အုတ်တွင်းမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး ချောင်းအတွင်း ခုန်ချမှုဖြစ်ပွား

 846

ချယ်ရီ (NP News) - စက်တင်ဘာ ၃

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် ဆယ်ကျော်သက်အရွယ် လူငယ်တစ်ဦး ရေတက်နေသည့် ချောင်းအတွင်း ခုန်ချမှုဖြစ်ပွားခဲ့ကြောင်း ရင်ခုန်သံရှင်ရေးကူညီမှုအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၂ရက်)၊ မွန်းလွဲပိုင်း ၂နာရီ ၃၀မိနစ်အချိန်ခန့်က အုတ်တွင်းမြို့နယ်၊ သစ်တန်းရပ်ကွက်၊ ရိုးလေးချောင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

"ဘေးပြောစကားအရတော့ ကလေးက မီးရထားဆိုက်လုပ်နေတဲ့ ရိုးလေးချောင်းဖြတ်မယ့် တံတားပေါ်ကနေ ခုန်ချသွားတယ်လို့ သိရတယ်"ဟု ရင်ခုန်သံရှင်ရေးကူညီမှုအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကို ပြော သည်။

အဆိုပါချောင်းအတွင်းသို့ ခုန်ချသွားသူမှာ အုတ်တွင်းမြို့၊ ကသစ်တန်းရပ် ကွက်တွင်နေထိုင်သည့် အသက်(၁၅)နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ချောင်းရေမြင့်တက်ကာ ရေစီးသန်နေခြင်းကြောင့် လက်ရှိအချိန်ထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်း သိရသည်။

“ဒါကတော့ ဘဝတစ်ခုကို လွယ်လွယ်အဆုံးသတ်လိုက်တာပေါ့။ ဒီ Social Network တွေ ပေါ်လာတာကလည်း ဒီရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာတာကလည်း စိတ်ပိုင်းဆိုင်ရာတွေ အားနည်းလာတယ်။ မိဘတွေအနေနဲ့ကလည်း သားသမီးကို မလျော့မတင်းလေးနဲ့ မျက်ခြေပျက်မခံလေးတွေတော့ စောင့်ကြည့်သင့်တယ်လို့ထင်တယ်"ဟု ၎င်းက အကြံပြုပြောဆိုထားသည်။

လက်ရှိတွင် ရိုးလေးချောင်းရေမြင့်တက်ကာ ရေစီးသန်လျက်ရှိသောကြောင့် အလောင်းမှာ စစ်တောင်းမြစ်အတွင်းရောက်ရှိသွားပါက ရှာဖွေရန် ပိုမိုအခက်အခဲရှိနိုင်ကြောင်းလည်း ၎င်းကဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၂၆ ရက်ကလည်း တောင်ငူမြို့ရှိ စစ်တောင်းတံတားပေါ်မှ ကွန်ပျူတာတက္ကသိုလ်ကျောင်းသားတစ်ဦး Facebook တွင် နောက်ဆုံးနှုတ်ဆက်ကာ စစ်တောင်းမြစ်အတွင်းသို့ ခုန်ချသွားခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။

zawgyi version
အုတ္တြင္းၿမိဳ႕နယ္တြင္ ဆယ္ေက်ာ္သက္အ႐ြယ္ လူငယ္တစ္ဦး ေခ်ာင္းအတြင္း ခုန္ခ်မႈျဖစ္ပြား
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၃

ပဲခူးတိုင္းေဒသႀကီး၊ အုတ္တြင္းၿမိဳ႕နယ္တြင္ ဆယ္ေက်ာ္သက္အ႐ြယ္ လူငယ္တစ္ဦး ေရတက္ေနသည့္ ေခ်ာင္းအတြင္း ခုန္ခ်မႈျဖစ္ပြားခဲ့ေၾကာင္း ရင္ခုန္သံရွင္ေရးကူညီမႈအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၂ရက္)၊ မြန္းလြဲပိုင္း ၂နာရီ ၃၀မိနစ္အခ်ိန္ခန႔္က အုတ္တြင္းၿမိဳ႕နယ္၊ သစ္တန္းရပ္ကြက္၊ ႐ိုးေလးေခ်ာင္း၌ ျဖစ္ပြားခဲ့ျခင္းျဖစ္သည္။

"ေဘးေျပာစကားအရေတာ့ ကေလးက မီးရထားဆိုက္လုပ္ေနတဲ့ ႐ိုးေလးေခ်ာင္းျဖတ္မယ့္ တံတားေပၚကေန ခုန္ခ်သြားတယ္လို႔ သိရတယ္"ဟု ရင္ခုန္သံရွင္ေရးကူညီမႈအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကို ေျပာ သည္။

အဆိုပါေခ်ာင္းအတြင္းသို႔ ခုန္ခ်သြားသူမွာ အုတ္တြင္းၿမိဳ႕၊ ကသစ္တန္းရပ္ ကြက္တြင္ေနထိုင္သည့္ အသက္(၁၅)ႏွစ္အ႐ြယ္ အမ်ိဳးသားတစ္ဦးျဖစ္ၿပီး ေခ်ာင္းေရျမင့္တက္ကာ ေရစီးသန္ေနျခင္းေၾကာင့္ လက္ရွိအခ်ိန္ထိ ရွာေဖြေတြ႕ရွိျခင္း မရွိေသးေၾကာင္း သိရသည္။

“ဒါကေတာ့ ဘဝတစ္ခုကို လြယ္လြယ္အဆုံးသတ္လိုက္တာေပါ့။ ဒီ Social Network ေတြ ေပၚလာတာကလည္း ဒီ႐ုပ္ဝတၳဳပစၥည္းေတြ တိုးတက္လာတာကလည္း စိတ္ပိုင္းဆိုင္ရာေတြ အားနည္းလာတယ္။ မိဘေတြအေနနဲ႔ကလည္း သားသမီးကို မေလ်ာ့မတင္းေလးနဲ႔ မ်က္ေျခပ်က္မခံေလးေတြေတာ့ ေစာင့္ၾကည့္သင့္တယ္လို႔ထင္တယ္"ဟု ၎က အႀကံျပဳေျပာဆိုထားသည္။

လက္ရွိတြင္ ႐ိုးေလးေခ်ာင္းေရျမင့္တက္ကာ ေရစီးသန္လ်က္ရွိေသာေၾကာင့္ အေလာင္းမွာ စစ္ေတာင္းျမစ္အတြင္းေရာက္ရွိသြားပါက ရွာေဖြရန္ ပိုမိုအခက္အခဲရွိႏိုင္ေၾကာင္းလည္း ၎ကဆိုသည္။

အလားတူ ၿပီးခဲ့သည့္ ဇြန္လ ၂၆ ရက္ကလည္း ေတာင္ငူၿမိဳ႕ရွိ စစ္ေတာင္းတံတားေပၚမွ ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသားတစ္ဦး Facebook တြင္ ေနာက္ဆုံးႏႈတ္ဆက္ကာ စစ္ေတာင္းျမစ္အတြင္းသို႔ ခုန္ခ်သြားခဲ့သည့္ ျဖစ္စဥ္ျဖစ္ပြားခဲ့ဖူးသည္။

Related news

© 2021. All rights reserved.