ဒေါပုံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ်(၂)လုံးနှင့် တိုက်ခန်းတစ်ခန်းမီးလောင်ပျက်စီးသည့်အပြင် လူတစ်ဦး ထိခိုက်ဒဏ်ရာရ

 859

သန့်ဇင် (NP News) - စက်တင်ဘာ ၅

ရန်ကုန်တိုင်းဒေသကြီး၊ ဒေါပုံမြို့နယ်တွင် မီးလောင်မှုဖြစ်ပွားရာ လူနေအိမ် (၂)လုံးနှင့် တိုက်ခန်းတစ်ခန်းမီးလောင်ပျက်စီးသည့်အပြင် လူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း လူဆိုသောလူ လူမှုကူညီရေးအသင်းထံမှ သိရသည်။

မီးလောင်မှုသည် ယမန်နေ့(စက်တင်ဘာလ ၄ ရက်)၊ ည ၇နာရီအချိန်ခန့်က ဒေါပုံမြို့နယ်၊ ဗိုလ်ထွန်းစံရပ်ကွက်၊ ဗိုလ်ဆွန်ပတ်လမ်းတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ပြောကြတာတော့ အသံတွေကတော့ မျိုးစုံပါပဲ။ ထမင်းအိုးကြောင့် လောင်တယ်လည်းပြောတယ်။ ဘုရားမီးပူဇော်ရင်းနဲ့လောင်တယ်လည်း ပြောတယ်။ ပျဉ်ထောင်အိမ်ကနေစလောင်ပြီးတော့ (၆)ထပ်တိုက်က (၃)လွှာကိုမီးကူးလောင်တာ။ တိုက်ခန်းထဲကို ကူးတာက တိုက်ခန်းမှာ ဂတ်စ်မီးဖိုဖွင့်ထားတဲ့အချိန် အောက်ကနေမီးလောင်တော့ အတွင်းထဲကို မီးလှမ်းကူးတာမျိုးပါ”ဟု လူဆိုသောလူ လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါမီးလောင်မှုတွင် သွပ်မိုး၊ ပျဉ်ကာအိမ်(၂)လုံးနှင့် အထပ်မြင့်တိုက်(၃) လွှာမှ တိုက်ခန်းတစ်ခန်းတို့ မီးလောင်ပျက်စီးသွားခဲ့ပြီး ဖြစ်စဉ်အနီးတွင်ရှိနေသည့် အမျိုးသားတစ်ဦးတွင်လည်း မှန်ကွဲစထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“လူထိခိုက်တာဆိုရင် တိုက်ခန်းကမှန်ကွဲလို့ လမ်းလျှောက်နေတဲ့ အမျိုးသားတစ်ဦးက ပြတ်ရှဒဏ်ရာတော့ရတယ်။ တိုက်မှာမီးလောင်တာဆိုတော့ အပူရှိန်ကြောင့် တိုက်ကမှန်တွေကွာကျလာပြီးဖြစ်တာပါ။ အဲဒီလူက မျက်ခုံးအောက်ကို မှန်စရှတယ်။ ပျက်စီးဆုံးရှုံးမှုများပါတယ်။ ကျွန်တော်အကြံပြုချင်တာကတော့ မီးလောင်မှုဖြစ်ရင် မီးသတ်ကိုအကြောင်းကြားတာအကောင်းဆုံးပါဗျ။ အခုက သူတို့ကလည်း မီးသတ်ကိုအကြောင်းမကြားပဲနဲ့ ကြိတ်ငြှိမ်းရာကနေ ပိုဆိုးလာဆိုတော့ အဓိကကတော့ မီးသတ်ကိုအကြောင်း ကြားစေချင်ပါတယ်”ဟု ၎င်းကဆက်လက် ပြောသည်။

မီးလောင်မှုကို ဒေါပုံမြို့နယ်မီးသတ်တပ်ဖွဲ့နှင့် သာကေတမြို့နယ်မီးသတ်တပ်ဖွဲ့တို့အပါအဝင် အခြားလူမှုကူညီရေး ပရဟိတ အသင်းအဖွဲ့ များက Level 1 အဆင့်ဖြင့် မိနစ်(၃၀)ခန့်အကြာ မီးငြှိမ်းသတ်ခဲ့ရပြီး မီးလောင်မှုဖြစ်စဉ်အတိအကျနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်တပ်ဖွဲ့ တာဝန်ရှိသူများက စစ်ဆေးလျက်ရှိကြောင်းသိရသည်။

zawgyi version
ေဒါပုံၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားရာ လူေနအိမ္(၂)လုံးႏွင့္ တိုက္ခန္းတစ္ခန္းမီးေလာင္ပ်က္စီးသည့္အျပင္ လူတစ္ဦး ထိခိုက္ဒဏ္ရာရ
သန႔္ဇင္ (NP News) - စက္တင္ဘာ ၅

ရန္ကုန္တိုင္းေဒသႀကီး၊ ေဒါပုံၿမိဳ႕နယ္တြင္ မီးေလာင္မႈျဖစ္ပြားရာ လူေနအိမ္ (၂)လုံးႏွင့္ တိုက္ခန္းတစ္ခန္းမီးေလာင္ပ်က္စီးသည့္အျပင္ လူတစ္ဦး ထိခိုက္ဒဏ္ရာရရွိခဲ့ေၾကာင္း လူဆိုေသာလူ လူမႈကူညီေရးအသင္းထံမွ သိရသည္။

မီးေလာင္မႈသည္ ယမန္ေန႔(စက္တင္ဘာလ ၄ ရက္)၊ ည ၇နာရီအခ်ိန္ခန႔္က ေဒါပုံၿမိဳ႕နယ္၊ ဗိုလ္ထြန္းစံရပ္ကြက္၊ ဗိုလ္ဆြန္ပတ္လမ္းတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ေျပာၾကတာေတာ့ အသံေတြကေတာ့ မ်ိဳးစုံပါပဲ။ ထမင္းအိုးေၾကာင့္ ေလာင္တယ္လည္းေျပာတယ္။ ဘုရားမီးပူေဇာ္ရင္းနဲ႔ေလာင္တယ္လည္း ေျပာတယ္။ ပ်ဥ္ေထာင္အိမ္ကေနစေလာင္ၿပီးေတာ့ (၆)ထပ္တိုက္က (၃)လႊာကိုမီးကူးေလာင္တာ။ တိုက္ခန္းထဲကို ကူးတာက တိုက္ခန္းမွာ ဂတ္စ္မီးဖိုဖြင့္ထားတဲ့အခ်ိန္ ေအာက္ကေနမီးေလာင္ေတာ့ အတြင္းထဲကို မီးလွမ္းကူးတာမ်ိဳးပါ”ဟု လူဆိုေသာလူ လူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါမီးေလာင္မႈတြင္ သြပ္မိုး၊ ပ်ဥ္ကာအိမ္(၂)လုံးႏွင့္ အထပ္ျမင့္တိုက္(၃) လႊာမွ တိုက္ခန္းတစ္ခန္းတို႔ မီးေလာင္ပ်က္စီးသြားခဲ့ၿပီး ျဖစ္စဥ္အနီးတြင္ရွိေနသည့္ အမ်ိဳးသားတစ္ဦးတြင္လည္း မွန္ကြဲစထိမွန္ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။

“လူထိခိုက္တာဆိုရင္ တိုက္ခန္းကမွန္ကြဲလို႔ လမ္းေလွ်ာက္ေနတဲ့ အမ်ိဳးသားတစ္ဦးက ျပတ္ရွဒဏ္ရာေတာ့ရတယ္။ တိုက္မွာမီးေလာင္တာဆိုေတာ့ အပူရွိန္ေၾကာင့္ တိုက္ကမွန္ေတြကြာက်လာၿပီးျဖစ္တာပါ။ အဲဒီလူက မ်က္ခုံးေအာက္ကို မွန္စရွတယ္။ ပ်က္စီးဆုံးရႈံးမႈမ်ားပါတယ္။ ကြၽန္ေတာ္အႀကံျပဳခ်င္တာကေတာ့ မီးေလာင္မႈျဖစ္ရင္ မီးသတ္ကိုအေၾကာင္းၾကားတာအေကာင္းဆုံးပါဗ်။ အခုက သူတို႔ကလည္း မီးသတ္ကိုအေၾကာင္းမၾကားပဲနဲ႔ ႀကိတ္ျငႇိမ္းရာကေန ပိုဆိုးလာဆိုေတာ့ အဓိကကေတာ့ မီးသတ္ကိုအေၾကာင္း ၾကားေစခ်င္ပါတယ္”ဟု ၎ကဆက္လက္ ေျပာသည္။

မီးေလာင္မႈကို ေဒါပုံၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕ႏွင့္ သာေကတၿမိဳ႕နယ္မီးသတ္တပ္ဖြဲ႕တို႔အပါအဝင္ အျခားလူမႈကူညီေရး ပရဟိတ အသင္းအဖြဲ႕ မ်ားက Level 1 အဆင့္ျဖင့္ မိနစ္(၃၀)ခန႔္အၾကာ မီးျငႇိမ္းသတ္ခဲ့ရၿပီး မီးေလာင္မႈျဖစ္စဥ္အတိအက်ႏွင့္ ပ်က္စီးဆုံးရႈံးမႈတန္ဖိုးကို မီးသတ္တပ္ဖြဲ႕ တာဝန္ရွိသူမ်ားက စစ္ေဆးလ်က္ရွိေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.