မြန်မာ့ပြောင်း ထိုင်းဈေးကွက်တင်ပို့ရာသီပြီးဆုံး၍ အိန္ဒိယဈေးကွက်သို့ တင်ပို့ဖို့ ကြိုးပမ်းနေ

 753

NP News - စက်တင်ဘာ ၈ ရက်

မြန်မာ့ဒေသထွက် ပြောင်းသီးနှံများအား ထိုင်းနိုင်ငံဈေးကွက်သို့ တင်ပို့မှု ရာသီကုန်ပြီဖြစ်သည့်အတွက် ဈေးကွက် အတွင်း ပို့ကုန် ဝယ်လက်သမားများ၏ ဝယ်ယူမှုမှာလည်း ကျဆင်းလာနိုင်ခြင်းတို့ကြောင့် အိန္ဒိယဈေးကွက်သို့ တင်ပို့နိုင်ရန် ကုန်သည်များမှ ကြိုးပမ်းလျက်ရှိနေကြောင်း မြန်မာနိုင်ငံပြောင်းလုပ်ငန်းအသင်းမှ သိရသည်။
ထိုင်းနိုင်ငံဈေးကွက်သို့ နှစ်စဉ် ဖေဖော်ဝါရီလမှ ဩဂုတ်လကုန်အထိ အခွန်ကင်းလွတ်ခွင့်ဖြင့် ပြောင်းသီးနှံများ တင်ပို့ခဲ့ပြီး ရန်ကုန်-ကော့သောင်း-ရနောင်း ရေကြောင်းကုန်သွယ်မှုလမ်းကြောင်းဖြင့် ရန်ကုန် ဆိပ်ကမ်းများမှ ထိုင်းနိုင်ငံသို့ ပြီးခဲ့တဲ့ ဩဂုတ်လကုန်ပိုင်းက နောက်ဆုံးတင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းနိုင်ငံသို့ တင်ပို့မှု ရာသီချိန်ကာလအတွင်း ပြောင်းသီးနှံတန်ချိန် ၁ ဒသမ ၈ သန်း တင်ပို့ထားနိုင်ခဲ့ပြိး ယခုနှစ် အတွင်း ပြောင်းသီးနှံတင်ပို့မှုအနေဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အနည်းငယ်သာတင်ပို့ခဲ့ခြင်းဖြစ် သည်။ ပင်လယ်ရေကြောင်းကုန်သွယ်ရေးလမ်းကြောင်းမှ အများဆုံးတင်ပို့နိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန စာရင်းများအရ သိရသည်။
မကြာမီ ကာလအတွင်း သီပေါနှင့် နောင်ချိုဘက်မှ ပြောင်းအသစ်များထွက်ရှိလာမည်ဖြစ်ရာ လက်ရှိ ပြောင်းဈေးမှာ ရန်ကုန်ဈေးကွက်တွင် တစ်ပိသာလျှင် ကျပ် ၁၇၃၀ မှ ၁၇၅၀ ကြား ပေါက်ဈေးရှိနေပြီး ဈေးအနည်းငယ် ကျဆင်း နိုင်ချေရှိနေကြောင်း သိရသည်။

Zawgyi Version;
ျမန္မာ့ေျပာင္း ထိုင္းေဈးကြက္တင္ပို႔ရာသီၿပီးဆုံး၍ အိႏၵိယေဈးကြက္သို႔ တင္ပို႔ဖို႔ ႀကိဳးပမ္းေန
NP News - စက္တင္ဘာ ၈ ရက္

ျမန္မာ့ေဒသထြက္ ေျပာင္းသီးႏွံမ်ားအား ထိုင္းႏိုင္ငံေဈးကြက္သို႔ တင္ပို႔မႈ ရာသီကုန္ၿပီျဖစ္သည့္အတြက္ ေဈးကြက္ အတြင္း ပို႔ကုန္ ဝယ္လက္သမားမ်ား၏ ဝယ္ယူမႈမွာလည္း က်ဆင္းလာႏိုင္ျခင္းတို႔ေၾကာင့္ အိႏၵိယေဈးကြက္သို႔ တင္ပို႔ႏိုင္ရန္ ကုန္သည္မ်ားမွ ႀကိဳးပမ္းလ်က္ရွိေနေၾကာင္း ျမန္မာႏိုင္ငံေျပာင္းလုပ္ငန္းအသင္းမွ သိရသည္။
ထိုင္းႏိုင္ငံေဈးကြက္သို႔ ႏွစ္စဥ္ ေဖေဖာ္ဝါရီလမွ ဩဂုတ္လကုန္အထိ အခြန္ကင္းလြတ္ခြင့္ျဖင့္ ေျပာင္းသီးႏွံမ်ား တင္ပို႔ခဲ့ၿပီး ရန္ကုန္-ေကာ့ေသာင္း-ရေနာင္း ေရေၾကာင္းကုန္သြယ္မႈလမ္းေၾကာင္းျဖင့္ ရန္ကုန္ ဆိပ္ကမ္းမ်ားမွ ထိုင္းႏိုင္ငံသို႔ ၿပီးခဲ့တဲ့ ဩဂုတ္လကုန္ပိုင္းက ေနာက္ဆုံးတင္ပို႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

ထိုင္းႏိုင္ငံသို႔ တင္ပို႔မႈ ရာသီခ်ိန္ကာလအတြင္း ေျပာင္းသီးႏွံတန္ခ်ိန္ ၁ ဒသမ ၈ သန္း တင္ပို႔ထားႏိုင္ခဲ့ၿပိး ယခုႏွစ္ အတြင္း ေျပာင္းသီးႏွံတင္ပို႔မႈအေနျဖင့္ နယ္စပ္ကုန္သြယ္ေရးလမ္းေၾကာင္းမွ အနည္းငယ္သာတင္ပို႔ခဲ့ျခင္းျဖစ္ သည္။ ပင္လယ္ေရေၾကာင္းကုန္သြယ္ေရးလမ္းေၾကာင္းမွ အမ်ားဆုံးတင္ပို႔ႏိုင္ခဲ့ေၾကာင္း စီးပြားေရးႏွင့္ကူးသန္း ေရာင္းဝယ္ေရးဝန္ႀကီးဌာန စာရင္းမ်ားအရ သိရသည္။
မၾကာမီ ကာလအတြင္း သီေပါႏွင့္ ေနာင္ခ်ိဳဘက္မွ ေျပာင္းအသစ္မ်ားထြက္ရွိလာမည္ျဖစ္ရာ လက္ရွိ ေျပာင္းေဈးမွာ ရန္ကုန္ေဈးကြက္တြင္ တစ္ပိသာလွ်င္ က်ပ္ ၁၇၃၀ မွ ၁၇၅၀ ၾကား ေပါက္ေဈးရွိေနၿပီး ေဈးအနည္းငယ္ က်ဆင္း ႏိုင္ေခ်ရွိေနေၾကာင္း သိရသည္။

Picture

Ko Zaw

08/09/2024 18:05

ကျေးဇူး အထူး တင်ရှိပါတယ် ကျနော်ပြောင်းစိုက်တောင်သူတဦးမို့တိုက်ရိုက်ကိုအကျိုးရှိပါတယ်နောင်လဲအဆင်ပြေရင်update ဈေးနှုန်းအတက်အကျသိပါရစေ ဖိုက်တင်း NP NEWD

Related news

© 2021. All rights reserved.