ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးနယ်မြေတွင် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များအပါအဝင် မျိုးစိတ်ပေါင်း (၁၆၀)ကို မှတ်တမ်းတင်ထားဟုဆို

 463

စော (NP News) - ဩဂုတ် ၃၁

ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးနယ်မြေတွင် ကမ္ဘာ့ရှားပါးငှက်မျိုးစိတ်များအပါအဝင် မျိုးစိတ်ပေါင်း (၁၆၀)ကို မှတ်တမ်းတင်ထားကြောင်း သိရသည်။

ကျုံကပြင်-တက်ဆိပ် ဒေသခံသားငှက်ထိန်းသိမ်းရေးနယ်မြေသည် ဧရာဝ တီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းတိုက်နယ်အတွင်းရှိ ကျုံကပြင်ကျေးရွာအုပ်စုတွင် ပါဝင်ကြောင်း သိရသည်။ ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (KTCG) က ယမန်နေ့ (ဩဂုတ်လ ၃၀ ရက်)နေ့က ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားချက်အရငှက်မျိုးစိတ်များကို မှတ်တမ်းတင်ထားကြောင်း သိရသည်။

အဆိုပါထိန်းသိမ်းရေးအဖွဲ့ဝင်ဒေသခံများက ထိန်းသိမ်းရေးနယ်မြေရှိ ငှက်များအား လေ့လာမှတ်တမ်းတင် ထိန်းသိမ်းခြင်း အစီအစဉ်ကို လစဉ်လတိုင်း ပုံမှန်ဆောင်ရွက်လျက်ရှိရာ ယခုနှစ်၊ သြဂုတ်လအထိ ငှက်မျိုးစိတ်စုစုပေါင်း (၁၆၀)ကို မှတ်တမ်းတင် စာရင်းကောက်ယူထားကြောင်း သိရသည်။

အဆိုပါငှက်မျိုးစိတ်များအနက် ဌာနေငှက်(ခေါ်) မြန်မာနိုင်ငံတွင် သား ပေါက်မျိုးပွားသော မျိုးစိတ်များ၊ မိုးရာသီကာလတွင် သားပေါက်ရန် ကျက် စားသောငှက်မျိုးစိတ်များ နှင့် ဆောင်းရာသီတွင် မြင်တွေ့နိုင်သော ဆောင်းခိုငှက်မျိုးစိတ်များဟူ၍ ခွဲခြားနိုင်ကြောင်း သိရသည်။

၎င်းငှက်မျိုးစိတ်များတွင် ကမ္ဘာ့ရှားပါးစာရင်းဝင်ငှက်မျိုးစိတ်များလည်း ကျရောက် ကျက်စားနေသည်ကို တွေ့ရှိရကြောင်း အဆိုပါ ကျုံကပြင်-တက်ဆိပ်ဒေသခံ သားငှက်ထိန်းသိမ်းရေးအဖွဲ့၏ ဖော်ပြချက်အရ သိရသည်။

ထို့ပြင် နှစ်စဉ် အသိုက်ဆောက်၍ သားပေါက်လေ့ရှိသော ငှက်မျိုးစိတ်များမှာ တင်ကျီးငှက်၊ ဗျိုင်းမျိုးစိတ်များ၊ ဗောင်တုတ်ငှက်၊ ရေကြက်မ၊ ကြိုး ကြာခေါင်းနီ (Sarus Crane)၊ ပိန်ညင်းမျိုးစိတ်များ၊ ရွှေပြည်စိုး၊ ကျီးကန်း၊ ဝတ်ရည်စုပ် နှင့် ပန်းရည်စုပ်မျိုးစိတ်များ၊ စာဘူးတောင်းမျိုးစိတ်များ၊ စာပတီးမျိုးစိတ်များ၊ စာကလေးမျိုးစိတ်များ၊ သပိတ်လွယ်ငှက်၊ ဗွတ်ကလုံမျိုးစိတ်များ၊ ကိုင်းစွေ့ (Jerdon’s Babbler) နှင့် ငှက်လက်မမျိုးစိတ်များကို တစ်နှစ်ပတ်လုံး တွေ့ရှိနိုင်ကြောင်း သိရသည်။

အလားတူ မိုးရာသီတွင် သားပေါက်ရန် ကျက်စားလေ့ရှိသော ဥဩငှက်မျိုးစိတ်များနှင့် ဆောင်းခိုရန်ရောက်ရှိလာကြသော ဒေါင်းလန်းခြေထောက်၊ ရေညှောင့်ငှက်မျိုးစိတ်များ၊ စွန် နှင့် သိမ်းငှက်များ၊ မြီးညှောင့်ငှက်များ၊ စာဝါကျား စသည်တို့ကိုလည်း တွေ့ရှိနိုင်ကြောင်း သိရသည်။

အဆိုပါအဖွဲ့အနေဖြင့် ၂၀၁၈ ခုနှစ်မှစတင်ကာ တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ရေ နှင့် သဘာဝသယံဇာတကို စီမံဆောင်ရွက်ပေးခြင်း နှင့် ထိန်းညှိပေးခြင်း၊ ဒေသ၏ ယဉ်ကျေးမှု နှင့် သဘာဝအလှကို ထိန်းသိမ်းပေးခြင်းအပြင် ရှားပါးတိရစ္ဆာန်များကို ထိန်းသိမ်းစောင့်ရှောက်ခြင်းများလည်း ရှိသည်။

zawgyi version
က်ဳံကျပင္-တက္ဆိပ္ ေဒသခံသားငွက္ထိန္းသိမ္းေရးနယ္ေျမတြင္ ကမာၻ႔ရွားပါးငွက္မ်ိဳးစိတ္မ်ားအပါအဝင္ မ်ိဳးစိတ္ေပါင္း (၁၆၀)ကို မွတ္တမ္းတင္ထားဟုဆို
ေစာ (NP News) - ဩဂုတ္ ၃၁

က်ဳံကျပင္-တက္ဆိပ္ ေဒသခံသားငွက္ထိန္းသိမ္းေရးနယ္ေျမတြင္ ကမာၻ႔ရွားပါးငွက္မ်ိဳးစိတ္မ်ားအပါအဝင္ မ်ိဳးစိတ္ေပါင္း (၁၆၀)ကို မွတ္တမ္းတင္ထားေၾကာင္း သိရသည္။

က်ဳံကျပင္-တက္ဆိပ္ ေဒသခံသားငွက္ထိန္းသိမ္းေရးနယ္ေျမသည္ ဧရာဝ တီတိုင္းေဒသႀကီး၊ ဝါးခယ္မၿမိဳ႕နယ္၊ ေ႐ႊေလာင္းတိုက္နယ္အတြင္းရွိ က်ဳံကျပင္ေက်း႐ြာအုပ္စုတြင္ ပါဝင္ေၾကာင္း သိရသည္။ က်ဳံကျပင္-တက္ဆိပ္ေဒသခံ သားငွက္ထိန္းသိမ္းေရးအဖြဲ႕ (KTCG) က ယမန္ေန႔ (ဩဂုတ္လ ၃၀ ရက္)ေန႔က ၎တို႔၏ လူမႈကြန္ရက္စာမ်က္ႏွာတြင္ ေဖာ္ျပထားခ်က္အရငွက္မ်ိဳးစိတ္မ်ားကို မွတ္တမ္းတင္ထားေၾကာင္း သိရသည္။

အဆိုပါထိန္းသိမ္းေရးအဖြဲ႕ဝင္ေဒသခံမ်ားက ထိန္းသိမ္းေရးနယ္ေျမရွိ ငွက္မ်ားအား ေလ့လာမွတ္တမ္းတင္ ထိန္းသိမ္းျခင္း အစီအစဥ္ကို လစဥ္လတိုင္း ပုံမွန္ေဆာင္႐ြက္လ်က္ရွိရာ ယခုႏွစ္၊ ၾသဂုတ္လအထိ ငွက္မ်ိဳးစိတ္စုစုေပါင္း (၁၆၀)ကို မွတ္တမ္းတင္ စာရင္းေကာက္ယူထားေၾကာင္း သိရသည္။

အဆိုပါငွက္မ်ိဳးစိတ္မ်ားအနက္ ဌာေနငွက္(ေခၚ) ျမန္မာႏိုင္ငံတြင္ သား ေပါက္မ်ိဳးပြားေသာ မ်ိဳးစိတ္မ်ား၊ မိုးရာသီကာလတြင္ သားေပါက္ရန္ က်က္ စားေသာငွက္မ်ိဳးစိတ္မ်ား ႏွင့္ ေဆာင္းရာသီတြင္ ျမင္ေတြ႕ႏိုင္ေသာ ေဆာင္းခိုငွက္မ်ိဳးစိတ္မ်ားဟူ၍ ခြဲျခားႏိုင္ေၾကာင္း သိရသည္။

၎ငွက္မ်ိဳးစိတ္မ်ားတြင္ ကမာၻ႔ရွားပါးစာရင္းဝင္ငွက္မ်ိဳးစိတ္မ်ားလည္း က်ေရာက္ က်က္စားေနသည္ကို ေတြ႕ရွိရေၾကာင္း အဆိုပါ က်ဳံကျပင္-တက္ဆိပ္ေဒသခံ သားငွက္ထိန္းသိမ္းေရးအဖြဲ႕၏ ေဖာ္ျပခ်က္အရ သိရသည္။

ထို႔ျပင္ ႏွစ္စဥ္ အသိုက္ေဆာက္၍ သားေပါက္ေလ့ရွိေသာ ငွက္မ်ိဳးစိတ္မ်ားမွာ တင္က်ီးငွက္၊ ဗ်ိဳင္းမ်ိဳးစိတ္မ်ား၊ ေဗာင္တုတ္ငွက္၊ ေရၾကက္မ၊ ႀကိဳး ၾကာေခါင္းနီ (Sarus Crane)၊ ပိန္ညင္းမ်ိဳးစိတ္မ်ား၊ ေ႐ႊျပည္စိုး၊ က်ီးကန္း၊ ဝတ္ရည္စုပ္ ႏွင့္ ပန္းရည္စုပ္မ်ိဳးစိတ္မ်ား၊ စာဘူးေတာင္းမ်ိဳးစိတ္မ်ား၊ စာပတီးမ်ိဳးစိတ္မ်ား၊ စာကေလးမ်ိဳးစိတ္မ်ား၊ သပိတ္လြယ္ငွက္၊ ဗြတ္ကလုံမ်ိဳးစိတ္မ်ား၊ ကိုင္းေစြ႕ (Jerdon’s Babbler) ႏွင့္ ငွက္လက္မမ်ိဳးစိတ္မ်ားကို တစ္ႏွစ္ပတ္လုံး ေတြ႕ရွိႏိုင္ေၾကာင္း သိရသည္။

အလားတူ မိုးရာသီတြင္ သားေပါက္ရန္ က်က္စားေလ့ရွိေသာ ဥဩငွက္မ်ိဳးစိတ္မ်ားႏွင့္ ေဆာင္းခိုရန္ေရာက္ရွိလာၾကေသာ ေဒါင္းလန္းေျခေထာက္၊ ေရေညႇာင့္ငွက္မ်ိဳးစိတ္မ်ား၊ စြန္ ႏွင့္ သိမ္းငွက္မ်ား၊ ၿမီးေညႇာင့္ငွက္မ်ား၊ စာဝါက်ား စသည္တို႔ကိုလည္း ေတြ႕ရွိႏိုင္ေၾကာင္း သိရသည္။

အဆိုပါအဖြဲ႕အေနျဖင့္ ၂၀၁၈ ခုႏွစ္မွစတင္ကာ တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး ေရ ႏွင့္ သဘာဝသယံဇာတကို စီမံေဆာင္႐ြက္ေပးျခင္း ႏွင့္ ထိန္းညႇိေပးျခင္း၊ ေဒသ၏ ယဥ္ေက်းမႈ ႏွင့္ သဘာဝအလွကို ထိန္းသိမ္းေပးျခင္းအျပင္ ရွားပါးတိရစာၦန္မ်ားကို ထိန္းသိမ္းေစာင့္ေရွာက္ျခင္းမ်ားလည္း ရွိသည္။

Related news

© 2021. All rights reserved.