်တပ်ဟာ ရုရှား၊အီရန်တို့နဲ့မိတ်ဆက်ဆက်ဆံရေးတွေ ထူထောင်နိုင်ဖို့အတွက် အနောက်အုပ်စုနိုင်ငံတွေ ဖြစ်တဲ့ ပြင်သစ်၊ အမေရိကန်တို့နဲ့ဆက်ဆံရေးတွေကို တဖြည်းဖြည်းချင်းဖြတ်တောက်ခဲ့တယ်လို့လည်း သိရပါ တယ်။

Zawgyi Version;
ဂ်ာမနီစစ္တပ္က ႏိုင္ဂ်ာမွာ စစ္ေရးလႈပ္ရွားမႈေတြကို ရပ္ဆိုင္း
Pika (NP News) - ၾသဂုတ္ ၃၁

ဂ်ာမနီစစ္တပ္ဟာ စစ္တပ္အုပ္ခ်ဳပ္ေနတဲ့ႏိုင္ဂ်ာႏိုင္ငံမွာရွိတဲ့၎ရဲ႕ေလတပ္စခန္းတစ္ခုကို ဩဂုတ္လ(၃၀)ရက္မွာ ျပန္လည္႐ုပ္သိမ္းခဲ့တယ္လို႔ သိရပါတယ္။ ဂ်ာမနီနဲ႔ ႏိုင္ဂ်ာတို႔ဟာ ဩဂုတ္လကုန္အထိ Niamey ၿမိဳ႕မွာ ေလတပ္ စခန္းတစ္ခု ဆက္လက္လည္ပတ္ဖို႔ ဂ်ာမနီစစ္တပ္ကိုခြင့္ျပဳတဲ့ယာယီသေဘာတူညီခ်က္တစ္ခုကို ၿပီးခဲ့တဲ့ ေမလကုန္က လက္မွတ္ေရးထိုးခဲ့ၾကတယ္လို႔ သိရပါတယ္။

ဒါေပမယ့္လည္း ႏွစ္ႏိုင္ငံၾကားမွာ အဲဒီသေဘာတူညီခ်က္ကို ဆက္လက္သက္တမ္းတိုးမယ့္ေဆြးေႏြးပြဲေတြ လုပ္ေဆာင္ႏိုင္ခဲ့တာမ်ိဳး မရွိခဲ့ဘူးလို႔လည္း သိရပါတယ္။ တပ္ဖြဲ႕ဝင္ေတြ႐ုတ္သိမ္းတာကို ဂ်ာမနီအႀကီးတန္းအရာရွိ နဲ႔ ႏိုင္ဂ်ာစစ္တပ္အရာရွိေတြက ထုတ္ျပန္ဖတ္ၾကားခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။

ဂ်ာမနီတပ္ဖြဲ႕ဝင္(၆ဝ)ဦး နဲ႔ စစ္လက္နက္ပစၥည္းကိရိယာတန္ခ်ိန္(၁၄၆)တန္ကို ကုန္တင္ေလယာဥ္(၅)စီးနဲ႔အတူ ျပန္လည္သယ္ေဆာင္လာခဲ့တယ္လို႔ ဂ်ာမနီအႀကီးတန္းအရာရွိက ေျပာၾကားထားပါတယ္။ ဂ်ာမနီအႀကီးတန္း အရာရွိက “ဒီ႐ုတ္သိမ္းမႈဟာ ႏိုင္ဂ်ာနဲ႔ ဂ်ာမနီႏိုင္ငံၾကားက စစ္ေရးပူးေပါင္းေဆာင္႐ြက္မႈေတြ အဆုံးသတ္သြားတာ မ်ိဳး မဟုတ္ပါဘူး။ ႏွစ္ဘက္စလုံးက စစ္ေရးအရဆက္ဆံေရးေတြကို ဆက္လက္ထိန္းသိမ္းထားဖို႔ ကတိျပဳထား ၾကပါတယ္” လို႔ ေျပာခဲ့ပါတယ္။

ႏိုင္ဂ်ာစစ္တပ္ဟာ ၂၀၂၃ ခုႏွစ္ ဇူလိုင္လမွာ ဒီမိုကေရစီနည္းက်ေ႐ြးေကာက္ထားတဲ့သမၼတ မိုဟာမက္ဘာဇိုရမ္ကို ရာထူးမွျဖဳတ္ခ်ကာ အာဏာသိမ္းယူခဲ့ၿပီး ယခုအခ်ိန္အထိ အုပ္ခ်ဳပ္ေနခဲ့တာျဖစ္တယ္လို႔လည္း သိရပါတယ္။ ဒါ့ျပင္ ႏိုင္ဂ်ာစစ္တပ္ဟာ ႐ုရွား၊အီရန္တို႔နဲ႔မိတ္ဆက္ဆက္ဆံေရးေတြ ထူေထာင္ႏိုင္ဖို႔အတြက္ အေနာက္အုပ္စုႏိုင္ငံေတြ ျဖစ္တဲ့ ျပင္သစ္၊ အေမရိကန္တို႔နဲ႔ဆက္ဆံေရးေတြကို တျဖည္းျဖည္းခ်င္းျဖတ္ေတာက္ခဲ့တယ္လို႔လည္း သိရပါ တယ္။

Related news

© 2021. All rights reserved.