ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အမျိုးသမီးတစ်ဦးက မောင်းနေသည့်ကားပေါ်မှ ရုတ်တရက်ခုန်ချသဖြင့် ပွဲချင်းပြီးသေဆုံး

 43664

သန့်ဇင် (NP News) - စက်တင်ဘာ ၉

နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်းတွင် အမျိုးသမီးတစ်ဦးက “ကားမှာမီးခိုးတွေ ထွက်နေတယ်”ဟု‌ဆိုကာ မောင်းနေသည့်ကားပေါ်မှ ရုတ်တရက် ခုန်ချသဖြင့် ပွဲချင်းပြီးသေဆုံး သွားခဲ့ကြောင်း ပလွေးအမြန်လမ်း မီးသတ်စခန်းထံမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၉ ရက်)၊ နေ့လည်ပိုင်း ၁နာရီအချိန်ခန့်က တပ်ကုန်းမြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း၊ မိုင်တိုင်အမှတ် ၂၃၆ မိုင်၂ဖာလုံနှင့် ၃ဖာလုံ ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ကားက နတ်မောက်ကနေ ရန်ကုန်ကိုလာတဲ့ Mitsubishi Canter အမျိုးအစားကားပါ။ Light Truck ကားအကြီးစားကားပေါ့။ ကားက လမ်းမှာ မောင်းနေရင်းနဲ့ အဲဒီအမျိုးသမီးက ကားနောက်ပိုင်းမှာ မီးခိုးတွေထက်နေတယ်ဆိုပြီးပြောပြီးတော့ ရုတ်တရက်ခုန်ဆင်းလိုက်တာလို့ သိရပါတယ်”ဟု ပလွေးအမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြော သည်။

ထိုသို့ ကားပေါ်မှ ရုတ်တရက်ခုန်ချသည့်အတွက် အသက်(၅၀)အရွယ်အမျိုးသမီးတွင် ဦးခေါင်းဂျိုစောင်းထိခိုက်ဒဏ်ရာဖြင့် အခင်းဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားခဲ့ကြောင်း သိရသည်။ “ကာပေါ်မှာက အမျိုးသား (၁၀)ယောက်နဲ့ အမျိုးသမီး(၄)ယောက် အားလုံးပေါင်း(၁၄)ယောက်ပါတာ။ ရုတ်တရက်ကြီးခုန်ချလိုက်တော့ လမ်းနဲ့ခေါင်းနဲ့ရိုက်မိပြီး ဆုံးသွားတဲ့ပုံစံမျိုးပါ”ဟု ၎င်းကဆိုသည်။

ထို့ကြောင့် သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းကို တောင်ညိုနာရေးကူညီမှုအသင်းက နေပြည်တော်ကုတင်(၁၀၀၀)ပြည်သူ့ဆေးရုံးသို့ ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

zawgyi version
ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ အမ်ိဳးသမီးတစ္ဦးက ေမာင္းေနသည့္ကားေပၚမွ ႐ုတ္တရက္ခုန္ခ်သျဖင့္ ပြဲခ်င္းၿပီးေသဆုံး

သန႔္ဇင္ (NP News) - စက္တင္ဘာ ၉

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ တပ္ကုန္းၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္းတြင္ အမ်ိဳးသမီးတစ္ဦးက “ကားမွာမီးခိုးေတြ ထြက္ေနတယ္”ဟု‌ဆိုကာ ေမာင္းေနသည့္ကားေပၚမွ ႐ုတ္တရက္ ခုန္ခ်သျဖင့္ ပြဲခ်င္းၿပီးေသဆုံး သြားခဲ့ေၾကာင္း ပေလြးအျမန္လမ္း မီးသတ္စခန္းထံမွ သိရသည္။

ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၉ ရက္)၊ ေန႔လည္ပိုင္း ၁နာရီအခ်ိန္ခန႔္က တပ္ကုန္းၿမိဳ႕နယ္၊ ရန္ကုန္-မႏၲေလးအျမန္လမ္း၊ မိုင္တိုင္အမွတ္ ၂၃၆ မိုင္၂ဖာလုံႏွင့္ ၃ဖာလုံ ၾကားတြင္ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

“ကားက နတ္ေမာက္ကေန ရန္ကုန္ကိုလာတဲ့ Mitsubishi Canter အမ်ိဳးအစားကားပါ။ Light Truck ကားအႀကီးစားကားေပါ့။ ကားက လမ္းမွာ ေမာင္းေနရင္းနဲ႔ အဲဒီအမ်ိဳးသမီးက ကားေနာက္ပိုင္းမွာ မီးခိုးေတြထက္ေနတယ္ဆိုၿပီးေျပာၿပီးေတာ့ ႐ုတ္တရက္ခုန္ဆင္းလိုက္တာလို႔ သိရပါတယ္”ဟု ပေလြးအျမန္လမ္းမီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာ သည္။

ထိုသို႔ ကားေပၚမွ ႐ုတ္တရက္ခုန္ခ်သည့္အတြက္ အသက္(၅၀)အ႐ြယ္အမ်ိဳးသမီးတြင္ ဦးေခါင္းဂ်ိဳေစာင္းထိခိုက္ဒဏ္ရာျဖင့္ အခင္းျဖစ္ေနရာ၌ ပြဲခ်င္းၿပီး ေသဆုံးသြားခဲ့ေၾကာင္း သိရသည္။ “ကာေပၚမွာက အမ်ိဳးသား (၁၀)ေယာက္နဲ႔ အမ်ိဳးသမီး(၄)ေယာက္ အားလုံးေပါင္း(၁၄)ေယာက္ပါတာ။ ႐ုတ္တရက္ႀကီးခုန္ခ်လိုက္ေတာ့ လမ္းနဲ႔ေခါင္းနဲ႔႐ိုက္မိၿပီး ဆုံးသြားတဲ့ပုံစံမ်ိဳးပါ”ဟု ၎ကဆိုသည္။

ထို႔ေၾကာင့္ ေသဆုံးသူအမ်ိဳးသမီး၏ ႐ုပ္အေလာင္းကို ေတာင္ညိဳနာေရးကူညီမႈအသင္းက ေနျပည္ေတာ္ကုတင္(၁၀၀၀)ျပည္သူ႔ေဆး႐ုံးသို႔ ပို႔ေဆာင္ကူညီေပးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.