ဂျပန်မှာ ရှန်ရှန် တိုင်ဖွန်းမုန်တိုင်းကြောင့် လူ ၇ ဦး သေဆုံး

 942

ရောင်နီ (NP News) - စက်တင်ဘာ ၁

ဂျပန်နိုင်ငံအလယ်ပိုင်း ပစိဖိတ်ကမ်းရိုးတန်းမှာ စက်တင်ဘာ ၁ ရက်က အပူပိုင်းဆိုင်ကလုန်း ရှန်ရှန်း ဝင်ရောက် တိုက်ခတ်သွားခြင်းကြောင့် လူခုနှစ်ဦး သေဆုံးပြီး ရေဘေးနဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

မုန်တိုင်းအရှိန်ကြောင့် တောင်ပိုင်းကမ်းရိုးတန်းမှာ သြဂုတ်လ ၂၉ ရက်ကစ စံချိန်တင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် မြေပြိုမှုဖြစ်နိုင်ခြေများနေပြီး ဂျပန်နိုင်ငံ အနောက်ပိုင်းနဲ့ အရှေ့ပိုင်းရှိ မြစ်ကမ်းနဘေး နေရာတွေမှာ မြေပြိုခြင်း၊ ရေကြီးခြင်းတို့ ဖြစ်လာနိုင်တယ်လို့ ဂျပန်မိုးလေဝသအေဂျင်စီက သတိပေးထားပါတယ်။
ဂျပန်နိုင်ငံ အရှေ့ဘက် ပစိဖိတ်ဘက်ခြမ်းမှာလည်း မုန်တိုင်း မိုးတိမ်ကြောင့်ဖြစ်တဲ့ လေထုမတည်ငြိမ်မှု၊ ပင်လယ်ပြင်မှ ပူနွေး စိုစွတ်တဲ့လေတွေ ဝင်ရောက်တိုက်ခတ်လာခြင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး မိုးကြိုး မုန်တိုင်းတွေဖြစ်ပေါ်စေတယ်လို့ အေဂျင်စီက ပြောကြားပါတယ်။

ရာသီဥတုကြောင့် Shinkansen ကျည်ဆန်ရထား ဝန်ဆောင်မှုအချို့ ရပ်တန့်နေပေမယ့် တိုကျို-အိုဆာကာ ပြေးဆွဲ မှုတွေကိုတော့ စက်တင်ဘာ ၁ ရက် ညနေကစ ပြန်လည်စတင်မယ်လို့ Central Japan Railway က ပြောကြားပါတယ်။

Zawgyi Version;
ဂ်ပန္မွာ ရွန္ရွန္ တိုင္ဖြန္းမုန္တိုင္းေၾကာင့္ လူ ၇ ဦး ေသဆုံး
ေရာင္နီ (NP News) - စက္တင္ဘာ ၁

ဂ်ပန္ႏိုင္ငံအလယ္ပိုင္း ပစိဖိတ္ကမ္း႐ိုးတန္းမွာ စက္တင္ဘာ ၁ ရက္က အပူပိုင္းဆိုင္ကလုန္း ရွန္ရွန္း ဝင္ေရာက္ တိုက္ခတ္သြားျခင္းေၾကာင့္ လူခုႏွစ္ဦး ေသဆုံးၿပီး ေရေဘးနဲ႔ ထိခိုက္ပ်က္စီးမႈေတြ ရွိခဲ့ပါတယ္။

မုန္တိုင္းအရွိန္ေၾကာင့္ ေတာင္ပိုင္းကမ္း႐ိုးတန္းမွာ ၾသဂုတ္လ ၂၉ ရက္ကစ စံခ်ိန္တင္ မိုးသည္းထန္စြာ ႐ြာသြန္းမႈ ေၾကာင့္ ေျမၿပိဳမႈျဖစ္ႏိုင္ေျခမ်ားေနၿပီး ဂ်ပန္ႏိုင္ငံ အေနာက္ပိုင္းနဲ႔ အေရွ႕ပိုင္းရွိ ျမစ္ကမ္းနေဘး ေနရာေတြမွာ ေျမၿပိဳျခင္း၊ ေရႀကီးျခင္းတို႔ ျဖစ္လာႏိုင္တယ္လို႔ ဂ်ပန္မိုးေလဝသေအဂ်င္စီက သတိေပးထားပါတယ္။
ဂ်ပန္ႏိုင္ငံ အေရွ႕ဘက္ ပစိဖိတ္ဘက္ျခမ္းမွာလည္း မုန္တိုင္း မိုးတိမ္ေၾကာင့္ျဖစ္တဲ့ ေလထုမတည္ၿငိမ္မႈ၊ ပင္လယ္ျပင္မွ ပူေႏြး စိုစြတ္တဲ့ေလေတြ ဝင္ေရာက္တိုက္ခတ္လာျခင္းေၾကာင့္ မိုးသည္းထန္စြာ ႐ြာသြန္းၿပီး မိုးႀကိဳး မုန္တိုင္းေတြျဖစ္ေပၚေစတယ္လို႔ ေအဂ်င္စီက ေျပာၾကားပါတယ္။

ရာသီဥတုေၾကာင့္ Shinkansen က်ည္ဆန္ရထား ဝန္ေဆာင္မႈအခ်ိဳ႕ ရပ္တန႔္ေနေပမယ့္ တိုက်ိဳ-အိုဆာကာ ေျပးဆြဲ မႈေတြကိုေတာ့ စက္တင္ဘာ ၁ ရက္ ညေနကစ ျပန္လည္စတင္မယ္လို႔ Central Japan Railway က ေျပာၾကားပါတယ္။

Related news

© 2021. All rights reserved.