မလေးရှားနိုင်ငံသို့ ဆိတ်အရှင်အကောင်ရေ ၃ဝ,ဝဝဝ ယခုနှစ်အတွင်း တင်ပို့မည်

 1851

NP News - စက်တင်ဘာ ၈ ရက်

မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ ယခုနှစ်မှစ၍ သိုးနှင့်ဆိတ်အရှင်များ တင်ပို့နိုင်ရန် သဘောတူညီမှုများရရှိခဲ့ပြီး ယခုနှစ်အတွင်း ဆိတ်အကောင်ရေ ၃၀,၀၀၀ တင်ပို့နိုင်ဖို့အတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

လက်ရှိတွင် မလေးရှားနိုင်ငံသို့ သိုးနှင့်ဆိတ်အရှင်များ တင်ပို့နိုင်ရန် သတ်မှတ်လုပ်ငန်းစဉ်များ အကောင်အထည် ဖော်ဆောင်ရွက်ပြီးဖြစ်သည့် Mansa Iron & Steel Fabrication & Manufacturing Co.,Ltd မှ ရမည်းသင်းခရိုင်၊ ပျော်ဖွယ်မြို့နယ်ရှိ ယာယီစုဆောင်းရာနေရာ၌ စုဆောင်းထားရှိပြီးဖြစ်သည့် ဆိတ်အရှင် အကောင်ရေ ၁၅၀၀ ကို ပထမ အသုတ်အနေဖြင့် တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ကုမ္ပဏီအနေဖြင့် ယခုနှစ်အတွင်း ဆိတ်အရှင် အကောင်ရေ ၃၀,၀၀၀ တင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

လာမည့်နှစ်များတွင်လည်း ဆိတ်အရှင်များ တိုးမြှင့်တင်ပို့နိုင်ရန် ဆောင်ရွက်လျက်ရှိသည့်အတွက် တောင်သူများ အနေဖြင့် ဆိတ်မွေးမြူရေးလုပ်ငန်းကို ပိုမိုအောင်မြင်အောင် ဆောင်ရွက်နိုင်ပါက ဈေးကွက်အလားလာကောင်း များ ရှိနေသည်။

သိုးနှင့် ဆိတ်အရှင်များ တင်ပို့နိုင်ရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံအတွင်း စစ်ဆေးမှုများကို ဆောင်ရွက်နိုင်ရန် သီလဝါဆိပ်ကမ်းရှိ တိရစ္ဆာန်ရောဂါ ထိန်းသိမ်းစောင့်ကြည့် စစ်ဆေးရေးစခန်း(Animal Quarantine Station – AQS) ပြင်ဆင်ရေး၊ မလေးနိုင်ငံမှ ပညာရှင်များကို ဖိတ်ခေါ်၍ AQS စခန်းကို အတည်ပြုနိုင်ရေးနှင့် ရောဂါ စူးစမ်းရှာဖွေ ထိန်းချုပ်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ယင်းလုပ်ငန်းများအတွက် လိုက်နာဆောင်ရွက်ရမည့် ကျန်းမာရေး လိုအပ်ချက်အစီအမံများကို နှစ်နိုင်ငံ ညှိနှိုင်း အတည်ပြုချက်ရယူခြင်း၊ မြန်မာနိုင်ငံမှထုတ်ပေးမည့် တိရစ္ဆာန်ကျန်းမာကြောင်း လက်မှတ်မူကြမ်း (Veterinary Health Certificate model) ပေးပို့၍ မလေးရှားနိုင်ငံနှင့် အတည်ပြုချက်ရယူခြင်းများကို ၂ဝ၂၄ ခုနှစ် ဇွန်လ နှင့် ဇူလိုင်လအတွင်း ဆောင်ရွက်ခဲ့ရာ နှစ်နိုင်ငံ သဘောတူညီမှုလည်း ရရှိထားပြီးဖြစ်ကြောင်း မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန မှ သိရသည်။

Zawgyi Version;
မေလးရွားႏိုင္ငံသို႔ ဆိတ္အရွင္အေကာင္ေရ ၃ဝ,ဝဝဝ ယခုႏွစ္အတြင္း တင္ပို႔မည္
NP News - စက္တင္ဘာ ၈ ရက္

ျမန္မာႏိုင္ငံမွ မေလးရွားႏိုင္ငံသို႔ ယခုႏွစ္မွစ၍ သိုးႏွင့္ဆိတ္အရွင္မ်ား တင္ပို႔ႏိုင္ရန္ သေဘာတူညီမႈမ်ားရရွိခဲ့ၿပီး ယခုႏွစ္အတြင္း ဆိတ္အေကာင္ေရ ၃၀,၀၀၀ တင္ပို႔ႏိုင္ဖို႔အတြက္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း ေမြးျမဴေရးႏွင့္ ကုသေရးဦးစီးဌာနမွ သိရသည္။

လက္ရွိတြင္ မေလးရွားႏိုင္ငံသို႔ သိုးႏွင့္ဆိတ္အရွင္မ်ား တင္ပို႔ႏိုင္ရန္ သတ္မွတ္လုပ္ငန္းစဥ္မ်ား အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ၿပီးျဖစ္သည့္ Mansa Iron & Steel Fabrication & Manufacturing Co.,Ltd မွ ရမည္းသင္းခ႐ိုင္၊ ေပ်ာ္ဖြယ္ၿမိဳ႕နယ္ရွိ ယာယီစုေဆာင္းရာေနရာ၌ စုေဆာင္းထားရွိၿပီးျဖစ္သည့္ ဆိတ္အရွင္ အေကာင္ေရ ၁၅၀၀ ကို ပထမ အသုတ္အေနျဖင့္ တင္ပို႔ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ အဆိုပါ ကုမၸဏီအေနျဖင့္ ယခုႏွစ္အတြင္း ဆိတ္အရွင္ အေကာင္ေရ ၃၀,၀၀၀ တင္ပို႔ႏိုင္ရန္ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း သိရသည္။

လာမည့္ႏွစ္မ်ားတြင္လည္း ဆိတ္အရွင္မ်ား တိုးျမႇင့္တင္ပို႔ႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိသည့္အတြက္ ေတာင္သူမ်ား အေနျဖင့္ ဆိတ္ေမြးျမဴေရးလုပ္ငန္းကို ပိုမိုေအာင္ျမင္ေအာင္ ေဆာင္႐ြက္ႏိုင္ပါက ေဈးကြက္အလားလာေကာင္း မ်ား ရွိေနသည္။

သိုးႏွင့္ ဆိတ္အရွင္မ်ား တင္ပို႔ႏိုင္ေရးႏွင့္ပတ္သက္၍ ျမန္မာႏိုင္ငံအတြင္း စစ္ေဆးမႈမ်ားကို ေဆာင္႐ြက္ႏိုင္ရန္ သီလဝါဆိပ္ကမ္းရွိ တိရစာၦန္ေရာဂါ ထိန္းသိမ္းေစာင့္ၾကည့္ စစ္ေဆးေရးစခန္း(Animal Quarantine Station – AQS) ျပင္ဆင္ေရး၊ မေလးႏိုင္ငံမွ ပညာရွင္မ်ားကို ဖိတ္ေခၚ၍ AQS စခန္းကို အတည္ျပဳႏိုင္ေရးႏွင့္ ေရာဂါ စူးစမ္းရွာေဖြ ထိန္းခ်ဳပ္ျခင္းလုပ္ငန္းမ်ားကိုလည္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

ယင္းလုပ္ငန္းမ်ားအတြက္ လိုက္နာေဆာင္႐ြက္ရမည့္ က်န္းမာေရး လိုအပ္ခ်က္အစီအမံမ်ားကို ႏွစ္ႏိုင္ငံ ညႇိႏႈိင္း အတည္ျပဳခ်က္ရယူျခင္း၊ ျမန္မာႏိုင္ငံမွထုတ္ေပးမည့္ တိရစာၦန္က်န္းမာေၾကာင္း လက္မွတ္မူၾကမ္း (Veterinary Health Certificate model) ေပးပို႔၍ မေလးရွားႏိုင္ငံႏွင့္ အတည္ျပဳခ်က္ရယူျခင္းမ်ားကို ၂ဝ၂၄ ခုႏွစ္ ဇြန္လ ႏွင့္ ဇူလိုင္လအတြင္း ေဆာင္႐ြက္ခဲ့ရာ ႏွစ္ႏိုင္ငံ သေဘာတူညီမႈလည္း ရရွိထားၿပီးျဖစ္ေၾကာင္း ေမြးျမဴေရးႏွင့္ကုသေရး ဦးစီးဌာန မွ သိရသည္။

Related news

© 2021. All rights reserved.