ထိုင်းအစိုးရက မြန်မာဘာသာစကားဖြင့် သင်ကြားနေသည့် ပညာရေးစင်တာ (၆)ခုကို ပိတ်သိမ်း

 2967

ဂျန်ဇက် (NP News) - စက်တင်ဘာ ၇

ထိုင်းပညာရေးဝန်ကြီးဌာနသည် ဆူရက်ဌာနီပြည်နယ်တွင် တရားမဝင်ဖွင့်လှစ်ထားသည့် မြန်မာဘာသာစကားဖြင့် သင်ကြားသော ပညာသင်ကြားရေးစင်တာ (၆)ခုကိုပိတ်သိမ်းရန် အမိန့်ထုတ်ပြန်လိုက်ကြောင်းသိရသည်။

ဆူရက်ဌာနီပြည်နယ်အာဏာပိုင်များသည် ပြည်နယ်အတွင်းတရားမဝင် ဖွင့်လှစ်ထားသည့်မြန်မာဘာသာဖြင့် သင်ကြားနေသည့် စင်တာများကို ပိတ်သိမ်းရန် မကြာခဏ ညွှန်ကြားခဲ့သော်လည်း တရားမဝင် ဆက်လက်ဖွင့်လှစ်ထားဆဲဖြစ်ကြောင်း၊ လက်ရှိအချိန်တွင်လည်း မြန်မာဘာသာစကားဖြင့်သင် ကြားသောစင်တာများပိတ်သိမ်းရန် ထပ်မံညွှန်ကြားခဲ့ခြင်းဖြစ်ကြောင်း
သိရသည်။ မကြာသေးမီကလူမှုကွန်ရက်တွင် ပျံ့နှံခဲ့သော ရုပ်သံဖိုင်ထဲတွင် အဆိုပါစာသင်ကျောင်းများ၌ နိုင်ငံတော်သီချင်းဆိုရာတွင် အငြင်းပွားမှုများရှိလာခဲ့ပြီးနောက် တိုင်တန်းမှုများဖြစ်ပွားခဲ့ရာမှ ထိုင်းပညာရေးဝန်ကြီးဌာနကဆူရက်ဌာနီပြည်နယ်အာဏာပိုင်များကို စုံစမ်းစစ်ဆေးရန် နှင့် တရားမဝင်ဖွင့်လှစ်ထားသောစင်တာများ ပိတ်သိမ်းရန်ညွှန်ကြားခဲ့ကြောင်းသိရသည်။

အဆိုပါရုပ်သံဖိုင်တွင် နိုင်ငံတော်သီချင်းဆိုရာမှာ မြန်မာနိုင်ငံတော်သီချင်းကို သီဆိုခဲ့ပြီး အခြားထိုင်းကျောင်းသားများအပေါ်သက်ရောက်မှုများရှိလာမည်ကို စိုးရိမ်သည့်အတွက် တိုင်တန်းမှုများရှိလာခဲ့ကြောင်း ထိုင်းအခြေစိုက် သတင်းများတွင်ဖော်ပြထားသည်။ ထိုင်းပညာရေးဝန်ကြီးဌာနက မြန်မာ ဘာသာစကားဖြင့်သင်ကြားသော ပညာရေးစင်တာများ တရားမဝင်ဖွင့်လှစ်သင်ကြားခြင်းများသည် နိုင်ငံလုံခြုံရေးအတွက် စိုးရိမ်စရာအခြေအနေမျိုးဖြစ်လာနေသည်ဆိုသော တိုင်တန်းမှုများရှိနေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ဆူရက်ဌာနီပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးဖြစ်သူ Mr. Sukon Nuphakdi က ပြည်နယ်အတွင်း မြန်မာဘာသာစကားဖြင့်သင်ကြားသောစင်တာများကို အချိန်အတန်ကြာလျှို့ဝှက်ဖွင့်လှစ်သင်ကြားနေကြောင်း၊ ၎င်းတိုကို ပိတ်သိမ်းရန် မကြာခဏ အမိန့်ပေးခဲ့သော်လည်း လျှို့ဝှက်ဖွင့်လှစ်နေဆဲဖြစ်ကြောင်း၊ လက်ရှိအချိန်တွင် တိုင်တန်းမှုများရှိလာခဲ့ခြင်းကြောင့် စစ်ဆေးမှုများနှင့်အတူ ပိတ်သိမ်းခြင်းများလုပ်ဆောင်ရမည်ဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သည်။

ဆူရက်ဌာနီပြည်နယ်ရှိ မြန်မာဘာသာစကားဖြင့်သင်ကြားသော ပညာရေးစင်တာများတွင် တက်ရောက်နေသည့်မြန်မာကလေးငယ်ပေါင်း (၁၁၀၀) ကျော်ရှိနေပြီး ထိုင်းပညာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည့် ထိုင်းသင်ရိုးအတိုင်း သင်ကြားနေကြောင်းသိရသည်။ ထိုင်းအာဏာပိုင်များသည် လက်ရှိအချိန်တွင် Mittaye Learning Center ၊ Phowai Community နှင့် Wat Somwang Wanaram Community အဖွဲ့အစည်းများနှင့် ဆက်နွှယ်ဖွင့်လှစ်ထားသည့် မြန်မာဘာသာစကားဖြင့်သင်ကြားနေသည့် စင်တာ ခြောက်ခုကို ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း ဆူရက်ဌာနီပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးက ပြောသည်။

အဆိုပါစာသင်ကျောင်းများတွင်သင်ကြားနေသည့် မြန်မာနိုင်ငံသား ဆရာမ (၂၄)ဦး၊ ထိုင်းဆရာမ (၆)ဦး နှင့် ကျောင်းအုပ်ကြီး၊ နေရာငှားရမ်းသူများကိုလည်း စုံစမ်းစစ်ဆေးကာ အရေးယူသွားဖွယ်ရှိနေကြောင်းသိရသည်။

zawgyi version
ထိုင္းအစိုးရက ျမန္မာဘာသာစကားျဖင့္ သင္ၾကားေနသည့္ ပညာေရးစင္တာ (၆)ခုကို ပိတ္သိမ္း
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၇

ထိုင္းပညာေရးဝန္ႀကီးဌာနသည္ ဆူရက္ဌာနီျပည္နယ္တြင္ တရားမဝင္ဖြင့္လွစ္ထားသည့္ ျမန္မာဘာသာစကားျဖင့္ သင္ၾကားေသာ ပညာသင္ၾကားေရးစင္တာ (၆)ခုကိုပိတ္သိမ္းရန္ အမိန႔္ထုတ္ျပန္လိုက္ေၾကာင္းသိရသည္။

ဆူရက္ဌာနီျပည္နယ္အာဏာပိုင္မ်ားသည္ ျပည္နယ္အတြင္းတရားမဝင္ ဖြင့္လွစ္ထားသည့္ျမန္မာဘာသာျဖင့္ သင္ၾကားေနသည့္ စင္တာမ်ားကို ပိတ္သိမ္းရန္ မၾကာခဏ ၫႊန္ၾကားခဲ့ေသာ္လည္း တရားမဝင္ ဆက္လက္ဖြင့္လွစ္ထားဆဲျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္တြင္လည္း ျမန္မာဘာသာစကားျဖင့္သင္ ၾကားေသာစင္တာမ်ားပိတ္သိမ္းရန္ ထပ္မံၫႊန္ၾကားခဲ့ျခင္းျဖစ္ေၾကာင္း
သိရသည္။ မၾကာေသးမီကလူမႈကြန္ရက္တြင္ ပ်ံ႕ႏွံခဲ့ေသာ ႐ုပ္သံဖိုင္ထဲတြင္ အဆိုပါစာသင္ေက်ာင္းမ်ား၌ ႏိုင္ငံေတာ္သီခ်င္းဆိုရာတြင္ အျငင္းပြားမႈမ်ားရွိလာခဲ့ၿပီးေနာက္ တိုင္တန္းမႈမ်ားျဖစ္ပြားခဲ့ရာမွ ထိုင္းပညာေရးဝန္ႀကီးဌာနကဆူရက္ဌာနီျပည္နယ္အာဏာပိုင္မ်ားကို စုံစမ္းစစ္ေဆးရန္ ႏွင့္ တရားမဝင္ဖြင့္လွစ္ထားေသာစင္တာမ်ား ပိတ္သိမ္းရန္ၫႊန္ၾကားခဲ့ေၾကာင္းသိရသည္။

အဆိုပါ႐ုပ္သံဖိုင္တြင္ ႏိုင္ငံေတာ္သီခ်င္းဆိုရာမွာ ျမန္မာႏိုင္ငံေတာ္သီခ်င္းကို သီဆိုခဲ့ၿပီး အျခားထိုင္းေက်ာင္းသားမ်ားအေပၚသက္ေရာက္မႈမ်ားရွိလာမည္ကို စိုးရိမ္သည့္အတြက္ တိုင္တန္းမႈမ်ားရွိလာခဲ့ေၾကာင္း ထိုင္းအေျခစိုက္ သတင္းမ်ားတြင္ေဖာ္ျပထားသည္။ ထိုင္းပညာေရးဝန္ႀကီးဌာနက ျမန္မာ ဘာသာစကားျဖင့္သင္ၾကားေသာ ပညာေရးစင္တာမ်ား တရားမဝင္ဖြင့္လွစ္သင္ၾကားျခင္းမ်ားသည္ ႏိုင္ငံလုံၿခဳံေရးအတြက္ စိုးရိမ္စရာအေျခအေနမ်ိဳးျဖစ္လာေနသည္ဆိုေသာ တိုင္တန္းမႈမ်ားရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။ ဆူရက္ဌာနီျပည္နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမႉးျဖစ္သူ Mr. Sukon Nuphakdi က ျပည္နယ္အတြင္း ျမန္မာဘာသာစကားျဖင့္သင္ၾကားေသာစင္တာမ်ားကို အခ်ိန္အတန္ၾကာလွ်ိဳ႕ဝွက္ဖြင့္လွစ္သင္ၾကားေနေၾကာင္း၊ ၎တိုကို ပိတ္သိမ္းရန္ မၾကာခဏ အမိန႔္ေပးခဲ့ေသာ္လည္း လွ်ိဳ႕ဝွက္ဖြင့္လွစ္ေနဆဲျဖစ္ေၾကာင္း၊ လက္ရွိအခ်ိန္တြင္ တိုင္တန္းမႈမ်ားရွိလာခဲ့ျခင္းေၾကာင့္ စစ္ေဆးမႈမ်ားႏွင့္အတူ ပိတ္သိမ္းျခင္းမ်ားလုပ္ေဆာင္ရမည္ျဖစ္ေၾကာင္း သတင္းစာရွင္းလင္းပြဲတြင္ ေျပာဆိုခဲ့သည္။

ဆူရက္ဌာနီျပည္နယ္ရွိ ျမန္မာဘာသာစကားျဖင့္သင္ၾကားေသာ ပညာေရးစင္တာမ်ားတြင္ တက္ေရာက္ေနသည့္ျမန္မာကေလးငယ္ေပါင္း (၁၁၀၀) ေက်ာ္ရွိေနၿပီး ထိုင္းပညာေရးဝန္ႀကီးဌာနက သတ္မွတ္ထားသည့္ ထိုင္းသင္႐ိုးအတိုင္း သင္ၾကားေနေၾကာင္းသိရသည္။ ထိုင္းအာဏာပိုင္မ်ားသည္ လက္ရွိအခ်ိန္တြင္ Mittaye Learning Center ၊ Phowai Community ႏွင့္ Wat Somwang Wanaram Community အဖြဲ႕အစည္းမ်ားႏွင့္ ဆက္ႏႊယ္ဖြင့္လွစ္ထားသည့္ ျမန္မာဘာသာစကားျဖင့္သင္ၾကားေနသည့္ စင္တာ ေျခာက္ခုကို ပိတ္သိမ္းလိုက္ၿပီျဖစ္ေၾကာင္း ဆူရက္ဌာနီျပည္နယ္ ဒုတိယအုပ္ခ်ဳပ္ေရးမႉးက ေျပာသည္။

အဆိုပါစာသင္ေက်ာင္းမ်ားတြင္သင္ၾကားေနသည့္ ျမန္မာႏိုင္ငံသား ဆရာမ (၂၄)ဦး၊ ထိုင္းဆရာမ (၆)ဦး ႏွင့္ ေက်ာင္းအုပ္ႀကီး၊ ေနရာငွားရမ္းသူမ်ားကိုလည္း စုံစမ္းစစ္ေဆးကာ အေရးယူသြားဖြယ္ရွိေနေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.