ဘတ်စ်ကားမှတ်တိုင်အတွင်း ရပ်နားထားသော မည်သည်ယာဉ်ကိုမဆို အရေးယူမည်

 5446

NP News - စက်တင်ဘာ ၁

ဘတ်စ်ကားမှတ်တိုင်များတွင် ရပ်နားသည့် တက္ကစီအငှားယာဥ်နှင့် အခြားယာဉ်များကို အရေးယူသွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီမှ သိရသည်။
YBS ယာဥ်လိုင်းမှ ယာဥ်များမှအပ ကားမှတ်တိုင်များတွင် ရပ်နားထားသည့် အငှားယာဉ်၊ ကိုယ်ပိုင်ယာဉ်နှင့် အခြားအနှေးယာဉ်နှင့် မော်တော်ယာဥ်များကို YRTC အနေဖြင့် ဝိုင်ဘီအက်စ်ယာဉ်လိုင်းများ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်အညီ မောင်းနှင်သွားလာစေရန် စစ်ဆေးရေးအဖွဲ့ ၁ဝ ဖွဲ့ဖြင့် အဓိကလမ်းကြောင်းကြီး ၁ဝ ကြောင်းပေါ်တွင် ကြပ်မတ်စစ်ဆေးဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ယင်းအစီအစဥ်ကို YBS ယာဥ်လိုင်းများ၏ မှတ်တိုင်များတွင် စက်တင်ဘာလ ၁ ရက်မှစတင်ကာ တက္ကစီ နှင့် အခြား ယာဥ်များ ရပ်နားထားမှုတွေ့ရှိပါက ထိရောက်စွာအရေးယူမည်ဟု YRTC တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန် ထံမှ ပြောကြားသည်။
"ခရီးသွားပြည်သူတွေစီးနင်းတဲ့ YBS ကားမှတ်တိုင်တွေမှာ အငှားယာဥ်တွေနဲ့ အိမ်စီးကားတွေ ရပ်နားထားတာတွေ ကြောင့် YBS ကားတွေ မှတ်တိုင်ကျော် ရပ်ခြင်းဖြစ်လာတယ်။ နောက်ဆက်ပြီး လမ်းလယ်ခွရပ်ခြင်းတွေ ပြုလုပ်လာ တယ်။ အဲဒီလိုပြုလုပ်မှုတွေကြောင့် ခရီးသွားပြည်သူတွေ ယာဥ်တိုက်မှုအန္တရာယ်နဲ့ မကြာခဏ တွေ့ကြုံရပါတယ်။ ဒါကြောင့် ယာဉ်အန္တရာယ်ကင်းရှင်းစေဖို့ နဲ့ ယာဉ်ကြောပိတ်ဆိုတာတွေ လျော့နည်းသွားစေဖို့ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့နဲ့ ထိရောက်စွာ ဖမ်းဆီးအရေးယူမှုတွေ ပြုလုပ်သွားပါမယ်" ဟု ဦးလျန်ကျင့်မန်က ဆိုသည်။

ရန်ကုန်မြို့အတွင်း YBS ယာဥ်လိုင်းများသည် YRTC ၏ ကြီးကြပ်မှုအောက်တွင် ယာဉ်လိုင်းပေါင်း ၁၃၁ လိုင်းက ယာဉ်အစီးရေ ၃၈ဝဝ ဖြင့် နေ့စဥ်ပုံမှန်ပြေးဆွဲနေပြီး တစ်ရက်လျှင် ခရီးသွားပြည်သူ တစ်သန်းခွဲခန့်ကို ပို့ဆောင်ပေးနေကြောင်း သိရသည်။

Zawgyi Version;
ဘတ္စ္ကားမွတ္တိုင္အတြင္း ရပ္နားထားေသာ မည္သည္ယာဥ္ကိုမဆို အေရးယူမည္
NP News - စက္တင္ဘာ ၁

ဘတ္စ္ကားမွတ္တိုင္မ်ားတြင္ ရပ္နားသည့္ တကၠစီအငွားယာဥ္ႏွင့္ အျခားယာဥ္မ်ားကို အေရးယူသြားမည္ဟု ရန္ကုန္တိုင္းေဒသႀကီး ပုဂၢလိကသယ္ယူပို႔ေဆာင္ေရးႀကီးၾကပ္မႈေကာ္မတီမွ သိရသည္။
YBS ယာဥ္လိုင္းမွ ယာဥ္မ်ားမွအပ ကားမွတ္တိုင္မ်ားတြင္ ရပ္နားထားသည့္ အငွားယာဥ္၊ ကိုယ္ပိုင္ယာဥ္ႏွင့္ အျခားအေႏွးယာဥ္ႏွင့္ ေမာ္ေတာ္ယာဥ္မ်ားကို YRTC အေနျဖင့္ ဝိုင္ဘီအက္စ္ယာဥ္လိုင္းမ်ား ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းႏွင့္အညီ ေမာင္းႏွင္သြားလာေစရန္ စစ္ေဆးေရးအဖြဲ႕ ၁ဝ ဖြဲ႕ျဖင့္ အဓိကလမ္းေၾကာင္းႀကီး ၁ဝ ေၾကာင္းေပၚတြင္ ၾကပ္မတ္စစ္ေဆးေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရသည္။

ယင္းအစီအစဥ္ကို YBS ယာဥ္လိုင္းမ်ား၏ မွတ္တိုင္မ်ားတြင္ စက္တင္ဘာလ ၁ ရက္မွစတင္ကာ တကၠစီ ႏွင့္ အျခား ယာဥ္မ်ား ရပ္နားထားမႈေတြ႕ရွိပါက ထိေရာက္စြာအေရးယူမည္ဟု YRTC တြဲဖက္အတြင္းေရးမႉး ဦးလ်န္က်င့္မန္ ထံမွ ေျပာၾကားသည္။
"ခရီးသြားျပည္သူေတြစီးနင္းတဲ့ YBS ကားမွတ္တိုင္ေတြမွာ အငွားယာဥ္ေတြနဲ႔ အိမ္စီးကားေတြ ရပ္နားထားတာေတြ ေၾကာင့္ YBS ကားေတြ မွတ္တိုင္ေက်ာ္ ရပ္ျခင္းျဖစ္လာတယ္။ ေနာက္ဆက္ၿပီး လမ္းလယ္ခြရပ္ျခင္းေတြ ျပဳလုပ္လာ တယ္။ အဲဒီလိုျပဳလုပ္မႈေတြေၾကာင့္ ခရီးသြားျပည္သူေတြ ယာဥ္တိုက္မႈအႏၲရာယ္နဲ႔ မၾကာခဏ ေတြ႕ႀကဳံရပါတယ္။ ဒါေၾကာင့္ ယာဥ္အႏၲရာယ္ကင္းရွင္းေစဖို႔ နဲ႔ ယာဥ္ေၾကာပိတ္ဆိုတာေတြ ေလ်ာ့နည္းသြားေစဖို႔ သက္ဆိုင္ရာ ပူးေပါင္းအဖြဲ႕နဲ႔ ထိေရာက္စြာ ဖမ္းဆီးအေရးယူမႈေတြ ျပဳလုပ္သြားပါမယ္" ဟု ဦးလ်န္က်င့္မန္က ဆိုသည္။

ရန္ကုန္ၿမိဳ႕အတြင္း YBS ယာဥ္လိုင္းမ်ားသည္ YRTC ၏ ႀကီးၾကပ္မႈေအာက္တြင္ ယာဥ္လိုင္းေပါင္း ၁၃၁ လိုင္းက ယာဥ္အစီးေရ ၃၈ဝဝ ျဖင့္ ေန႔စဥ္ပုံမွန္ေျပးဆြဲေနၿပီး တစ္ရက္လွ်င္ ခရီးသြားျပည္သူ တစ္သန္းခြဲခန႔္ကို ပို႔ေဆာင္ေပးေနေၾကာင္း သိရသည္။

Picture

demon yj lover

02/09/2024 00:44

ရန်ကုန် ယောက်လမ်းထိပ်၊သမတ ရုပ်ရှင်ရုံနား က ကားမှတ်တိုင်မှာ ၊taxiတွေအများကြီးပဲ တံခါးဖွင့်ပြီးတောင်နေလိုက်သေးတယ် ခရီးသည်တွေက တံခါကို ထိမှာ စိုးလို့ရှောင်ရှောင်ပြီးသွားနေရပါတယ်။ တိုင်လို့ရမယ့် ယာဉ်ထိန်းရဲ ဖုန်းနံပါတ်လေးပေးထားရင် ကားစောင့်ရင်းနဲ့ မြင်ရင် သတင်းပေးပါ့မယ်။

Related news

© 2021. All rights reserved.