တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ပြီး ကျောင်းသား/သူများကို မိမိတို့ဒေသ၌ ပြန်လည်တက်ရောက်နိုင်ရေး ဆောင်ရွက်ရန် နစကဥက္ကဋ္ဌ မှာကြား

 595

ယွန်း(NP News) - စက်တင်ဘာ ၅

တက္ကသိုလ်များ ပြန်လည်ဖွင့်လှစ်နိုင်ရန်ဆောင်ရွက်ပြီး အခြားမြို့များတွင် သွားရောက်ပညာသင်နေသည့် ကျောင်းသား/သူများကို မိမိတို့ဒေသ၌ ပြန်လည်တက်ရောက်နိုင်ရေး ဆောင်ရွက်ရန် နစကဥက္ကဋ္ဌက မှာကြားသည်။

နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာ(၄)ရက်တွင် ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌ အစိုးရအဖွဲ့ဝင်များ အပါအဝင် ဒေသခံပြည်သူများနှင့်တွေ့ဆုံစဥ် အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ စာသင်ကျောင်းများပြန်လည်ဖွင့်လှစ်နိုင်ရေးဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူများ ပြန်လည်တက်ရောက်သင်ကြားနိုင်ရေးဆောင်ရွက်ပေးရန် နစကဥက္ကဋ္ဌက ပြောသည်။

ထို့ပြင် တက္ကသိုလ်များကိုလည်း ဖွင့်လှစ်သင်ကြားနိုင်ရေးဆောင်ရွက်ပြီး အခြားမြို့များတွင် သွားရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများ မိမိတို့နေထိုင်သည့်ဒေသ၌ ပြန်လည်တက်ရောက်နိုင်ရေးကိုလည်း ဆောင်ရွက်ပေးရန် ဆက်လက်မှာကြားခဲ့သည်။

KNDF နှင့် PDF ပူးပေါင်းအဖွဲ့သည် ပြီးခဲ့သော (၂၀၂၃)ခုနှစ် နိုဝင်ဘာလ (၁၁)ရက်တွင် (၁.၁.၁.၁) စစ်ဆင်ရေးအမည်ဖြင့် လွိုင်ကော်မြို့ပေါ်တွင် မြို့သိမ်းတိုက်ပွဲကို ဖော်ဆောင်ခဲ့ရာ တိုက်ပွဲများကြောင့် တပ်မတော် နှင့် KNDF ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားခဲ့သည်။ ထို့သို့ ဆောင် ရွက်ခြင်းသည် ကယားပြည်နယ်အတွင်းနေထိုင်သည့် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူများက တိုက်ခိုက်သည့်လုပ်ရပ်ဖြစ်သဖြင့် ဆိုးရွားသည့်လုပ်ရပ်များပင်ဖြစ်ကြောင်း နစကဥက္ကဋ္ဌက ပြောသည်။

ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ၎င်းဒေသတွင် နေထိုင်သူများကပင် လုပ်ဆောင်ကြခြင်းဖြစ်ပြီး ဒေသ၏ဖွံ့ဖြိုးတိုး တက်မှု နောက်ကျစေရန် နှင့် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်လုပ်ဆောင်သည်မှာလည်း ဒေသခံများပင်ဖြစ်၍ ထိုသို့အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်ခြင်းသည် နိုင်ငံရေးအရရင့်ကျက်မှုမရှိခြင်းဖြစ်ကြောင်း သိရသည်။

ပညာရေးဝန်ကြီးဌာနမှ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို လျှောက်ထားရန် ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့ရာ လျှောက်ထားနိုင်သည့် တက္ကသိုလ်များတွင် လားရှိုးတက္ကသိုလ်အပါအဝင် တက္ကသိုလ်(၃)ခုကို ဖွင့်လှစ်နိုင်ခြင်းမရှိကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

zawgyi version
တကၠသိုလ္မ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ေဆာင္႐ြက္ၿပီး ေက်ာင္းသား/သူမ်ားကို မိမိတို႔ေဒသ၌ ျပန္လည္တက္ေရာက္ႏိုင္ေရး ေဆာင္႐ြက္ရန္ နစကဥကၠ႒ မွာၾကား

ယြန္း(NP News) - စက္တင္ဘာ ၅

တကၠသိုလ္မ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ေဆာင္႐ြက္ၿပီး အျခားၿမိဳ႕မ်ားတြင္ သြားေရာက္ပညာသင္ေနသည့္ ေက်ာင္းသား/သူမ်ားကို မိမိတို႔ေဒသ၌ ျပန္လည္တက္ေရာက္ႏိုင္ေရး ေဆာင္႐ြက္ရန္ နစကဥကၠ႒က မွာၾကားသည္။

နစကဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က စက္တင္ဘာ(၄)ရက္တြင္ ကယားျပည္နယ္အစိုးရအဖြဲ႕႐ုံး၌ အစိုးရအဖြဲ႕ဝင္မ်ား အပါအဝင္ ေဒသခံျပည္သူမ်ားႏွင့္ေတြ႕ဆုံစဥ္ အထက္ပါကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ကယားျပည္နယ္၊ လြိဳင္ေကာ္ၿမိဳ႕ရွိ စာသင္ေက်ာင္းမ်ားျပန္လည္ဖြင့္လွစ္ႏိုင္ေရးေဆာင္႐ြက္ၿပီး ေက်ာင္းသား၊ ေက်ာင္းသူမ်ား ျပန္လည္တက္ေရာက္သင္ၾကားႏိုင္ေရးေဆာင္႐ြက္ေပးရန္ နစကဥကၠ႒က ေျပာသည္။

ထို႔ျပင္ တကၠသိုလ္မ်ားကိုလည္း ဖြင့္လွစ္သင္ၾကားႏိုင္ေရးေဆာင္႐ြက္ၿပီး အျခားၿမိဳ႕မ်ားတြင္ သြားေရာက္ပညာသင္ၾကားေနသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား မိမိတို႔ေနထိုင္သည့္ေဒသ၌ ျပန္လည္တက္ေရာက္ႏိုင္ေရးကိုလည္း ေဆာင္႐ြက္ေပးရန္ ဆက္လက္မွာၾကားခဲ့သည္။

KNDF ႏွင့္ PDF ပူးေပါင္းအဖြဲ႕သည္ ၿပီးခဲ့ေသာ (၂၀၂၃)ခုႏွစ္ ႏိုဝင္ဘာလ (၁၁)ရက္တြင္ (၁.၁.၁.၁) စစ္ဆင္ေရးအမည္ျဖင့္ လြိဳင္ေကာ္ၿမိဳ႕ေပၚတြင္ ၿမိဳ႕သိမ္းတိုက္ပြဲကို ေဖာ္ေဆာင္ခဲ့ရာ တိုက္ပြဲမ်ားေၾကာင့္ တပ္မေတာ္ ႏွင့္ KNDF ပူးေပါင္းအဖြဲ႕တို႔ၾကား တိုက္ပြဲအျပင္းအထန္ျဖစ္ပြားခဲ့သည္။ ထို႔သို႔ ေဆာင္ ႐ြက္ျခင္းသည္ ကယားျပည္နယ္အတြင္းေနထိုင္သည့္ လက္နက္ကိုင္အၾကမ္းဖက္ေသာင္းက်န္းသူမ်ားက တိုက္ခိုက္သည့္လုပ္ရပ္ျဖစ္သျဖင့္ ဆိုး႐ြားသည့္လုပ္ရပ္မ်ားပင္ျဖစ္ေၾကာင္း နစကဥကၠ႒က ေျပာသည္။

ေဒသတစ္ခုဖြံ႕ၿဖိဳးတိုးတက္ေရး၊ တည္ၿငိမ္ေအးခ်မ္းေရးအတြက္ ၎ေဒသတြင္ ေနထိုင္သူမ်ားကပင္ လုပ္ေဆာင္ၾကျခင္းျဖစ္ၿပီး ေဒသ၏ဖြံ႕ၿဖိဳးတိုး တက္မႈ ေနာက္က်ေစရန္ ႏွင့္ တည္ၿငိမ္ေအးခ်မ္းမႈပ်က္ျပားေစရန္လုပ္ေဆာင္သည္မွာလည္း ေဒသခံမ်ားပင္ျဖစ္၍ ထိုသို႔အၾကမ္းဖက္တိုက္ခိုက္မႈမ်ား လုပ္ေဆာင္ျခင္းသည္ ႏိုင္ငံေရးအရရင့္က်က္မႈမရွိျခင္းျဖစ္ေၾကာင္း သိရသည္။

ပညာေရးဝန္ႀကီးဌာနမွ တကၠသိုလ္ဝင္ခြင့္ေလွ်ာက္လႊာမ်ားကို ေလွ်ာက္ထားရန္ ၿပီးခဲ့သည့္ ၾသဂုတ္လအတြင္းက ထုတ္ျပန္ခဲ့ရာ ေလွ်ာက္ထားႏိုင္သည့္ တကၠသိုလ္မ်ားတြင္ လားရႈိးတကၠသိုလ္အပါအဝင္ တကၠသိုလ္(၃)ခုကို ဖြင့္လွစ္ႏိုင္ျခင္းမရွိေၾကာင္း ထုတ္ျပန္ခ်က္အရ သိရသည္။

Related news

© 2021. All rights reserved.