မကြာသေးမီက ရေမြုပ်ဖူးသော တန်ဖိုးကြီးကားကို ပြန်စီးကာ အိမ်တွင်ရပ်ထားစဉ် မီးလောင်ခြင်းကြောင့် ကျပ်သိန်း(၈၀၀)ကျော် ဆုံးရှုံး

 4898

ချယ်ရီ (NP News) - စက်တင်ဘာ ၉

မကြာသေးမီက ရေမြုပ်ဖူးသော တန်ဖိုးကြီးကားကို ပြန်စီးကာ အိမ်တွင် ရပ်ထားစဉ် ညနက်ပိုင်းအချိန်၌ ဝါယာရှော့ခ်ဖြစ်ပြီး မီးလောင်သောကြောင့် ကျပ်သိန်း(၈၀၀)ကျော် ဆုံးရှုံးသည့် ဖြစ်စဉ်တစ်ခု နေပြည်တော်ကောင်စီ နယ်မြေ၊ ဥတ္တရသီရိမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း အဆိုပါ မြို့နယ် မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦး က NP News ကို ပြောသည်။

အဆိုပါ ဖြစ်စဉ်မှာ ယမန်နေ့(စက်တင်ဘာလ ၈ ရက်)၊ ညပိုင်း ၁၁နာရီ ၁၀ မိနစ်အချိန်ခန့်က ဥတ္တရသီရိမြို့နယ်၊ ဇဝနသိဒ္ဓိရပ်ကွက်၊ ပဲခူးလမ်းက နေအိမ်ခြံဝန်းတစ်ခုအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“မီးလောင်သွားတဲ့ဖြစ်စဉ် အဓိက ကတော့ ကားအမျိုးအစားကို စပြောရမယ်ဆိုရင် ကားအမျိုးအစားက BMW X6 ပေါ့နော်။ အဲဒီတော့ ဒီကားက သူ့ရဲ့ History ကို ပြန်ပြောမယ်ဆိုရင် လွန်ခဲ့သော ၂ ပတ်လောက်က ရေမြုပ်ဖူးတယ်။ မိုးရေအရမ်းကြီးတဲ့အချိန်ပေါ့ အဲဒီမှာ ကျွန်တော်တို့ ဥတ္တရသီရိထဲမှာ ရေကြီးတဲ့အခါ ရေမြုပ်တဲ့ပြဿနာ ဖြစ်ခဲ့ဖူးတယ်။ ဖြစ်ခဲ့ပေမယ့် သူက ဘယ်ဝပ်ရှော့ခ်ကိုမှ မပြဘဲနဲ့ အဲဒီကားကို အဲဒီလိုပဲထိုးထားပြီးတော့ တစ်ခါတလေလည်း စီးလိုက်၊ မစီးလိုက်ပေါ့နော်။ သူတို့မှာ တခြားကားတစ်စီးအပိုရှိတဲ့အခါမှာ အဲဒီအိမ်က အိမ်ရှင်တွေက တခြားကားနဲ့ပဲ သုံးနေကြတယ်။ ပြီးလည်းပြီးရော မနေ့ကဖြစ်စဉ်မဖြစ်ခင် နေ့ကကျတော့ သူကဘာလုပ်လဲဆိုတော့ သူကအဲဒီကားကို ညနေကထုတ်စီးလိုက်တယ်” ဟု အထက်ပါ တာဝန်ရှိသူက ဆိုသည်။

ကားပိုင်ရှင်က အဆိုပါကားကို မောင်းကာ ဆံပင်ညှပ်ဆိုင်သွားပြီးနောက် ပြန်လာချိန် ခြံဝန်းအတွင်း လော့ချကာ ရပ်ခဲ့ပြီးနောက် ညှော်နံ့ ထွက်လာခဲ့ခြင်းဖြစ်ကာ ကနဦးတွင် မည်သည့်နေရာမှ ညှော်နံ့ထွက်သည်ဆိုခြင်းကို ရှာမရခဲ့ကြောင်း ၎င်းက ရှင်းပြသည်။

“ပြီးလည်းပြီးရော မီးခိုးတွေထွက်လာတယ်။ ထွက်လာတဲ့မီးခိုးက နောက်ခန်းကနေထွက်လာတယ်။ BMW X6 က SUV Type ဆိုတော့ အမြင့်ကားလေးပေါ့။ အဲဒီ မီးခိုးတွေထွက်လာတာ တွေ့တဲ့အချိန်မှာ ချက်ချင်းကားကို Lock ဖွင့်ပြီးတော့ တံခါးတွေဘာတွေဖွင့်ပြီးတော့ မိန်းတွေ၊ ဘက်ထရီတွေ ဖြုတ်ဖို့စဉ်းစားသေးတယ်။ လုပ်လို့မရဘူး အဲဒီအချိန်မှာ ကားက Lock ကျသွားပြီ။ ဘာမှဖွင့်လို့မရတော့ဘူး။ ပြောမယ်ဆိုရင် ဝါယာရိန်းစနစ်တွေအကုန်လုံး မှားယွင်းသွားတဲ့အချိန်မှာ ဘာမှလုပ်လို့မရတော့ဘူး။ အဲဒီအချိန်မှာ မီးသတ်ကိုသတင်းပို့နေပြီ မီးတောက်စထွက်နေပြီပေါ့ဗျာ။ ထွက်လည်းထွက်လာတဲ့အခါမှာ အဲဒီ မီးတောက်က ကံဆိုးချင်တော့ သူ့ကားသည် 95 ကား။ ဆီတိုင်ကီထဲမှာလည်း ဆီကတဝက်လောက်ရှိတယ် အကြမ်းဖျင်း သူတို့ ထွက်ဆိုချက်အရပေါ့။ တိုင်ကီရဲ့အပေါ်ဘက်မှာ စပြီးတော့ဖြစ်တာ ဝါယာရိန်းက။ ဖြစ်တော့မီးက ဆီတိုင်ကီမှာရှိတဲ့ဆီပိုက်လိုင်းတွေကို စပြီးတော့မီးစွဲတယ်။ မီးစွဲပြီးတော့ မီးလောင်တယ်“ဟု အထက်ပါတာဝန်ရှိသူက ဖြစ် စဉ်ကို အသေးစိတ် ရှင်းပြသည်။

ထိုသို့ မီးလောင်မှုဖြစ်ပွားရာ ကားနှင့်အတူ ဂိုထောင်လည်း အနည်ငယ် မီး လောင်ခဲ့ကာ ကားမှာမူ အင်ဂျင်ပိုင်းပျက်စီးမှုမရှိသော်လည်း ကားအတွင်းခန်း နှင့် နေရာအများစု မီးလောင်ခဲ့ပြီး အဆိုပါ မီးလောင်မှုကြောင့် ကျပ်သိန်း (၈၀၀)ဖိုး ဆုံးရှုံးခဲ့ရကြောင်း ၎င်းက ဆိုသည်။

zawgyi version
မၾကာေသးမီက ေရျမဳပ္ဖူးေသာ တန္ဖိုးႀကီးကားကို ျပန္စီးကာ အိမ္တြင္ရပ္ထားစဥ္ မီးေလာင္ျခင္းေၾကာင့္ က်ပ္သိန္း(၈၀၀)ေက်ာ္ ဆုံးရႈံး
ခ်ယ္ရီ (NP News) - စက္တင္ဘာ ၉

မၾကာေသးမီက ေရျမဳပ္ဖူးေသာ တန္ဖိုးႀကီးကားကို ျပန္စီးကာ အိမ္တြင္ ရပ္ထားစဥ္ ညနက္ပိုင္းအခ်ိန္၌ ဝါယာေရွာ့ခ္ျဖစ္ၿပီး မီးေလာင္ေသာေၾကာင့္ က်ပ္သိန္း(၈၀၀)ေက်ာ္ ဆုံးရႈံးသည့္ ျဖစ္စဥ္တစ္ခု ေနျပည္ေတာ္ေကာင္စီ နယ္ေျမ၊ ဥတၱရသီရိၿမိဳ႕နယ္တြင္ ျဖစ္ပြားခဲ့ေၾကာင္း အဆိုပါ ၿမိဳ႕နယ္ မီးသတ္စခန္းမွ တာဝန္ရွိသူတစ္ဦး က NP News ကို ေျပာသည္။

အဆိုပါ ျဖစ္စဥ္မွာ ယမန္ေန႔(စက္တင္ဘာလ ၈ ရက္)၊ ညပိုင္း ၁၁နာရီ ၁၀ မိနစ္အခ်ိန္ခန႔္က ဥတၱရသီရိၿမိဳ႕နယ္၊ ဇဝနသိဒၶိရပ္ကြက္၊ ပဲခူးလမ္းက ေနအိမ္ၿခံဝန္းတစ္ခုအတြင္း ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။

“မီးေလာင္သြားတဲ့ျဖစ္စဥ္ အဓိက ကေတာ့ ကားအမ်ိဳးအစားကို စေျပာရမယ္ဆိုရင္ ကားအမ်ိဳးအစားက BMW X6 ေပါ့ေနာ္။ အဲဒီေတာ့ ဒီကားက သူ႔ရဲ႕ History ကို ျပန္ေျပာမယ္ဆိုရင္ လြန္ခဲ့ေသာ ၂ ပတ္ေလာက္က ေရျမဳပ္ဖူးတယ္။ မိုးေရအရမ္းႀကီးတဲ့အခ်ိန္ေပါ့ အဲဒီမွာ ကြၽန္ေတာ္တို႔ ဥတၱရသီရိထဲမွာ ေရႀကီးတဲ့အခါ ေရျမဳပ္တဲ့ျပႆနာ ျဖစ္ခဲ့ဖူးတယ္။ ျဖစ္ခဲ့ေပမယ့္ သူက ဘယ္ဝပ္ေရွာ့ခ္ကိုမွ မျပဘဲနဲ႔ အဲဒီကားကို အဲဒီလိုပဲထိုးထားၿပီးေတာ့ တစ္ခါတေလလည္း စီးလိုက္၊ မစီးလိုက္ေပါ့ေနာ္။ သူတို႔မွာ တျခားကားတစ္စီးအပိုရွိတဲ့အခါမွာ အဲဒီအိမ္က အိမ္ရွင္ေတြက တျခားကားနဲ႔ပဲ သုံးေနၾကတယ္။ ၿပီးလည္းၿပီးေရာ မေန႔ကျဖစ္စဥ္မျဖစ္ခင္ ေန႔ကက်ေတာ့ သူကဘာလုပ္လဲဆိုေတာ့ သူကအဲဒီကားကို ညေနကထုတ္စီးလိုက္တယ္” ဟု အထက္ပါ တာဝန္ရွိသူက ဆိုသည္။

ကားပိုင္ရွင္က အဆိုပါကားကို ေမာင္းကာ ဆံပင္ညႇပ္ဆိုင္သြားၿပီးေနာက္ ျပန္လာခ်ိန္ ၿခံဝန္းအတြင္း ေလာ့ခ်ကာ ရပ္ခဲ့ၿပီးေနာက္ ေညႇာ္နံ႔ ထြက္လာခဲ့ျခင္းျဖစ္ကာ ကနဦးတြင္ မည္သည့္ေနရာမွ ေညႇာ္နံ႔ထြက္သည္ဆိုျခင္းကို ရွာမရခဲ့ေၾကာင္း ၎က ရွင္းျပသည္။

“ၿပီးလည္းၿပီးေရာ မီးခိုးေတြထြက္လာတယ္။ ထြက္လာတဲ့မီးခိုးက ေနာက္ခန္းကေနထြက္လာတယ္။ BMW X6 က SUV Type ဆိုေတာ့ အျမင့္ကားေလးေပါ့။ အဲဒီ မီးခိုးေတြထြက္လာတာ ေတြ႕တဲ့အခ်ိန္မွာ ခ်က္ခ်င္းကားကို Lock ဖြင့္ၿပီးေတာ့ တံခါးေတြဘာေတြဖြင့္ၿပီးေတာ့ မိန္းေတြ၊ ဘက္ထရီေတြ ျဖဳတ္ဖို႔စဥ္းစားေသးတယ္။ လုပ္လို႔မရဘူး အဲဒီအခ်ိန္မွာ ကားက Lock က်သြားၿပီ။ ဘာမွဖြင့္လို႔မရေတာ့ဘူး။ ေျပာမယ္ဆိုရင္ ဝါယာရိန္းစနစ္ေတြအကုန္လုံး မွားယြင္းသြားတဲ့အခ်ိန္မွာ ဘာမွလုပ္လို႔မရေတာ့ဘူး။ အဲဒီအခ်ိန္မွာ မီးသတ္ကိုသတင္းပို႔ေနၿပီ မီးေတာက္စထြက္ေနၿပီေပါ့ဗ်ာ။ ထြက္လည္းထြက္လာတဲ့အခါမွာ အဲဒီ မီးေတာက္က ကံဆိုးခ်င္ေတာ့ သူ႔ကားသည္ 95 ကား။ ဆီတိုင္ကီထဲမွာလည္း ဆီကတဝက္ေလာက္ရွိတယ္ အၾကမ္းဖ်င္း သူတို႔ ထြက္ဆိုခ်က္အရေပါ့။ တိုင္ကီရဲ႕အေပၚဘက္မွာ စၿပီးေတာ့ျဖစ္တာ ဝါယာရိန္းက။ ျဖစ္ေတာ့မီးက ဆီတိုင္ကီမွာရွိတဲ့ဆီပိုက္လိုင္းေတြကို စၿပီးေတာ့မီးစြဲတယ္။ မီးစြဲၿပီးေတာ့ မီးေလာင္တယ္“ဟု အထက္ပါတာဝန္ရွိသူက ျဖစ္ စဥ္ကို အေသးစိတ္ ရွင္းျပသည္။

ထိုသို႔ မီးေလာင္မႈျဖစ္ပြားရာ ကားႏွင့္အတူ ဂိုေထာင္လည္း အနည္ငယ္ မီး ေလာင္ခဲ့ကာ ကားမွာမူ အင္ဂ်င္ပိုင္းပ်က္စီးမႈမရွိေသာ္လည္း ကားအတြင္းခန္း ႏွင့္ ေနရာအမ်ားစု မီးေလာင္ခဲ့ၿပီး အဆိုပါ မီးေလာင္မႈေၾကာင့္ က်ပ္သိန္း (၈၀၀)ဖိုး ဆုံးရႈံးခဲ့ရေၾကာင္း ၎က ဆိုသည္။

Picture

Khun KyawHtet

09/09/2024 22:04

ပြန်ဝယ်နိုင်မှာပါ

Related news

© 2021. All rights reserved.