'Emily in Paris' သရုပ်ဆောင် အက်ရှ်လေပက်ခ်က သူမရဲ့အသက်ကို ချစ်သူဖြစ်သူ ပေါလ်ဖောမန်က ကယ်ခဲ့ဖူးကြောင်း ဖွင့်ဟ

 102

ရောင်နီ (NP News) - စက်တင်ဘာ ၅

'Emily in Paris' ဒရာမာ စီးရီးမှာ ပါဝင်တဲ့ အမေရိကန်သရုပ်ဆောင်၊ အဆိုတော် အက်ရှ်လေပက်ခ်ဟာ အခုနှစ် အစောပိုင်းက ကျန်းမာရေး ချို့ယွင်းမှုတစ်ခုဖြစ်ခဲ့ပြီး သူမရဲ့အသက်ကို ချစ်သူ ပေါလ်ဖောမန်က ကယ်ခဲ့ဖူးတယ်လို့ ဖွင့်ဟပြောလာပါတယ်။

နာမည်ကြီး Netflix ရှိုး "Emily in Paries" ဒရာမာမှာ ဂီတပါရမီရှင် မင်ဒီ အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ ပက်ခ် ဟာ Sony Music Entertainment ရဲ့ "Dinner's On Me" အစီအစဉ်မှာ ဒီအကြောင်းကို ဝေမျှခဲ့တာပါ။ သူမဟာ အဆုတ်ရောင် pneumonia ရောဂါ ပြင်းပြင်းထန်ထန် ခံစားခဲ့ရပြီး Septic shock ဖြစ်လုနီးပါးဖြစ်ခဲ့တယ်လို့ ပက်ခ် က ဆက်ပြောပါတယ်။ Septic shock ဟာ pneumonia ရဲ့ နောက်ဆုံးနဲ့ အပြင်းထန်ဆုံးအဆင့်ဖြစ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေ လှုပ်ရှားဖို့ ခက်ခဲနိုင်တဲ့အထိ ပြင်းထန်ပါတယ်။ Septic shock ဖြစ်ပြီဆိုရင် လူ ၅ ဦးမှာ ၁ ဦးနှုန်းက သေဆုံးနိုင်တဲ့အထိ အသက်အန္တရာယ် ရှိပါတယ်။ အဲဒီအချိန်မှာ သူမက ပေါလ်ရဲ့ အားပေးမှုတွေကြောင့် နိုင်ငံခြားဆေးရုံသုံးခု ပြောင်းရချိန်၊ ICU မှာ တစ်ပတ်နေရချိန်၊ ကြောက်စရာကောင်းတဲ့ ER တွေ၊ မရေမတွက်နိုင်တဲ့ စကင်န်စစ်ဆေးမှုတွေ၊ စမ်းသပ်မှုတွေနဲ့ ဆေးထိုးတာတွေ၊ နာကျင်ကိုက်ခဲမှုတွေ အားလုံးကို ခေါင်းအေးအေး ထားပြီး ရင်ဆိုင်နိုင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

အက်ရှ်လေပက်ခ်နဲ့ ပေါလ်တို့စုံတွဲဟာ "Emily in Paris" ဇာတ်ကားမှာ စုံတွဲ အနေနဲ့ ပါဝင်ခဲ့ပြီးနောက် ၂ဝ၂၄ ခုနှစ် ဇန်နဝါရီလမှာ လူသိရှင်ကြား date ခဲ့ကြတာဖြစ်ပါတယ်။

Zawgyi Version;
'Emily in Paris' သ႐ုပ္ေဆာင္ အက္ရွ္ေလပက္ခ္က သူမရဲ႕အသက္ကို ခ်စ္သူျဖစ္သူ ေပါလ္ေဖာမန္က ကယ္ခဲ့ဖူး ေၾကာင္း ဖြင့္ဟ
ေရာင္နီ (NP News) - စက္တင္ဘာ ၅

'Emily in Paris' ဒရာမာ စီးရီးမွာ ပါဝင္တဲ့ အေမရိကန္သ႐ုပ္ေဆာင္၊ အဆိုေတာ္ အက္ရွ္ေလပက္ခ္ဟာ အခုႏွစ္ အေစာပိုင္းက က်န္းမာေရး ခ်ိဳ႕ယြင္းမႈတစ္ခုျဖစ္ခဲ့ၿပီး သူမရဲ႕အသက္ကို ခ်စ္သူ ေပါလ္ေဖာမန္က ကယ္ခဲ့ဖူးတယ္လို႔ ဖြင့္ဟေျပာလာပါတယ္။

နာမည္ႀကီး Netflix ရႈိး "Emily in Paries" ဒရာမာမွာ ဂီတပါရမီရွင္ မင္ဒီ အျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားတဲ့ ပက္ခ္ ဟာ Sony Music Entertainment ရဲ႕ "Dinner's On Me" အစီအစဥ္မွာ ဒီအေၾကာင္းကို ေဝမွ်ခဲ့တာပါ။ သူမဟာ အဆုတ္ေရာင္ pneumonia ေရာဂါ ျပင္းျပင္းထန္ထန္ ခံစားခဲ့ရၿပီး Septic shock ျဖစ္လုနီးပါးျဖစ္ခဲ့တယ္လို႔ ပက္ခ္ က ဆက္ေျပာပါတယ္။ Septic shock ဟာ pneumonia ရဲ႕ ေနာက္ဆုံးနဲ႔ အျပင္းထန္ဆုံးအဆင့္ျဖစ္ၿပီး ခႏၶာကိုယ္အစိတ္အပိုင္းေတြ လႈပ္ရွားဖို႔ ခက္ခဲႏိုင္တဲ့အထိ ျပင္းထန္ပါတယ္။ Septic shock ျဖစ္ၿပီဆိုရင္ လူ ၅ ဦးမွာ ၁ ဦးႏႈန္းက ေသဆုံးႏိုင္တဲ့အထိ အသက္အႏၲရာယ္ ရွိပါတယ္။ အဲဒီအခ်ိန္မွာ သူမက ေပါလ္ရဲ႕ အားေပးမႈေတြေၾကာင့္ ႏိုင္ငံျခားေဆး႐ုံသုံးခု ေျပာင္းရခ်ိန္၊ ICU မွာ တစ္ပတ္ေနရခ်ိန္၊ ေၾကာက္စရာေကာင္းတဲ့ ER ေတြ၊ မေရမတြက္ႏိုင္တဲ့ စကင္န္စစ္ေဆးမႈေတြ၊ စမ္းသပ္မႈေတြနဲ႔ ေဆးထိုးတာေတြ၊ နာက်င္ကိုက္ခဲမႈေတြ အားလုံးကို ေခါင္းေအးေအး ထားၿပီး ရင္ဆိုင္ႏိုင္ခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

အက္ရွ္ေလပက္ခ္နဲ႔ ေပါလ္တို႔စုံတြဲဟာ "Emily in Paris" ဇာတ္ကားမွာ စုံတြဲ အေနနဲ႔ ပါဝင္ခဲ့ၿပီးေနာက္ ၂ဝ၂၄ ခုႏွစ္ ဇန္နဝါရီလမွာ လူသိရွင္ၾကား date ခဲ့ၾကတာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.