BLACKPINK အဖွဲ့ရဲ့ကြည့်ရှုမှု ၂ ဘီလျံကျော်တဲ့ MV ၂ ခုနဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ကြ ည့်ရှုသူ အများဆုံး K-Pop အဖွဲ့ဖြစ်လာ
147
ရောင်နီ (NP News) - စက်တင်ဘာ ၁
တောင်ကိုရီးယား အမျိုးသမီး K POP အဖွဲ့ BLACKPINK ရဲ့ YouTube channel မှာ သူတို့ရဲ့ MV ၂ ပုဒ်ဟာ ကြည့်ရှုသူ ၂ ဘီလျံကျော်ထိ ရှိလာခဲ့တာကြောင့် BLACKPINK ဟာ K POP သမိုင်းတလျှောက် ပထမဆုံး MV ၂ ပုဒ် ကြည့်ရှုသူ ၂ ဘီလျံရတဲ့ K POP အဖွဲ့ဖြစ်လာပါတယ်။
YG Entertainment ရဲ့အဆိုအရ သြဂုတ်လ ၃၁ ရက် နံနက် ၇ နာရီ ၄၄ မိနစ်က BLACKPINK ရဲ့ ၂ဝ၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ “Kill This Love” music video(MV) ဟာ YouTube မှာ ကြည့်ရှုသူ ၂ ဘီလျံကျော်သွားခဲ့တယ်လို့ ဆိုပါတယ်။ BLACKPINK ဟာ ယခင်ကလည်း Music Video ကြည့်ရှုသူ ၂ ဘီလျံကျော်တဲ့ ပထမဆုံးအမျိုးသမီး K POP အဖွဲ့ဖြစ်ခဲ့ပေမယ့် အခုတစ်ခါမှာတော့ Music Video ၂ ပုဒ်၊ ၂ ပုဒ်လုံး ကြည့်ရှုသူ ၂ ဘီလျံကျော်ထိ ရောက်ရှိ ခဲ့တဲ့ ပထမဆုံး K-pop အဖွဲ့ ဖြစ်လာပါတယ်။
ကြည့်ရှုသူ ၂ ဘီလျံကျော်တဲ့ Music Video ဟာ "Kill This Love” နဲ့ "DDU-DU DDU-DU” ဖြစ်ပါတယ်။ “Kill This Love” သီချင်းဗီဒီယိုဟာ ဧပြီလ ၅ ရက်၊ ၂ဝ၁၉ ခုနှစ် က စတင်ထုတ်လွှင့်ခဲ့တာဖြစ်ပြီး ၅ နှစ်၊ ၄ လ နဲ့ ၂၆ ရက်ကျော်အကြာမှာတော့ ကြည့်ရှုသူ ၂ ဘီလျံထိ ရှိခဲ့ပြီး အောင်မြင်မှု မှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပါတယ်။
Zawgyi Version;
BLACKPINK အဖြဲ႕ရဲ႕ၾကည့္ရႈမႈ ၂ ဘီလ်ံေက်ာ္တဲ့ MV ၂ ခုနဲ႔ သမိုင္းတစ္ေလွ်ာက္ ပထမဆုံး ၾက ည့္ရႈသူ အမ်ားဆုံး K-Pop အဖြဲ႕ျဖစ္လာ
ေရာင္နီ (NP News) - စက္တင္ဘာ ၁
ေတာင္ကိုရီးယား အမ်ိဳးသမီး K POP အဖြဲ႕ BLACKPINK ရဲ႕ YouTube channel မွာ သူတို႔ရဲ႕ MV ၂ ပုဒ္ဟာ ၾကည့္ရႈသူ ၂ ဘီလ်ံေက်ာ္ထိ ရွိလာခဲ့တာေၾကာင့္ BLACKPINK ဟာ K POP သမိုင္းတေလွ်ာက္ ပထမဆုံး MV ၂ ပုဒ္ ၾကည့္ရႈသူ ၂ ဘီလ်ံရတဲ့ K POP အဖြဲ႕ျဖစ္လာပါတယ္။
YG Entertainment ရဲ႕အဆိုအရ ၾသဂုတ္လ ၃၁ ရက္ နံနက္ ၇ နာရီ ၄၄ မိနစ္က BLACKPINK ရဲ႕ ၂ဝ၁၉ ခုႏွစ္က ထြက္ရွိခဲ့တဲ့ “Kill This Love” music video(MV) ဟာ YouTube မွာ ၾကည့္ရႈသူ ၂ ဘီလ်ံေက်ာ္သြားခဲ့တယ္လို႔ ဆိုပါတယ္။ BLACKPINK ဟာ ယခင္ကလည္း Music Video ၾကည့္ရႈသူ ၂ ဘီလ်ံေက်ာ္တဲ့ ပထမဆုံးအမ်ိဳးသမီး K POP အဖြဲ႕ျဖစ္ခဲ့ေပမယ့္ အခုတစ္ခါမွာေတာ့ Music Video ၂ ပုဒ္၊ ၂ ပုဒ္လုံး ၾကည့္ရႈသူ ၂ ဘီလ်ံေက်ာ္ထိ ေရာက္ရွိ ခဲ့တဲ့ ပထမဆုံး K-pop အဖြဲ႕ ျဖစ္လာပါတယ္။
ၾကည့္ရႈသူ ၂ ဘီလ်ံေက်ာ္တဲ့ Music Video ဟာ "Kill This Love” နဲ႔ "DDU-DU DDU-DU” ျဖစ္ပါတယ္။ “Kill This Love” သီခ်င္းဗီဒီယိုဟာ ဧၿပီလ ၅ ရက္၊ ၂ဝ၁၉ ခုႏွစ္ က စတင္ထုတ္လႊင့္ခဲ့တာျဖစ္ၿပီး ၅ ႏွစ္၊ ၄ လ နဲ႔ ၂၆ ရက္ေက်ာ္အၾကာမွာေတာ့ ၾကည့္ရႈသူ ၂ ဘီလ်ံထိ ရွိခဲ့ၿပီး ေအာင္ျမင္မႈ မွတ္တိုင္တစ္ခု စိုက္ထူႏိုင္ခဲ့ပါတယ္။