အိုလံပစ်တောင်ထက် ပိုကြီးမားတဲ့ ရေအောက်တောင်ကို သမုဒ္ဒရာပညာရှင်တွေ ရှာဖွေတွေ့ရှိ
4356
ရောင်နီ (NP News) - စက်တင်ဘာ ၂
အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား၊ Schmidt Ocean Institute မှ ဦးဆောင်တဲ့ သမုဒ္ဒရာပညာရှင်တွေက အိုလံပစ်တောင်ထက် အရွယ်အစားကြီးမားတဲ့ ရေအောက်တောင်တန်းတစ်ခုကို တွေ့ရှိခဲ့ပါတယ်။
ချီလီကမ်းရိုးတန်းမှ မိုင် ၉ဝဝ အကွာ ပစိဖိတ်သမုဒ္ဒရာမှာ တည်ရှိတဲ့ အဲဒီပင်လယ်တောင်ဟာ ရေမြှုပ်တွေ၊ ရှေးဟောင်းသန္တာကျောက်တွေနဲ့ ရှားပါးအဏ္ဏဝါမျိုးစိတ်များ နေထိုင်ကျတ်စားကြတဲ့နေရာတစ်ခုဖြစ်ပါတယ်။ Schmidt Ocean Institute မှ ဦးဆောင်တဲ့အဖွဲ့တစ်ဖွဲ့ဟာ R/V Falkor (too) သုတေသနသင်္ဘောကို အသုံးပြုပြီး ပြီးခဲ့တဲ့ ဩဂုတ်လအတွင်းက ၂၈ ရက်ကြာ စူးစမ်းလေ့လာခဲ့ပါတယ်။ သုတေသီတွေက ဆိုနာစနစ်နဲ့ တောင်ရဲ့ပုံစံကို မြေပုံဆွဲခဲ့ကြပြီး အဲဒီတောင်ရဲ့ပင်လယ်ကြမ်းပြင်မြေမျက်နှာသွင်ပြင်ရခဲ့တယ်လို့ အင်စတီကျုရဲ့အမှုဆောင် ဒါရိုက်တာ ဂျိုတီကာဗာမာနီ က ပြောပါတယ်။
အသစ်တွေ့ရှိထားတဲ့ ရေအောက်တောင်ဟာ အမြင့် ၂,၉၁၇ မီတာ (၉,၅၇ဝ ပေ) ထိမြင့်တဲ့ ဂရိနိုင်ငံ၊ အိုလံပစ်တောင်ထက် ပိုကြီးပြီး အမြင့် ၃၇၇၆ မီတာထိရှိတဲ့ ဂျပန်နိုင်ငံ၊ ဖူဂျီတောင်ထက် ပိုသေးတယ်လို့ ဆိုပါတယ်။ အဖွဲ့ဟာ ရေအောက်စက်ရုပ်တစ်ရုပ်ကို အသုံးပြုပြီး တောင်ကြောထဲမှာ နေထိုင်ကျက်စားနေတဲ့ အဏ္ဏဝါဇီဝမျိုးစုံမျိုးကွဲတွေကိုလည်း ရှာဖွေလေ့လာနေပါတယ်။
အသစ်တွေ့ရှိထားတဲ့မျိုးစိတ်တွေရဲ့အသေးစိတ်အချက်အလက်တွေကို ကမ္ဘာ့သမုဒ္ဒရာက ဝှက်ထားတဲ့ ပင်လယ်သတ္တဝါများအဖြစ် မှတ်တမ်းတင်ထားမယ်လို့ ဆိုပါတယ်။
Zawgyi Version;