တပ်မတော်မှ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သော လွိုင်ကော်မြို့ နှင့် ဆီဆိုင်မြို့သို့ နစက ဥက္ကဋ္ဌ သွားရောက်ခဲ့ကာ မော်တော်ယာဉ်ဖြင့် လှည့်လည်ကြည့်ရှု

 18965

သုတကျော် (NP News) - စက်တင်ဘာ ၅

ပြန်လည် ထူထောင်ရေး၊ လုံခြုံရေးဆိုင်ရာများအတွက် တပ်မတော်မှ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်သော လွိုင်ကော်မြို့ နှင့် ဆီဆိုင်မြို့သို့ ယမန်နေ့ (စက်တင်ဘာလ ၄ ရက်) တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ခဲ့ကာ မော်တော်ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့ ခရီးစဉ်အတွင်း နစက ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် တောင်ကြီး-ဟိုပုံး-ဆီဆိုင်ကားလမ်းအတိုင်း မော်တော်ယာဉ်များဖြင့်ထွက်ခွာခဲ့ပြီး ဒေသခံများ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကိုလည်း ကြည့်ရှုခဲ့သည်။ ထို့နောက် ဆီဆိုင်မြို့သို့ရောက်ရှိကာ အကြမ်းဖက်လုပ်ရပ်ကြောင့် ထိခိုက်ခဲ့ရသော ဆီဆိုင်မြို့မစျေးကို အသစ်ပြန်လည် တည်ဆောက်မည့် အခြေအနေကို ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်း တင် ပြခြင်း၊ ဆီဆိုင်မြို့၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအငှားအိမ်ရာတွင် အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရမှုများနှင့် ပြန်လည်ပြင်ဆင်ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို တာဝန်ရှိသူများက ရှင်းလင်းတင်ပြခြင်းတို့ကို ပြုလုပ်ခဲ့ရာ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားခဲ့သည်။

အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် ဆီဆိုင်မြို့အပါအဝင် ပတ်ဝန်းကျင်ရှိ ကျေးရွာများ၏ ပြန်လည် ထူထောင်ရေးလုပ်ငန်းများအား နိုင်ငံတော်အစိုးရ နှင့် တပ်မတော်မှတတ် စွမ်းသ၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး ဒေသခံပြည်သူလူထုတို့မှလည်း ဝိုင်းဝန်းပါဝင် ဆောင်ရွက်ကြရန်လိုကြောင်း၊ ရှေ့သို့မတိုးနိုင်ဘဲ ရပ်တန့်နေခြင်းသည် ဒေသနှင့်နိုင်ငံတော်အတွက်ဆုံးရှုံးမှုပင်ဖြစ်သဖြင့် မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေးကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရန်လည်း ဆီဆိုင်မြို့ခရီးစဉ်အတွင်း နစက ဥက္ကဋ္ဌက ထည့်သွင်း ပြောကြားခဲ့သည်။

အဆိုပါနေ့တွင်ပင် နစက ဥက္ကဋ္ဌသည် ကာကွယ်ရေးဦးစီးချုပ် (ရေ) ဒုတိယ ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) နယ်မြေအတွင်း နယ်မြေတည်ငြိမ်အေးချမ်းရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုများကို စစ်ဆေးခဲ့ကြောင်း သိရသည်။

ယင်းနေ့ မွန်းလွဲပိုင်းတွင် ကယားပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများအား ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၌တွေ့ဆုံခဲ့ကြောင်း သိရသည်။ လွိုင်ကော်ဒေသအတွင်း အကြမ်းဖက်သမားများ၏ အဖျက်အမှောင့်လုပ်ရပ်များကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် လမ်းတံတားများ၊ ဆက်သွယ်ရေးဆိုင်ရာကိစ္စရပ်များကို ပြန်လည်ပြင်ဆင်ပေးမည်ဖြစ်ကြောင်း၊ အများနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို ဦးစားပေး၍ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နိုင်ငံတော်က တည်ဆောက်ပေးသကဲ့သို့ ဒေသခံပြည်သူများကလည်း မိမိတို့ဒေသကို မိမိတို့၏အသိစိတ်ဓာတ်ဖြင့် ကိုယ်စီထိန်းသိမ်းဆောင်ရွက်ကြစေလိုကြောင်း၊ အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် ပြည်နယ်ယဉ်ကျေးမှုပြတိုက်ရှိပစ္စည်းများကိုယူဆောင်ခြင်းနှင့် ဖျက်ဆီးခြင်းများ ဆောင်ရွက်သွားသည်ဟု သိရကြောင်း၊ ဖြစ်ပေါ်နေသည့်အခြေအနေများကို သင်ခန်းစာယူ၍ ပုံမှန်အခြေအနေအတိုင်း ပြန်လည်ရောက်ရှိအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း စသည်ဖြင့် မိန့်ခွန်းအတွင်း နစက ဥက္ကဋ္ဌက ထည့်သွင်း ပြောကြားခဲ့သည်။

ထို့နောက် နစက ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များသည် လွိုင်ကော်မြို့အတွင်း မော်တော်ယာဉ်များဖြင့်လှည့်လည်၍ အကြမ်းဖက်သမားများကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေအိမ်အဆောက်အအုံများ၊ လမ်းတံတားများကို ပြန်လည်ထူထောင်ရေးဆောင်ရွက်ပေးထားမှုများ၊ ပြည်သူများအနေဖြင့် အေးချမ်းစွာဖြင့် ပုံမှန်သွားလာလုပ်ကိုင်နေထိုင်လျက်ရှိမှုများကိုကြည့်ရှုခဲ့ကြောင်းလည်း သိရသည်။

အကြမ်းဖက်သမားများကြောင့် ပျက်စီးခဲ့ရသည့် လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးကိုလည်း စစ်ဆေးခဲ့ရာ ကယားပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူတစ်ဦးက ဈေးအသစ်ပြန်လည်တည်ဆောက်ရန် ဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည့် အပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ က ပြည်နယ်၏မြို့တော်ရှိဈေးဖြစ်သဖြင့် တည်ဆောက်ရာတွင် အဆင့်မီသည့်ဈေးကြီးတစ်ခုအဖြစ်တည်ဆောက်နိုင်ရေး စနစ်တကျဒီဇိုင်းရေးဆွဲတည်ဆောက်သွားရန်လိုကြောင်း၊ ဆိုင်ခန်းများ၊ ကားရပ်နားရန်နေရာများ စနစ်တကျတည်ဆောက်ရန်နှင့် ရေပေးဝေမှုစနစ်များ၊ အမှိုက်စွန့်ပစ်မှုစနစ်များ စနစ်တကျရှိစေရေး ကြိုတင်တွက်ချက်ဆောင်ရွက်သွားရန်နှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

zawgyi version
တပ္မေတာ္မွ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္ေသာ လြိဳင္ေကာ္ၿမိဳ႕ ႏွင့္ ဆီဆိုင္ၿမိဳ႕သို႔ နစက ဥကၠ႒ သြားေရာက္ခဲ့ကာ ေမာ္ေတာ္ယာဥ္ျဖင့္ လွည့္လည္ၾကည့္ရႈ
သုတေက်ာ္ (NP News) - စက္တင္ဘာ ၅

ျပန္လည္ ထူေထာင္ေရး၊ လုံၿခဳံေရးဆိုင္ရာမ်ားအတြက္ တပ္မေတာ္မွ ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီျဖစ္ေသာ လြိဳင္ေကာ္ၿမိဳ႕ ႏွင့္ ဆီဆိုင္ၿမိဳ႕သို႔ ယမန္ေန႔ (စက္တင္ဘာလ ၄ ရက္) တြင္ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီ ဥကၠ႒၊ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ သြားေရာက္ခဲ့ကာ ေမာ္ေတာ္ယာဥ္ျဖင့္ လွည့္လည္ ၾကည့္ရႈခဲ့ေၾကာင္း သိရသည္။

ဆီဆိုင္ၿမိဳ႕ ခရီးစဥ္အတြင္း နစက ဥကၠ႒ ႏွင့္အဖြဲ႕ဝင္မ်ားသည္ ေတာင္ႀကီး-ဟိုပုံး-ဆီဆိုင္ကားလမ္းအတိုင္း ေမာ္ေတာ္ယာဥ္မ်ားျဖင့္ထြက္ခြာခဲ့ၿပီး ေဒသခံမ်ား၏ လုပ္ငန္းေဆာင္႐ြက္မႈ အေျခအေနမ်ားကိုလည္း ၾကည့္ရႈခဲ့သည္။ ထို႔ေနာက္ ဆီဆိုင္ၿမိဳ႕သို႔ေရာက္ရွိကာ အၾကမ္းဖက္လုပ္ရပ္ေၾကာင့္ ထိခိုက္ခဲ့ရေသာ ဆီဆိုင္ၿမိဳ႕မေစ်းကို အသစ္ျပန္လည္ တည္ေဆာက္မည့္ အေျခအေနကို ျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္ တာဝန္ရွိသူမ်ားက ရွင္းလင္း တင္ ျပျခင္း၊ ဆီဆိုင္ၿမိဳ႕၊ ၿမိဳ႕ျပႏွင့္ အိမ္ရာဖြံ႕ၿဖိဳးေရးဦးစီးဌာန၊ ဝန္ထမ္းအငွားအိမ္ရာတြင္ အၾကမ္းဖက္သမားမ်ား၏ အဖ်က္အေမွာင့္လုပ္ရပ္မ်ားေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရမႈမ်ားႏွင့္ ျပန္လည္ျပင္ဆင္ေဆာင္႐ြက္ၿပီးစီးမႈအေျခအေနမ်ားကို တာဝန္ရွိသူမ်ားက ရွင္းလင္းတင္ျပျခင္းတို႔ကို ျပဳလုပ္ခဲ့ရာ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီဥကၠ႒က လိုအပ္သည္မ်ားကို မွာၾကားခဲ့သည္။

အၾကမ္းဖက္သမားမ်ား၏ အၾကမ္းဖက္လုပ္ရပ္မ်ားေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရသည့္ ဆီဆိုင္ၿမိဳ႕အပါအဝင္ ပတ္ဝန္းက်င္ရွိ ေက်း႐ြာမ်ား၏ ျပန္လည္ ထူေထာင္ေရးလုပ္ငန္းမ်ားအား ႏိုင္ငံေတာ္အစိုးရ ႏွင့္ တပ္မေတာ္မွတတ္ စြမ္းသ၍ ေဆာင္႐ြက္ေပးသြားမည္ျဖစ္ၿပီး ေဒသခံျပည္သူလူထုတို႔မွလည္း ဝိုင္းဝန္းပါဝင္ ေဆာင္႐ြက္ၾကရန္လိုေၾကာင္း၊ ေရွ႕သို႔မတိုးႏိုင္ဘဲ ရပ္တန႔္ေနျခင္းသည္ ေဒသႏွင့္ႏိုင္ငံေတာ္အတြက္ဆုံးရႈံးမႈပင္ျဖစ္သျဖင့္ မိမိတို႔ေဒသဖြံ႕ၿဖိဳးတိုးတက္ေရး၊ တည္ၿငိမ္ေအးခ်မ္းေရးကို ဝိုင္းဝန္းႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္လည္း ဆီဆိုင္ၿမိဳ႕ခရီးစဥ္အတြင္း နစက ဥကၠ႒က ထည့္သြင္း ေျပာၾကားခဲ့သည္။

အဆိုပါေန႔တြင္ပင္ နစက ဥကၠ႒သည္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေရ) ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ထိန္ဝင္း၊ ကာကြယ္ေရးဦးစီးခ်ဳပ္ (ေလ) ဗိုလ္ခ်ဳပ္ႀကီးထြန္းေအာင္၊ ျပည္ေထာင္စုအဆင့္ပုဂၢိဳလ္မ်ား၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ အဆင့္ျမင့္တပ္မေတာ္အရာရွိႀကီးမ်ားႏွင့္ တာဝန္ရွိသူမ်ားလိုက္ပါ၍ ေဒသကြပ္ကဲမႈစစ္ဌာနခ်ဳပ္ (လြိဳင္ေကာ္) နယ္ေျမအတြင္း နယ္ေျမတည္ၿငိမ္ေအးခ်မ္းေရးဆိုင္ရာ ေဆာင္႐ြက္ထားရွိမႈမ်ားကို စစ္ေဆးခဲ့ေၾကာင္း သိရသည္။

ယင္းေန႔ မြန္းလြဲပိုင္းတြင္ ကယားျပည္နယ္အစိုးရအဖြဲ႕ဝင္မ်ား၊ ျပည္နယ္အဆင့္ဌာနဆိုင္ရာတာဝန္ရွိသူမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေဒသခံျပည္သူမ်ားအား ကယားျပည္နယ္အစိုးရအဖြဲ႕႐ုံး၌ေတြ႕ဆုံခဲ့ေၾကာင္း သိရသည္။ လြိဳင္ေကာ္ေဒသအတြင္း အၾကမ္းဖက္သမားမ်ား၏ အဖ်က္အေမွာင့္လုပ္ရပ္မ်ားေၾကာင့္ ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့သည့္ လမ္းတံတားမ်ား၊ ဆက္သြယ္ေရးဆိုင္ရာကိစၥရပ္မ်ားကို ျပန္လည္ျပင္ဆင္ေပးမည္ျဖစ္ေၾကာင္း၊ အမ်ားႏွင့္သက္ဆိုင္သည့္ ကိစၥရပ္မ်ားကို ဦးစားေပး၍ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း၊ ႏိုင္ငံေတာ္က တည္ေဆာက္ေပးသကဲ့သို႔ ေဒသခံျပည္သူမ်ားကလည္း မိမိတို႔ေဒသကို မိမိတို႔၏အသိစိတ္ဓာတ္ျဖင့္ ကိုယ္စီထိန္းသိမ္းေဆာင္႐ြက္ၾကေစလိုေၾကာင္း၊ အၾကမ္းဖက္ေသာင္းက်န္းသူမ်ားအေနျဖင့္ ျပည္နယ္ယဥ္ေက်းမႈျပတိုက္ရွိပစၥည္းမ်ားကိုယူေဆာင္ျခင္းႏွင့္ ဖ်က္ဆီးျခင္းမ်ား ေဆာင္႐ြက္သြားသည္ဟု သိရေၾကာင္း၊ ျဖစ္ေပၚေနသည့္အေျခအေနမ်ားကို သင္ခန္းစာယူ၍ ပုံမွန္အေျခအေနအတိုင္း ျပန္လည္ေရာက္ရွိေအာင္ ေဆာင္႐ြက္သြားရမည္ျဖစ္ေၾကာင္း စသည္ျဖင့္ မိန႔္ခြန္းအတြင္း နစက ဥကၠ႒က ထည့္သြင္း ေျပာၾကားခဲ့သည္။

ထို႔ေနာက္ နစက ဥကၠ႒ ႏွင့္အဖြဲ႕ဝင္မ်ားသည္ လြိဳင္ေကာ္ၿမိဳ႕အတြင္း ေမာ္ေတာ္ယာဥ္မ်ားျဖင့္လွည့္လည္၍ အၾကမ္းဖက္သမားမ်ားေၾကာင့္ ထိခိုက္ပ်က္စီးခဲ့ရသည့္ ေနအိမ္အေဆာက္အအုံမ်ား၊ လမ္းတံတားမ်ားကို ျပန္လည္ထူေထာင္ေရးေဆာင္႐ြက္ေပးထားမႈမ်ား၊ ျပည္သူမ်ားအေနျဖင့္ ေအးခ်မ္းစြာျဖင့္ ပုံမွန္သြားလာလုပ္ကိုင္ေနထိုင္လ်က္ရွိမႈမ်ားကိုၾကည့္ရႈခဲ့ေၾကာင္းလည္း သိရသည္။

အၾကမ္းဖက္သမားမ်ားေၾကာင့္ ပ်က္စီးခဲ့ရသည့္ လြိဳင္ေကာ္ၿမိဳ႕၊ သီရိမဂၤလာေဈးကိုလည္း စစ္ေဆးခဲ့ရာ ကယားျပည္နယ္ဝန္ႀကီးခ်ဳပ္ႏွင့္တာဝန္ရွိသူတစ္ဦးက ေဈးအသစ္ျပန္လည္တည္ေဆာက္ရန္ ေဆာင္႐ြက္ေနမႈအေျခအေနမ်ားကို ရွင္းလင္းတင္ျပခဲ့သည့္ အေပၚ ႏိုင္ငံေတာ္စီမံအုပ္ခ်ဳပ္ေရးေကာင္စီဥကၠ႒ က ျပည္နယ္၏ၿမိဳ႕ေတာ္ရွိေဈးျဖစ္သျဖင့္ တည္ေဆာက္ရာတြင္ အဆင့္မီသည့္ေဈးႀကီးတစ္ခုအျဖစ္တည္ေဆာက္ႏိုင္ေရး စနစ္တက်ဒီဇိုင္းေရးဆြဲတည္ေဆာက္သြားရန္လိုေၾကာင္း၊ ဆိုင္ခန္းမ်ား၊ ကားရပ္နားရန္ေနရာမ်ား စနစ္တက်တည္ေဆာက္ရန္ႏွင့္ ေရေပးေဝမႈစနစ္မ်ား၊ အမႈိက္စြန႔္ပစ္မႈစနစ္မ်ား စနစ္တက်ရွိေစေရး ႀကိဳတင္တြက္ခ်က္ေဆာင္႐ြက္သြားရန္ႏွင့္ အျခားလိုအပ္သည္မ်ားကို လမ္းၫႊန္မွာၾကားခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.