အမျိုးသမီး K POP အဖွဲ့ TWICE ရဲ့ Deepfake ဗီဒီယိုပျံ့နေမှုအပေါ် တရားဝင်အရေးယူမည်ဖြစ်ကြောင်း JYP ကြေညာ

 2769

ရောင်နီ (NP News) - စက်တင်ဘာ ၁

တောင်ကိုရီးယားအမျိုးသမီး K POP အဖွဲ့ TWICE ပုံစံနဲ့ deepfake (AI) ဗီဒီယိုတွေ ပျံ့နှံ့နေခြင်းအပေါ် တရားဥပဒေအရ အရေးယူသွားဖို့ အစီအစဉ်ရှိတယ်လို့ JYP Entertainment က ကြေညာခဲ့ပါတယ်။

ဒီအကြောင်းကို JYP Entertainment က ဩဂုတ်လ ၃ဝ ရက်မှာ လူမှုကွန်ရက်မှတဆင့် ကြေညာခဲ့တာဖြစ်ပါတယ်။ "ကျွန်တော်တို့ရဲ့ အနုပညာရှင်တွေ ပါ၀င်တဲ့ deepfake (AI) ဗီဒီယိုတွေ မကြာသေးမီက ဆိုရှယ်မီဒီယာမှာ ပျံ့နှံ့နေခြင်းအတွက် ကျွန်တော်တို့ လေးလေးနက်နက် စိုးရိမ်ပါတယ်။ ဒါဟာ ဥပဒေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ခြင်းဖြစ်ပြီး သက်ညှာမှုမရှိဘဲ ဦးဆောင်ဥပဒေပြုအဖွဲ့နဲ့ အပြင်းထန်ဆုံး တရားဝင်အရေးယူမှုပြုလုပ်ဖို့ သက်ဆိုင်ရာအထောက်အထားတွေ အားလုံးကို စုဆောင်းဆောင်ရွက်နေပါတယ်။ တတ်နိုင်သမျှ ပြတ်ပြတ်သားသားအရေးယူသွားမှာဖြစ်တယ်" လို့ ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ (ဩဂုတ်လ ၂၉ ရက်) ကလည်း အမေရိကန်သရုပ်ဆောင်တွမ်ဟန့်ခ်က သူ့ရဲ့ပုံတွေကို AI နဲ့အတုလုပ်ပြီး ဆေးကြော်ငြာတွေမှာ ထည့်သုံးထားခြင်းနဲ့ပတ်သက်ပြီး ပရိသတ်တွေကို သတိပေးခဲ့ပါသေးတယ်။

Zawgyi Version;
ေတာင္ကိုရီးယား K POP အဖြဲ႕ TWICE ရဲ႕ Deepfake ဗီဒီယိုပ်ံ႕ေနမႈအေပၚ တရားဝင္အေရးယူမည္ျဖစ္ေၾကာင္း JYP ေၾကညာ
ေရာင္နီ (NP News) - စက္တင္ဘာ ၁

ေတာင္ကိုရီးယားအမ်ိဳးသမီး K POP အဖြဲ႕ TWICE ပုံစံနဲ႔ deepfake (AI) ဗီဒီယိုေတြ ပ်ံ႕ႏွံ႔ေနျခင္းအေပၚ တရားဥပေဒအရ အေရးယူသြားဖို႔ အစီအစဥ္ရွိတယ္လို႔ JYP Entertainment က ေၾကညာခဲ့ပါတယ္။

ဒီအေၾကာင္းကို JYP Entertainment က ဩဂုတ္လ ၃ဝ ရက္မွာ လူမႈကြန္ရက္မွတဆင့္ ေၾကညာခဲ့တာျဖစ္ပါတယ္။
"ကြၽန္ေတာ္တို႔ရဲ႕ အႏုပညာရွင္ေတြ ပါ၀င္တဲ့ deepfake (AI) ဗီဒီယိုေတြ မၾကာေသးမီက ဆိုရွယ္မီဒီယာမွာ ပ်ံ႕ႏွံ႔ေနျခင္းအတြက္ ကြၽန္ေတာ္တို႔ ေလးေလးနက္နက္ စိုးရိမ္ပါတယ္။ ဒါဟာ ဥပေဒကို ေျပာင္ေျပာင္တင္းတင္း ခ်ိဳးေဖာက္ျခင္းျဖစ္ၿပီး သက္ညႇာမႈမရွိဘဲ ဦးေဆာင္ဥပေဒျပဳအဖြဲ႕နဲ႔ အျပင္းထန္ဆုံး တရားဝင္အေရးယူမႈျပဳလုပ္ဖို႔ သက္ဆိုင္ရာအေထာက္အထားေတြ အားလုံးကို စုေဆာင္းေဆာင္႐ြက္ေနပါတယ္။ တတ္ႏိုင္သမွ် ျပတ္ျပတ္ သားသားအေရးယူသြားမွာျဖစ္တယ္" လို႔ ေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ ေသာၾကာေန႔ (ဩဂုတ္လ ၂၉ ရက္) ကလည္း အေမရိကန္သ႐ုပ္ေဆာင္တြမ္ဟန႔္ခ္က သူ႔ရဲ႕ပုံေတြကို AI နဲ႔အတုလုပ္ၿပီး ေဆးေၾကာ္ျငာေတြမွာ ထည့္သုံးထားျခင္းနဲ႔ပတ္သက္ၿပီး ပရိသတ္ေတြကို သတိေပးခဲ့ပါေသးတယ္။

Related news

© 2021. All rights reserved.