'My Name is Gabriel' ရဲ့ လာမယ့်အပိုင်းတွေမှာ BLACKPINK အဖွဲ့ဝင် ဂျင်းနီက ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်မည်

 218

ရောင်နီ (NP News) - စက်တင်ဘာ ၄

တောင်ကိုရီးယား အမျိုးသမီး K POP အဖွဲ့၊ BLACKPINK ရဲ့ အဖွဲ့ဝင် ဂျင်းနီဟာ လက်ရှိထုတ်လွှင့်ပြသနေတဲ့ တောင်ကိုရီးယား ဒရာမာ စီးရီး 'My Name is Gabriel' မှာ ဧည့်သည် သရုပ်ဆောင် အနေနဲ့ ပါဝင်သွားမယ်လို့ သိရပါတယ်။

ဒီအကြောင်းကို BLACKPINK အဖွဲ့ဝင် ဂျင်းနီက JTBC ရှိုးမှာ စက်တင်ဘာ ၃ ရက်နေ့က ပြောကြားခဲ့တာပါ။ ဂျင်းနီ ပါဝင်တဲ့ အပိုင်းတွေဟာ သောကြာနေ့၊ စက်တင်ဘာ ၂၇ မှ အောက်တိုဘာလ ၄ ရက်ထိ ထုတ်လွှင့်ပြသမယ့် အပိုင်းတွေမှာ ပါဝင်သွားမယ်လို့ သိရပါတယ်။ ဖျော်ဖြေရေးနယ်ပယ် အတွင်းလူတွေရဲ့ ပြောကြားချက်အရ ဂျင်းနီဟာ အခုတလော variety show တွေမှာ ပါဝင်နေသလို သူမရဲ့ ဂီတ အသက်မွေးဝမ်းကြောင်းထက် တစ်ကိုယ်တော် အနုပညာ လှုပ်ရှားမှုတွေကို ပိုပြီးအာရုံစိုက်လုပ်ဆောင်ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဂျင်းနီဟာ tvN ရဲ့ ရုပ်သံအစီအစဉ် 'Apartment 404' မှာလည်း ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ဖူးပါတယ်။

ကျော်ကြားတဲ့ celebrity တစ်ယောက်က ရုပ်ဖျက်ပြီး ပုံမှန်ဘဝမှာ သာမန်လူတွေနဲ့ နေထိုင်ခြင်းကို သရုပ်ဖော်ရိုက်ကူးထားတဲ့ "My Name is Gabriel" ဒရာမာမှာ သရုပ်ဆောင် ပက်ခ်ဘိုဂမ်၊ ယန်ဟေးရန်၊ ဂျီချောငိဝုခ်၊ ပက်ခ်မြောင်ဆိုး၊ ဟွန်ဂျင်ကောင်း တို့လို နာမည်ကျော် အနုပညာရှင်တွေ အပါအဝင် အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

zawgyi version
'My Name is Gabriel' ရဲ႕ လာမယ့္အပိုင္းေတြမွာ BLACKPINK အဖြဲ႕ဝင္ ဂ်င္းနီက ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ပါဝင္မည္
ေရာင္နီ (NP News) - စက္တင္ဘာ ၄

ေတာင္ကိုရီးယား အမ်ိဳးသမီး K POP အဖြဲ႕၊ BLACKPINK ရဲ႕ အဖြဲ႕ဝင္ ဂ်င္းနီဟာ လက္ရွိထုတ္လႊင့္ျပသေနတဲ့ ေတာင္ကိုရီးယား ဒရာမာ စီးရီး 'My Name is Gabriel' မွာ ဧည့္သည္ သ႐ုပ္ေဆာင္ အေနနဲ႔ ပါဝင္သြားမယ္လို႔ သိရပါတယ္။

ဒီအေၾကာင္းကို BLACKPINK အဖြဲ႕ဝင္ ဂ်င္းနီက JTBC ရႈိးမွာ စက္တင္ဘာ ၃ ရက္ေန႔က ေျပာၾကားခဲ့တာပါ။ ဂ်င္းနီ ပါဝင္တဲ့ အပိုင္းေတြဟာ ေသာၾကာေန႔၊ စက္တင္ဘာ ၂၇ မွ ေအာက္တိုဘာလ ၄ ရက္ထိ ထုတ္လႊင့္ျပသမယ့္ အပိုင္းေတြမွာ ပါဝင္သြားမယ္လို႔ သိရပါတယ္။ ေဖ်ာ္ေျဖေရးနယ္ပယ္ အတြင္းလူေတြရဲ႕ ေျပာၾကားခ်က္အရ ဂ်င္းနီဟာ အခုတေလာ variety show ေတြမွာ ပါဝင္ေနသလို သူမရဲ႕ ဂီတ အသက္ေမြးဝမ္းေၾကာင္းထက္ တစ္ကိုယ္ေတာ္ အႏုပညာ လႈပ္ရွားမႈေတြကို ပိုၿပီးအာ႐ုံစိုက္လုပ္ေဆာင္ဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။ ဂ်င္းနီဟာ tvN ရဲ႕ ႐ုပ္သံအစီအစဥ္ 'Apartment 404' မွာလည္း ဧည့္သည္သ႐ုပ္ေဆာင္အျဖစ္ ပါဝင္ခဲ့ဖူးပါတယ္။

ေက်ာ္ၾကားတဲ့ celebrity တစ္ေယာက္က ႐ုပ္ဖ်က္ၿပီး ပုံမွန္ဘဝမွာ သာမန္လူေတြနဲ႔ ေနထိုင္ျခင္းကို သ႐ုပ္ေဖာ္႐ိုက္ကူးထားတဲ့ "My Name is Gabriel" ဒရာမာမွာ သ႐ုပ္ေဆာင္ ပက္ခ္ဘိုဂမ္၊ ယန္ေဟးရန္၊ ဂ်ီေခ်ာငိဝုခ္၊ ပက္ခ္ေျမာင္ဆိုး၊ ဟြန္ဂ်င္ေကာင္း တို႔လို နာမည္ေက်ာ္ အႏုပညာရွင္ေတြ အပါအဝင္ အႏုပညာရွင္မ်ားစြာ ပါဝင္ သ႐ုပ္ေဆာင္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.