ဆန္ဒပြပွဲအတွင်း ဆန္ဒပြအုပ်စုများ လုယူခဲ့တဲ့ စစ်လက်နက်ပစ္စည်းများ ပြန်လည်သိမ်းယူမယ်

 7507

ဂျန်ဇက် (NP News) - စက်တင်ဘာ ၅

ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့ဟာ ဝန်ကြီးချုပ်ဟောင်းရှိတ်ဟာစီနာ ရာထူးက ပြုတ်ကျစေခဲတဲ့ တက္ကသိုလ်ကျောင်းသား များရဲ့ဆန္ဒပြပွဲအတွင်း စစ်လက်နက်ပစ္စည်းအများအပြားကို ပြန်လည်သိမ်းယူသွားမှာဖြစ်ကြောင်း ပြောပါတယ်။
အဆိုပါ ဆန္ဒပြပွဲအတွင်း ရဲတပ်ဖွဲ့ဝင်များဟာ ဆန္ဒပြအုပ်စုများကို သေနတ်များနဲ့ပစ်ခတ်နှိမ်နင်းဖို့ ကြိုးပမ်းခဲ့သလို ဆန္ဒပြသူများကလည်း ရဲစခန်းများကို အကြမ်းဖက်တိုက်ခိုက်ဖို့ ကြိုးပမ်းခဲ့ကြောင်း ပြောပါတယ်။
ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့ဟာမတူညီတဲ့စစ်လက်နက်ပစ္စည်း အနည်းဆုံး ၃၇ဝဝ ပြန်လည်သိမ်းဆည်းရမိခဲ့ကြောင်း ပြောပါတယ်။ ပြန်လည်သိမ်းယူခဲ့တဲ့ စစ်လက်နက်ပစ္စည်းများအနက် လက်ပေါင်း ၂၀၀၀ ကျော်က ရိုင်ဖယ်တွေ ဖြစ်ပြီး အဲဒီလက်နက်တွေနဲ့အတူ ကျည်ဆံတွေဟာ ရဲစခန်းကနေ ပျောက်ဆုံးခဲ့တဲ့လက်နက်တွေဖြစ်ကြောင်း ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့က ပြောပါတယ်။

ဘင်္ဂလားဒေရှ့်ရဲတပ်ဖွဲ့က "သတ်မှတ်ရက်အတွင်း ရဲစခန်းကို မပို့ရသေးတဲ့လက်နက်တွေ ရှိနေဆဲဖြစ်တယ်" လို့ ပြောပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ ဇူလိုင်လအတွင်း စတင်ခဲ့တဲ့ ဆန္ဒပြပွဲများဖြစ်ပွားလာခဲ့ပြီးနောက်ပိုင်း ဝန်ကြီးချုပ်ရှိတ်ဟာစီနာဟာ ရာထူးကနုတ်ထွက်ကာ ပြည်ပထွက်ပြေးခဲ့ရကြောင်း သိရပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံမှာ လက်ရှိအချိန်မှာတော့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ယူနွတ်ဦးဆောင်တဲ့ ယာယီအစိုးရအဖွဲ့ ဖွဲ့စည်းထားပြီဖြစ်ရာ စစ်လက်နက်ပစ္စည်းများ ပြန်လည်သိမ်းယူဖို့ ကြိုးပမ်းနေခဲ့တာဖြစ်ပါတယ်။

Zawgyi Version;
ဆႏၵျပပြဲအတြင္း ဆႏၵျပအုပ္စုမ်ား လုယူခဲ့တဲ့ စစ္လက္နက္ပစၥည္းမ်ား ျပန္လည္သိမ္းယူမယ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၅

ဘဂၤလားေဒရွ႕္ရဲတပ္ဖြဲ႕ဟာ ဝန္ႀကီးခ်ဳပ္ေဟာင္းရွိတ္ဟာစီနာ ရာထူးက ျပဳတ္က်ေစခဲတဲ့ တကၠသိုလ္ေက်ာင္းသား မ်ားရဲ႕ဆႏၵျပပြဲအတြင္း စစ္လက္နက္ပစၥည္းအမ်ားအျပားကို ျပန္လည္သိမ္းယူသြားမွာျဖစ္ေၾကာင္း ေျပာပါတယ္။
အဆိုပါ ဆႏၵျပပြဲအတြင္း ရဲတပ္ဖြဲ႕ဝင္မ်ားဟာ ဆႏၵျပအုပ္စုမ်ားကို ေသနတ္မ်ားနဲ႔ပစ္ခတ္ႏွိမ္နင္းဖို႔ ႀကိဳးပမ္းခဲ့သလို ဆႏၵျပသူမ်ားကလည္း ရဲစခန္းမ်ားကို အၾကမ္းဖက္တိုက္ခိုက္ဖို႔ ႀကိဳးပမ္းခဲ့ေၾကာင္း ေျပာပါတယ္။
ဘဂၤလားေဒရွ႕္ရဲတပ္ဖြဲ႕ဟာမတူညီတဲ့စစ္လက္နက္ပစၥည္း အနည္းဆုံး ၃၇ဝဝ ျပန္လည္သိမ္းဆည္းရမိခဲ့ေၾကာင္း ေျပာပါတယ္။ ျပန္လည္သိမ္းယူခဲ့တဲ့ စစ္လက္နက္ပစၥည္းမ်ားအနက္ လက္ေပါင္း ၂၀၀၀ ေက်ာ္က ႐ိုင္ဖယ္ေတြ ျဖစ္ၿပီး အဲဒီလက္နက္ေတြနဲ႔အတူ က်ည္ဆံေတြဟာ ရဲစခန္းကေန ေပ်ာက္ဆုံးခဲ့တဲ့လက္နက္ေတြျဖစ္ေၾကာင္း ဘဂၤလားေဒရွ႕္ရဲတပ္ဖြဲ႕က ေျပာပါတယ္။

ဘဂၤလားေဒရွ႕္ရဲတပ္ဖြဲ႕က "သတ္မွတ္ရက္အတြင္း ရဲစခန္းကို မပို႔ရေသးတဲ့လက္နက္ေတြ ရွိေနဆဲျဖစ္တယ္" လို႔ ေျပာပါတယ္။ ဘဂၤလားေဒရွ႕္ႏိုင္ငံမွာ ဇူလိုင္လအတြင္း စတင္ခဲ့တဲ့ ဆႏၵျပပြဲမ်ားျဖစ္ပြားလာခဲ့ၿပီးေနာက္ပိုင္း ဝန္ႀကီးခ်ဳပ္ရွိတ္ဟာစီနာဟာ ရာထူးကႏုတ္ထြက္ကာ ျပည္ပထြက္ေျပးခဲ့ရေၾကာင္း သိရပါတယ္။ ဘဂၤလားေဒရွ႕္ႏိုင္ငံမွာ လက္ရွိအခ်ိန္မွာေတာ့ ၿငိမ္းခ်မ္းေရးႏိုဘယ္ဆုရွင္ ယူႏြတ္ဦးေဆာင္တဲ့ ယာယီအစိုးရအဖြဲ႕ ဖြဲ႕စည္းထားၿပီျဖစ္ရာ စစ္လက္နက္ပစၥည္းမ်ား ျပန္လည္သိမ္းယူဖို႔ ႀကိဳးပမ္းေနခဲ့တာျဖစ္ပါတယ္။

Related news

© 2021. All rights reserved.