အင်းလေးဖောင်တော်ဦး ဘုရားပွဲတော် အောက်တိုဘာလ ၃ ရက်က စတင်ကာ ၁၈ ရက်ကြာ ကျင်းပမည်

 426

NP News - စက်တင်ဘာ ၈ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဒေသ၌ အင်းလေးဖောင်တော်ဦးဘုရားပွဲတော်ကို လာမည့် အောက်တိုဘာလ ၃ ရက်မှ စတင်ကာ အောက်တိုဘာ ၂ဝ ရက်အထိ ၁၈ ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ရှေးအစဉ်အလာအတိုင်း (၂၁)ဌာနသို့ မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ ဒေသစာရီကြွချီပူဇော်ခံ အစီအစဉ်ကို ရက်စွဲအလိုက် သတ်မှတ်ထားကြောင်း အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ထိန်းသိမ်းစောင့်ရှောက်ရေးဂေါပက အဖွဲ့ထံမှ သိရသည်။

အစီအစဉ်အရ မြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များသည် အောက်တိုဘာ ၃ ရက် (သီတင်းကျွတ်လဆန်း ၁ ရက်) နံနက် (၄)နာရီတွင် ဖောင်တော်ဦးကျောင်းတော်၌ ဒေသစာရီအပူဇော်ခံကြွချီခြင်း မင်္ဂလာအခမ်းအနားဖွင့်လှစ်ပြီး နောက် နံနက်(၇)နာရီတွင် အင်းတိန်ကြေးပေါခုံ ကျောင်းသို့ကြွရောက်၍ ညကျိန်းအနေဖြင့် အပူဇော်ခံမှာဖြစ် ကြောင်း နှင့် အောက်တိုဘာ ၄ ရက် (သီတင်းကျွတ်လဆန်း ၂ ရက်) နံနက်မှ စတင်ကာ ကြေးပေါခုံကျောင်း- အင်းတိန်စံကျောင်း- ဟဲယားရွာမစံကျောင်းများသို့ကြွချီကာ ညကျိန်းအနေဖြင့် (၂) ည အပူဇော်ခံမှာဖြစ်သည်။

အောက်တိုဘာ ၆ ရက် နံနက်ပိုင်းတွင် ဟဲယာရွာမစံကျောင်းမှ ကြွချီပြီး ငါးဖယ်ချောင်းကျောင်းတွင် ညကျိန်းကာ အောက်တိုဘာ ၇ ရက်၌ ငါးဖယ်ချောင်းကျောင်းမှ ထွက်ခွာ၍ ကြေးစားကျောင်းတွင် ညကျိန်း အပူဇော်ခံသွားမည် ဖြစ်ကြောင်း နှင့် အောက်တိုဘာ ၈ ရက်တွင် ကြေးစားကျောင်းမှ ပွဲစားကုန်းကျောင်း-လင်းကင်းကျောင်း၊ အောက်တိုဘာ ၉ ရက်တွင် လင်းကင်းကျောင်းမှ ညောင်ရွှေမြို့ကျောင်းတော်သို့ကြွချီ၍ ၃ ရက်ညကျိန်း ပူဇော်ခံသွားမည်ဖြစ်သည်။

အောက်တိုဘာ ၁၂ ရက်၌ ညောင်ရွှေမြို့ကျောင်းတော်မှ နန်းသဲကျောင်း- မိုင်းသောက်ကျောင်း၊ အောက်တိုဘာ ၁၃ ရက်တွင် မိုင်းသောက်ကျောင်းမှ သလဲဦးကျောင်း၊ အောက်တိုဘာ ၁၄ ရက်၌ သလဲဦးကျောင်း-ကေလာကျောင်း- ဇရပ်ကြီးကျောင်း၊ အောက်တိုဘာ ၁၅ ရက်တွင် ဇရပ်ကြီးကျောင်း-အလိုတော်ပေါက်တောင်ကျောင်း-နမ့်ပန် ကျောင်း၊ အောက်တိုဘာ ၁၆ ရက်တွင် နမ့်ပန်ကျောင်း-မကျည်းဆိပ်ကျောင်း-ကျိုက်ခမ်ကျောင်း၊ အောက်တိုဘာ ၁၇ ရက်တွင် ကျိုက်ခမ်ကျောင်းမှ မိုင်းပျိုကျောင်းတို့သို့ အသီးသီးကြွချီ၍ ညကျိန်းအဖြစ် အပူဇော်ခံသွားမည်ဟု ထုတ်ပြန်ထားသည်။

နောက်ဆုံးရက်များအဖြစ် အောက်တိုဘာ ၁၈ ရက်တွင် မိုင်းပျိုကျောင်း-နောက်တောကျောင်း၊ အောက်တိုဘာ ၁၉ ရက်၌ နောင်တောကျောင်း- အင်ပေါခုံကျောင်း - ရေသာကျောင်းတို့ကြွချီ၍ အောက်တိုဘာ ၂ဝ ရက်တွင်မူ ရေသာ ကျောင်းမှ ဖောင်တော်ဦးကျောင်းတော်သို့ ပြန်လည်ကြွချီတော်မူမှာဖြစ်ကြောင်း သိရသည်။
ထို့အပြင် ဘုရားပွဲတော်အတွင်း အင်းသားတို့၏ ဓလေ့တစ်ခုဖြစ်သော ခြေဖြင့်လှော်ခတ်သည့် လှေလှော်ပြိုင်ပွဲ ပါဝင်မည့်အပြင် အောက်တိုဘာလ ၂၁ ရက်နှင့် နိုဝင်ဘာလ ၁ ရက်နေ့များတွင် အင်းသားရိုးရာလှေပြိုင်ပွဲများကို ကျင်းပသွားမည်ဟု သိရသည်။

Zawgyi Version;
အင္းေလးေဖာင္ေတာ္ဦး ဘုရားပြဲေတာ္ ေအာက္တိုဘာလ ၃ ရက္က စတင္ကာ ၁၈ ရက္ၾကာ က်င္းပမည္
NP News - စက္တင္ဘာ ၈ ရက္

ရွမ္းျပည္နယ္ေတာင္ပိုင္း၊ ေညာင္ေ႐ႊၿမိဳ႕နယ္၊ အင္းေလးေဒသ၌ အင္းေလးေဖာင္ေတာ္ဦးဘုရားပြဲေတာ္ကို လာမည့္ ေအာက္တိုဘာလ ၃ ရက္မွ စတင္ကာ ေအာက္တိုဘာ ၂ဝ ရက္အထိ ၁၈ ရက္ၾကာ က်င္းပသြားမည္ျဖစ္ၿပီး ေရွးအစဥ္အလာအတိုင္း (၂၁)ဌာနသို႔ ျမတ္စြာဘုရား ႐ုပ္ရွင္ေတာ္ျမတ္မ်ား ေဒသစာရီႂကြခ်ီပူေဇာ္ခံ အစီအစဥ္ကို ရက္စြဲအလိုက္ သတ္မွတ္ထားေၾကာင္း အင္းေလးေဖာင္ေတာ္ဦးျမတ္စြာဘုရား ထိန္းသိမ္းေစာင့္ေရွာက္ေရးေဂါပက အဖြဲ႕ထံမွ သိရသည္။

အစီအစဥ္အရ ျမတ္စြာဘုရား ႐ုပ္ရွင္ေတာ္ျမတ္မ်ားသည္ ေအာက္တိုဘာ ၃ ရက္ (သီတင္းကြၽတ္လဆန္း ၁ ရက္) နံနက္ (၄)နာရီတြင္ ေဖာင္ေတာ္ဦးေက်ာင္းေတာ္၌ ေဒသစာရီအပူေဇာ္ခံႂကြခ်ီျခင္း မဂၤလာအခမ္းအနားဖြင့္လွစ္ၿပီး ေနာက္ နံနက္(၇)နာရီတြင္ အင္းတိန္ေၾကးေပါခုံ ေက်ာင္းသို႔ႂကြေရာက္၍ ညက်ိန္းအေနျဖင့္ အပူေဇာ္ခံမွာျဖစ္ ေၾကာင္း ႏွင့္ ေအာက္တိုဘာ ၄ ရက္ (သီတင္းကြၽတ္လဆန္း ၂ ရက္) နံနက္မွ စတင္ကာ ေၾကးေပါခုံေက်ာင္း- အင္းတိန္စံေက်ာင္း- ဟဲယား႐ြာမစံေက်ာင္းမ်ားသို႔ႂကြခ်ီကာ ညက်ိန္းအေနျဖင့္ (၂) ည အပူေဇာ္ခံမွာျဖစ္သည္။

ေအာက္တိုဘာ ၆ ရက္ နံနက္ပိုင္းတြင္ ဟဲယာ႐ြာမစံေက်ာင္းမွ ႂကြခ်ီၿပီး ငါးဖယ္ေခ်ာင္းေက်ာင္းတြင္ ညက်ိန္းကာ ေအာက္တိုဘာ ၇ ရက္၌ ငါးဖယ္ေခ်ာင္းေက်ာင္းမွ ထြက္ခြာ၍ ေၾကးစားေက်ာင္းတြင္ ညက်ိန္း အပူေဇာ္ခံသြားမည္ ျဖစ္ေၾကာင္း ႏွင့္ ေအာက္တိုဘာ ၈ ရက္တြင္ ေၾကးစားေက်ာင္းမွ ပြဲစားကုန္းေက်ာင္း-လင္းကင္းေက်ာင္း၊ ေအာက္တိုဘာ ၉ ရက္တြင္ လင္းကင္းေက်ာင္းမွ ေညာင္ေ႐ႊၿမိဳ႕ေက်ာင္းေတာ္သို႔ႂကြခ်ီ၍ ၃ ရက္ညက်ိန္း ပူေဇာ္ခံသြားမည္ျဖစ္သည္။

ေအာက္တိုဘာ ၁၂ ရက္၌ ေညာင္ေ႐ႊၿမိဳ႕ေက်ာင္းေတာ္မွ နန္းသဲေက်ာင္း- မိုင္းေသာက္ေက်ာင္း၊ ေအာက္တိုဘာ ၁၃ ရက္တြင္ မိုင္းေသာက္ေက်ာင္းမွ သလဲဦးေက်ာင္း၊ ေအာက္တိုဘာ ၁၄ ရက္၌ သလဲဦးေက်ာင္း-ေကလာေက်ာင္း- ဇရပ္ႀကီးေက်ာင္း၊ ေအာက္တိုဘာ ၁၅ ရက္တြင္ ဇရပ္ႀကီးေက်ာင္း-အလိုေတာ္ေပါက္ေတာင္ေက်ာင္း-နမ့္ပန္ ေက်ာင္း၊ ေအာက္တိုဘာ ၁၆ ရက္တြင္ နမ့္ပန္ေက်ာင္း-မက်ည္းဆိပ္ေက်ာင္း-က်ိဳက္ခမ္ေက်ာင္း၊ ေအာက္တိုဘာ ၁၇ ရက္တြင္ က်ိဳက္ခမ္ေက်ာင္းမွ မိုင္းပ်ိဳေက်ာင္းတို႔သို႔ အသီးသီးႂကြခ်ီ၍ ညက်ိန္းအျဖစ္ အပူေဇာ္ခံသြားမည္ဟု ထုတ္ျပန္ထားသည္။

ေနာက္ဆုံးရက္မ်ားအျဖစ္ ေအာက္တိုဘာ ၁၈ ရက္တြင္ မိုင္းပ်ိဳေက်ာင္း-ေနာက္ေတာေက်ာင္း၊ ေအာက္တိုဘာ ၁၉ ရက္၌ ေနာင္ေတာေက်ာင္း- အင္ေပါခုံေက်ာင္း - ေရသာေက်ာင္းတို႔ႂကြခ်ီ၍ ေအာက္တိုဘာ ၂ဝ ရက္တြင္မူ ေရသာ ေက်ာင္းမွ ေဖာင္ေတာ္ဦးေက်ာင္းေတာ္သို႔ ျပန္လည္ႂကြခ်ီေတာ္မူမွာျဖစ္ေၾကာင္း သိရသည္။
ထို႔အျပင္ ဘုရားပြဲေတာ္အတြင္း အင္းသားတို႔၏ ဓေလ့တစ္ခုျဖစ္ေသာ ေျချဖင့္ေလွာ္ခတ္သည့္ ေလွေလွာ္ၿပိဳင္ပြဲ ပါဝင္မည့္အျပင္ ေအာက္တိုဘာလ ၂၁ ရက္ႏွင့္ ႏိုဝင္ဘာလ ၁ ရက္ေန႔မ်ားတြင္ အင္းသား႐ိုးရာေလွၿပိဳင္ပြဲမ်ားကို က်င္းပသြားမည္ဟု သိရသည္။

Related news

© 2021. All rights reserved.