စက်မက်ကင်းတဲ့ နိုင်ငံ (သို့မဟုတ်) ဗုဒ္ဓဘာသာ ထွန်းကားတဲ့ ကုန်းတွင်းပိတ်နိုင်ငံ “ဘူတန်”

 247

Pika (NP News) - စက်တင်ဘာ ၈

ဘူတန်နိုင်ငံသည် တောင်ဘက်တွင် အိန္ဒိယနှင့် မြောက်ဘက်တွင် တရုတ်နိုင်ငံတို့ကြားရှိ အရှေ့ ဟိမဝန္တာတောင်တန်းတွင် တည်ရှိသည့် တောင်အာရှရှိ ကုန်းတွင်းပိတ်နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ဘုန်းတော် ကြီး ကျောင်းများ၊ ခံတပ်များနှင့် ကျယ်ပြန့်ပြီးလှပသော ရှုခင်းများကြောင့် နာမည်ကျော်ကြား သည်။ လူဦးရေ (၇၂၇၁၄၅) ဦးရှိပြီး ဧရိယာအကျယ်အဝန်း(၃၈၃၉၄) စတုရန်း ကီလိုမီတာ ရှိသော ဘူတန် နိုင်ငံ သည် ကုန်းမြေဧရိယာတိုင်းတာချက်များအရ အဆင့်(၁၃၃)နေရာတွင်ရှိပြီး လူဦးရေတိုင်းတာ ချက်အရ အဆင့်(၁၆၀)တွင်ရှိကြောင်း သိရသည်။ ဘူတန်နိုင်ငံသည် ဘုရင်က နိုင်ငံ့အကြီးအကဲအဖြစ် ဆောင်ရွက်ပြီး ဝန်ကြီးချုပ်က အစိုးရအဖွဲ့၏အကြီး အကဲအဖြစ် ဆောင်ရွက်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ ဘုရင်စနစ်ရှိသည့် နိုင်ငံတစ်နိုင်ငံလည်းဖြစ် သည်။ အကြီးတန်း ဘာသာရေးခေါင်းဆောင်အတွက် ပေးအပ်သော ဘွဲ့တစ်ခုဖြစ်သည့် Je Khenpo သည် ဘူတန်နိုင်ငံ ဘာသာတရားဖြစ်သည့် Vajrayana ဗုဒ္ဓဘာသာ၏ အကြီးအကဲလည်းဖြစ်ကြောင်းသိရ သည်။

ဘူတန်နိုင်ငံတွင် ပင်လယ်ရေမျက်နှာပြင် အထက်မီတာ(၇၀ဝဝ)ကျော်မြင့်သော တောင်ထိပ် များလည်းရှိသည်။ Gangkhar Puensum တောင် သည် ဘူတန်နိုင်ငံတွင် အမြင့်ဆုံးတောင်ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူတက်ရောက်နိုင်ခြင်းမျိုးမရှိသော အမြင့်ဆုံးတောင်လည်းဖြစ်ကြောင်းသိရသည်။ ဘူတန်နိုင်ငံရှိ တောရိုင်းတိရစ္ဆာန်များသည် takin နှင့် golden langur တို့ကဲ့သို့သော တိရစ္ဆာန်များ အပါအဝင် ၎င်းတို့၏ မတူကွဲပြားမှုများကြောင့် ထင်ရှားကျော် ကြားကြောင်းလည်း သိရသည်။ ဘူတန်နိုင်ငံ၏ မြို့ တော်နှင့်အကြီးဆုံးမြို့မှာ Thimphu မြို့ဖြစ်ပြီး နိုင်ငံ စုစုပေါင်း လူဦးရေ၏ (၁၅) ရာခိုင်နှုန်းနီးပါး နေထိုင်ကြကြောင်းသိရသည်။ ဘူတန်နှင့် အိမ်နီးချင်း တိဗက် ဒေသတို့သည် ဂေါတမ မြတ်စွာဘုရားလက်ထက်ကာ လတွင် အိန္ဒိယနိုင်ငံမှစတင်ပေါ်ပေါက်ခဲ့သော ဗုဒ္ဓဘာသာပြန့်ပွားမှုများကို ကြုံတွေ့ခဲ့ရသည့်နေရာများ လည်းဖြစ်သည်။

ဘူတန်နိုင်ငံသည် (၁၉၇၁) ခုနှစ်တွင် ကုလ သမဂ္ဂအဖွဲ့တွင်ပါဝင်ခဲ့ပြီး အဆိုပါအချိန်မှ စတင်ကာ နိုင်ငံပေါင်း(၅၅)နိုင်ငံနှင့် ဆက်ဆံရေးများကို တိုးချဲ့ခဲ့ ကြောင်းသိရသည်။ အိန္ဒိယစစ်တပ်အပေါ် မှီခိုနေရ သော်လည်း ဘူတန်နိုင်ငံသည် ၎င်း၏ကိုယ်ပိုင်စစ် တပ်ကို ဆက်လက်ထိန်းသိမ်းထားလျက်ရှိကြောင်း လည်းသိရသည်။ ဘူတန်နိုင်ငံသည်(၂၀ဝ၈)ဖွဲ့စည်း ပုံအခြေခံဥပဒေအရ ရွေးကောက်တင်မြှောက်ထား သော အမျိုးသားလွှတ်တော်၊ အမျိုးသားကောင်စီ တို့နှင့်အတူ ပါလီမန်အစိုးရတစ်ရပ်ကို ဖွဲ့စည်းခဲ့သည်။ ထို့ပြင် ဘူတန်နိုင်ငံသည် တောင်အာရှဒေသဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း(SAARC)ကို တည်ထောင်သည့်အဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံလည်းဖြစ် ကြောင်းသိရသည်။

(၂၀၂၀)ပြည့်နှစ်တွင် ဘူတန်သည် လူသားဖွံ့ ဖြိုးတိုးတက်မှုညွှန်းကိန်းအရ သီရိလင်္ကာနိုင်ငံနှင့် မော်လ် ဒိုက်ဗ်နိုင်ငံတို့ပြီးလျှင် တောင်အာရှတွင် အဆင့်(၃)နေရာတွင်ရှိပြီး (၂၀၂၄)ခုနှစ် ကမ္ဘာ့ငြိမ်းချမ်း ရေးညွှန်း ကိန်းတွင် အဆင့်(၂၁)နေရာဖြင့် တောင်အာရှတွင် အငြိမ်းချမ်းဆုံးနိုင်ငံတစ်ခုအဖြစ် ရပ်တည် နေကာ ကမ္ဘာ့ငြိမ်းချမ်းရေး ညွှန်းကိန်းစာရင်း၏ ပထမလေး ပုံတစ်ပုံတွင်ပါဝင်သည့် တစ်ခုတည်းသော တောင် အာရှနိုင်ငံလည်းဖြစ်သည်။ ဘူတန်သည် Climate Vulnerable ဖိုရမ်၊ ဘက်မလိုက်သော လှုပ်ရှားမှုအဖွဲ့၊ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့(IMF)၊ ကမ္ဘာ့ ဘဏ်၊ ယူနက်စကိုနှင့် ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့ (WHO)တို့၏ အဖွဲ့ဝင်နိုင်ငံလည်းဖြစ်သည်။ ကုန်း တွင်းပိတ်နိုင်ငံဖြစ်သည့် ဘူတန်သည် ကမ္ဘာပေါ်တွင် ရေအားလျှပ်စစ်အတွက် အကြီးဆုံး ရေသိုက်တစ်ခု ရှိသည့်နိုင်ငံလည်းဖြစ် ကြောင်းသိရ သည်။ ထို့ပြင် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတုဖောက်ပြန်မှု ကြောင့်ဖြစ်ပေါ်လာသော ရေခဲမြစ်များအရည်ပျော်လာ မှုသည် ဘူတန်အတွက် စိုးရိမ်စရာကိစ္စတစ်ခုအဖြစ် ဆက်လက်ကြီးထွား လာလျက်ရှိကြောင်းသိရသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့်ခေတ်မီအောင် လုပ်ဆောင်ခြင်း
ဘူတန်နိုင်ငံ၏ နိုင်ငံရေးစနစ်သည် အကြွင်းမဲ့ ဘုရင်စနစ်မှ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ဘုရင် စနစ်သို့ မကြာသေးမီအချိန်က ပြောင်းလဲခဲ့ကြောင်း သိရသည်။ ဘုရင် Jigme Singye Wangchuck သည် ၎င်း၏အုပ်ချုပ်ရေးအာဏာအများစုကို အစိုးရအဖွဲ့ဝန်ကြီးများကောင်စီသို့ လွှဲပြောင်းပေးခဲ့ပြီး အမျိုးသားလွှတ်တော်၏ (၃) ပုံ (၂)ပုံခန့်ကို ဘုရင် အား ဝေဖန်ပြောဆိုခွင့်ပြုခဲ့ကြောင်းသိရသည်။

(၁၉၉၉)ခုနှစ်တွင် ဘူတန်အစိုးရသည် ရုပ်မြင် သံကြားနှင့်အင်တာနက်အပေါ် တားမြစ်ပိတ်ပင်မှု များကို ရုပ်သိမ်းပေးခဲ့ပြီး ရုပ်မြင်သံကြားကို မိတ်ဆက် ခဲ့သည့် နောက်ဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်လာ စေခဲ့သည်။ ရုပ်မြင်သံကြားသည် ဘူတန်နိုင်ငံကို ခေတ်မီတိုးတက်အောင်လုပ်ဆောင်ရာတွင် အရေးပါ သောခြေလှမ်းတစ်ခုဖြစ်သလို ပြည်သူများ၏ ပျော်ရွှင် မှုအတွက် အဓိကပံ့ပိုးကူညီသည့် အရာဖြစ် ကြောင်း ဘုရင်ကပြောဆိုခဲ့သော်လည်း ယင်းနည်းပညာအသစ် ကိုအလွဲသုံးစားလုပ်ခြင်းသည် ဘူတန် ရိုးရာ တန်ဖိုးများကို ပျက်ပြားသွားစေနိုင်ကြောင်း သတိပေးခဲ့သည်။ ဘူတန်နိုင်ငံသည် (၂၀ဝ၅) ခုနှစ် အစောပိုင်းတွင် ဖွဲ့ စည်းပုံအခြေခံဥပဒေအသစ်တစ်ရပ်ကိုတင်ပြခဲ့ပြီး နောက် (၂၀ဝ၇) ခုနှစ် ဒီဇင်ဘာလ နှင့် (၂၀ဝ၈)ခုနှစ် မတ်လတို့တွင် ပထမဆုံး အမျိုးသားလွှတ်တော်ရွေး ကောက်ပွဲများကို ကျင်းပခဲ့ ကြောင်းလည်း သိရသည်။ ထို့နောက် (၂၀၂၃)ခုနှစ် ဒီဇင်ဘာလ(၁၃)ရက်နေ့ တွင် ဘူတန်နိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှုအနည်းဆုံးနိုင်ငံစာရင်းမှ တရားဝင်ပယ်ဖျက်ခံခဲ့ရကြောင်းသိရသည်။

စစ်တပ်
ဘူတန်ဘုရင့်တပ်မတော်သည် ဘူတန်နိုင်ငံ၏စစ်ရေးဝန်ဆောင်မှုဖြစ်ပြီး ပါဝါညွှန်းကိန်းအရ ကမ္ဘာ ပေါ်တွင် အင်အားအနည်းဆုံး လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ကြောင်း Global Firepower၏စစ်တမ်းအရ သိရသည်။ ဘူတန်စစ်တပ်တွင် တော်ဝင်အစောင့်တပ် နှင့် တော်ဝင်ဘူတန်ရဲတပ်ဖွဲ့တို့လည်းပါဝင်ပြီး မိမိ ဆန္ဒအလျောက်ဝင်ရောက်သူများလည်းရှိကာ စစ်မှု ထမ်းဆင့်ခေါ်ခံရသူများ၏ အနိမ့်ဆုံးအသက်မှာ (၁၈)နှစ်ဖြစ်ကြောင်းသိရသည်။

ဘူတန်စစ်တပ်သည် အင်အား(၁၆၀ဝဝ)ခန့် သာရှိပြီး အိန္ဒိယစစ်တပ်က ၎င်းတို့ကိုလေ့ကျင့်မှုများ လုပ်ဆောင်ပေးခြင်းဖြစ်ကြောင်းသိရသည်။ စစ်တပ် ၏ နှစ်စဉ်အသုံးစရိတ်မှာ အမေရိကန်ဒေါ်လာ (၁၃ ဒသမ ၇)သန်းဖြစ်ပြီး ကုန်းတွင်းပိတ်နိုင်ငံဖြစ်သည့် အတွက် ရေတပ်မရှိကြောင်းလည်းသိရသည်။ ဘူ တန်စစ်တပ်တွင် လေတပ်လည်းမရှိသည့်အပြင် လေ ကြောင်းအကူအညီများအတွက် အိန္ဒိယလေတပ်၏ အရှေ့လေကြောင်းကွပ်ကဲမှုဌာနအပေါ် မှီခိုရကြောင်း သိရသည်။

စီးပွားရေး
ဘူတန်၏စီးပွားရေးသည် စိုက်ပျိုးရေး၊ သစ် တော၊ ခရီးသွားလုပ်ငန်းနှင့် အိန္ဒိယသို့ ရေအားလျှပ် စစ်ရောင်းချမှုအပေါ် အခြေခံထားသည်။ စိုက်ပျိုးရေး သည် နိုင်ငံစုစုပေါင်းလူဦးရေ၏(၅၅ ဒသမ ၄) ရာခိုင် နှုန်းအတွက် အဓိကအသက်မွေးလမ်းကြောင်းကို ပံ့ပိုးပေးခြင်းဖြစ်သည်။ အဆိုပါ စိုက်ပျိုးရေး လုပ်ငန်းတွင် လယ်ယာစိုက်ပျိုးရေးနှင့် တိရစ္ဆာန်မွေးမြူရေး တို့လည်းပါဝင်သည်။ ထို့ပြင် ဘူတန်သည် တောင်ကုန်းထူထပ်သောနိုင်ငံဖြစ်သောကြောင့် လမ်းမကြီး များနှင့် အခြားအခြေခံအဆောက်အအုံများ တည် ဆောက်ရန်ခက်ခဲပြီး ကုန်ကျစရိတ်လည်း အလွန်ကြီးမားကြောင်း သိရသည်။

စိုက်ပျိုးရေးနှင့်စက်မှုလုပ်ငန်း
ဘူတန်ဆန်နီသည် မြောက်အမေရိကနှင့်ဥရော ပတို့တွင် ဈေးကွက်ရှိပြီး နိုင်ငံ၏ အကျယ်ပြန့်ဆုံး စိုက်ပျိုးရေးပို့ကုန်ဖြစ်သည်။ ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင် ငံသည် ဘူတန်နိုင်ငံကထွက်ရှိသော ပန်းသီးနှင့် လိမ္မော်သီးတို့အတွက် အကြီးဆုံး ဈေးကွက်တစ်ခု လည်းဖြစ်သည်။ ဘူတန်တွင် ငါးမွေးမြူရေးလုပ်ငန်း များသည် အဓိကအားဖြင့် trout ငါးနှင့် carp ငါးတို့ ကိုမွေးမြူကြကြောင်းလည်း သိရသည်။ စက်မှု လုပ်ငန်းကဏ္ဍသည် နိုင်ငံ့စီးပွားရေး(၂၂) ရာခိုင်နှုန်း ရှိပြီး အဓိကထုတ်လုပ်ရေးကဏ္ဍတွင် ferroalloy၊
ဘိလပ်မြေ၊ သံတိုင်များ၊ သံမဏိထုတ်ကုန်များ၊ သန့် စင်ထားသောဂရပ်ဖိုက်၊ ကြေးနီ၊ အရက်နှင့် အဖျော် ယမကာများ၊ သစ်သီးများ၊ကော်ဇောများ၊သစ်သားထုတ်ကုန် များနှင့်ပရိဘောများပါဝင် ကြောင်းသိရ သည်။

စွမ်းအင်လုပ်ငန်း
ဘူတန်၏ အကြီးဆုံးပို့ကုန်မှာ ရေအားလျှပ် စစ်ဖြစ်ပြီး (၂၀၁၅)ခုနှစ်အထိ ဟိမဝန္တာတောင် ကြားရှိ ရေကာတာများမှ ရေအားလျှပ်စစ်(၂၀ဝဝ)မဂ္ဂါဝပ်ခန့် ထုတ်ပေးနေကြောင်း သိရသည်။ ဘူတန်နိုင်ငံသည် ရေအားလျှပ်စစ်(၃)သောင်း မဂ္ဂါဝပ်အထိ ထုတ် လုပ်နိုင်မည့်အလားအလာရှိနေပြီး ထွက်ရှိလာသော လျှပ်စစ်ဖြင့် အိန္ဒိယပြည်နယ်အများအပြားကို လျှပ် စစ်ဓာတ်အားပေးလျက်ရှိသည်။ ဘူတန်သည် အနာ ဂတ်ပရောဂျက်များကို ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူစီ စဉ်နေပြီး ရေအားလျှပ်စစ်သည် နိုင်ငံ၏ ငါးနှစ်တာ စီမံကိန်းအတွက် အဓိကလုပ်ငန်းတစ်ခုအဖြစ် အာရုံ စိုက်ခံထားရသည်။ ထို့ပြင် ရေအားလျှပ်စစ်စီမံကိန်း များကိုဖော်ဆောင်ရာတွင် အိန္ဒိယ၊ ဩစတြီးယားနှင့် အာရှဖွံ့ဖြိုးတိုးတက်ရေး ဘဏ်တို့ထံမှ အကူ အညီ များရရှိထားကြောင်းလည်း သိရသည်။ ဘူတန်နိုင်ငံ တွင် ရေအားလျှပ်စစ် အပြင် နေရောင်ခြည်စွမ်းအင်၊ လေနှင့်ဇီဝစွမ်းအင်တို့ကဲ့သို့သော ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အရင်း မြစ်များလည်းရှိကြောင်း သိရသည်။

အထိမ်းအမှတ်အမွေအနှစ်နေရာများ
လက်ရှိအချိန်တွင် ဘူတန်နိုင်ငံ၌ ယူနက်စကို စာရင်းဝင် ကမ္ဘာ့အမွေအနှစ်နေရာများ မရှိသေး သော်လည်း (၂၀၁၂) ခုနှစ်မှစတင်ကာ ယူနက်စကိုတွင်ပါဝင်ရန် ကြေညာထားသည့်နေရာ(၈)ခု ရှိ ကြောင်း သိရသည်။

အဆိုပါနေရာများမှာ Drukgyel Dzong ဗုဒ္ဓ ဘာသာဘုန်းတော်ကြီးကျောင်း၏ ရှေးဟောင်း အပျက် အစီးများ၊ Bumdelling တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော၊ Dzongs ဗိသုကာပညာလက်ရာ၊ Jigme Dorji အမျိုးသားဥယျာဉ်၊ Royal Manas အမျိုးသားဥယျာဉ်၊ တိဗက်ဘုန်းတော်ကြီး Phajo Drugom Zhigpo နှင့် ၎ င်း၏သားစဉ်မြေးဆက် များနှင့်ဆက်စပ်နေသော မြင့်မြတ်သောနေရာများ၊ Sakteng တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောနှင့် Tamzhing ဘုန်းတော်ကြီးကျောင်းတို့ဖြစ်သည်။ ဘူတန်တွင် ယူနက်စကိုစာရင်းတွင်မပါဝင်သည့် ခရီး သွားနေရာအများအပြားလည်းရှိကြောင်း သိရသည်။ ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းတွင် ပါဝင် သည့် တစ်ခုတည်းသောအရာမှာ Drametse အသိုင်းအဝိုင်း၏ မြင့်မြတ်သော မျက်နှာဖုံးအကဖြစ်သည်။

zawgyi version
စက္မက္ကင္းတဲ့ ႏိုင္ငံ (သို႔မဟုတ္) ဗုဒၶဘာသာ ထြန္းကားတဲ့ ကုန္းတြင္းပိတ္ႏိုင္ငံ “ဘူတန္”
Pika (NP News) - စက္တင္ဘာ ၈

ဘူတန္ႏိုင္ငံသည္ ေတာင္ဘက္တြင္ အိႏၵိယႏွင့္ ေျမာက္ဘက္တြင္ တ႐ုတ္ႏိုင္ငံတို႔ၾကားရွိ အေရွ႕ ဟိမဝႏၲာေတာင္တန္းတြင္ တည္ရွိသည့္ ေတာင္အာရွရွိ ကုန္းတြင္းပိတ္ႏိုင္ငံတစ္ႏိုင္ငံျဖစ္ၿပီး ဘုန္းေတာ္ ႀကီး ေက်ာင္းမ်ား၊ ခံတပ္မ်ားႏွင့္ က်ယ္ျပန႔္ၿပီးလွပေသာ ရႈခင္းမ်ားေၾကာင့္ နာမည္ေက်ာ္ၾကား သည္။ လူဦးေရ (၇၂၇၁၄၅) ဦးရွိၿပီး ဧရိယာအက်ယ္အဝန္း(၃၈၃၉၄) စတုရန္း ကီလိုမီတာ ရွိေသာ ဘူတန္ ႏိုင္ငံ သည္ ကုန္းေျမဧရိယာတိုင္းတာခ်က္မ်ားအရ အဆင့္(၁၃၃)ေနရာတြင္ရွိၿပီး လူဦးေရတိုင္းတာ ခ်က္အရ အဆင့္(၁၆၀)တြင္ရွိေၾကာင္း သိရသည္။ ဘူတန္ႏိုင္ငံသည္ ဘုရင္က ႏိုင္ငံ့အႀကီးအကဲအျဖစ္ ေဆာင္႐ြက္ၿပီး ဝန္ႀကီးခ်ဳပ္က အစိုးရအဖြဲ႕၏အႀကီး အကဲအျဖစ္ ေဆာင္႐ြက္သည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ဆိုင္ရာ ဘုရင္စနစ္ရွိသည့္ ႏိုင္ငံတစ္ႏိုင္ငံလည္းျဖစ္ သည္။ အႀကီးတန္း ဘာသာေရးေခါင္းေဆာင္အတြက္ ေပးအပ္ေသာ ဘြဲ႕တစ္ခုျဖစ္သည့္ Je Khenpo သည္ ဘူတန္ႏိုင္ငံ ဘာသာတရားျဖစ္သည့္ Vajrayana ဗုဒၶဘာသာ၏ အႀကီးအကဲလည္းျဖစ္ေၾကာင္းသိရ သည္။

ဘူတန္ႏိုင္ငံတြင္ ပင္လယ္ေရမ်က္ႏွာျပင္ အထက္မီတာ(၇၀ဝဝ)ေက်ာ္ျမင့္ေသာ ေတာင္ထိပ္ မ်ားလည္းရွိသည္။ Gangkhar Puensum ေတာင္ သည္ ဘူတန္ႏိုင္ငံတြင္ အျမင့္ဆုံးေတာင္ျဖစ္ၿပီး ကမာၻေပၚတြင္ လူတက္ေရာက္ႏိုင္ျခင္းမ်ိဳးမရွိေသာ အျမင့္ဆုံးေတာင္လည္းျဖစ္ေၾကာင္းသိရသည္။ ဘူတန္ႏိုင္ငံရွိ ေတာ႐ိုင္းတိရစာၦန္မ်ားသည္ takin ႏွင့္ golden langur တို႔ကဲ့သို႔ေသာ တိရစာၦန္မ်ား အပါအဝင္ ၎တို႔၏ မတူကြဲျပားမႈမ်ားေၾကာင့္ ထင္ရွားေက်ာ္ ၾကားေၾကာင္းလည္း သိရသည္။ ဘူတန္ႏိုင္ငံ၏ ၿမိဳ႕ ေတာ္ႏွင့္အႀကီးဆုံးၿမိဳ႕မွာ Thimphu ၿမိဳ႕ျဖစ္ၿပီး ႏိုင္ငံ စုစုေပါင္း လူဦးေရ၏ (၁၅) ရာခိုင္ႏႈန္းနီးပါး ေနထိုင္ၾကေၾကာင္းသိရသည္။ ဘူတန္ႏွင့္ အိမ္နီးခ်င္း တိဗက္ ေဒသတို႔သည္ ေဂါတမ ျမတ္စြာဘုရားလက္ထက္ကာ လတြင္ အိႏၵိယႏိုင္ငံမွစတင္ေပၚေပါက္ခဲ့ေသာ ဗုဒၶဘာသာျပန႔္ပြားမႈမ်ားကို ႀကဳံေတြ႕ခဲ့ရသည့္ေနရာမ်ား လည္းျဖစ္သည္။

ဘူတန္ႏိုင္ငံသည္ (၁၉၇၁) ခုႏွစ္တြင္ ကုလ သမဂၢအဖြဲ႕တြင္ပါဝင္ခဲ့ၿပီး အဆိုပါအခ်ိန္မွ စတင္ကာ ႏိုင္ငံေပါင္း(၅၅)ႏိုင္ငံႏွင့္ ဆက္ဆံေရးမ်ားကို တိုးခ်ဲ႕ခဲ့ ေၾကာင္းသိရသည္။ အိႏၵိယစစ္တပ္အေပၚ မွီခိုေနရ ေသာ္လည္း ဘူတန္ႏိုင္ငံသည္ ၎၏ကိုယ္ပိုင္စစ္ တပ္ကို ဆက္လက္ထိန္းသိမ္းထားလ်က္ရွိေၾကာင္း လည္းသိရသည္။ ဘူတန္ႏိုင္ငံသည္(၂၀ဝ၈)ဖြဲ႕စည္း ပုံအေျခခံဥပေဒအရ ေ႐ြးေကာက္တင္ေျမႇာက္ထား ေသာ အမ်ိဳးသားလႊတ္ေတာ္၊ အမ်ိဳးသားေကာင္စီ တို႔ႏွင့္အတူ ပါလီမန္အစိုးရတစ္ရပ္ကို ဖြဲ႕စည္းခဲ့သည္။ ထို႔ျပင္ ဘူတန္ႏိုင္ငံသည္ ေတာင္အာရွေဒသဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္ေရးအဖြဲ႕အစည္း(SAARC)ကို တည္ေထာင္သည့္အဖြဲ႕ဝင္ ႏိုင္ငံတစ္ႏိုင္ငံလည္းျဖစ္ ေၾကာင္းသိရသည္။

(၂၀၂၀)ျပည့္ႏွစ္တြင္ ဘူတန္သည္ လူသားဖြံ႕ ၿဖိဳးတိုးတက္မႈၫႊန္းကိန္းအရ သီရိလကၤာႏိုင္ငံႏွင့္ ေမာ္လ္ ဒိုက္ဗ္ႏိုင္ငံတို႔ၿပီးလွ်င္ ေတာင္အာရွတြင္ အဆင့္(၃)ေနရာတြင္ရွိၿပီး (၂၀၂၄)ခုႏွစ္ ကမာၻ႔ၿငိမ္းခ်မ္း ေရးၫႊန္း ကိန္းတြင္ အဆင့္(၂၁)ေနရာျဖင့္ ေတာင္အာရွတြင္ အၿငိမ္းခ်မ္းဆုံးႏိုင္ငံတစ္ခုအျဖစ္ ရပ္တည္ ေနကာ ကမာၻ႔ၿငိမ္းခ်မ္းေရး ၫႊန္းကိန္းစာရင္း၏ ပထမေလး ပုံတစ္ပုံတြင္ပါဝင္သည့္ တစ္ခုတည္းေသာ ေတာင္ အာရွႏိုင္ငံလည္းျဖစ္သည္။ ဘူတန္သည္ Climate Vulnerable ဖိုရမ္၊ ဘက္မလိုက္ေသာ လႈပ္ရွားမႈအဖြဲ႕၊ ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕(IMF)၊ ကမာၻ႔ ဘဏ္၊ ယူနက္စကိုႏွင့္ ကမာၻ႔က်န္းမာ ေရးအဖြဲ႕ (WHO)တို႔၏ အဖြဲ႕ဝင္ႏိုင္ငံလည္းျဖစ္သည္။ ကုန္း တြင္းပိတ္ႏိုင္ငံျဖစ္သည့္ ဘူတန္သည္ ကမာၻေပၚတြင္ ေရအားလွ်ပ္စစ္အတြက္ အႀကီးဆုံး ေရသိုက္တစ္ခု ရွိသည့္ႏိုင္ငံလည္းျဖစ္ ေၾကာင္းသိရ သည္။ ထို႔ျပင္ ကမာၻႀကီးပူေႏြးလာမႈႏွင့္အတူ ရာသီဥတုေဖာက္ျပန္မႈ ေၾကာင့္ျဖစ္ေပၚလာေသာ ေရခဲျမစ္မ်ားအရည္ေပ်ာ္လာ မႈသည္ ဘူတန္အတြက္ စိုးရိမ္စရာကိစၥတစ္ခုအျဖစ္ ဆက္လက္ႀကီးထြား လာလ်က္ရွိေၾကာင္းသိရသည္။

ႏိုင္ငံေရးျပဳျပင္ေျပာင္းလဲမႈႏွင့္ေခတ္မီေအာင္ လုပ္ေဆာင္ျခင္း
ဘူတန္ႏိုင္ငံ၏ ႏိုင္ငံေရးစနစ္သည္ အႂကြင္းမဲ့ ဘုရင္စနစ္မွ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာ ဘုရင္ စနစ္သို႔ မၾကာေသးမီအခ်ိန္က ေျပာင္းလဲခဲ့ေၾကာင္း သိရသည္။ ဘုရင္ Jigme Singye Wangchuck သည္ ၎၏အုပ္ခ်ဳပ္ေရးအာဏာအမ်ားစုကို အစိုးရအဖြဲ႕ဝန္ႀကီးမ်ားေကာင္စီသို႔ လႊဲေျပာင္းေပးခဲ့ၿပီး အမ်ိဳးသားလႊတ္ေတာ္၏ (၃) ပုံ (၂)ပုံခန႔္ကို ဘုရင္ အား ေဝဖန္ေျပာဆိုခြင့္ျပဳခဲ့ေၾကာင္းသိရသည္။

(၁၉၉၉)ခုႏွစ္တြင္ ဘူတန္အစိုးရသည္ ႐ုပ္ျမင္ သံၾကားႏွင့္အင္တာနက္အေပၚ တားျမစ္ပိတ္ပင္မႈ မ်ားကို ႐ုပ္သိမ္းေပးခဲ့ၿပီး ႐ုပ္ျမင္သံၾကားကို မိတ္ဆက္ ခဲ့သည့္ ေနာက္ဆုံးႏိုင္ငံမ်ားထဲမွ တစ္ႏိုင္ငံျဖစ္လာ ေစခဲ့သည္။ ႐ုပ္ျမင္သံၾကားသည္ ဘူတန္ႏိုင္ငံကို ေခတ္မီတိုးတက္ေအာင္လုပ္ေဆာင္ရာတြင္ အေရးပါ ေသာေျခလွမ္းတစ္ခုျဖစ္သလို ျပည္သူမ်ား၏ ေပ်ာ္႐ႊင္ မႈအတြက္ အဓိကပံ့ပိုးကူညီသည့္ အရာျဖစ္ ေၾကာင္း ဘုရင္ကေျပာဆိုခဲ့ေသာ္လည္း ယင္းနည္းပညာအသစ္ ကိုအလြဲသုံးစားလုပ္ျခင္းသည္ ဘူတန္ ႐ိုးရာ တန္ဖိုးမ်ားကို ပ်က္ျပားသြားေစႏိုင္ေၾကာင္း သတိေပးခဲ့သည္။ ဘူတန္ႏိုင္ငံသည္ (၂၀ဝ၅) ခုႏွစ္ အေစာပိုင္းတြင္ ဖြဲ႕ စည္းပုံအေျခခံဥပေဒအသစ္တစ္ရပ္ကိုတင္ျပခဲ့ၿပီး ေနာက္ (၂၀ဝ၇) ခုႏွစ္ ဒီဇင္ဘာလ ႏွင့္ (၂၀ဝ၈)ခုႏွစ္ မတ္လတို႔တြင္ ပထမဆုံး အမ်ိဳးသားလႊတ္ေတာ္ေ႐ြး ေကာက္ပြဲမ်ားကို က်င္းပခဲ့ ေၾကာင္းလည္း သိရသည္။ ထို႔ေနာက္ (၂၀၂၃)ခုႏွစ္ ဒီဇင္ဘာလ(၁၃)ရက္ေန႔ တြင္ ဘူတန္ႏိုင္ငံသည္ ဖြံ႕ၿဖိဳးတိုးတက္မႈအနည္းဆုံးႏိုင္ငံစာရင္းမွ တရားဝင္ပယ္ဖ်က္ခံခဲ့ရေၾကာင္းသိရသည္။

စစ္တပ္
ဘူတန္ဘုရင့္တပ္မေတာ္သည္ ဘူတန္ႏိုင္ငံ၏စစ္ေရးဝန္ေဆာင္မႈျဖစ္ၿပီး ပါဝါၫႊန္းကိန္းအရ ကမာၻ ေပၚတြင္ အင္အားအနည္းဆုံး လက္နက္ကိုင္တပ္ဖြဲ႕ ျဖစ္ေၾကာင္း Global Firepower၏စစ္တမ္းအရ သိရသည္။ ဘူတန္စစ္တပ္တြင္ ေတာ္ဝင္အေစာင့္တပ္ ႏွင့္ ေတာ္ဝင္ဘူတန္ရဲတပ္ဖြဲ႕တို႔လည္းပါဝင္ၿပီး မိမိ ဆႏၵအေလ်ာက္ဝင္ေရာက္သူမ်ားလည္းရွိကာ စစ္မႈ ထမ္းဆင့္ေခၚခံရသူမ်ား၏ အနိမ့္ဆုံးအသက္မွာ (၁၈)ႏွစ္ျဖစ္ေၾကာင္းသိရသည္။

ဘူတန္စစ္တပ္သည္ အင္အား(၁၆၀ဝဝ)ခန႔္ သာရွိၿပီး အိႏၵိယစစ္တပ္က ၎တို႔ကိုေလ့က်င့္မႈမ်ား လုပ္ေဆာင္ေပးျခင္းျဖစ္ေၾကာင္းသိရသည္။ စစ္တပ္ ၏ ႏွစ္စဥ္အသုံးစရိတ္မွာ အေမရိကန္ေဒၚလာ (၁၃ ဒသမ ၇)သန္းျဖစ္ၿပီး ကုန္းတြင္းပိတ္ႏိုင္ငံျဖစ္သည့္ အတြက္ ေရတပ္မရွိေၾကာင္းလည္းသိရသည္။ ဘူ တန္စစ္တပ္တြင္ ေလတပ္လည္းမရွိသည့္အျပင္ ေလ ေၾကာင္းအကူအညီမ်ားအတြက္ အိႏၵိယေလတပ္၏ အေရွ႕ေလေၾကာင္းကြပ္ကဲမႈဌာနအေပၚ မွီခိုရေၾကာင္း သိရသည္။

စီးပြားေရး
ဘူတန္၏စီးပြားေရးသည္ စိုက္ပ်ိဳးေရး၊ သစ္ ေတာ၊ ခရီးသြားလုပ္ငန္းႏွင့္ အိႏၵိယသို႔ ေရအားလွ်ပ္ စစ္ေရာင္းခ်မႈအေပၚ အေျခခံထားသည္။ စိုက္ပ်ိဳးေရး သည္ ႏိုင္ငံစုစုေပါင္းလူဦးေရ၏(၅၅ ဒသမ ၄) ရာခိုင္ ႏႈန္းအတြက္ အဓိကအသက္ေမြးလမ္းေၾကာင္းကို ပံ့ပိုးေပးျခင္းျဖစ္သည္။ အဆိုပါ စိုက္ပ်ိဳးေရး လုပ္ငန္းတြင္ လယ္ယာစိုက္ပ်ိဳးေရးႏွင့္ တိရစာၦန္ေမြးျမဴေရး တို႔လည္းပါဝင္သည္။ ထို႔ျပင္ ဘူတန္သည္ ေတာင္ကုန္းထူထပ္ေသာႏိုင္ငံျဖစ္ေသာေၾကာင့္ လမ္းမႀကီး မ်ားႏွင့္ အျခားအေျခခံအေဆာက္အအုံမ်ား တည္ ေဆာက္ရန္ခက္ခဲၿပီး ကုန္က်စရိတ္လည္း အလြန္ႀကီးမားေၾကာင္း သိရသည္။

စိုက္ပ်ိဳးေရးႏွင့္စက္မႈလုပ္ငန္း
ဘူတန္ဆန္နီသည္ ေျမာက္အေမရိကႏွင့္ဥေရာ ပတို႔တြင္ ေဈးကြက္ရွိၿပီး ႏိုင္ငံ၏ အက်ယ္ျပန႔္ဆုံး စိုက္ပ်ိဳးေရးပို႔ကုန္ျဖစ္သည္။ ထို႔ျပင္ ဘဂၤလားေဒ့ရွ္ႏိုင္ ငံသည္ ဘူတန္ႏိုင္ငံကထြက္ရွိေသာ ပန္းသီးႏွင့္ လိေမၼာ္သီးတို႔အတြက္ အႀကီးဆုံး ေဈးကြက္တစ္ခု လည္းျဖစ္သည္။ ဘူတန္တြင္ ငါးေမြးျမဴေရးလုပ္ငန္း မ်ားသည္ အဓိကအားျဖင့္ trout ငါးႏွင့္ carp ငါးတို႔ ကိုေမြးျမဴၾကေၾကာင္းလည္း သိရသည္။ စက္မႈ လုပ္ငန္းက႑သည္ ႏိုင္ငံ့စီးပြားေရး(၂၂) ရာခိုင္ႏႈန္း ရွိၿပီး အဓိကထုတ္လုပ္ေရးက႑တြင္ ferroalloy၊
ဘိလပ္ေျမ၊ သံတိုင္မ်ား၊ သံမဏိထုတ္ကုန္မ်ား၊ သန႔္ စင္ထားေသာဂရပ္ဖိုက္၊ ေၾကးနီ၊ အရက္ႏွင့္ အေဖ်ာ္ ယမကာမ်ား၊ သစ္သီးမ်ား၊ေကာ္ေဇာမ်ား၊သစ္သားထုတ္ကုန္ မ်ားႏွင့္ပရိေဘာမ်ားပါဝင္ ေၾကာင္းသိရ သည္။

စြမ္းအင္လုပ္ငန္း
ဘူတန္၏ အႀကီးဆုံးပို႔ကုန္မွာ ေရအားလွ်ပ္ စစ္ျဖစ္ၿပီး (၂၀၁၅)ခုႏွစ္အထိ ဟိမဝႏၲာေတာင္ ၾကားရွိ ေရကာတာမ်ားမွ ေရအားလွ်ပ္စစ္(၂၀ဝဝ)မဂၢါဝပ္ခန႔္ ထုတ္ေပးေနေၾကာင္း သိရသည္။ ဘူတန္ႏိုင္ငံသည္ ေရအားလွ်ပ္စစ္(၃)ေသာင္း မဂၢါဝပ္အထိ ထုတ္ လုပ္ႏိုင္မည့္အလားအလာရွိေနၿပီး ထြက္ရွိလာေသာ လွ်ပ္စစ္ျဖင့္ အိႏၵိယျပည္နယ္အမ်ားအျပားကို လွ်ပ္ စစ္ဓာတ္အားေပးလ်က္ရွိသည္။ ဘူတန္သည္ အနာ ဂတ္ပေရာဂ်က္မ်ားကို ဘဂၤလားေဒ့ရွ္ႏိုင္ငံႏွင့္အတူစီ စဥ္ေနၿပီး ေရအားလွ်ပ္စစ္သည္ ႏိုင္ငံ၏ ငါးႏွစ္တာ စီမံကိန္းအတြက္ အဓိကလုပ္ငန္းတစ္ခုအျဖစ္ အာ႐ုံ စိုက္ခံထားရသည္။ ထို႔ျပင္ ေရအားလွ်ပ္စစ္စီမံကိန္း မ်ားကိုေဖာ္ေဆာင္ရာတြင္ အိႏၵိယ၊ ဩစႀတီးယားႏွင့္ အာရွဖြံ႕ၿဖိဳးတိုးတက္ေရး ဘဏ္တို႔ထံမွ အကူ အညီ မ်ားရရွိထားေၾကာင္းလည္း သိရသည္။ ဘူတန္ႏိုင္ငံ တြင္ ေရအားလွ်ပ္စစ္ အျပင္ ေနေရာင္ျခည္စြမ္းအင္၊ ေလႏွင့္ဇီဝစြမ္းအင္တို႔ကဲ့သို႔ေသာ ျပန္လည္ျပည့္ၿဖိဳးၿမဲစြမ္းအင္အရင္း ျမစ္မ်ားလည္းရွိေၾကာင္း သိရသည္။

အထိမ္းအမွတ္အေမြအႏွစ္ေနရာမ်ား
လက္ရွိအခ်ိန္တြင္ ဘူတန္ႏိုင္ငံ၌ ယူနက္စကို စာရင္းဝင္ ကမာၻ႔အေမြအႏွစ္ေနရာမ်ား မရွိေသး ေသာ္လည္း (၂၀၁၂) ခုႏွစ္မွစတင္ကာ ယူနက္စကိုတြင္ပါဝင္ရန္ ေၾကညာထားသည့္ေနရာ(၈)ခု ရွိ ေၾကာင္း သိရသည္။

အဆိုပါေနရာမ်ားမွာ Drukgyel Dzong ဗုဒၶ ဘာသာဘုန္းေတာ္ႀကီးေက်ာင္း၏ ေရွးေဟာင္း အပ်က္ အစီးမ်ား၊ Bumdelling ေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာ၊ Dzongs ဗိသုကာပညာလက္ရာ၊ Jigme Dorji
အမ်ိဳးသားဥယ်ာဥ္၊ Royal Manas အမ်ိဳးသားဥယ်ာဥ္၊ တိဗက္ဘုန္းေတာ္ႀကီး Phajo Drugom Zhigpo ႏွင့္ ၎ င္း၏သားစဥ္ေျမးဆက္ မ်ားႏွင့္ဆက္စပ္ေနေသာ ျမင့္ျမတ္ေသာေနရာမ်ား၊ Sakteng
ေတာ႐ိုင္းတိရစာၦန္ ေဘးမဲ့ေတာႏွင့္ Tamzhing ဘုန္းေတာ္ႀကီးေက်ာင္းတို႔ျဖစ္သည္။ ဘူတန္တြင္ ယူနက္စကိုစာရင္းတြင္မပါဝင္သည့္ ခရီး သြားေနရာအမ်ားအျပားလည္းရွိေၾကာင္း သိရသည္။ ယူနက္စကို၏ ကမာၻ႔အေမြအႏွစ္စာရင္းတြင္ ပါဝင္ သည့္ တစ္ခုတည္းေသာအရာမွာ Drametse
အသိုင္းအဝိုင္း၏ ျမင့္ျမတ္ေသာ မ်က္ႏွာဖုံးအကျဖစ္သည္။

Related news

© 2021. All rights reserved.