မန္တလေးရှိ "ချောင်ချောင်"ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရကာ ရွှေထည်(၁၀)ပိဿာခန့် နှင့် ငွေကျပ်သိန်း(၁၀၀၀)ခန့် ပါသွား
3678
သန့်ဇင် (NP News) - စက်တင်ဘာ ၁ဝ
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်ရှိ "ချောင်ချောင်"ရွှေဆိုင်ပိုင်ရှင်နေအိမ် ဓားပြတိုက်ခံရကာ ရွှေထည်(၁၀)ပိဿခန့်နှင့် ငွေကျပ်သိန်း (၁၀၀၀)ခန့်ပါသွားခဲ့ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
ဖြစ်စဉ်မှာ ယနေ့(စက်တင်ဘာလ ၁၀ ရက်)၊ နံနက် ၈နာရီအချိန်ခန့်က ချမ်းမြသာစည်မြို့နယ် ၊ ၁၀၁(B)လမ်းနှင့် ၇၁ လမ်းရှိနေအိမ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါရွှေဆိုင်ပိုင်ရှင်က ချမ်းအေးသာစံမြို့နယ်၊ လမ်း ၃၀၊ မင်္ဂလာစျေးအနီးမှာ ဖွင့်လှစ်ထားသော "ချောင်ချောင်"ရွှေဆိုင်သို့ သွားရောက်ရန် ပြင်ဆင်နေချိန်တွင် လက်နက်ငယ်များကိုင်ဆောင်လာသော မျက်နှာဖုံးများအုပ်ထားသည့် လူ(၇)ဦးက 3J/8313၊ ADVAN ကားတစ်စီးဖြင့် ရောက်ရှိလာကာ ဓားပြတိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ ဓားပြတိုက်ခံရမှုကြောင့် ရွှေထည်ပစ္စည်း(၁၀)ပိဿာခန့်နှင့် ငွေကျပ်သိန်း(၁၀၀၀)ခန့်ပါသွားပြီး ကျူးလွန်သူများမှာ (၇၁)လမ်းအတိုင်း မြောက်ဘက်မှ တောင်ဘက်သို့ ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းစစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။
“အခုတော့ မြို့ထဲမှ ပိတ်ဆို့ပြီး စစ်ဆေးနေတာတွေရှိတယ်။ ချောင်ချောင်ရွှေဆိုင်က အခုက ဒုတိယအကြိမ်ဓားပြတိုက်ခံရတာပါ။ အခုဓားပြတိုက်ခံရတဲ့နေရာဆို တကယ်ဒိတ်ဒိတ်ကြဲ၊ အငြိမ်းစားတွေနေတဲ့ရပ်ကွက်ပါ။ အိမ်ဝိုင်း ကြီးတွေ အဲဒီနေရာကြီးကို ဝင်လုပ်သွားတာ။ ကားတွေနဲ့လာလာပြီး ဓားပြတိုက်နေကြတာဆိုတော့ အဖွဲ့အစည်းပုံစံ၊ ဂိုဏ်းပုံစံမျိုးနဲ့လုပ်နေတဲ့ပုံစံမျိုးလို့ယူဆရပါတယ်။ အခုလိုတွေနဲ့ လုယက်တာတွေများနေတော့ အခုနောက် ပိုင်းမှာ ည (၇)နာရီဆို တော်တော်များများက မထွက်ကြတော့ပါဘူး”ဟု မန္တလးမြို့မှ ဒေသခံအမျိုးသားတစ်ဦးက NP News ကိုပြောသည်။
မန္တလေးမြို့တွင် ၂၀၂၄ ခုနှစ်စမှ လက်ရှိအချိန်ထိ ရွှေဆိုင်၊ ရွှေပန်းထိမ်ဆိုင်နှင့် ရွှေဆိုင်ပိုင်ရှင်အိမ်ဓားပြတိုက်ခံရမှုများမှာ ယခုအကြိမ်အပါအဝင် (၃) ကြိမ်ထိဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့် မတ်လ ၂၉ ရက်က အောင်မြေသာစံမြို့နယ်က "လင်းလက်ဝါ"ရွှေပန်းထိမ်ဆိုင်နှင့် မေလ ၃၁ ရက်ကလည်း မဟာအောင်မြေမြို့နယ်၊ မန်းမြို့ဈေးအတွင်းရှိ “ဆယ်သန်း”ရွှေဆိုင်တို့ ဓားပြတိုက်ခံခဲ့ရသည်။
zawgyi version
မႏၲေလးရွိ "ေခ်ာင္ေခ်ာင္"ေ႐ႊဆိုင္ပိုင္ရွင္ေနအိမ္ ဓားျပတိုက္ခံရကာ ေ႐ႊထည္(၁၀)ပိႆာခန႔္ ႏွင့္ ေငြက်ပ္သိန္း(၁၀၀၀)ခန႔္ ပါသြား
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁ဝ
မႏၲေလးတိုင္းေဒသႀကီး၊ ခ်မ္းျမသာစည္ၿမိဳ႕နယ္ရွိ "ေခ်ာင္ေခ်ာင္"ေ႐ႊဆိုင္ပိုင္ရွင္ေနအိမ္ ဓားျပတိုက္ခံရကာ ေ႐ႊထည္(၁၀)ပိႆခန႔္ႏွင့္ ေငြက်ပ္သိန္း (၁၀၀၀)ခန႔္ပါသြားခဲ့ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္နီးစပ္သူမ်ားထံမွ သိရသည္။
ျဖစ္စဥ္မွာ ယေန႔(စက္တင္ဘာလ ၁၀ ရက္)၊ နံနက္ ၈နာရီအခ်ိန္ခန႔္က ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၊ ၁၀၁(B)လမ္းႏွင့္ ၇၁ လမ္းရွိေနအိမ္တြင္ ျဖစ္ပြားခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
အဆိုပါေ႐ႊဆိုင္ပိုင္ရွင္က ခ်မ္းေအးသာစံၿမိဳ႕နယ္၊ လမ္း ၃၀၊ မဂၤလာေစ်းအနီးမွာ ဖြင့္လွစ္ထားေသာ "ေခ်ာင္ေခ်ာင္"ေ႐ႊဆိုင္သို႔ သြားေရာက္ရန္ ျပင္ဆင္ေနခ်ိန္တြင္ လက္နက္ငယ္မ်ားကိုင္ေဆာင္လာေသာ မ်က္ႏွာဖုံးမ်ားအုပ္ထားသည့္ လူ(၇)ဦးက 3J/8313၊ ADVAN ကားတစ္စီးျဖင့္ ေရာက္ရွိလာကာ ဓားျပတိုက္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ ထိုသို႔ ဓားျပတိုက္ခံရမႈေၾကာင့္ ေ႐ႊထည္ပစၥည္း(၁၀)ပိႆာခန႔္ႏွင့္ ေငြက်ပ္သိန္း(၁၀၀၀)ခန႔္ပါသြားၿပီး က်ဴးလြန္သူမ်ားမွာ (၇၁)လမ္းအတိုင္း ေျမာက္ဘက္မွ ေတာင္ဘက္သို႔ ျပန္လည္ေမာင္းႏွင္ထြက္ေျပးသြားခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
လက္ရွိတြင္ အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ သက္ဆိုင္ရာလုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားက စုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္လ်က္ရွိေၾကာင္း သိရသည္။
“အခုေတာ့ ၿမိဳ႕ထဲမွ ပိတ္ဆို႔ၿပီး စစ္ေဆးေနတာေတြရွိတယ္။ ေခ်ာင္ေခ်ာင္ေ႐ႊဆိုင္က အခုက ဒုတိယအႀကိမ္ဓားျပတိုက္ခံရတာပါ။ အခုဓားျပတိုက္ခံရတဲ့ေနရာဆို တကယ္ဒိတ္ဒိတ္ႀကဲ၊ အၿငိမ္းစားေတြေနတဲ့ရပ္ကြက္ပါ။ အိမ္ဝိုင္း ႀကီးေတြ အဲဒီေနရာႀကီးကို ဝင္လုပ္သြားတာ။ ကားေတြနဲ႔လာလာၿပီး ဓားျပတိုက္ေနၾကတာဆိုေတာ့ အဖြဲ႕အစည္းပုံစံ၊ ဂိုဏ္းပုံစံမ်ိဳးနဲ႔လုပ္ေနတဲ့ပုံစံမ်ိဳးလို႔ယူဆရပါတယ္။ အခုလိုေတြနဲ႔ လုယက္တာေတြမ်ားေနေတာ့ အခုေနာက္ ပိုင္းမွာ ည (၇)နာရီဆို ေတာ္ေတာ္မ်ားမ်ားက မထြက္ၾကေတာ့ပါဘူး”ဟု မႏၲလးၿမိဳ႕မွ ေဒသခံအမ်ိဳးသားတစ္ဦးက NP News ကိုေျပာသည္။
မႏၲေလးၿမိဳ႕တြင္ ၂၀၂၄ ခုႏွစ္စမွ လက္ရွိအခ်ိန္ထိ ေ႐ႊဆိုင္၊ ေ႐ႊပန္းထိမ္ဆိုင္ႏွင့္ ေ႐ႊဆိုင္ပိုင္ရွင္အိမ္ဓားျပတိုက္ခံရမႈမ်ားမွာ ယခုအႀကိမ္အပါအဝင္ (၃) ႀကိမ္ထိျဖစ္ပြားခဲ့ၿပီး ၿပီးခဲ့သည့္ မတ္လ ၂၉ ရက္က ေအာင္ေျမသာစံၿမိဳ႕နယ္က "လင္းလက္ဝါ"ေ႐ႊပန္းထိမ္ဆိုင္ႏွင့္ ေမလ ၃၁ ရက္ကလည္း မဟာေအာင္ေျမၿမိဳ႕နယ္၊ မန္းၿမိဳ႕ေဈးအတြင္းရွိ “ဆယ္သန္း”ေ႐ႊဆိုင္တို႔ ဓားျပတိုက္ခံခဲ့ရသည္။