ရွှေထည် ဝယ်ယူရောင်းချမှုအပေါ် ကုန်သွယ်လုပ်ငန်းအခွန် (၃)ရာခိုင်နှုန်းအထိ တိုးမြှင့်
1748
NP News - စက်တင်ဘာ ၁
ရွှေထည်နှင့် ရွှေစင်ရွှေတုံးများ ဝယ်ယူရောင်းချမှုများကို အခွန်တိုးမြင့်ကောက်ခံမည်ဖြစ်သော်လည်း လတ်တလောတွင် အရောင်းအဝယ်အေးနေဆဲဖြစ်ကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ သိရသည်။
ပြည်ထောင်စုအခွန်အကောက်ဥပဒေကို ပြင်ဆင်ချက်ထုတ်ပြန်ခဲ့ရာ အောက်တိုဘာလ(၁)ရက်မှ ၂၀၂၅ ခုနှစ် မတ်လအထိ အကျိုးသက်ရောက်မည်ဖြစ်သည်။
ယခင်က ပြည်တွင်းရွှေထည်နှင့် လက်ဝတ်ရတနာများ ရောင်းချမှုနှင့် ပြည်ပတင်ပို့တင်သွင်းရောင်းချမှုများကို ကုန်သွယ်လုပ်ငန်းအခွန် (၁) ရာခိုင်နှုန်းသာ သတ်မှတ်ထားခြင်းဖြစ်သည်။
“ရွှေဆိုင်တွေမှာက အရောင်းအဝယ်အေးနေတယ်။ အောက်တိုဘာ ဆိုရင်တော့ စပါးပေါ်ချိန် ပဲပေါ်ချိန် ဆိုရင်တော့၊ အရောင်းအဝယ် ရှိလာနိုင်ပါတယ်။ အခုလတ်တလောမှာတော့ ရွှေ လာရောင်းတဲ့သူပဲများတယ်” ဟု ရန်ကုန် နှင့် မော်လမြိုင်မြို့များတွင် ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။
ပြည်တွင်း ရွှေဈေးများသည် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက သတ်မှတ်ဈေးအရ အခေါက် ရွှေတစ်ကျပ်သားလျှင် သိန်းငါးဆယ်ပေါက်ဈေးရှိနေပြီး ပြင်ပမှောင်ခိုရွှေဈေးကွက်တွင် ၆၈ သိန်းဝန်းကျင် ပေါက်ဈေးရှိကြောင်း သိရသည်။
Zawgyi Version;
ေ႐ႊထည္ ဝယ္ယူေရာင္းခ်မႈအေပၚ ကုန္သြယ္လုပ္ငန္းအခြန္ (၃)ရာခိုင္ႏႈန္းအထိ တိုးျမႇင့္
NP News - စက္တင္ဘာ ၁
ေ႐ႊထည္ႏွင့္ ေ႐ႊစင္ေ႐ႊတုံးမ်ား ဝယ္ယူေရာင္းခ်မႈမ်ားကို အခြန္တိုးျမင့္ေကာက္ခံမည္ျဖစ္ေသာ္လည္း လတ္တေလာတြင္ အေရာင္းအဝယ္ေအးေနဆဲျဖစ္ေၾကာင္း ေ႐ႊဆိုင္ပိုင္ရွင္မ်ားထံမွ သိရသည္။
ျပည္ေထာင္စုအခြန္အေကာက္ဥပေဒကို ျပင္ဆင္ခ်က္ထုတ္ျပန္ခဲ့ရာ ေအာက္တိုဘာလ(၁)ရက္မွ ၂၀၂၅ ခုႏွစ္ မတ္လအထိ အက်ိဳးသက္ေရာက္မည္ျဖစ္သည္။
ယခင္က ျပည္တြင္းေ႐ႊထည္ႏွင့္ လက္ဝတ္ရတနာမ်ား ေရာင္းခ်မႈႏွင့္ ျပည္ပတင္ပို႔တင္သြင္းေရာင္းခ်မႈမ်ားကို ကုန္သြယ္လုပ္ငန္းအခြန္ (၁) ရာခိုင္ႏႈန္းသာ သတ္မွတ္ထားျခင္းျဖစ္သည္။
“ေ႐ႊဆိုင္ေတြမွာက အေရာင္းအဝယ္ေအးေနတယ္။ ေအာက္တိုဘာ ဆိုရင္ေတာ့ စပါးေပၚခ်ိန္ ပဲေပၚခ်ိန္ ဆိုရင္ေတာ့၊ အေရာင္းအဝယ္ ရွိလာႏိုင္ပါတယ္။ အခုလတ္တေလာမွာေတာ့ ေ႐ႊ လာေရာင္းတဲ့သူပဲမ်ားတယ္” ဟု ရန္ကုန္ ႏွင့္ ေမာ္လၿမိဳင္ၿမိဳ႕မ်ားတြင္ ေ႐ႊဆိုင္ပိုင္ရွင္တစ္ဦးက ေျပာသည္။
ျပည္တြင္း ေ႐ႊေဈးမ်ားသည္ ရန္ကုန္တိုင္းေ႐ႊလုပ္ငန္းရွင္မ်ားအသင္းက သတ္မွတ္ေဈးအရ အေခါက္ ေ႐ႊတစ္က်ပ္သားလွ်င္ သိန္းငါးဆယ္ေပါက္ေဈးရွိေနၿပီး ျပင္ပေမွာင္ခိုေ႐ႊေဈးကြက္တြင္ ၆၈ သိန္းဝန္းက်င္ ေပါက္ေဈးရွိေၾကာင္း သိရသည္။