မန္တလေး-မုံရွာ ကားလမ်းတွင် ခရီးသည်တင်ယာဉ်တစ်စီးကို အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အပြင် ဖောက်ခွဲတိုက်ခိုက်သောကြောင့် ယာဉ်မောင်း အပါအဝင် (၃)ဦး ဒဏ်ရာရ

 11040

Pearl (NP News) - စက်တင်ဘာ ၄

စစ်ကိုင်းဒေသကြီး၊ မြင်းမူမြို့နယ်အတွင်းရှိ မန္တလေး - မုံရွာ ကားလမ်းတစ်နေရာတွင် ခရီးသည်တင် မှန်လုံယာဉ်တစ်စီးကို PDF အကြမ်းဖက်အဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်သည့်အပြင် ဖောက်ခွဲ တိုက် ခိုက်ခဲ့သောကြောင့် ယာဉ်မောင်းအပါအဝင် (၃)ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက NP News ကို ပြောသည်။

မုံရွာ - ရန်ကုန် ပြေးဆွဲသော "နန်းထိုက်ရတနာ" မုံရွာ-ရန်ကုန် မှန်လုံယာဉ်သည် ယမန်နေ့ (စက်တင် ဘာလ ၃ ရက်) က ခရီးသည် (၂၄) ဦး တင်ဆောင်ကာ မုံရွာမြို့မှ ရန်ကုန်မြို့သို့ ထွက်ခွာလာစဉ် ညနေပိုင်း ၅ နာရီ ၁၀ မိနစ် ခန့်က မြင်းမူမြို့အနောက်ဘက် ဝမ်းပြည့်ကျေးရွာနှင့် အလ္လကပ္ပကျေးရွာ အကြား၊ အရပ်အခေါ် ဇင်မလင်းကွေ့ရှိလမ်း မိုင်တိုင်အမှတ် ၅၂ မိုင် ၂ ဖာလုံ အရောက်တွင် PDF အကြမ်းဖက်အဖွဲ့က လမ်းဘေး ဝဲ၊ ယာ မှ လက်နက်ငယ်များဖြင့် ယာဉ်ကို ဝိုင်းဝန်းပစ်ခတ်ခဲ့ကြခြင်းဖြစ်ကြောင်း ၎င်းက ဆို သည်။

ထို့ကြောင့် ယာဉ်အား မောင်းနှင်ထွက်ပြေးခဲ့ရာ ဝမ်းပြည့်ကျေးရွာအဝင် မန္တလေး-မုံရွာကားလမ်း မိုင်တိုင်အမှတ် ၅၁ မိုင် ၁ ဖာလုံ အနီးအရောက်တွင် လမ်း၏ဝဲဘက်မှ လက်လုပ်မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့သည့်အပြင် လမ်းဘေးဝဲ၊ ယာမှ လက်နက်ငယ်များဖြင့်ပါ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

သို့သော် ယာဉ်အား အမြန်မောင်းနှင် ကျော်ဖြတ်နိုင်ခဲ့ပြီး အဆိုပါ ဖြစ်စဉ်၌ ယာဉ်မောင်းတွင် မှန်ကွဲစများ ထိမှန် ဒဏ်ရာ၊ အသက် ၂၇ နှစ်အရွယ် ခရီးသည် အမျိုးသမီးတွင် ကျည်ရှပ်ထိ ဒဏ်ရာ သုံးချက်၊ အသက် ၆၂ နှစ်အရွယ် အမျိုးသားကြီး တစ်ဦးတွင် မိုင်းစထိမှန်ဒဏ်ရာ တစ်ချက်တို့ ရခဲ့သော်လည်း ထိခိုက်ဒဏ်ရာ ရသူ အားလုံး မစိုးရိမ်ရကြောင်း သိရသည်။

“ပြည်သူတွေကတော့ ဒီခရီး ဒီလမ်းကို အန္တရာယ်ကြားကပဲ အသုံးပြုနေရဦးမှာပါပဲ။ အခုလို လုပ်လိုက်လို့ သူတို့ဘာတွေ အကျိုးအမြတ် ရသွားလို့လဲ။ အရာရာကို စိုးရွံ့နေရတဲ့ ပြည်သူတွေကို ဒုက္ခမပေးပါနဲ့။ ကိုယ်ချင်းစာတရားလေးထားပေးကြဖို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ဒဏ်ရာရသူများကို မြင်းမူမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းလည်း သိရသည်။

zawgyi version
မႏၲေလး-မုံ႐ြာ ကားလမ္းတြင္ ခရီးသည္တင္ယာဥ္တစ္စီးကို အၾကမ္းဖက္အဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္သည့္အျပင္ ေဖာက္ခြဲတိုက္ခိုက္ေသာေၾကာင့္ ယာဥ္ေမာင္း အပါအဝင္ (၃)ဦး ဒဏ္ရာရ

Pearl (NP News) - စက္တင္ဘာ ၄

စစ္ကိုင္းေဒသႀကီး၊ ျမင္းမူၿမိဳ႕နယ္အတြင္းရွိ မႏၲေလး - မုံ႐ြာ ကားလမ္းတစ္ေနရာတြင္ ခရီးသည္တင္ မွန္လုံယာဥ္တစ္စီးကို PDF အၾကမ္းဖက္အဖြဲ႕က လက္နက္ငယ္မ်ားျဖင့္ ပစ္ခတ္သည့္အျပင္ ေဖာက္ခြဲ တိုက္ ခိုက္ခဲ့ေသာေၾကာင့္ ယာဥ္ေမာင္းအပါအဝင္ (၃)ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း ေဒသခံတစ္ဦးက NP News ကို ေျပာသည္။

မုံ႐ြာ - ရန္ကုန္ ေျပးဆြဲေသာ "နန္းထိုက္ရတနာ" မုံ႐ြာ-ရန္ကုန္ မွန္လုံယာဥ္သည္ ယမန္ေန႔ (စက္တင္ ဘာလ ၃ ရက္) က ခရီးသည္ (၂၄) ဦး တင္ေဆာင္ကာ မုံ႐ြာၿမိဳ႕မွ ရန္ကုန္ၿမိဳ႕သို႔ ထြက္ခြာလာစဥ္ ညေနပိုင္း ၅ နာရီ ၁၀ မိနစ္ ခန႔္က ျမင္းမူၿမိဳ႕အေနာက္ဘက္ ဝမ္းျပည့္ေက်း႐ြာႏွင့္ အလႅကပၸေက်း႐ြာ အၾကား၊ အရပ္အေခၚ ဇင္မလင္းေကြ႕ရွိလမ္း မိုင္တိုင္အမွတ္ ၅၂ မိုင္ ၂ ဖာလုံ အေရာက္တြင္ PDF အၾကမ္းဖက္အဖြဲ႕က လမ္းေဘး ဝဲ၊ ယာ မွ လက္နက္ငယ္မ်ားျဖင့္ ယာဥ္ကို ဝိုင္းဝန္းပစ္ခတ္ခဲ့ၾကျခင္းျဖစ္ေၾကာင္း ၎က ဆို သည္။

ထို႔ေၾကာင့္ ယာဥ္အား ေမာင္းႏွင္ထြက္ေျပးခဲ့ရာ ဝမ္းျပည့္ေက်း႐ြာအဝင္ မႏၲေလး-မုံ႐ြာကားလမ္း မိုင္တိုင္အမွတ္ ၅၁ မိုင္ ၁ ဖာလုံ အနီးအေရာက္တြင္ လမ္း၏ဝဲဘက္မွ လက္လုပ္မိုင္းျဖင့္ ေဖာက္ခြဲတိုက္ခိုက္ခဲ့သည့္အျပင္ လမ္းေဘးဝဲ၊ ယာမွ လက္နက္ငယ္မ်ားျဖင့္ပါ ထပ္မံပစ္ခတ္တိုက္ခိုက္ခဲ့ေၾကာင္း ၎က ရွင္းျပသည္။

သို႔ေသာ္ ယာဥ္အား အျမန္ေမာင္းႏွင္ ေက်ာ္ျဖတ္ႏိုင္ခဲ့ၿပီး အဆိုပါ ျဖစ္စဥ္၌ ယာဥ္ေမာင္းတြင္ မွန္ကြဲစမ်ား ထိမွန္ ဒဏ္ရာ၊ အသက္ ၂၇ ႏွစ္အ႐ြယ္ ခရီးသည္ အမ်ိဳးသမီးတြင္ က်ည္ရွပ္ထိ ဒဏ္ရာ သုံးခ်က္၊ အသက္ ၆၂ ႏွစ္အ႐ြယ္ အမ်ိဳးသားႀကီး တစ္ဦးတြင္ မိုင္းစထိမွန္ဒဏ္ရာ တစ္ခ်က္တို႔ ရခဲ့ေသာ္လည္း ထိခိုက္ဒဏ္ရာ ရသူ အားလုံး မစိုးရိမ္ရေၾကာင္း သိရသည္။

“ျပည္သူေတြကေတာ့ ဒီခရီး ဒီလမ္းကို အႏၲရာယ္ၾကားကပဲ အသုံးျပဳေနရဦးမွာပါပဲ။ အခုလို လုပ္လိုက္လို႔ သူတို႔ဘာေတြ အက်ိဳးအျမတ္ ရသြားလို႔လဲ။ အရာရာကို စိုး႐ြံ႕ေနရတဲ့ ျပည္သူေတြကို ဒုကၡမေပးပါနဲ႔။ ကိုယ္ခ်င္းစာတရားေလးထားေပးၾကဖို႔ပဲ ေျပာခ်င္ပါတယ္” ဟု ၎က ဆိုသည္။

လက္ရွိတြင္ ဒဏ္ရာရသူမ်ားကို ျမင္းမူၿမိဳ႕နယ္ ျပည္သူ႔ေဆး႐ုံသို႔ ပို႔ေဆာင္ေပးခဲ့ေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.