ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက လွှတ်တော်ကို နုတ်ထွက်စာတင်သွင်း

 585

Pika (NP News) - စက်တင်ဘာ ၄

ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမစ်ထရီကူလီဘာဟာ စက်တင်ဘာလ(၄)ရက်နေ့မှာ ၎င်းရဲ့နုတ်ထွက်စာကို လွှတ်တော်ကိုတင်သွင်းခဲ့တယ်လို့ လွှတ်တော်ဥက္ကဋ္ဌ ရူစလန်စတီဖန်ချက်က ပြောကြားခဲ့ပါတယ်။

ယူကရိန်းသမ္မတဇီလန်စကီးဟာ အခြားအစိုးရအဖွဲ့ဝင်လေးဦးကို မကြာသေးခင်က ဖြုတ်ချခဲ့ပြီးနောက် ယခုလိုဖြစ်ရပ်တွေဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ဥရောပပေါင်းစည်းရေးဆိုင်ရာ ဒု၀န်ကြီးချုပ် Olga Stefanishina၊ စက်မှုလုပ်ငန်းဝန်ကြီး Aleksandr Kamyshin၊ တရားရေးဝန်ကြီး Denis Maliuski နဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး Ruslan Strilets တို့ဟာ စက်တင်ဘာလ(၃)ရက်နေ့မှာ ရာထူးကနေနုတ်ထွက်သွားခဲ့ကြတယ်လို့လည်း သိရပါတယ်။

ယူကရိန်းအစိုးရအဖွဲ့အတွင်းမှာ အပြောင်းအလဲတွေကို ထုတ်ပြန်ကြေညာပြီးနောက် ဒီမစ်ထရီကူလီဘာရဲ့ နုတ်ထွက်စာအကြောင်း သတင်းတွေထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း ယူကရိန်းဝန်ကြီးချုပ် Denis Shmigal ကတော့ ၎င်းရဲ့ရာထူးကို ဆက်လက်တာဝန်ထမ်းဆောင်သွားမှာဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့ပါတယ်။ ဇီလန်စကီးရဲ့ သမ္မတလုပ်ပိုင်ခွင့်နဲ့ ယူကရိန်းလွှတ်တော်ရဲ့တရားဝင်သက်တမ်းကုန်ဆုံးပြီးနောက် အစိုးရအဖွဲ့ကို ရှင်းလင်းမှုတွေ ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။ ယူကရိန်းရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ လွှတ်တော်သက်တမ်းတိုးဖို့အတွက်သာ ပြဋ္ဌာန်းထားပေမယ့်လည်း ဇီလန်စကီးက ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာထုတ်ပြန်ခဲ့တဲ့ စစ်အုပ်ချုပ်ရေးဥပဒေကြောင့် ရွေးကောက်ပွဲတွေအားလုံးကို ရက်အကန့်အသတ်မရှိ ရွှေ့ပြောင်းနိုင်ခွင့်ရခဲ့တယ်လို့လည်း သိရပါတယ်။ရုရှား-ယူကရိန်းစစ်ပွဲဖြစ်ပွားတာဟာ အချိန်(၂)နှစ်ကျော် ကြာမြင့်နေပြီဖြစ်ပေမယ့်လည်း ယခုအချိန်အထိ နှစ်ဖက်စလုံးက ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်ဆောင်နိုင်တာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။

zawgyi version
ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီးက လႊတ္ေတာ္ကို ႏုတ္ထြက္စာတင္သြင္း
Pika (NP News) - စက္တင္ဘာ ၄

ယူကရိန္းႏိုင္ငံျခားေရးဝန္ႀကီး ဒီမစ္ထရီကူလီဘာဟာ စက္တင္ဘာလ(၄)ရက္ေန႔မွာ ၎ရဲ႕ႏုတ္ထြက္စာကို လႊတ္ေတာ္ကိုတင္သြင္းခဲ့တယ္လို႔ လႊတ္ေတာ္ဥကၠ႒ ႐ူစလန္စတီဖန္ခ်က္က ေျပာၾကားခဲ့ပါတယ္။

ယူကရိန္းသမၼတဇီလန္စကီးဟာ အျခားအစိုးရအဖြဲ႕ဝင္ေလးဦးကို မၾကာေသးခင္က ျဖဳတ္ခ်ခဲ့ၿပီးေနာက္ ယခုလိုျဖစ္ရပ္ေတြျဖစ္ပြားခဲ့တာျဖစ္ပါတယ္။ ဥေရာပေပါင္းစည္းေရးဆိုင္ရာ ဒု၀န္ႀကီးခ်ဳပ္ Olga Stefanishina၊ စက္မႈလုပ္ငန္းဝန္ႀကီး Aleksandr Kamyshin၊ တရားေရးဝန္ႀကီး Denis Maliuski နဲ႔ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး Ruslan Strilets တို႔ဟာ စက္တင္ဘာလ(၃)ရက္ေန႔မွာ ရာထူးကေနႏုတ္ထြက္သြားခဲ့ၾကတယ္လို႔လည္း သိရပါတယ္။

ယူကရိန္းအစိုးရအဖြဲ႕အတြင္းမွာ အေျပာင္းအလဲေတြကို ထုတ္ျပန္ေၾကညာၿပီးေနာက္ ဒီမစ္ထရီကူလီဘာရဲ႕ ႏုတ္ထြက္စာအေၾကာင္း သတင္းေတြထြက္ေပၚလာခဲ့တာျဖစ္ပါတယ္။ ဒါေပမဲ့လည္း ယူကရိန္းဝန္ႀကီးခ်ဳပ္ Denis Shmigal ကေတာ့ ၎ရဲ႕ရာထူးကို ဆက္လက္တာဝန္ထမ္းေဆာင္သြားမွာျဖစ္တယ္လို႔ သတင္းရင္းျမစ္တစ္ခုက ေျပာၾကားခဲ့ပါတယ္။ ဇီလန္စကီးရဲ႕ သမၼတလုပ္ပိုင္ခြင့္နဲ႔ ယူကရိန္းလႊတ္ေတာ္ရဲ႕တရားဝင္သက္တမ္းကုန္ဆုံးၿပီးေနာက္ အစိုးရအဖြဲ႕ကို ရွင္းလင္းမႈေတြ ထြက္ေပၚလာတာလည္းျဖစ္ပါတယ္။ ယူကရိန္းရဲ႕ ဖြဲ႕စည္းပုံအေျခခံဥပေဒဟာ လႊတ္ေတာ္သက္တမ္းတိုးဖို႔အတြက္သာ ျပ႒ာန္းထားေပမယ့္လည္း ဇီလန္စကီးက ၂၀၂၂ ခုႏွစ္ ေဖေဖာ္ဝါရီလမွာထုတ္ျပန္ခဲ့တဲ့ စစ္အုပ္ခ်ဳပ္ေရးဥပေဒေၾကာင့္ ေ႐ြးေကာက္ပြဲေတြအားလုံးကို ရက္အကန႔္အသတ္မရွိ ေ႐ႊ႕ေျပာင္းႏိုင္ခြင့္ရခဲ့တယ္လို႔လည္း သိရပါတယ္။႐ုရွား-ယူကရိန္းစစ္ပြဲျဖစ္ပြားတာဟာ အခ်ိန္(၂)ႏွစ္ေက်ာ္ ၾကာျမင့္ေနၿပီျဖစ္ေပမယ့္လည္း ယခုအခ်ိန္အထိ ႏွစ္ဖက္စလုံးက ၿငိမ္းခ်မ္းေရးေဆြးေႏြးပြဲေတြ လုပ္ေဆာင္ႏိုင္တာမ်ိဳး မရွိေသးဘူးလို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.