ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူး အပါအဝင် ၃ ဦး ပစ်ခတ်ခံရ၍ သေဆုံး
3099
NP News - စက်တင်ဘာ ၁
မန္တလေးတိုင်းဒေသကြီးရှိ ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူး အပါအဝင်း ၃ ဦး ပစ်ခတ်ခံရ၍ သေဆုံးခဲ့ကြောင်း လုံခြုံရေးနှင့်နီးစပ်သည့်သတင်းရင်းမြစ်တစ်ဦးထံမှ သိရသည်။
ဖြစ်စဥ်မှာ ကျောက်ပန်းတောင်းမြို့မရဲစခန်းမှူး ဒုရဲမှူး အောင်ကျော်ထွန်း ပါဝင်သည့် တပ်ဖွဲ့ဝင်သုံးဦးသည် သြဂုတ်(၃၁)ရက်၊ ညနေ ၃ နာရီအချိန်ခန့်တွင် မိတ္ထီလာဘက်မှ ကျောက်ပန်းတောင်းမြို့ဘက်သို့ Toyota Mark X ယာဥ်ဖြင့် ပြန်လာစဥ် ပစ်ခတ်တိုက်ခတ်ခံရခြင်းဖြစ်ကြောင် သိရသည်။
အဆိုပါယာဥ်သည် ကျောက်ပန်းတောင်းမြို့နယ်၊ ဝက်ချုပ်ကုန်း(မ)ရွာ၏ အရှေ့ဘက်(၂)ဖာလုံအကွာ လက်ပံပျား နယ်မြေရဲစခန်းအရှေ့ဘက် ၅ မိုင်ခန့်အကွာ၊ ညောင်ပင်ဝိုင်းအနီး၌ PDF အဖွဲ့က လက်နက်ငယ်များဖြင့် စောင့်ဆိုင်း ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အထက်ပါသတင်းရင်းမြစ်က ဆိုသည်။
ပစ်ခတ်ခံရမှုကြောင့် ဒုရဲမှူး အောင်ကျော်ထွန်း အပါအဝင် အလုပ်သင် ဒုရဲအုပ် ရန်ရှင်းနှင့် ရဲတပ်ကြပ်မြတ်သူတို့ သုံးဦးသည် ဖြစ်စဥ်ဖြစ်ပွားရာနေရာတွင် ကျည်ဖောက်ဝင်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
ထို့ပြင် ဒုရဲမှူး အောင်ကျော်ထွန်းတွင် ၃၈ဗို့ ခြောက်လုံးပြူး ၁ လက်၊ ၄ကျည် ၁၂ တောင့်၊ BA -94 ၁ လက်၊ ကျည် အိမ် ၃ ခု၊ ၄ ကျည် ၁၀၀ တောင့်၊ ဒုရဲအုပ် ရန်ရှင်းတွင် ၃၈ ဗို့ ခြောက်လုံးပြူး ၁လက်၊ ၄ကျည် ၁၂ တောင့်၊ MA-13 ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၄ ကျည် ၁၀၀ တောင့် နှင့် ရဲတပ်ကြပ် မြတ်သူတွင် BA -72 ၁လက်၊ ကျည်အိမ် ၂ ခု၊ ၄ ကျည် ၁၀၀ တောင့် ပါရှိသွားကြောင်း သိရသည်။
၎င်းတို့သည် နေ့လယ် ၁ နာရီအချိန်ခန့်တွင် ကျောက်ပန်းတောင်းမြို့မရဲစခန်းမှ အရပ်ဝတ်ဖြင့် မိတ္ထီလာမြို့သို့သွားရောက်ခဲ့ခြင်းဖြစ်ပြီး အပြန်လမ်းတွင် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။
Zawgyi Version;
ေက်ာက္ပန္းေတာင္းၿမိဳ႕မရဲစခန္းမႉး အပါအဝင္ ၃ ဦး ပစ္ခတ္ခံရ၍ ေသဆုံး
NP News - စက္တင္ဘာ ၁
မႏၲေလးတိုင္းေဒသႀကီးရွိ ေက်ာက္ပန္းေတာင္းၿမိဳ႕မရဲစခန္းမႉး အပါအဝင္း ၃ ဦး ပစ္ခတ္ခံရ၍ ေသဆုံးခဲ့ေၾကာင္း လုံၿခဳံေရးႏွင့္နီးစပ္သည့္သတင္းရင္းျမစ္တစ္ဦးထံမွ သိရသည္။
ျဖစ္စဥ္မွာ ေက်ာက္ပန္းေတာင္းၿမိဳ႕မရဲစခန္းမႉး ဒုရဲမႉး ေအာင္ေက်ာ္ထြန္း ပါဝင္သည့္ တပ္ဖြဲ႕ဝင္သုံးဦးသည္ ၾသဂုတ္(၃၁)ရက္၊ ညေန ၃ နာရီအခ်ိန္ခန႔္တြင္ မိတၳီလာဘက္မွ ေက်ာက္ပန္းေတာင္းၿမိဳ႕ဘက္သို႔ Toyota Mark X ယာဥ္ျဖင့္ ျပန္လာစဥ္ ပစ္ခတ္တိုက္ခတ္ခံရျခင္းျဖစ္ေၾကာင္ သိရသည္။
အဆိုပါယာဥ္သည္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္၊ ဝက္ခ်ဳပ္ကုန္း(မ)႐ြာ၏ အေရွ႕ဘက္(၂)ဖာလုံအကြာ လက္ပံပ်ား နယ္ေျမရဲစခန္းအေရွ႕ဘက္ ၅ မိုင္ခန႔္အကြာ၊ ေညာင္ပင္ဝိုင္းအနီး၌ PDF အဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ ေစာင့္ဆိုင္း ပစ္ခတ္ခဲ့ျခင္းျဖစ္ေၾကာင္း အထက္ပါသတင္းရင္းျမစ္က ဆိုသည္။
ပစ္ခတ္ခံရမႈေၾကာင့္ ဒုရဲမႉး ေအာင္ေက်ာ္ထြန္း အပါအဝင္ အလုပ္သင္ ဒုရဲအုပ္ ရန္ရွင္းႏွင့္ ရဲတပ္ၾကပ္ျမတ္သူတို႔ သုံးဦးသည္ ျဖစ္စဥ္ျဖစ္ပြားရာေနရာတြင္ က်ည္ေဖာက္ဝင္ဒဏ္ရာမ်ားျဖင့္ ေသဆုံးခဲ့ေၾကာင္း သိရသည္။
ထို႔ျပင္ ဒုရဲမႉး ေအာင္ေက်ာ္ထြန္းတြင္ ၃၈ဗို႔ ေျခာက္လုံးျပဴး ၁ လက္၊ ၄က်ည္ ၁၂ ေတာင့္၊ BA -94 ၁ လက္၊ က်ည္ အိမ္ ၃ ခု၊ ၄ က်ည္ ၁၀၀ ေတာင့္၊ ဒုရဲအုပ္ ရန္ရွင္းတြင္ ၃၈ ဗို႔ ေျခာက္လုံးျပဴး ၁လက္၊ ၄က်ည္ ၁၂ ေတာင့္၊ MA-13 ၁ လက္၊ က်ည္အိမ္ ၂ ခု၊ ၄ က်ည္ ၁၀၀ ေတာင့္ ႏွင့္ ရဲတပ္ၾကပ္ ျမတ္သူတြင္ BA -72 ၁လက္၊ က်ည္အိမ္ ၂ ခု၊ ၄ က်ည္ ၁၀၀ ေတာင့္ ပါရွိသြားေၾကာင္း သိရသည္။
၎တို႔သည္ ေန႔လယ္ ၁ နာရီအခ်ိန္ခန႔္တြင္ ေက်ာက္ပန္းေတာင္းၿမိဳ႕မရဲစခန္းမွ အရပ္ဝတ္ျဖင့္ မိတၳီလာၿမိဳ႕သို႔သြားေရာက္ခဲ့ျခင္းျဖစ္ၿပီး အျပန္လမ္းတြင္ ပစ္ခတ္ခံရျခင္းျဖစ္ေၾကာင္း သိရသည္။