ကြမ်းတမ်းတဲ့ အမုန်းစကား ရေးသားသူတွေကို တရားစွဲမယ်လို့ ဟွန်းအာရဲ့အေဂျင်စီသတိပေး

 120

ရောင်နီ (NP News) - စက်တင်ဘာ ၅

တောင်ကိုရီးယားအဆိုတော် ဟွန်းအာဟာ ၂ဝ၂၄ ခုနှစ်အစောပိုင်းက တောင်ကိုရီးယားရဲ့ နာမည်ကြီးအမှုတစ်ခု ဖြစ်တဲ့ အမျိုးသမီးငယ်လေးတွေအပေါ် လိင်အမြတ်ထုတ်မှုတွေပြုလုပ်နေတဲ့ ရာဇဝတ်ဂိုဏ်း Burning Sun မှာ ပါဝင်ပတ်သက်သူ ရောင်ဂျန်ဟွန်နဲ့ လူသိရှင်ကြား dating ကြေညာခဲ့ပြီး စက်တင်ဘာလ အစောပိုင်းမှာတော့ Prewedding ပုံရိပ်တွေကို အင်စတာဂရမ်မှာ ချပြလာခဲ့ပါတယ်။

အဲဒီ Post မှာ အဆိုးမြင်တဲ့မှတ်ချက်တွေ များစွာတွေ့ရှိလာရပါတယ်။ ဒါဟာ လျစ်လျူရှုလို့ မရနိုင်တော့တဲ့ အဆင့် သို့ ရောက်ရှိသွားပြီဖြစ်တယ်လို့ သူမရဲ့အေဂျင်စီ AT AREA က ပြောကြားခဲ့ပြီး ခိုင်မာတဲ့တရားဥပဒေဆိုင်ရာ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ဆောင်သွားမယ်လို့ သတိပေးခဲ့ပါတယ်။
"ဟွန်းအာ အပေါ် အသရေဖျက်မှုဟာ လျစ်လျူမရှုနိုင်တော့တဲ့ ပြောင်ပြောင်တင်းတင်း အခြေအနေကို ရောက်နေ ပြီဆိုတာ ကျွန်တော်တို့ အတည်ပြုထားပါတယ်။ အမှန်တရားနဲ့ လုံးဝကွဲပြားတဲ့ကောလာဟလတွေ ထွက်ပေါ်နေ တာကြောင့် ပြတ်ပြတ်သားသား အရေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်" လို့ အေဂျင်စီက ဗုဒ္ဓဟူးနေ့ (စက်တင်ဘာ ၄ ရက်) က ထုတ်ပြန်ချက်တစ်ခုမှာ ပြောကြားခဲ့ပါတယ်။

ဟွန်းအာဟာ ၂၀၀၉ ခုနှစ်က ပွဲဦးထွက်လာတဲ့ အမျိုးသမီး K POP အဖွဲ့ 4 Minutes ရဲ့အဖွဲ့ဝင်ဟောင်းဖြစ်ပြီး ရောင်ဂျန်ဟွန်ကတော့ ၂၀၀၉ ခုနှစ်က ပွဲဦးထွက်ခဲ့တဲ့ အမျိုးသား K POP အဖွဲ့ Beast ရဲ့အဖွဲ့ဝင်ဟောင်းဖြစ်ပါတယ်။ ဇူလိုင်လ ၈ ရက်နေ့ကမှာ ဟွန်းအေရဲ့အေဂျင်စီက သူတို့စုံတွဲလက်ထပ်တော့မယ့်အကြောင်း အတည်ပြုခဲ့တာဖြစ်ပြီး လာမယ့် အောက်တိုဘာလထဲမှာ မင်္ဂလာပွဲကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

Zawgyi Version;
ၾကမ္းတမ္းတဲ့ အမုန္းစကား ေရးသားသူေတြကို တရားစြဲမယ္လို႔ ဟြန္းအာရဲ႕ေအဂ်င္စီသတိေပး
ေရာင္နီ (NP News) - စက္တင္ဘာ ၅

ေတာင္ကိုရီးယားအဆိုေတာ္ ဟြန္းအာဟာ ၂ဝ၂၄ ခုႏွစ္အေစာပိုင္းက ေတာင္ကိုရီးယားရဲ႕ နာမည္ႀကီးအမႈတစ္ခု ျဖစ္တဲ့ အမ်ိဳးသမီးငယ္ေလးေတြအေပၚ လိင္အျမတ္ထုတ္မႈေတြျပဳလုပ္ေနတဲ့ ရာဇဝတ္ဂိုဏ္း Burning Sun မွာ ပါဝင္ပတ္သက္သူ ေရာင္ဂ်န္ဟြန္နဲ႔ လူသိရွင္ၾကား dating ေၾကညာခဲ့ၿပီး စက္တင္ဘာလ အေစာပိုင္းမွာေတာ့ Prewedding ပုံရိပ္ေတြကို အင္စတာဂရမ္မွာ ခ်ျပလာခဲ့ပါတယ္။

အဲဒီ Post မွာ အဆိုးျမင္တဲ့မွတ္ခ်က္ေတြ မ်ားစြာေတြ႕ရွိလာရပါတယ္။ ဒါဟာ လ်စ္လ်ဴရႈလို႔ မရႏိုင္ေတာ့တဲ့ အဆင့္ သို႔ ေရာက္ရွိသြားၿပီျဖစ္တယ္လို႔ သူမရဲ႕ေအဂ်င္စီ AT AREA က ေျပာၾကားခဲ့ၿပီး ခိုင္မာတဲ့တရားဥပေဒဆိုင္ရာ အေရးယူ ေဆာင္႐ြက္မႈေတြ လုပ္ေဆာင္သြားမယ္လို႔ သတိေပးခဲ့ပါတယ္။
"ဟြန္းအာ အေပၚ အသေရဖ်က္မႈဟာ လ်စ္လ်ဴမရႈႏိုင္ေတာ့တဲ့ ေျပာင္ေျပာင္တင္းတင္း အေျခအေနကို ေရာက္ေန ၿပီဆိုတာ ကြၽန္ေတာ္တို႔ အတည္ျပဳထားပါတယ္။ အမွန္တရားနဲ႔ လုံးဝကြဲျပားတဲ့ေကာလာဟလေတြ ထြက္ေပၚေန တာေၾကာင့္ ျပတ္ျပတ္သားသား အေရးယူဖို႔ ဆုံးျဖတ္ခဲ့ပါတယ္" လို႔ ေအဂ်င္စီက ဗုဒၶဟူးေန႔ (စက္တင္ဘာ ၄ ရက္) က ထုတ္ျပန္ခ်က္တစ္ခုမွာ ေျပာၾကားခဲ့ပါတယ္။

ဟြန္းအာဟာ ၂၀၀၉ ခုႏွစ္က ပြဲဦးထြက္လာတဲ့ အမ်ိဳးသမီး K POP အဖြဲ႕ 4 Minutes ရဲ႕အဖြဲ႕ဝင္ေဟာင္းျဖစ္ၿပီး ေရာင္ဂ်န္ဟြန္ကေတာ့ ၂၀၀၉ ခုႏွစ္က ပြဲဦးထြက္ခဲ့တဲ့ အမ်ိဳးသား K POP အဖြဲ႕ Beast ရဲ႕အဖြဲ႕ဝင္ေဟာင္းျဖစ္ပါတယ္။ ဇူလိုင္လ ၈ ရက္ေန႔ကမွာ ဟြန္းေအရဲ႕ေအဂ်င္စီက သူတို႔စုံတြဲလက္ထပ္ေတာ့မယ့္အေၾကာင္း အတည္ျပဳခဲ့တာျဖစ္ၿပီး လာမယ့္ ေအာက္တိုဘာလထဲမွာ မဂၤလာပြဲက်င္းပဖို႔ စီစဥ္ထားတယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.