ထောက်ကြန့်တွင် စိတ်ဝေဒနာရှင် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ရန် ကြိုးစားမှု ဖြစ်ပွားရာ ကျူးလွန်သူကို ဖမ်းမိထား

 1275

သုတကျော် (NP News) - စက်တင်ဘာ ၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ရှောင်လမ်းတွင် စိတ်ဝေဒနာရှင် အမျိုးသမီးငယ်ကို အဓမ္မပြုကျင့်ရန် ကြိုးစားမှု ဖြစ်ပွားရာ ကျူးလွန်သူကို ပတ်ဝန်းကျင်မှ ဝိုင်းဝန်း ဖမ်းဆီးရမိခဲ့ကြောင်း ရွှေမေတ္တာလူမှုကူညီရေး အသင်း ဥက္ကဌ မရွှေလဲ့ က NP News ကို ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ယနေ့ စက်တင်ဘာလ ၅ ရက် နေ့လည်ပိုင်း က ဖြစ်ပွားခဲ့ခြင်း ဖြစ်ကာ ကြံစည်ခံရသူ အမျိုးသမီးမှာ အသက် ၂၀ အရွယ်ခန့် ရှိပြီး ကျူးလွန်သူမှာ သက်လတ်ပိုင်း အရွယ် အမျိုးသား တစ်ဦး ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“ထောက်ကြန့်မြို့ရှောင်လမ်းမှာ ဖြစ်တာပါ။ ကျူးလွန်ခံရတဲ့ သမီးလေးက အသက် ၂၀ ဝန်းကျင်လောက် ဖြစ်မယ်။ အခုမှ အခင်းဖြစ်နေရာကို သွားနေတာ။ အသေးစိတ်ကိုတော့ ဟိုရောက်မှာ သိရမှာပါ။ ကျူးလွန်ဖို့ ကြံစည်လို့ အနားက ကားသမားတွေက ဝိုင်းပြီးတော့ တားဆီးလိုက်နိုင်တာ” ဟု မရွှေလဲ့က ဆိုသည်။

ကျူးလွန်ခံရသူ အမျိုးသမီးငယ်နှင့် ပတ်သက်၍ ကျန်းမာရေး စစ်ဆေးမှုများနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးရန် အတွက် ပြင်ဆင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
#NP News

zawgyi version
ေထာက္ၾကန႔္တြင္ စိတ္ေဝဒနာရွင္ အမ်ိဳးသမီးငယ္ကို အဓမၼျပဳက်င့္ရန္ ႀကိဳးစားမႈ ျဖစ္ပြားရာ က်ဴးလြန္သူကို ဖမ္းမိထား
သုတေက်ာ္ (NP News) - စက္တင္ဘာ ၅
ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ေထာက္ၾကန႔္ၿမိဳ႕ေရွာင္လမ္းတြင္ စိတ္ေဝဒနာရွင္ အမ်ိဳးသမီးငယ္ကို အဓမၼျပဳက်င့္ရန္ ႀကိဳးစားမႈ ျဖစ္ပြားရာ က်ဴးလြန္သူကို ပတ္ဝန္းက်င္မွ ဝိုင္းဝန္း ဖမ္းဆီးရမိခဲ့ေၾကာင္း ေ႐ႊေမတၱာလူမႈကူညီေရး အသင္း ဥကၠဌ မေ႐ႊလဲ့ က NP News ကို ေျပာသည္။

အဆိုပါ ျဖစ္စဥ္မွာ ယေန႔ စက္တင္ဘာလ ၅ ရက္ ေန႔လည္ပိုင္း က ျဖစ္ပြားခဲ့ျခင္း ျဖစ္ကာ ႀကံစည္ခံရသူ အမ်ိဳးသမီးမွာ အသက္ ၂၀ အ႐ြယ္ခန႔္ ရွိၿပီး က်ဴးလြန္သူမွာ သက္လတ္ပိုင္း အ႐ြယ္ အမ်ိဳးသား တစ္ဦး ျဖစ္ေၾကာင္း ၎က ဆိုသည္။

“ေထာက္ၾကန႔္ၿမိဳ႕ေရွာင္လမ္းမွာ ျဖစ္တာပါ။ က်ဴးလြန္ခံရတဲ့ သမီးေလးက အသက္ ၂၀ ဝန္းက်င္ေလာက္ ျဖစ္မယ္။ အခုမွ အခင္းျဖစ္ေနရာကို သြားေနတာ။ အေသးစိတ္ကိုေတာ့ ဟိုေရာက္မွာ သိရမွာပါ။ က်ဴးလြန္ဖို႔ ႀကံစည္လို႔ အနားက ကားသမားေတြက ဝိုင္းၿပီးေတာ့ တားဆီးလိုက္ႏိုင္တာ” ဟု မေ႐ႊလဲ့က ဆိုသည္။

က်ဴးလြန္ခံရသူ အမ်ိဳးသမီးငယ္ႏွင့္ ပတ္သက္၍ က်န္းမာေရး စစ္ေဆးမႈမ်ားႏွင့္ လိုအပ္သည္မ်ားကို ေဆာင္႐ြက္ေပးရန္ အတြက္ ျပင္ဆင္ေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။
#NP News

Related news

© 2021. All rights reserved.