"ပြည်သူလူထုအပေါ် အနုပညာရှင်တွေ ပြန်တောင်းပန်သင့်ပြီ"

 11903

အိဖြူ (NP News) - စက်တင်ဘာ ၃

“The Statesman Myanmar” ရဲ့အပတ်စဉ်ဖော်ပြတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေကို NP News မှ ထပ်ဆင့်ဖော်ပြပေးပါမယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကနေ "ပြုခဲ့သောကံ၏အရိပ်တစ္ဆေခြောက်လှန့်မှုခံနေရပြီဖြစ်သော ခိုင်သင်းကြည်နှင့်အနုပညာရှင်အချို့၊ ဖျောက်ဖျက်မရတဲ့ထက်ထက်မိုးဦးရဲ့ဗီဇ၊ မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက် ဝေဖန်ကဲ့ရဲ့မှုတွေနဲ့ ရင်ဆိုင်နေရသူ"အစရှိတဲ့ အနုပညာသတင်းတွေကို ဖော်ပြပေးပါမယ်။

ပြုခဲ့သောကံ၏အရိပ်တစ္ဆေ ခြောက်လှန့်မှုခံနေရပြီဖြစ်သော ခိုင်သင်းကြည်နှင့်အနုပညာရှင်အချို့

ခိုင်သင်းကြည်ရဲ့သမီး စံထိပ်ထားဦး အင်တာနေရှင်နယ်တက္ကသိုလ်ကနေ ဘွဲ့ရရှိခဲ့တဲ့အတွက် အနုပညာအသိုင်းအဝိုင်းအချင်းချင်း ဝိုင်းဝန်းဂုဏ်ပြုစကားဆိုခဲ့ကြပေ မယ့် တခြားတစ်ဖက်မှာတော့ ၎င်းတို့ကြောင့် ပညာရေး တစ်ပိုင်းတစ်စ ဖြစ်သွားရသူတွေ၊ အနုပညာသမားတွေရဲ့ စည်းရုံးမှုကိုယုံကြည်ပြီး အလုပ်ထွက်/ ကျောင်းထွက်ခဲ့ကြသူအများစုကတော့ ၎င်း တို့အတွက် ဝမ်းသာဂုဏ်ယူကြောင်း ပြောပေးနိုင်ခြင်းမရှိတဲ့အပေါ် အပြစ်ဆို၍ မရနိုင်ပါ။ ဇင်ဝိုင်း၊ လူမင်း၊ မင်းမော်ကွန်း၊ပြေတီဦး၊ ဝိုင်း၊ နေဝင်း၊ အိန္ဒြာကျော်ဇင်၊ ဖွေးဖွေး၊ အေးမြတ်သူ၊ ခင်ဝင့်ဝါ အစရှိတဲ့ အနုပညာရှင်တွေအပါအဝင်ခိုင်သင်းကြည်တို့သားအမိလည်း အဆိုပါကာလမှာ နိုင်ငံတော်တည်ငြိမ် အေးချမ်းမှုမရှိစေဖို့နဲ့ အစိုးရယန္တရားကိုပျက်စီးစေဖို့ ရည်ရွယ်ကာ အစိုးရဌာနဆိုင်ရာဝန်ထမ်းတွေကို ရုံးမတက်ဘဲCivil-Disobedience-Movement (CDM) ပြုလုပ်ကြဖို့၊ ကျောင်းသားကျောင်းသူတွေကို ကျောင်းမတက်ဘဲ ကျောင်းထွက်ကြဖို့ နည်းလမ်းပေါင်းစုံအသုံးပြုကာ တိုက်တွန်းလှုံ့ဆော်မှုတွေ၊ တပ်မတော်အပေါ်ဆန့်ကျင်ကြဖို့ မက်လုံးပေးပြောဆိုမှုတွေကို ဆောင်ရွက်ခဲ့ကြပါတယ်။

အနုပညာရှင်တွေရဲ့ပြောဆိုစည်းရုံးမှုတွေအပေါ် ယုံကြည်မှုလွန်ကဲခဲ့ကြတဲ့ ပြည်သူလူထုက လက်ရှိအချိန်ထိ သားသမီး ပညာရေး၊ စီးပွားရေး အစစအရာရာ ပြိုလဲလျက်ရှိပါတယ်။ CDM လုပ်သူတိုင်းကို တာဝန်ယူပါမယ်လို့ အကြိမ်ကြိမ် မက်လုံးပေးခဲ့ကြတဲ့ အနုပညာရှင်သားသမီးတွေရဲ့ပညာရေး၊ စီးပွားရေး၊ ဘဝအခြေအနေတွေက ပြောင်းလဲမှုမရှိ ဟန်မပျက် နေထိုင်နိုင်ရုံမက လူမှုအသိုင်းအဝိုင်းကြား အပြုံးမပျက် အရှက်မဲ့စွာနေထိုင်လျက်ရှိတာကို လူတိုင်းမြင်တွေ့နေရတာ ဖြစ်ပါတယ်။ အနုပညာ အသိုင်းအဝိုင်းမဟုတ်တဲ့ ပြင်ပလူထုအသိုင်းအဝိုင်းက “၂၀၂၁ နိုင်ငံရေးအပြောင်းအလဲမှာ သူတစ်ပါး ကလေးတွေကိုတော့ ကျောင်းမတက်ဖို့ လှုံ့ဆော်ခဲ့တာ သူ့သမီးကျတော့ ဘွဲ့ရကြောင်း ကြွားနေလိုက်တာများ၊ အနုပညာရှင်တွေကြောင့် ငါတို့ဘဝတွေ ပျက်ခဲ့ရပြီ၊ငါတို့သားသမီးတွေကတော့သူတို့ကြောင့် ကျောင်းတန်းလန်းတွေဖြစ်ခဲ့ရတယ်” အစရှိတယ် စကားလုံးတွေနဲ့ပြောဆိုဝေဖန်ထားကြတာပါ။ ခိုင်သင်းကြည်က
“ကတိပေးပါတယ်။ ဒီမိုကရေစီ တိုက်ပွဲမှာ ကျဆုံးသွားတဲ့သူတွေရဲ့ သားသမီးတွေ ပညာရေးကို Lifelong Support လုပ်ပေးဖို့လိုတယ်လို့မြင်မိပါတယ်။ အခြေအနေတွေ တည်ငြိမ်သွားရင် ကျွန်မရဲ့ ဝင်ငွေထဲကနေ လစဉ်လှူဒါန်းဖို့ ကတိပြုပါတယ်။ သူတို့အနာဂတ်တွေ မပျက်စေဖို့ ဝိုင်းဝန်းကြမယ်နော်” ဆိုပြီး ပိုစ့်တင်ဖော်ပြခဲ့ဖူးတာပါ။ စံထိပ်ထားဦးဟာ Myanmar ImperialUniversity (MIU) ကနေ ဘွဲ့ရရှိခဲ့ခြင်းဖြစ်ပါတယ်။ ခိုင်သင်းကြည်ရဲ့အမျိုးသား ဦးခန့်နိုင်ကို နစက လုံခြုံရေးတပ်ဖွဲ့ဝင်တွေက (၂၀၂၂) ခုနှစ် ဧပြီလ (၂၇) ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးတာပါ။ ဦးခန့်နိုင်ကို အကြမ်းဖက် အားပေးမှုအဖြစ် အရေးယူထားခြင်းဖြစ်ကြောင်း သတင်းကျယ်ကျယ် လောင်လောင်ထွက်ပေါ်ထားပေမယ့် သတင်းအတိအကျထွက်ပေါ်မလာနိုင်အောင် မိသားစုဝင်တွေက ထိန်းသိမ်းထားနိုင်ပါတယ်။ အနုပညာရှင်တစ်ဦးဖြစ်လာပါက မိမိအပေါ် လူတစ်ဦး တစ်ယောက်တည်းက အားပေးကြည့်ရှုခြင်းမျိုး မဟုတ်ဘဲ အလွှာပေါင်းစုံ/ဘက်ပေါင်းစုံ/အရောင်အသွေး
အစုံက စောင့်ကြည့် အကဲဖြတ်နေကြခြင်း ဖြစ်တယ်ဆိုတာကို သိရှိထားဖို့ လိုအပ်ပါတယ်။ ဒါကြောင့် မိမိတို့ကိုယ်တိုင်က ပုဂ္ဂိုလ်စွဲကာ လူတစ်ဦးအတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်သာ ရပ်တည်ရှင်သန်ပါက ကျန်ရှိတဲ့ အရောင်အလွှာတွေရဲ့ဝေဖန် ပြောဆိုခြင်းတွေ ခံရစမြဲဖြစ်ပါတယ်။ ဒါ့ပြင် ၎င်းတို့ ပြုမူလုပ်ဆောင်ခဲ့တဲ့ အပြုအမူ အပြောအဆိုတွေကလည်း တစ်ချိန်ချိန်မှာအရိပ်ပမာကပ်ပါ လာမှာဖြစ်ပြီး အရိပ်မည်း ခြောက်လှန့်ခြင်းကို ဆက်လက်ခံနေရဦးမှာဖြစ်ပါတယ်။

.

ဖျောက်ဖျက်မရတဲ့ ထက်ထက်မိုးဦးရဲ့ ဗီဇ
ထက်ထက်မိုးဦးက ဟော့ပေါ့ဆိုင်မှာ Live လွှင့်နေစဉ် လာရောက်စားသောက်သူ Customerတစ်ဦးရဲ့ပြောဆိုမှုအပေါ် ပြန်လည်တုံ့ပြန်ခဲ့တဲ့ဗီဒီယိုက ဖေ့စ်ဘွတ်ခ်ပလက်ဖောင်းနဲ့ တစ်တော့ခ်တစ်ခွင်မှာ လူကြည့်အများဆုံးဖြစ်ခဲ့ပြီး ထက်ထက်မိုးဦးရဲ့လုပ်ရပ်မှန်ကန်ကြောင်းနဲ့ ဆက်ဆံမှုပုံစံ ရိုင်းစိုင်းလွန်းကြောင်း ပြောဆိုမှုတွေ ဒွန်တွဲလျက်ရှိပါတယ်။
‌ဟော့ပေါ့ဆိုင်မှာ ထက်ထက်မိုးဦးကLive လွှင့်နေရင်း ဟော့ပေါ့စားနေတဲ့အမျိုးသားတစ်ဦးဘေးက သူဖြတ်လျှောက်သွားစဉ် "အဲဒီလောက်ကြီးတောင် ဝသွားတာနော်"လို့ ပြောလိုက်တဲ့အပေါ် ထက်ထက်မိုးဦးက ချက်ချင်းနောက်ပြန်လှည့်သွားပြီး အဲဒီအမျိုးသားကိုင်ထားတဲ့ဘီယာခွက်ကို လက်နဲ့ပုတ်ကာ "ရှင်ဘာပြောတာလဲ၊ အရမ်းရိုင်းမလာနဲ့နော်" လို့ ပြောဆိုခဲ့တာပါ။
"လူတွေကလေ အရမ်းရိုင်းတယ်၊ အဲဒါကြောင့်မို့လို့ လူတွေနဲ့ထိပ်တိုက်မတွေ့ချင်တာ၊ ပါးစပ်ကလေ စည်းမစောင့်ဘူး သိတယ်မလား။ လူတစ်ယောက်ကို ပက်ခနဲပက်ခနဲ အဲဒီလိုမျိုးပြောတာ။ လက်ကပါတော့မယ်။ အော်... လက် က ပါမိသွားတော့မယ်" လို့ Live လွှင့်နေစဉ် ထပ်မံပြောဆိုခဲ့တာပါ။ သူရဲ့တုံ့ပြန်မှုအပြုအမူက မှန်ကန်ကြောင်း၊မိန်းကလေးတစ်ဦးအပေါ် ကိုယ်ခန္ဓာနဲ့ပတ်သက်ပြီး ဝေဖန်ကဲ့ရဲ့ခြင်းဟာ မပြုလုပ်သင့်တဲ့လုပ်ရပ်သာ ဖြစ်ကြောင်း ထောက်ခံခဲ့ကြတာပါ။ တခြားတစ်ဖက်မှာတော့
"ထက်ထက်မိုးဦးကို အခုလိုပြောဆိုမိလိုက်တဲ့ အမျိုးသားက စော်ကားလိုသော စိတ်ထားရှိ လိမ့်မယ်မည်မဟုတ်ဘဲ မင်းသမီးတစ်ဦးကို အပြင်မှာ မြင်တွေ့ရစဉ် သူ့စိတ်ထဲနဲ့အပြင်မှာ တွေ့ရပုံချင်းကွဲ ပြားနေလို့ ပါးစပ်က လွှတ်ခနဲပြောလိုက်မိခြင်းသာဖြစ်နိုင်ကြောင်း၊ မင်းသမီးတစ်ဦးအနေနဲ့ ဒီလောက်တော့ သည်းခံနိုင်ရမှာဖြစ်ကြောင်း"ထောက်ပြသူတွေလည်း ရှိလို့ နေပါတယ်။ ထက်ထက်မိုးဦးက အသက်အရွယ်အရသော်လည်းကောင်း၊ ကျန်းမာရေးအရလည်းကောင်း ခန္ဓာကိုယ်ကိုထိန်းထားနိုင်ခြင်း မရှိတော့ဘဲ ဝနေရခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။
(၂၀၁၁) ခုနှစ်က ထက်ထက်မိုးဦးအနေနဲ့ ဆဲဗင်းဒေး သတင်းထောက်အေးသူစံ(လက်ရှိ BBC)ကို လည်ပင်းညှစ် ပါးရိုက်လိုက်တဲ့ကိစ္စက အနုပညာအသိုင်းအဝိုင်းကြား၊ သတင်းမီဒီယာအသိုင်းအဝိုင်းကြား ပွက်လောရိုက်ခဲ့ ပြီး သတင်းထောက်က မင်းသမီး ကို ပြန်လည်တရားစွဲ အမှုဖွင့်ခဲ့တာ လူတိုင်းနည်းပါးသိထားပြီးကိစ္စဖြစ်ပါတယ်။ အဲဒီအမှုတုန်းကတစ်နှစ်နဲ့ ဆယ်လကြာ တရားရင်ဆိုင်ခဲ့ကြကာ ထက်ထက်မိုးဦးက သတင်းထောက်အေးသူစံကို တရားရုံးကသတ်မှတ်တဲ့ လျော်ကြေးအဖြစ် ဒဏ်ငွေ တစ်ထောင်ကျပ်ပေးခဲ့တာပါ။ ပါးရိုက်ခ တစ်ထောင်ပဲ ကျတယ်ဆိုပြီးတောင် အနုပညာလောကမှာ ရေပန်းစားခဲ့တာမျိုးပါ။
(၂၀၁၉) ခုနှစ်ကလည်း မီဒီယာတွေရဲ့ အမေးတစ်ခုကို ပါးရိုက်ချင်အောင်ထပ်မေးရင် ထပ်ရိုက်မှာ လို့ စနောက်သလို ဖြေကြားခဲ့ဖူးပါသေးတယ်။ အနုပညာရှင်အဖြစ်ရပ်တည် လုပ်ကိုင်ပါက လူအများရဲ့ဝေဖန်ကဲ့ရဲ့မှုဒဏ်ကို ခံနိုင်ရည်ရှိမှ ရလိမ့်မယ်လို့ ရှေးလူကြီး တွေက ဆုံးမပြောဆိုကြပေမယ့်လည်း အနုပညာရှင်တွေဟာလည်းလူသားထဲက လူသားတစ်ဦးဖြစ်တဲ့အတွက် ၎င်းတို့ သည်းမခံနိုင်တဲ့အပိုင်းတွေမှာ အများနည်းတူ တုံ့ပြန်လေ့ရှိကြတာ သဘာဝပါ။ ထက်ထက်မိုးဦးက စနေသမီးဖြစ်တာကြောင့်
စိတ်ကြီး၊ စိတ်ဆတ်သူတစ်ဦးဖြစ်တယ်လို့ ကြားသိရပါတယ်။ သူရဲ့အပြုအမူအပြောအဆိုတွေက ဘယ်လိုမျိုးပုံစံဖြစ်ပါစေ ထက်ထက်မိုးဦးကို အားပေးချစ်ခင်တဲ့ပရိသတ်တွေကတော့ အပြစ်တင်စကားဆိုခြင်း လုံးဝမရှိခဲ့ကြဘဲ "ဒါမှ ထက်ထက်မိုးဦးကွ"ဆိုပြီးတောင် ဆက်လက် အားပေးထောက်ခံလျက်ရှိပါတယ်။

မျက်နှာခွဲစိတ်ပြုပြင်ပြီးနောက် ဝေဖန်ကဲ့ရဲ့ မှုတွေနဲ့ရင်ဆိုင်နေရသူ
အဆိုတော်မေလသံစဉ်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ Apes Medical Center မှာ နှာခေါင်းခွဲစိတ်ပြုပြင်ခြင်း၊ မေးစေ့ပြုပြင်ခြင်း၊ ပါး အဆီထုတ်Liposuction ပြုလုပ်ခြင်းတွေကို ၂၀၂၄ ခုနှစ် ဩဂုတ်လ ပထမပတ်က ပြုလုပ်ခဲ့တာပါ။
မေလသံစဉ်ကို မြန်မာပရိသတ်တွေက အသံပါဝါ အားကောင်းလွန်းတာကြောင့် ပရိသတ်တွေက အားပေးခဲ့ကြပြီး ချစ်စရာကောင်းတဲ့မိန်းကလေးငယ်တစ်ဦးအဖြစ် သတ်မှတ်မြင်ထားကြပြီး ဖြစ်ပါတယ်။
မေလသံစဉ်ရဲ့မျက်နှာကို ခွဲစိတ်ပြုပြင်ပြီးပုံ တွေ့မြင်ရချိန်မှာ မခွဲစိတ် ခင်နဲ့ခွဲစိတ်အပြီးပုံတွေကို ယှဉ်ပြကာ သဘောမကျသူတွေ များပြားလျက်ရှိနေတာကို သတိပြုမိခဲ့ပါတယ်။ ကာယကံရှင်ဖြစ်သူ အဆိုတော်မေလသံစဉ်က သူ့ရဲ့အရင်မျက်နှာပုံစံဟာ ပါးအလွန်ဖောင်းပြီး၊ နှာခေါင်းပြားတာကြောင့် မကြိုက်နှစ်သက်ခဲ့ကြောင်း၊ အခုလက်ရှိ ခွဲစိတ်ပြုပြင်ပြီးမျက်နှာပုံစံ ကို ကြိုက်နှစ်သက်ကြောင်း ဝေဖန်ထားသူတွေကို အသိပေး ထားပါတယ်။ သူ့အနေနဲ့ကတော့စိတ်ကြိုက်လုပ်ထားပြီးဖြစ်တာကြောင့် ပြောင်းလဲလာတဲ့ပုံတွေကို လူမှုကွန်ရက်ပေါ် အဆက်မပြတ်ဖော်ပြနေတာကို‌တွေ့မြင်ရပါတယ်။ မြန်မာအနုပညာရှင်တွေကြားမှာလည်း သဘာဝအတိုင်းလှပသူ အနုပညာရှင်များနဲ့ ခွဲစိတ်ပြုပြင်ထားသူများဆိုပြီး စတင်ကွဲပြားလို့လာပါပြီ။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ရပ်နားခွင့်ပြုပါ...

zawgyi version
"ျပည္သူလူထုအေပၚ အႏုပညာရွင္ေတြ ျပန္ေတာင္းပန္သင့္ၿပီ"
အိျဖဴ (NP News) - စက္တင္ဘာ ၃

“The Statesman Myanmar” ရဲ႕အပတ္စဥ္ေဖာ္ျပတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြကို NP News မွ ထပ္ဆင့္ေဖာ္ျပေပးပါမယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကေန "ျပဳခဲ့ေသာကံ၏အရိပ္တေစၦေျခာက္လွန႔္မႈခံေနရၿပီျဖစ္ေသာ ခိုင္သင္းၾကည္ႏွင့္အႏုပညာရွင္အခ်ိဳ႕၊ ေဖ်ာက္ဖ်က္မရတဲ့ထက္ထက္မိုးဦးရဲ႕ဗီဇ၊ မ်က္ႏွာခြဲစိတ္ျပဳျပင္ၿပီးေနာက္ ေဝဖန္ကဲ့ရဲ႕မႈေတြနဲ႔ ရင္ဆိုင္ေနရသူ"အစရွိတဲ့ အႏုပညာသတင္းေတြကို ေဖာ္ျပေပးပါမယ္။

ျပဳခဲ့ေသာကံ၏အရိပ္တေစၦ ေျခာက္လွန႔္မႈခံေနရၿပီျဖစ္ေသာ ခိုင္သင္းၾကည္ႏွင့္အႏုပညာရွင္အခ်ိဳ႕
ခိုင္သင္းၾကည္ရဲ႕သမီး စံထိပ္ထားဦး အင္တာေနရွင္နယ္တကၠသိုလ္ကေန ဘြဲ႕ရရွိခဲ့တဲ့အတြက္ အႏုပညာအသိုင္းအဝိုင္းအခ်င္းခ်င္း ဝိုင္းဝန္းဂုဏ္ျပဳစကားဆိုခဲ့ၾကေပ မယ့္ တျခားတစ္ဖက္မွာေတာ့ ၎တို႔ေၾကာင့္ ပညာေရး တစ္ပိုင္းတစ္စ ျဖစ္သြားရသူေတြ၊ အႏုပညာသမားေတြရဲ႕ စည္း႐ုံးမႈကိုယုံၾကည္ၿပီး အလုပ္ထြက္/ ေက်ာင္းထြက္ခဲ့ၾကသူအမ်ားစုကေတာ့ ၎ တို႔အတြက္ ဝမ္းသာဂုဏ္ယူေၾကာင္း ေျပာေပးႏိုင္ျခင္းမရွိတဲ့အေပၚ အျပစ္ဆို၍ မရႏိုင္ပါ။ ဇင္ဝိုင္း၊ လူမင္း၊ မင္းေမာ္ကြန္း၊ေျပတီဦး၊ ဝိုင္း၊ ေနဝင္း၊ အိျႏၵာေက်ာ္ဇင္၊ ေဖြးေဖြး၊ ေအးျမတ္သူ၊ ခင္ဝင့္ဝါ အစရွိတဲ့ အႏုပညာရွင္ေတြအပါအဝင္ခိုင္သင္းၾကည္တို႔သားအမိလည္း အဆိုပါကာလမွာ ႏိုင္ငံေတာ္တည္ၿငိမ္ ေအးခ်မ္းမႈမရွိေစဖို႔နဲ႔ အစိုးရယႏၲရားကိုပ်က္စီးေစဖို႔ ရည္႐ြယ္ကာ အစိုးရဌာနဆိုင္ရာဝန္ထမ္းေတြကို ႐ုံးမတက္ဘဲCivil-Disobedience-Movement (CDM) ျပဳလုပ္ၾကဖို႔၊ ေက်ာင္းသားေက်ာင္းသူေတြကို ေက်ာင္းမတက္ဘဲ ေက်ာင္းထြက္ၾကဖို႔ နည္းလမ္းေပါင္းစုံအသုံးျပဳကာ တိုက္တြန္းလႈံ႕ေဆာ္မႈေတြ၊ တပ္မေတာ္အေပၚဆန႔္က်င္ၾကဖို႔ မက္လုံးေပးေျပာဆိုမႈေတြကို ေဆာင္႐ြက္ခဲ့ၾကပါတယ္။

အႏုပညာရွင္ေတြရဲ႕ေျပာဆိုစည္း႐ုံးမႈေတြအေပၚ ယုံၾကည္မႈလြန္ကဲခဲ့ၾကတဲ့ ျပည္သူလူထုက လက္ရွိအခ်ိန္ထိ သားသမီး ပညာေရး၊ စီးပြားေရး အစစအရာရာ ၿပိဳလဲလ်က္ရွိပါတယ္။ CDM လုပ္သူတိုင္းကို တာဝန္ယူပါမယ္လို႔ အႀကိမ္ႀကိမ္ မက္လုံးေပးခဲ့ၾကတဲ့ အႏုပညာရွင္သားသမီးေတြရဲ႕ပညာေရး၊ စီးပြားေရး၊ ဘဝအေျခအေနေတြက ေျပာင္းလဲမႈမရွိ ဟန္မပ်က္ ေနထိုင္ႏိုင္႐ုံမက လူမႈအသိုင္းအဝိုင္းၾကား အၿပဳံးမပ်က္ အရွက္မဲ့စြာေနထိုင္လ်က္ရွိတာကို လူတိုင္းျမင္ေတြ႕ေနရတာ ျဖစ္ပါတယ္။ အႏုပညာ အသိုင္းအဝိုင္းမဟုတ္တဲ့ ျပင္ပလူထုအသိုင္းအဝိုင္းက “၂၀၂၁ ႏိုင္ငံေရးအေျပာင္းအလဲမွာ သူတစ္ပါး ကေလးေတြကိုေတာ့ ေက်ာင္းမတက္ဖို႔ လႈံ႕ေဆာ္ခဲ့တာ သူ႔သမီးက်ေတာ့ ဘြဲ႕ရေၾကာင္း ႂကြားေနလိုက္တာမ်ား၊ အႏုပညာရွင္ေတြေၾကာင့္ ငါတို႔ဘဝေတြ ပ်က္ခဲ့ရၿပီ၊ငါတို႔သားသမီးေတြကေတာ့သူတို႔ေၾကာင့္ ေက်ာင္းတန္းလန္းေတြျဖစ္ခဲ့ရတယ္” အစရွိတယ္ စကားလုံးေတြနဲ႔ေျပာဆိုေဝဖန္ထားၾကတာပါ။ ခိုင္သင္းၾကည္က
“ကတိေပးပါတယ္။ ဒီမိုကေရစီ တိုက္ပြဲမွာ က်ဆုံးသြားတဲ့သူေတြရဲ႕ သားသမီးေတြ ပညာေရးကို Lifelong Support လုပ္ေပးဖို႔လိုတယ္လို႔ျမင္မိပါတယ္။ အေျခအေနေတြ တည္ၿငိမ္သြားရင္ ကြၽန္မရဲ႕ ဝင္ေငြထဲကေန လစဥ္လႉဒါန္းဖို႔ ကတိျပဳပါတယ္။ သူတို႔အနာဂတ္ေတြ မပ်က္ေစဖို႔ ဝိုင္းဝန္းၾကမယ္ေနာ္” ဆိုၿပီး ပိုစ့္တင္ေဖာ္ျပခဲ့ဖူးတာပါ။ စံထိပ္ထားဦးဟာ Myanmar ImperialUniversity (MIU) ကေန ဘြဲ႕ရရွိခဲ့ျခင္းျဖစ္ပါတယ္။ ခိုင္သင္းၾကည္ရဲ႕အမ်ိဳးသား ဦးခန႔္ႏိုင္ကို နစက လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြက (၂၀၂၂) ခုႏွစ္ ဧၿပီလ (၂၇) ရက္က ဖမ္းဆီးထိန္းသိမ္းခဲ့ျခင္းျဖစ္ၿပီး လက္ရွိအခ်ိန္ထိ ျပန္လည္လြတ္ေျမာက္ျခင္း မရွိေသးတာပါ။ ဦးခန႔္ႏိုင္ကို အၾကမ္းဖက္ အားေပးမႈအျဖစ္ အေရးယူထားျခင္းျဖစ္ေၾကာင္း သတင္းက်ယ္က်ယ္ ေလာင္ေလာင္ထြက္ေပၚထားေပမယ့္ သတင္းအတိအက်ထြက္ေပၚမလာႏိုင္ေအာင္ မိသားစုဝင္ေတြက ထိန္းသိမ္းထားႏိုင္ပါတယ္။ အႏုပညာ
ရွင္တစ္ဦးျဖစ္လာပါက မိမိအေပၚ လူတစ္ဦး တစ္ေယာက္တည္းက အားေပးၾကည့္ရႈျခင္းမ်ိဳး မဟုတ္ဘဲ အလႊာေပါင္းစုံ/ဘက္ေပါင္းစုံ/အေရာင္အေသြး
အစုံက ေစာင့္ၾကည့္ အကဲျဖတ္ေနၾကျခင္း ျဖစ္တယ္ဆိုတာကို သိရွိထားဖို႔ လိုအပ္ပါတယ္။ ဒါေၾကာင့္ မိမိတို႔ကိုယ္တိုင္က ပုဂၢိဳလ္စြဲကာ လူတစ္ဦးအတြက္၊ အဖြဲ႕အစည္းတစ္ခုအတြက္သာ ရပ္တည္ရွင္သန္ပါက က်န္ရွိတဲ့ အေရာင္အလႊာေတြရဲ႕ေဝဖန္ ေျပာဆိုျခင္းေတြ ခံရစၿမဲျဖစ္ပါတယ္။ ဒါ့ျပင္ ၎တို႔ ျပဳမူလုပ္ေဆာင္ခဲ့တဲ့ အျပဳအမူ အေျပာအဆိုေတြကလည္း တစ္ခ်ိန္ခ်ိန္မွာအရိပ္ပမာကပ္ပါ လာမွာျဖစ္ၿပီး အရိပ္မည္း ေျခာက္လွန႔္ျခင္းကို ဆက္လက္ခံေနရဦးမွာျဖစ္ပါတယ္။

ေဖ်ာက္ဖ်က္မရတဲ့ ထက္ထက္မိုးဦးရဲ႕ ဗီဇ
ထက္ထက္မိုးဦးက ေဟာ့ေပါ့ဆိုင္မွာ Live လႊင့္ေနစဥ္ လာေရာက္စားေသာက္သူ Customerတစ္ဦးရဲ႕ေျပာဆိုမႈအေပၚ ျပန္လည္တုံ႔ျပန္ခဲ့တဲ့ဗီဒီယိုက ေဖ့စ္ဘြတ္ခ္ပလက္ေဖာင္းနဲ႔ တစ္ေတာ့ခ္တစ္ခြင္မွာ လူၾကည့္အမ်ားဆုံးျဖစ္ခဲ့ၿပီး ထက္ထက္မိုးဦးရဲ႕လုပ္ရပ္မွန္ကန္ေၾကာင္းနဲ႔ ဆက္ဆံမႈပုံစံ ႐ိုင္းစိုင္းလြန္းေၾကာင္း ေျပာဆိုမႈေတြ ဒြန္တြဲလ်က္ရွိပါတယ္။
‌ေဟာ့ေပါ့ဆိုင္မွာ ထက္ထက္မိုးဦးကLive လႊင့္ေနရင္း ေဟာ့ေပါ့စားေနတဲ့အမ်ိဳးသားတစ္ဦးေဘးက သူျဖတ္ေလွ်ာက္သြားစဥ္ "အဲဒီေလာက္ႀကီးေတာင္ ဝသြားတာေနာ္"လို႔ ေျပာလိုက္တဲ့အေပၚ ထက္ထက္မိုးဦးက ခ်က္ခ်င္းေနာက္ျပန္လွည့္သြားၿပီး အဲဒီအမ်ိဳးသားကိုင္ထားတဲ့ဘီယာခြက္ကို လက္နဲ႔ပုတ္ကာ "ရွင္ဘာေျပာတာလဲ၊ အရမ္း႐ိုင္းမလာနဲ႔ေနာ္" လို႔ ေျပာဆိုခဲ့တာပါ။
"လူေတြကေလ အရမ္း႐ိုင္းတယ္၊ အဲဒါေၾကာင့္မို႔လို႔ လူေတြနဲ႔ထိပ္တိုက္မေတြ႕ခ်င္တာ၊ ပါးစပ္ကေလ စည္းမေစာင့္ဘူး သိတယ္မလား။ လူတစ္ေယာက္ကို ပက္ခနဲပက္ခနဲ အဲဒီလိုမ်ိဳးေျပာတာ။ လက္ကပါေတာ့မယ္။ ေအာ္... လက္ က ပါမိသြားေတာ့မယ္" လို႔ Live လႊင့္ေနစဥ္ ထပ္မံေျပာဆိုခဲ့တာပါ။ သူရဲ႕တုံ႔ျပန္မႈအျပဳအမူက မွန္ကန္ေၾကာင္း၊မိန္းကေလးတစ္ဦးအေပၚ ကိုယ္ခႏၶာနဲ႔ပတ္သက္ၿပီး ေဝဖန္ကဲ့ရဲ႕ျခင္းဟာ မျပဳလုပ္သင့္တဲ့လုပ္ရပ္သာ ျဖစ္ေၾကာင္း ေထာက္ခံခဲ့ၾကတာပါ။ တျခားတစ္ဖက္မွာေတာ့
"ထက္ထက္မိုးဦးကို အခုလိုေျပာဆိုမိလိုက္တဲ့ အမ်ိဳးသားက ေစာ္ကားလိုေသာ စိတ္ထားရွိ လိမ့္မယ္မည္မဟုတ္ဘဲ မင္းသမီးတစ္ဦးကို အျပင္မွာ ျမင္ေတြ႕ရစဥ္ သူ႔စိတ္ထဲနဲ႔အျပင္မွာ ေတြ႕ရပုံခ်င္းကြဲ ျပားေနလို႔ ပါးစပ္က လႊတ္ခနဲေျပာလိုက္မိျခင္းသာျဖစ္ႏိုင္ေၾကာင္း၊ မင္းသမီးတစ္ဦးအေနနဲ႔ ဒီေလာက္ေတာ့ သည္းခံႏိုင္ရမွာျဖစ္ေၾကာင္း"ေထာက္ျပသူေတြလည္း ရွိလို႔ ေနပါတယ္။ ထက္ထက္မိုးဦးက အသက္အ႐ြယ္အရေသာ္လည္းေကာင္း၊ က်န္းမာေရးအရလည္းေကာင္း ခႏၶာကိုယ္ကိုထိန္းထားႏိုင္ျခင္း မရွိေတာ့ဘဲ ဝေနရျခင္းျဖစ္တယ္လို႔လည္း သိရပါတယ္။
(၂၀၁၁) ခုႏွစ္က ထက္ထက္မိုးဦးအေနနဲ႔ ဆဲဗင္းေဒး သတင္းေထာက္ေအးသူစံ(လက္ရွိ BBC)ကို လည္ပင္းညႇစ္ ပါး႐ိုက္လိုက္တဲ့ကိစၥက အႏုပညာအသိုင္းအဝိုင္းၾကား၊ သတင္းမီဒီယာအသိုင္းအဝိုင္းၾကား ပြက္ေလာ႐ိုက္ခဲ့ ၿပီး သတင္းေထာက္က မင္းသမီး ကို ျပန္လည္တရားစြဲ အမႈဖြင့္ခဲ့တာ လူတိုင္းနည္းပါးသိထားၿပီးကိစၥျဖစ္ပါတယ္။ အဲဒီအမႈတုန္းကတစ္ႏွစ္နဲ႔ ဆယ္လၾကာ တရားရင္ဆိုင္ခဲ့ၾကကာ ထက္ထက္မိုးဦးက သတင္းေထာက္ေအးသူစံကို တရား႐ုံးကသတ္မွတ္တဲ့ ေလ်ာ္ေၾကးအျဖစ္ ဒဏ္ေငြ တစ္ေထာင္က်ပ္ေပးခဲ့တာပါ။ ပါး႐ိုက္ခ တစ္ေထာင္ပဲ က်တယ္ဆိုၿပီးေတာင္ အႏုပညာေလာကမွာ ေရပန္းစားခဲ့တာမ်ိဳးပါ။
(၂၀၁၉) ခုႏွစ္ကလည္း မီဒီယာေတြရဲ႕ အေမးတစ္ခုကို ပါး႐ိုက္ခ်င္ေအာင္ထပ္ေမးရင္ ထပ္႐ိုက္မွာ လို႔ စေနာက္သလို ေျဖၾကားခဲ့ဖူးပါေသးတယ္။ အႏုပညာရွင္အျဖစ္ရပ္တည္ လုပ္ကိုင္ပါက လူအမ်ားရဲ႕ေဝဖန္ကဲ့ရဲ႕မႈဒဏ္ကို ခံႏိုင္ရည္ရွိမွ ရလိမ့္မယ္လို႔ ေရွးလူႀကီး ေတြက ဆုံးမေျပာဆိုၾကေပမယ့္လည္း အႏုပညာရွင္ေတြဟာလည္းလူသားထဲက လူသားတစ္ဦးျဖစ္တဲ့အတြက္ ၎တို႔ သည္းမခံႏိုင္တဲ့အပိုင္းေတြမွာ အမ်ားနည္းတူ တုံ႔ျပန္ေလ့ရွိၾကတာ သဘာဝပါ။ ထက္ထက္မိုးဦးက စေနသမီးျဖစ္တာေၾကာင့္
စိတ္ႀကီး၊ စိတ္ဆတ္သူတစ္ဦးျဖစ္တယ္လို႔ ၾကားသိရပါတယ္။ သူရဲ႕အျပဳအမူအေျပာအဆိုေတြက ဘယ္လိုမ်ိဳးပုံစံျဖစ္ပါေစ ထက္ထက္မိုးဦးကို အားေပးခ်စ္ခင္တဲ့ပရိသတ္ေတြကေတာ့ အျပစ္တင္စကားဆိုျခင္း လုံးဝမရွိခဲ့ၾကဘဲ "ဒါမွ ထက္ထက္မိုးဦးကြ"ဆိုၿပီးေတာင္ ဆက္လက္ အားေပးေထာက္ခံလ်က္ရွိပါတယ္။

မ်က္ႏွာခြဲစိတ္ျပဳျပင္ၿပီးေနာက္ ေဝဖန္ကဲ့ရဲ႕ မႈေတြနဲ႔ရင္ဆိုင္ေနရသူ
အဆိုေတာ္ေမလသံစဥ္က ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ရွိ Apes Medical Center မွာ ႏွာေခါင္းခြဲစိတ္ျပဳျပင္ျခင္း၊ ေမးေစ့ျပဳျပင္ျခင္း၊ ပါး အဆီထုတ္Liposuction ျပဳလုပ္ျခင္းေတြကို ၂၀၂၄ ခုႏွစ္ ဩဂုတ္လ ပထမပတ္က ျပဳလုပ္ခဲ့တာပါ။
ေမလသံစဥ္ကို ျမန္မာပရိသတ္ေတြက အသံပါဝါ အားေကာင္းလြန္းတာေၾကာင့္ ပရိသတ္ေတြက အားေပးခဲ့ၾကၿပီး ခ်စ္စရာေကာင္းတဲ့မိန္းကေလးငယ္တစ္ဦးအျဖစ္ သတ္မွတ္ျမင္ထားၾကၿပီး ျဖစ္ပါတယ္။
ေမလသံစဥ္ရဲ႕မ်က္ႏွာကို ခြဲစိတ္ျပဳျပင္ၿပီးပုံ ေတြ႕ျမင္ရခ်ိန္မွာ မခြဲစိတ္ ခင္နဲ႔ခြဲစိတ္အၿပီးပုံေတြကို ယွဥ္ျပကာ သေဘာမက်သူေတြ မ်ားျပားလ်က္ရွိေနတာကို သတိျပဳမိခဲ့ပါတယ္။ ကာယကံရွင္ျဖစ္သူ အဆိုေတာ္ေမလသံစဥ္က သူ႔ရဲ႕အရင္မ်က္ႏွာပုံစံဟာ ပါးအလြန္ေဖာင္းၿပီး၊ ႏွာေခါင္းျပားတာေၾကာင့္ မႀကိဳက္ႏွစ္သက္ခဲ့ေၾကာင္း၊ အခုလက္ရွိ ခြဲစိတ္ျပဳျပင္ၿပီးမ်က္ႏွာပုံစံ ကို ႀကိဳက္ႏွစ္သက္ေၾကာင္း ေဝဖန္ထားသူေတြကို အသိေပး ထားပါတယ္။ သူ႔အေနနဲ႔ကေတာ့စိတ္ႀကိဳက္လုပ္ထားၿပီးျဖစ္တာေၾကာင့္ ေျပာင္းလဲလာတဲ့ပုံေတြကို လူမႈကြန္ရက္ေပၚ အဆက္မျပတ္ေဖာ္ျပေနတာကို‌ေတြ႕ျမင္ရပါတယ္။ ျမန္မာအႏုပညာရွင္ေတြၾကားမွာလည္း သဘာဝအတိုင္းလွပသူ အႏုပညာရွင္မ်ားနဲ႔ ခြဲစိတ္ျပဳျပင္ထားသူမ်ားဆိုၿပီး စတင္ကြဲျပားလို႔လာပါၿပီ။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ရပ္နားခြင့္ျပဳပါ....

Related news

© 2021. All rights reserved.