အချိန်(၂၄)နာရီအတွင်း အကြိမ်ပေါင်း(၂၀၃၂)ကြိမ်အထိ ဘိုးလင်းကစားခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့တဲ့ ကန်တက်ကီဘိုးလင်းအသင်း

 295

Pika (NP News) - စက်တင်ဘာ ၅

အမေရိကန်နိုင်ငံ ကန်တက်ကီပြည်နယ်မှ ဘိုးလင်းကစားသမားလေးဦးသည် အချိန်(၂၄)နာရီအတွင်း အကြိမ်ပေါင်း (၂၀၃၂) ကြိမ်အထိ ဘိုလင်းကစားခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်း သိရသည်။
လူးဝစ်ဗီလီမြို့တွင်နေထိုင်သော Steve Wiseman၊ Trace Wiseman၊ Kyle Reed နှင့် Erik Howard တို့သည် Jeffersontown မြို့ရှိ Kingpin Lanes ဘိုးလင်းကစားရုံတွင် အချိန်(၂၄)နာရီကြာအောင် ဘိုးလင်းကစားခဲ့ပြီး နောက် ယခုကဲ့သို့စံချိန်ရယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းတို့လေးဦးစလုံးသည် 10-pin ဘိုးလင်းကို အချိန်(၂၄)နာရီအတွင်း အကြိမ်ရေအများဆုံးပစ်သည့် ဂင်းနစ်စံချိန် ကို ရယူရန်အတွက် ကြိုးပမ်းရန် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။ သို့သော်လည်း ၎င်းတို့ လေးဦးစလုံးသည် စံချိန်သစ် တင်နိုင်ရန်အတွက် ဘိုးလင်းအကြိမ်ရေ (၁၂၀၀) ပစ်ရမည်လည်းဖြစ်သည်။
အဆိုပါအမျိုးသားလေးဦးစလုံးသည် ယင်းဂင်းနစ်စံချိန်ကိုရယူရန်အတွက် ကြိုးပမ်းမှုအတွင်း အချိန်(၁၄)နာရီ အကြာတွင် အကြိမ်ရေ(၁၂၀၀)ကို ရောက်ရှိခဲ့သော်လည်း (၂၄)နာရီပြည့်အောင်ထိ ဆက်လက်ကစားခဲ့ပြီးနောက် အကြိမ်ရေ(၂၀၃၂)ကြိမ်ဖြင့် အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် တရားဝင်အသိအမှတ်ပြုမှုများ ရရှိရန်အတွက် ဗီဒီယိုနှင့် အခြားအထောက်အထားများကို ကမ္ဘာ့ဂင်းနစ် စံချိန်မှတ်တမ်းအဖွဲ့သို့ ပေးပို့ပေးထားကြောင်းလည်း သိရသည်။

Zawgyi Version;
အခ်ိန္(၂၄)နာရီအတြင္း အႀကိမ္ေပါင္း(၂၀၃၂)ႀကိမ္အထိ ဘိုးလင္းကစားခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ ခ်ိဳးဖ်က္ႏိုင္ခဲ့တဲ့ ကန္တက္ကီဘိုးလင္းအသင္း
Pika (NP News) - စက္တင္ဘာ ၅

အေမရိကန္ႏိုင္ငံ ကန္တက္ကီျပည္နယ္မွ ဘိုးလင္းကစားသမားေလးဦးသည္ အခ်ိန္(၂၄)နာရီအတြင္း အႀကိမ္ေပါင္း (၂၀၃၂) ႀကိမ္အထိ ဘိုလင္းကစားခဲ့ၿပီးေနာက္ ကမာၻ႔ဂင္းနစ္စံခ်ိန္ခ်ိဳးဖ်က္ႏိုင္ခဲ့ေၾကာင္း သိရသည္။
လူးဝစ္ဗီလီၿမိဳ႕တြင္ေနထိုင္ေသာ Steve Wiseman၊ Trace Wiseman၊ Kyle Reed ႏွင့္ Erik Howard တို႔သည္ Jeffersontown ၿမိဳ႕ရွိ Kingpin Lanes ဘိုးလင္းကစား႐ုံတြင္ အခ်ိန္(၂၄)နာရီၾကာေအာင္ ဘိုးလင္းကစားခဲ့ၿပီး ေနာက္ ယခုကဲ့သို႔စံခ်ိန္ရယူႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

၎တို႔ေလးဦးစလုံးသည္ 10-pin ဘိုးလင္းကို အခ်ိန္(၂၄)နာရီအတြင္း အႀကိမ္ေရအမ်ားဆုံးပစ္သည့္ ဂင္းနစ္စံခ်ိန္ ကို ရယူရန္အတြက္ ႀကိဳးပမ္းရန္ ဆုံးျဖတ္ခဲ့ၾကျခင္းျဖစ္သည္။ သို႔ေသာ္လည္း ၎တို႔ ေလးဦးစလုံးသည္ စံခ်ိန္သစ္ တင္ႏိုင္ရန္အတြက္ ဘိုးလင္းအႀကိမ္ေရ (၁၂၀၀) ပစ္ရမည္လည္းျဖစ္သည္။
အဆိုပါအမ်ိဳးသားေလးဦးစလုံးသည္ ယင္းဂင္းနစ္စံခ်ိန္ကိုရယူရန္အတြက္ ႀကိဳးပမ္းမႈအတြင္း အခ်ိန္(၁၄)နာရီ အၾကာတြင္ အႀကိမ္ေရ(၁၂၀၀)ကို ေရာက္ရွိခဲ့ေသာ္လည္း (၂၄)နာရီျပည့္ေအာင္ထိ ဆက္လက္ကစားခဲ့ၿပီးေနာက္ အႀကိမ္ေရ(၂၀၃၂)ႀကိမ္ျဖင့္ အဆုံးသတ္ႏိုင္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထို႔ျပင္ တရားဝင္အသိအမွတ္ျပဳမႈမ်ား ရရွိရန္အတြက္ ဗီဒီယိုႏွင့္ အျခားအေထာက္အထားမ်ားကို ကမာၻ႔ဂင္းနစ္ စံခ်ိန္မွတ္တမ္းအဖြဲ႕သို႔ ေပးပို႔ေပးထားေၾကာင္းလည္း သိရသည္။

Related news

© 2021. All rights reserved.