တိုက်ကြီးတွင် သက်ကြီးပိုင်းအမျိုးသားတစ်ဦး အိမ်၌ ညစာစားနေစဉ် ဆင်နင်းခံရ၍ သေဆုံး

 9592

သန့်ဇင် (NP News) - စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် သက်ကြီးပိုင်းအရွယ်အမျိုး သားတစ်ဦး ညစာစားနေစဉ် ဆင်နင်းခံရ၍ သေဆုံးသွားခဲ့ကြောင်း ဒေသခံလူမှုကူညီရေးအသင်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၈ ရက်)၊ ည ၈နာရီခွဲအချိန်ခန့်က တိုက်ကြီးမြို့နယ်၊ မင်္ဂလာရပ်ကွက်၊ ဂျီအီးမြရတနာလမ်းတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“ညကဖြစ်တာပါ။ ဆင်ရိုင်းက အစာလာရှာရင်းနဲ့ ထမင်းစားနေတဲ့ အမျိုး သားတစ်ယောက်ကို နင်းသွားတာ။ ဆင်ရိုင်းဆိုတာလည်း သူတို့လမ်းမလွတ်ရင် အကုန်နင်းသွားတာမျိုးပါ”ဟု ဒေသခံပရဟိတအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

အဆိုပါဖြစ်စဉ်ကြောင့် အသက်(၇၄)နှစ်အရွယ် ဦးပြုံးချိုတွင် နံရိုးနှင့် လက်ကျိုးဒဏ်ရာ၊ ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာတို့ရရှိကာ သေဆုံးသွားခဲ့ခြင်းဖြစ် ကြောင်း သိရသည်။

“ဒီဘက်မှာတော့ ဆင်ရိုင်းတွေက ဝင်ဝင်လာတတ်တယ်။ ပြီးခဲ့တဲ့နှစ်ကလည်း ခြင်းကုန်းဘက်မှာ အဲဒီလိုပဲဆင်ရိုင်းအစာဝင်ရှာရင်းနဲ့ လူတစ်ယောက် ဆင်နင်းခံရတယ်။ သူတို့ဝင်လာရင်လည်း ခြောက်လန့်ပြီး ပြန်မောင်းထုတ်ရုံပဲလုပ်လို့ရတာ”ဟု ၎င်းကဆက်လက်ပြောသည်။

အဆိုပါဖြစ်စဉ်တွင် သေဆုံးသူအမျိုးသားကို တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံးသို့ပို့ဆောင်ပေးခဲ့ပြီး တောဆင်ရိုင်းကို ရပ်ကွက်နေပြည်သူများက ဝိုင်းဝန်းခြောက်လှန့်မောင်းထုတ်ပေးခဲ့ရကြောင်း သိရသည်။ တိုက်ကြီးမြို့နယ်သည် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် တောဆင်ရိုင်းများ မကြာခဏဝင်ရောက်တတ်သော ဒေသတစ်ခုဖြစ်သည်။

zawgyi version
တိုက္ႀကီးတြင္ သက္ႀကီးပိုင္းအမ်ိဳးသားတစ္ဦး အိမ္၌ ညစာစားေနစဥ္ ဆင္နင္းခံရ၍ ေသဆုံး
သန႔္ဇင္ (NP News) - စက္တင္ဘာ ၉

ရန္ကုန္တိုင္းေဒသႀကီး၊ တိုက္ႀကီးၿမိဳ႕နယ္တြင္ သက္ႀကီးပိုင္းအ႐ြယ္အမ်ိဳး သားတစ္ဦး ညစာစားေနစဥ္ ဆင္နင္းခံရ၍ ေသဆုံးသြားခဲ့ေၾကာင္း ေဒသခံလူမႈကူညီေရးအသင္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၈ ရက္)၊ ည ၈နာရီခြဲအခ်ိန္ခန႔္က တိုက္ႀကီးၿမိဳ႕နယ္၊ မဂၤလာရပ္ကြက္၊ ဂ်ီအီးျမရတနာလမ္းတြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“ညကျဖစ္တာပါ။ ဆင္႐ိုင္းက အစာလာရွာရင္းနဲ႔ ထမင္းစားေနတဲ့ အမ်ိဳး သားတစ္ေယာက္ကို နင္းသြားတာ။ ဆင္႐ိုင္းဆိုတာလည္း သူတို႔လမ္းမလြတ္ရင္ အကုန္နင္းသြားတာမ်ိဳးပါ”ဟု ေဒသခံပရဟိတအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

အဆိုပါျဖစ္စဥ္ေၾကာင့္ အသက္(၇၄)ႏွစ္အ႐ြယ္ ဦးၿပဳံးခ်ိဳတြင္ နံ႐ိုးႏွင့္ လက္က်ိဳးဒဏ္ရာ၊ ဝမ္းဗိုက္ပြင့္ထြက္ဒဏ္ရာတို႔ရရွိကာ ေသဆုံးသြားခဲ့ျခင္းျဖစ္ ေၾကာင္း သိရသည္။

“ဒီဘက္မွာေတာ့ ဆင္႐ိုင္းေတြက ဝင္ဝင္လာတတ္တယ္။ ၿပီးခဲ့တဲ့ႏွစ္ကလည္း ျခင္းကုန္းဘက္မွာ အဲဒီလိုပဲဆင္႐ိုင္းအစာဝင္ရွာရင္းနဲ႔ လူတစ္ေယာက္ ဆင္နင္းခံရတယ္။ သူတို႔ဝင္လာရင္လည္း ေျခာက္လန႔္ၿပီး ျပန္ေမာင္းထုတ္႐ုံပဲလုပ္လို႔ရတာ”ဟု ၎ကဆက္လက္ေျပာသည္။

အဆိုပါျဖစ္စဥ္တြင္ ေသဆုံးသူအမ်ိဳးသားကို တိုက္ႀကီးၿမိဳ႕နယ္ျပည္သူ႔ေဆး႐ုံးသို႔ပို႔ေဆာင္ေပးခဲ့ၿပီး ေတာဆင္႐ိုင္းကို ရပ္ကြက္ေနျပည္သူမ်ားက ဝိုင္းဝန္းေျခာက္လွန႔္ေမာင္းထုတ္ေပးခဲ့ရေၾကာင္း သိရသည္။ တိုက္ႀကီးၿမိဳ႕နယ္သည္ ရန္ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္မ်ားအနက္ ေတာဆင္႐ိုင္းမ်ား မၾကာခဏဝင္ေရာက္တတ္ေသာ ေဒသတစ္ခုျဖစ္သည္။

Related news

© 2021. All rights reserved.