တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းသို့ အင်အားပြင်း ယာဂီမုန်တိုင်း ဝင်ရောက်တိုက်ခတ်

 2854

ဂျန်ဇက် (NP News) - စက်တင်ဘာ ၇

စူပါတိုက်ဖွန်း မုန်တိုင်းသည် တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ်ကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် အနည်းဆုံး နှစ်ဦး သေဆုံးခဲ့ကြောင်း၊ အနည်းဆုံးလူပေါင်း ၉၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယာဂီမုန်တိုင်းသည် စက်တင်ဘာလ ၆ ရက်တွင် ဟိုင်နန်ကျွန်း ကုန်တွင်းပိုင်းကို ဝင်ရောက်တိုက်ခတ်ခဲ့ပြီး လေတိုက်နှုန်းက တစ်နာရီကို ၁၄၅ မိုင်နှုန်းဖြင့်တိုက်ခတ်ခဲ့ရာသစ်ပင်များ ပြိုလဲခြင်းများ၊ လမ်းများအပေါ်တွင် ရေကြီးမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

မုန်တိုင်းဝင်ရောက်တိုက်ခတ်ချိန်အတွင်း မိုးသည်းထန်စွာရွာသွန်းမှု နှင့် လေပြင်းတိုက်ခိုက်မှု နှင့် လျှပ်စီးလျှပ်ခြင်း များ ဖြစ်ပွားခဲ့ပြီး အိမ်ပေါင်း ၈ သိန်းကျော် မီးမရဘဲဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ အင်အားပြင်း စူပါမုန်တိုင်း သည် တရုတ်နိုင်ငံကို မတိုက်ခတ်ခင် ဖိလစ်ပိုင်နိုင်ငံသို့ ကနဦး ဝင်ရောက်တိုက်ခတ်ခဲ့ကြောင်း သိရသည်။
ဖိလစ်ပိုင်နိုင်ငံသို့ ယာဂီမုန်တိုင်း ဝင်ရောက်တိုက်ခတ်ချိန်အတွင်း အနည်းဆုံး လူပေါင်း ၁၆ ဦး သေဆုံးကာ ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။ မုန်တိုင်းသည် လက်ရှိအချိန်တွင် ဗီယက်နမ်နိုင်ငံသို့ ဦးတည်နေကြောင်း၊ မုန်တိုင်းကြောင့် တရုတ်နိုင်ငံ ဟိုင်နန်ကျွန်းသို့ ပျံသန်းမည့် လေကြောင်းခရီးစဉ်အချို့
ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။ တရုတ်နိုင်ငံဟိုင်နန်တွင်လည်း မုန်တိုင်းမဝင်ရောက်ခင် သယ်ယူပို့ဆောင်ရေး လုပ်ငန်းအချို့ ဆိုင်းငံ့ခဲ့ရကြောင်း သိရသည်။

Zawgyi Version;
တ႐ုတ္ႏိုင္ငံ ဟိုင္နန္ကြၽန္းသို႔ အင္အားျပင္း ယာဂီမုန္တိုင္း ဝင္ေရာက္တိုက္ခတ္
ဂ်န္ဇက္ (NP News) - စက္တင္ဘာ ၇

စူပါတိုက္ဖြန္း မုန္တိုင္းသည္ တ႐ုတ္ႏိုင္ငံ ဟိုင္နန္ျပည္နယ္ကို ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီးေနာက္ အနည္းဆုံး ႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း၊ အနည္းဆုံးလူေပါင္း ၉၂ ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း သိရသည္။
ယာဂီမုန္တိုင္းသည္ စက္တင္ဘာလ ၆ ရက္တြင္ ဟိုင္နန္ကြၽန္း ကုန္တြင္းပိုင္းကို ဝင္ေရာက္တိုက္ခတ္ခဲ့ၿပီး ေလတိုက္ႏႈန္းက တစ္နာရီကို ၁၄၅ မိုင္ႏႈန္းျဖင့္တိုက္ခတ္ခဲ့ရာသစ္ပင္မ်ား ၿပိဳလဲျခင္းမ်ား၊ လမ္းမ်ားအေပၚတြင္ ေရႀကီးမႈမ်ား ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

မုန္တိုင္းဝင္ေရာက္တိုက္ခတ္ခ်ိန္အတြင္း မိုးသည္းထန္စြာ႐ြာသြန္းမႈ ႏွင့္ ေလျပင္းတိုက္ခိုက္မႈ ႏွင့္ လွ်ပ္စီးလွ်ပ္ျခင္း မ်ား ျဖစ္ပြားခဲ့ၿပီး အိမ္ေပါင္း ၈ သိန္းေက်ာ္ မီးမရဘဲျဖစ္ပြားခဲ့ေၾကာင္း သိရသည္။ အဆိုပါ အင္အားျပင္း စူပါမုန္တိုင္း သည္ တ႐ုတ္ႏိုင္ငံကို မတိုက္ခတ္ခင္ ဖိလစ္ပိုင္ႏိုင္ငံသို႔ ကနဦး ဝင္ေရာက္တိုက္ခတ္ခဲ့ေၾကာင္း သိရသည္။
ဖိလစ္ပိုင္ႏိုင္ငံသို႔ ယာဂီမုန္တိုင္း ဝင္ေရာက္တိုက္ခတ္ခ်ိန္အတြင္း အနည္းဆုံး လူေပါင္း ၁၆ ဦး ေသဆုံးကာ ၁၃ ဦး ဒဏ္ရာရခဲ့ေၾကာင္း သိရသည္။ မုန္တိုင္းသည္ လက္ရွိအခ်ိန္တြင္ ဗီယက္နမ္ႏိုင္ငံသို႔ ဦးတည္ေနေၾကာင္း၊ မုန္တိုင္းေၾကာင့္ တ႐ုတ္ႏိုင္ငံ ဟိုင္နန္ကြၽန္းသို႔ ပ်ံသန္းမည့္ ေလေၾကာင္းခရီးစဥ္အခ်ိဳ႕
ဖ်က္သိမ္းခဲ့ရေၾကာင္း သိရသည္။ တ႐ုတ္ႏိုင္ငံဟိုင္နန္တြင္လည္း မုန္တိုင္းမဝင္ေရာက္ခင္ သယ္ယူပို႔ေဆာင္ေရး လုပ္ငန္းအခ်ိဳ႕ ဆိုင္းငံ့ခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.