အမေရိကန်နိုင်ငံရှိ စာသင်ကျောင်းမှာ ပစ်ခတ်မှုဖြစ်ပွားပြီး ကျောင်းဆရာ၊ဆရာမနဲ့ ကျောင်းသား အနည်းဆုံး (၄)ဦးသေဆုံး
2461
ဂျန်ဇက် (NP News) - စက်တင်ဘာ ၅
အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ရှိ စာသင်ကျောင်းတစ်ကျောင်းမှာပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး (၄)ဦးသေဆုံးပြီး (၉)ဦးဒဏ်ရာရသွားခဲ့တယ်လို့ အမေရိကန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ပစ်ခတ်မှုကျူးလွန်သူဟာ အဆိုပါအထက်တန်းကျောင်းမှာတက်ရောက်နေတဲ့ ကျောင်းသားဖြစ်ပြီး ၎င်းကို စွဲချက်တင်သွားမှာဖြစ်ကြောင်း ဂျော်ဂျီယာပြည်နယ်အာဏာပိုင်တွေက ပြောပါတယ်။ အမေရိကန်နိုင်ငံမှာ ဒီနှစ်စာသင်နှစ်စတင်ခဲ့ပြီးနောက်ပိုင်းဖြစ်ပွားခဲ့တဲ့ ပစ်ခတ်မှုတွေထဲမှာ လူသေဆုံး၊ဒဏ်ရာရမှုအများဆုံးပစ်ခတ်မှုဖြစ်ခဲ့ရကြောင်း သိရပါတယ်။
ပစ်ခတ်မှုကျူးလွန်သူဟာ အသက် (၁၄)နှစ်အရွယ်သာရှိပြီး ကျောင်းသားနှစ်ဦးနဲ့ ကျောင်းဆရာနှစ်ဦးသေဆုံးခဲ့ပြီး အခြား (၉)ဦးဒဏ်ရာရသွားခဲ့တယ်လို့သိရပါတယ်။ ပစ်ခတ်မှုကျူးလွန်ခဲ့သူဟာ အသက်(၁၄)နှစ်အရွယ်ရှိ ကုတ်ဂရေးဆိုသူဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ထိပ်တိုက်တွေ့ဆုံချိန်မှာ လက် နက်ချခဲတ့ယ်လို့ ဂျော်ဂျီယာပြည်နယ် စုံစမ်းစစ်ဆေးရေးဗျူရိုရဲ့ ညွှန်ကြားရေးမှူးက ပြောပါတယ်။ အမေရိကန်စုံစမ်းစစ်ရေးအရာရှိတွေဟာ လက်ရှိအချိန်မှာ သေနတ်သမားကို ဖမ်းဆီးစစ်ဆေးနေပြီး ပစ်ခတ်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းနဲ့အသုံးပြုခဲ့တဲ့ သေနတ်အမျိုးအစားကို သတင်းထုတ်ပြန်ခြင်းမျိုးမရှိသေးကြောင်း သိရပါတယ်။ အဆိုပါပစ်ခတ်မှုကျူးလွန်ခဲ့တဲ့ အသက် ၁၄ နှစ်အရွယ်ရှိလူငယ်ဟာ အွန်လိုင်းကနေ ခြိမ်းခြောက်မှုလုပ် ဆောင်ခဲ့ဖူးတဲ့အတွက် ပြီးခဲ့တဲ့နှစ်မှာ ရဲတပ်ဖွဲ့ကခေါ်ယူစစ်ဆေးခြင်းခံခဲ့ရဖူးကြောင်း သိရပါတယ်။
zawgyi version
အေမရိကန္ႏိုင္ငံရွိ စာသင္ေက်ာင္းမွာ ပစ္ခတ္မႈျဖစ္ပြားၿပီး ေက်ာင္းဆရာ၊ဆရာမနဲ႔ ေက်ာင္းသား အနည္းဆုံး (၄)ဦးေသဆုံး
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၅
အေမရိကန္ႏိုင္ငံ ေဂ်ာ္ဂ်ီယာျပည္နယ္ရွိ စာသင္ေက်ာင္းတစ္ေက်ာင္းမွာပစ္ခတ္မႈျဖစ္ပြားခဲ့ရာ အနည္းဆုံး (၄)ဦးေသဆုံးၿပီး (၉)ဦးဒဏ္ရာရသြားခဲ့တယ္လို႔ အေမရိကန္ရဲတပ္ဖြဲ႕က ေျပာပါတယ္။
ပစ္ခတ္မႈက်ဴးလြန္သူဟာ အဆိုပါအထက္တန္းေက်ာင္းမွာတက္ေရာက္ေနတဲ့ ေက်ာင္းသားျဖစ္ၿပီး ၎ကို စြဲခ်က္တင္သြားမွာျဖစ္ေၾကာင္း ေဂ်ာ္ဂ်ီယာျပည္နယ္အာဏာပိုင္ေတြက ေျပာပါတယ္။ အေမရိကန္ႏိုင္ငံမွာ ဒီႏွစ္စာသင္ႏွစ္စတင္ခဲ့ၿပီးေနာက္ပိုင္းျဖစ္ပြားခဲ့တဲ့ ပစ္ခတ္မႈေတြထဲမွာ လူေသဆုံး၊ဒဏ္ရာရမႈအမ်ားဆုံးပစ္ခတ္မႈျဖစ္ခဲ့ရေၾကာင္း သိရပါတယ္။
ပစ္ခတ္မႈက်ဴးလြန္သူဟာ အသက္ (၁၄)ႏွစ္အ႐ြယ္သာရွိၿပီး ေက်ာင္းသားႏွစ္ဦးနဲ႔ ေက်ာင္းဆရာႏွစ္ဦးေသဆုံးခဲ့ၿပီး အျခား (၉)ဦးဒဏ္ရာရသြားခဲ့တယ္လို႔သိရပါတယ္။ ပစ္ခတ္မႈက်ဴးလြန္ခဲ့သူဟာ အသက္(၁၄)ႏွစ္အ႐ြယ္ရွိ ကုတ္ဂေရးဆိုသူျဖစ္ၿပီး လုံၿခဳံေရးတပ္ဖြဲ႕ဝင္ေတြနဲ႔ထိပ္တိုက္ေတြ႕ဆုံခ်ိန္မွာ လက္ နက္ခ်ခဲတ့ယ္လို႔ ေဂ်ာ္ဂ်ီယာျပည္နယ္ စုံစမ္းစစ္ေဆးေရးဗ်ဴ႐ိုရဲ႕ ၫႊန္ၾကားေရးမႉးက ေျပာပါတယ္။ အေမရိကန္စုံစမ္းစစ္ေရးအရာရွိေတြဟာ လက္ရွိအခ်ိန္မွာ ေသနတ္သမားကို ဖမ္းဆီးစစ္ေဆးေနၿပီး ပစ္ခတ္မႈျဖစ္ပြားရတဲ့အေၾကာင္းအရင္းနဲ႔အသုံးျပဳခဲ့တဲ့ ေသနတ္အမ်ိဳးအစားကို သတင္းထုတ္ျပန္ျခင္းမ်ိဳးမရွိေသးေၾကာင္း သိရပါတယ္။ အဆိုပါပစ္ခတ္မႈက်ဴးလြန္ခဲ့တဲ့ အသက္ ၁၄ ႏွစ္အ႐ြယ္ရွိလူငယ္ဟာ အြန္လိုင္းကေန ၿခိမ္းေျခာက္မႈလုပ္ ေဆာင္ခဲ့ဖူးတဲ့အတြက္ ၿပီးခဲ့တဲ့ႏွစ္မွာ ရဲတပ္ဖြဲ႕ကေခၚယူစစ္ေဆးျခင္းခံခဲ့ရဖူးေၾကာင္း သိရပါတယ္။