ပုဇွန်ငယ်တွေ ပန်းကန်ပြားပေါ်မှာ ခုန်ပေါက်နေတဲ့ ထိုင်းနိုင်ငံက Dancing Shrimp အစားအစာ

 4832

Pika (NP News) - စက်တင်ဘာ ၅

Goon Ten (သို့) Dancing Shrimp သည် ရေချိုပုဇွန်များဖြင့် ပြုလုပ်ထားသော နာမည်ကြီးထိုင်းလမ်းဘေး အစားအစာဖြစ်ပြီး အရသာများဖြင့်နယ်ထားကာ ခုန်ပေါက်နေသည့် အသက်ရှင်နေသောပုဇွန်လေးများကို ပန်းကန်ပြားပေါ်တွင် မြင်တွေ့ရမည်ဖြစ်သည်။
သေးငယ်ပြီး ခန္ဓာကိုယ်အတွင်းပိုင်းအထိမြင်တွေ့နေရသော ပုဇွန်ငယ်လေးများကို အရှင်လတ်လတ် အရသာများ ဖြင့်နယ်ကာ စားသုံးခြင်းသည် ထိုင်းနိုင်ငံမြောက်ပိုင်းတွင် နာမည်ကြီးကြောင်း သိရသည်။ အဆိုပါအစားအစာကို လက်တွန်းလှည်းများဖြင့် ရောင်းချကြလေ့ရှိပြီး ပါဝင်ပစ္စည်းများမှာ ငရုတ်သီးမှုန့်၊ သံပုရာရည်၊ ငါးငံပြာရည်၊ ပါးပါး လှီးထားသော ကြက်သွန်မြိတ် နှင့် စပါးလင်တို့ဖြစ်ကြောင်း သိရသည်။

အသက်ရှိနေသေးသော ပုဇွန်ငယ်များသည် စပ်သောအချဉ်ရည်ကြောင့် ပန်းကန်ပြားပေါ်မှ လွတ်မြောက်ရန် ကြိုးပမ်းနေကြပြီး မကြာခဏဆိုသလို အလတ်ဆုံးအစားအစာများထဲမှ တစ်ခုအဖြစ် ဖော်ပြခံရလေ့ရှိကြောင်း သိရသည်။ ယနေ့ခေတ်တွင် ယင်းအစားအစာကို မစားသင့်ဟု ထင်မြင်နေကြသူများ ရှိနေသော်လည်း မြည်းစမ်းဖူး သူ အများစုက ၎င်းအစားအစာ၏ ပုံပန်းသွင်ပြင် နှင့် အရသာတို့ပေါင်းစပ်မှုကြောင့် အလွန်ကြိုက်ကြကြောင်း လည်း သိရသည်။

နာမည်ကြီးအစားအသောက်ဘလော့ဂါ Mark Wiens က "ပထမဆုံးတစ်ကိုက်မှာတင်ပဲ အံ့ဩဖွယ်ကောင်းတဲ့အရသာကို ခံစားခဲ့ရပါတယ်" ဟု ပြောဆိုခဲ့ဖူးသည်။ အဆိုပါအစားအစာကို ကြိုက်သူများရှိသလို မကြိုက်သည့်သူများလည်းရှိပြီး ပုဇွန်များကို အရှင်လတ်လတ်စားခြင်းမှာ မဖြစ်သင့်ကြောင်း ပြစ်တင်ဝေဖန်ပြောဆိုမှုများလည်း ရှိသည်။

Zawgyi Version;
ပုဇြန္ငယ္ေတြ ပန္းကန္ျပားေပၚမွာ ခုန္ေပါက္ေနတဲ့ ထိုင္းႏိုင္ငံက Dancing Shrimp အစားအစာ
Pika (NP News) - စက္တင္ဘာ ၅

Goon Ten (သို႔) Dancing Shrimp သည္ ေရခ်ိဳပုဇြန္မ်ားျဖင့္ ျပဳလုပ္ထားေသာ နာမည္ႀကီးထိုင္းလမ္းေဘး အစားအစာျဖစ္ၿပီး အရသာမ်ားျဖင့္နယ္ထားကာ ခုန္ေပါက္ေနသည့္ အသက္ရွင္ေနေသာပုဇြန္ေလးမ်ားကို ပန္းကန္ျပားေပၚတြင္ ျမင္ေတြ႕ရမည္ျဖစ္သည္။
ေသးငယ္ၿပီး ခႏၶာကိုယ္အတြင္းပိုင္းအထိျမင္ေတြ႕ေနရေသာ ပုဇြန္ငယ္ေလးမ်ားကို အရွင္လတ္လတ္ အရသာမ်ား ျဖင့္နယ္ကာ စားသုံးျခင္းသည္ ထိုင္းႏိုင္ငံေျမာက္ပိုင္းတြင္ နာမည္ႀကီးေၾကာင္း သိရသည္။ အဆိုပါအစားအစာကို လက္တြန္းလွည္းမ်ားျဖင့္ ေရာင္းခ်ၾကေလ့ရွိၿပီး ပါဝင္ပစၥည္းမ်ားမွာ င႐ုတ္သီးမႈန႔္၊ သံပုရာရည္၊ ငါးငံျပာရည္၊ ပါးပါး လွီးထားေသာ ၾကက္သြန္ၿမိတ္ ႏွင့္ စပါးလင္တို႔ျဖစ္ေၾကာင္း သိရသည္။

အသက္ရွိေနေသးေသာ ပုဇြန္ငယ္မ်ားသည္ စပ္ေသာအခ်ဥ္ရည္ေၾကာင့္ ပန္းကန္ျပားေပၚမွ လြတ္ေျမာက္ရန္ ႀကိဳးပမ္းေနၾကၿပီး မၾကာခဏဆိုသလို အလတ္ဆုံးအစားအစာမ်ားထဲမွ တစ္ခုအျဖစ္ ေဖာ္ျပခံရေလ့ရွိေၾကာင္း သိရသည္။ ယေန႔ေခတ္တြင္ ယင္းအစားအစာကို မစားသင့္ဟု ထင္ျမင္ေနၾကသူမ်ား ရွိေနေသာ္လည္း ျမည္းစမ္းဖူး သူ အမ်ားစုက ၎အစားအစာ၏ ပုံပန္းသြင္ျပင္ ႏွင့္ အရသာတို႔ေပါင္းစပ္မႈေၾကာင့္ အလြန္ႀကိဳက္ၾကေၾကာင္း လည္း သိရသည္။

နာမည္ႀကီးအစားအေသာက္ဘေလာ့ဂါ Mark Wiens က "ပထမဆုံးတစ္ကိုက္မွာတင္ပဲ အံ့ဩဖြယ္ေကာင္းတဲ့အရသာကို ခံစားခဲ့ရပါတယ္" ဟု ေျပာဆိုခဲ့ဖူးသည္။ အဆိုပါအစားအစာကို ႀကိဳက္သူမ်ားရွိသလို မႀကိဳက္သည့္သူမ်ားလည္းရွိၿပီး ပုဇြန္မ်ားကို အရွင္လတ္လတ္စားျခင္းမွာ မျဖစ္သင့္ေၾကာင္း ျပစ္တင္ေဝဖန္ေျပာဆိုမႈမ်ားလည္း ရွိသည္။

Related news

© 2021. All rights reserved.