တန်ဖိုးကြီးဇိမ်ခံတိုက်ခန်းနှစ်ခန်းကို ဝယ်ယူပြီးနောက် လူအများရဲ့အာရုံစူးစိုက်မှုကို ခံနေရတဲ့ BTSအဖွဲ့ဝင် J-Hope

 456

Pika (NP News) - စက်တင်ဘာ ၅

တောင်ကိုရီးယားနာမည်ကျော်အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ J-Hope သည် ဆိုးလ်မြို့ တွင် ဇိမ်ခံတိုက်ခန်းနှစ်ခုကို မကြာသေးမီက ဝယ်ယူခဲ့ကြောင်း သတင်းများ ထွက်ပေါ်လာပြီးနောက် လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့ကြောင်း သိရသည်။

J-Hope သည် ဆိုးလ်မြို့ရှိ တန်ဖိုးကြီးတိုက်ခန်းတစ်ခန်းကို အမေရိကန်ဒေါ်လာ(၉ ဒသမ ၂) သန်းဖြင့် ဝယ်ယူခဲ့ ကြောင်း မီဒီယာတစ်ခုက စက်တင်ဘာလ(၃)ရက်တွင် ရေးသားဖော်ပြခဲ့သည်။ ထို့နောက် တစ်လအကြာတွင် J-Hope သည် အဆိုပါတိုက်ခန်းအောက်ရှိ အခန်းကို ထပ်မံဝယ်ယူခဲ့ကြောင်းလည်း သိရသည်။ J-Hope သည် ဇိမ်ခံ တိုက်ခန်းကို ဝယ်ယူရာတွင် ပေးချေရမည့်ပိုက်ဆံအားလုံးကို ငွေသားဖြင့်သာ ပေးချေခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။

အစီရင်ခံစာအရ J-Hope သည် ၂၀၂၀ ပြည့်နှစ်ဇွန်လတွင် အဆိုပါအောက်ထပ်အတွက် စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပြီး ယခုနှစ်ဇူလိုင်လတွင် ပိုင်ဆိုင်မှုကို တရားဝင်လွှဲပြောင်းပေးချေမှုအား အပြီးသတ်ခဲ့ကြောင်း သိရသည်။ အဆိုပါအဆောက်အဦးရှိ တိုက်ခန်းတစ်ခန်း၏ လက်ရှိဈေးကွက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ(၈ ဒသမ ၄) သန်းမှ အမေရိကန်ဒေါ်လာ(၉ ဒသမ ၂) သန်းကြားတွင်ရှိကြောင်း သိရသည်။

J-Hope သည် တိုက်ခန်းနှစ်ခန်းလုံးအတွက် အမေရိကန်ဒေါ်လာ(၁၅ ဒသမ ၄) သန်းကို ငွေသားဖြင့်သာပေးချေခဲ့ ကြောင်းလည်း သိရသည်။ J-Hope အနေဖြင့် ဇိမ်ခံအိမ်ခြံမြေလုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံသည်မှာ ယခုအကြိမ်က ပထမဆုံးအကြိမ်မဟုတ်ကြောင်းလည်း သိရသည်။ မကြာသေးမီက ဝယ်ယူမှုများနှင့်အတူ J-Hope တွင် စုစုပေါင်း ဇိမ်ခံအိမ်လေးခုကို ပိုင်ဆိုင်ထားပြီး ၎င်း၏ အဆင့်အတန်းကို ပိုမိုပေါ်လွင်လာစေခဲ့ကြောင်း ရေးသားမှုများလည်း ရှိခဲ့သည်။ J-Hope သည် ပြီးခဲ့သည့်နှစ် ဧပြီလ(၁၈)ရက်တွင် စတင်စစ်မှုထမ်းခဲ့ပြီး ယခုနှစ်အောက်တိုဘာလတွင် စစ်မှုထမ်းတာဝန်ကို ပြီးဆုံးနိုင်ဖွယ်ရှိနေကြောင်း သိရသည်။

Zawgyi Version;
Pika (NP News) - စက်တင်ဘာ ၅





Related news

© 2021. All rights reserved.