အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါမှာ အသက် ၈၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး လမ်းသွားနေရင်း မိကျောင်းကိုက်ခံရ

 3766

ရောင်နီ (NP News) - စက်တင်ဘာ ၉

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါအနောက်တောင်ပိုင်းမှာ အသက် ၈၄ နှစ်အရွယ် အမျိုးသမီးတစ်ဦး သူမရဲ့ခွေးနဲ့အတူ လမ်းလျှောက်နေရင်း မိကျောင်းကိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။
သူမဟာ ကြာသပတေးနေ့(စက်တင်ဘာ ၅ ရက်)က သူမရဲ့ North Fort Myers မိုဘိုင်းလ်အိမ်ပန်းခြံရှိ ရေကန်တစ်ခုအနီးမှာ သူမရဲ့ခွေးလေး Queen နဲ့အတူ လမ်းလျှောက်နေခဲ့တာပါ။ ဒါပေမယ့် သူမကို တစ်ယောက် ယောက်က စူးစူးစိုက်စိုက်ကြည့်နေသလို ခံစားလာရပြီး မိကျောင်းရဲ့တိုက်ခိုက်ခြင်းကို ခံခဲ့ရပါတယ်။ သူမကို တိုက်ခိုက်ခဲ့တဲ့ မိကျောင်းဟာ အရှည် ၇ ပေ ၃ လက်မ ထိ ရှိတယ်လို့ ဖလော်ရီဒါ ငါးနဲ့ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေးကော်မရှင်က ပြောပါတယ်။

သူမကို အိမ်နီးချင်းတစ်ယောက်က တွေ့ရှိသွားပြီးနောက်မှာ ၉၁၁ ကို အကူအညီခေါ်ခဲ့ခြင်းကြောင့် အမျိုးသမီးဟာလည်း မိကျောင်းကိုက်ခံရပြီး သေဆုံးမယ့်အန္တရာယ်မှ လွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာတွေ ရခဲ့တာကြောင့် ဆေးရုံတင်ခဲ့ရပြီး စနေနေ့ (စက်တင်ဘာ ၇ ရက်) အထိ သူမရဲ့ အခြေအနေနဲ့ပတ်သက်ပြီး မသိရသေးပါဘူး။
ဖလော်ရီဒါမှာ မိကျောင်းနဲ့ဆက်နွယ်တဲ့မတော်တဆမှုတွေဟာ အလွန်ရှားပါးတဲ့ဖြစ်စဉ်တွေဖြစ်ပြီး ၂၀၀၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်ကြားမှာတောင် ဒီလိုဖြစ်ရပ်မျိုးဟာ ၁၉၀ နီးပါးသာ ရှိပြီး အဲဒီထဲမှာမှ ၁၂ ဦးသာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Zawgyi Version;
အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါမွာ အသက္ ၈၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး လမ္းသြားေနရင္း မိေက်ာင္းကိုက္ခံရ
ေရာင္နီ (NP News) - စက္တင္ဘာ ၉

အေမရိကန္ႏိုင္ငံ၊ ဖေလာ္ရီဒါအေနာက္ေတာင္ပိုင္းမွာ အသက္ ၈၄ ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး သူမရဲ႕ေခြးနဲ႔အတူ လမ္းေလွ်ာက္ေနရင္း မိေက်ာင္းကိုက္ခံခဲ့ရတယ္လို႔ သိရပါတယ္။
သူမဟာ ၾကာသပေတးေန႔(စက္တင္ဘာ ၅ ရက္)က သူမရဲ႕ North Fort Myers မိုဘိုင္းလ္အိမ္ပန္းၿခံရွိ ေရကန္တစ္ခုအနီးမွာ သူမရဲ႕ေခြးေလး Queen နဲ႔အတူ လမ္းေလွ်ာက္ေနခဲ့တာပါ။ ဒါေပမယ့္ သူမကို တစ္ေယာက္ ေယာက္က စူးစူးစိုက္စိုက္ၾကည့္ေနသလို ခံစားလာရၿပီး မိေက်ာင္းရဲ႕တိုက္ခိုက္ျခင္းကို ခံခဲ့ရပါတယ္။ သူမကို တိုက္ခိုက္ခဲ့တဲ့ မိေက်ာင္းဟာ အရွည္ ၇ ေပ ၃ လက္မ ထိ ရွိတယ္လို႔ ဖေလာ္ရီဒါ ငါးနဲ႔ ေတာ႐ိုင္းတိရစာၦန္ ထိန္းသိမ္းေရးေကာ္မရွင္က ေျပာပါတယ္။

သူမကို အိမ္နီးခ်င္းတစ္ေယာက္က ေတြ႕ရွိသြားၿပီးေနာက္မွာ ၉၁၁ ကို အကူအညီေခၚခဲ့ျခင္းေၾကာင့္ အမ်ိဳးသမီးဟာလည္း မိေက်ာင္းကိုက္ခံရၿပီး ေသဆုံးမယ့္အႏၲရာယ္မွ လြတ္ေျမာက္ခဲ့ပါတယ္။ ဒါေပမယ့္ ဒဏ္ရာေတြ ရခဲ့တာေၾကာင့္ ေဆး႐ုံတင္ခဲ့ရၿပီး စေနေန႔ (စက္တင္ဘာ ၇ ရက္) အထိ သူမရဲ႕ အေျခအေနနဲ႔ပတ္သက္ၿပီး မသိရေသးပါဘူး။
ဖေလာ္ရီဒါမွာ မိေက်ာင္းနဲ႔ဆက္ႏြယ္တဲ့မေတာ္တဆမႈေတြဟာ အလြန္ရွားပါးတဲ့ျဖစ္စဥ္ေတြျဖစ္ၿပီး ၂၀၀၄ ခုႏွစ္မွ ၂၀၂၂ ခုႏွစ္ၾကားမွာေတာင္ ဒီလိုျဖစ္ရပ္မ်ိဳးဟာ ၁၉၀ နီးပါးသာ ရွိၿပီး အဲဒီထဲမွာမွ ၁၂ ဦးသာ ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.