လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သော နမ့်ခမ်းညဈေးနေရာမှာ TNLA များ ရောက်ရှိ စိမ့်ဝင်နေထိုင်သောနေရာဖြစ်ကြောင်း ဒေသခံပြော

 9433

သုတကျော် (NP News) - စက်တင်ဘာ ၁ဝ

ရှမ်းပြည်နယ် နမ့်ခမ်းမြို့တွင် တပ်မတော်က လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သောနေရာမှာ TNLA များ ရောက်ရှိစိမ့်ဝင်နေထိုင်သောနေရာဖြစ်ကြောင်း နမ့်ခမ်းဖြစ်စဉ်နှင့်ပတ်သက်၍အတွင်းကျကျ သိရှိထားသော ဒေသခံတစ်ဦးက NP News ကိုပြောသည်။

နမ့်ခမ်းမြို့ကို TNLA က ထိန်းချုပ်ထား ခြင်းဖြစ်ကာ စက်တင်ဘာလ (၆) ရက် နံနက်(၁)နာရီခွဲခန့်တွင် တပ်မတော်မှ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

‘ဟုတ်တယ်။ သူတို့ TNLA က ရောက်တဲ့အချိန်ပေါ့။ ကြဲတဲ့နေရာကလည်း သူတို့ TNLA က မြို့ထဲမှာ အိပ်တယ်လို့ သိရတယ်။ အမှန်တကယ်တော့ လူထုတွေ့ဆုံပွဲလုပ်မလို့ ရောက်နေတာ’ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။

လေကြောင်းမှ ဗုံးကြဲခံရသည့် နမ့်ခမ်းမြို့တွင် အခင်းဖြစ်ညက TNLA အထွေထွေအတွင်းရေးမှူး တာဘုန်းကျော်ရှိနေသည်ဟု NP News ကသိရသော်လည်း အထက်ပါအချက် ကို အတည်ပြုနိုင်ခဲ့ခြင်းမရှိခဲ့ပေ။ ထိုသို့ လေကြောင်းဗုံးကြဲသည့်ဖြစ်စဉ်တွင် အရပ်သားသေဆုံးမှုလည်းရှိခဲ့ကာ TNLA ကလည်း ပြည်သူအတွင်း ခိုအောင်းနေထိုင်သည့်နည်းကို ယခင် ကပင်ကျင့်သုံးခဲ့ကြောင်း ရှမ်းပြည်နယ်မြောက်ပိုင်း တွင်နေထိုင်သူ ဒေသခံတစ်ဦး ကဆိုသည်။

‘သူတို့က အရင်မြို့သိမ်းတိုက်ပွဲတွေမှာလည်း မြို့ထဲကိုဝင်ပြီး အရပ်သားအိမ်တွေထဲကနေ တိုက်တာပေါ့။ အဲဒီအခါ တပ်ကလည်း ပစ်ရတာခက်တယ်။ ပြောရမယ်ဆိုရင် လူသားဒိုင်းလိုပုံစံမျိုးပေါ့။ မြို့သိမ်းတိုက်ပွဲတွေ ဥပမာ ကြည့်ဗျာ။ တိုက်ပွဲဖြစ်ရင် မြို့နာပြီးသားပဲ။ ဘာလို့လဲဆိုတော့ သူတို့က မြို့ထဲကိုဝင်လာပြီးတော့ ပြည်သူကို အကာအကွယ်ယူတာလေ။ ပြီးတော့ သူတို့ မြို့ထဲတွေကိုဝင်တယ်ဆိုရင်လည်း အရပ်သားအိမ်တွေထဲ စခန်းချတာ။ ပြည်သူကို အကာအကွယ်ယူတယ်။ တပ်ကဗုံးကြဲရင် ပြည်သူအိမ်ကိုကျပါတယ်လုပ်တယ်’ဟု ၎င်းက ဆိုသည်။

ထို့ကြောင့် TNLA အပါအဝင် လက်နက်ကိုင်အဖွဲ့များ လူနေအိမ်များအတွင်း စခန်းချနေထိုင်ပါက ရှောင်ရှားသင့်ပါသလားဟု NP News က ၎င်းထံ သဘောထားမှတ်ချက် တောင်းခံမေးမြန်းခဲ့ရာ ‘သတိထားသင့်တယ်။ သူတို့ လာမယ် ဆိုရင်လည်း အနီးအနားရောက်တယ်ဆိုရင် ကိုယ်က တိမ်းရှောင်တာမျိုး လုပ်သင့်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကိုယ်ပါ ကြားထဲကရောပါသွားတာမျိုးမဖြစ် အောင် ဆင်ခြင်သင့်တယ်’ဟု ဆိုသည်။

သတင်းရရှိမှုအပေါ်တွင်လည်း တာဝန်ရှိ သူများအနေဖြင့် တိကျစွာ ရန်သူကို ချေမှုန်းစေလိုကြောင်းလည်း ၎င်းက စစ်ဘေးသင့်ဒေသမှ ပြည်သူ တစ်ဦးအနေဖြင့် အကြံပြုပြောကြားသည်။ ထို့ပြင် TNLA ဘက်က မကြာခဏ ထုတ်ပြန်နေကျဖြစ်သည့် တိုက်ပွဲမရှိဘဲဗုံးကြဲသည်ဆိုသော ဖြစ်စဉ်မျိုး၌ အမှန်တကယ်တွင်မူ ၎င်းတို့ ခိုအောင်း သောနေရာများကို တပ်မတော်က လေကြောင်းတိုက် ခိုက်မှုပြု လုပ်ခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက NP News သို့ ပြောကြားခဲ့ဖူးသည်။

နမ့်ခမ်းမြို့ဖြစ်စဉ်နှင့်ပတ်သက်၍ ဖော်ပြသော Video များ၊ ဓာတ်ပုံပို့စ်များ၏အောက်တွင် အကြမ်းဖက် မှုကိုမလိုလားသော ပြည်သူများက မှတ်ချက်များရေးသားခဲ့ကြရာ ‘အကြမ်းဖက်တွေရှိတဲ့ နေရာကြဲမှာပေါ့။ သတင်း မီဒီယာတင်တဲ့သူ၊ ရေးတဲ့သူတွေက ဘက်မလိုက်ဘဲ မှန်မှန်ကန်ကန်၊ တိတိကျကျ ရေးပြီးတင်ပေးပါ’၊ ‘သူပုန်ရှိတဲ့မြို့နေ ရင် အသက်တောင် စိတ်မချရပါ’ စသည်ဖြင့် မှတ်ချက်ပေါင်း များစွာကို ရေးသားခဲ့ကြကြောင်းလည်း တွေ့မြင်ရသည်။

လက်ရှိအချိန်တွင် လက်နက်ကိုင်အကြမ်း ဖက်သောင်းကျန်းသူများအနေ ဖြင့် ၎င်းတို့ အဓမ္မဝင် ရောက်နေထိုင် နေသည့် မြို့၊ ရွာများ၌ တပ်မတော်၏ တန်ပြန်ထိုးစစ်ဆင်မှုများကို ကာကွယ်ရန်အတွက် ပြည်သူတို့၏ နေအိမ် အဆောက်အအုံများ၊ အရပ်ဘက်အုပ်ချုပ်မှုဆိုင်ရာအဆောက်အအုံများကို အသုံးပြုခြင်း၊ အပြစ်မဲ့ပြည်သူလူထုတို့ကို လူသားတံတိုင်း အဖြစ်အသုံးပြုနိုင်ရေး ယာယီနေရပ်စွန့်ခွာနေရသူများကို ပြန်လည်နေထိုင်ရန် ဆွဲဆောင်စည်းရုံးခြင်း၊ အတင်း အဓမ္မလူသစ်စုဆောင်းခြင်းများကို လုပ်ဆောင်လျက် ရှိကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်၏ အချုပ်အခြာအာဏာကို မဖြစ်မနေ ကာကွယ်စောင့် ရှောက်သွားမည်ဖြစ်ပြီး အဆိုပါ လက်နက်ကိုင်အကြမ်း ဖက်သောင်း ကျန်းသူများ၏ သတင်းရရှိမှုနှင့် အခြေအနေအရပ်ရပ်အပေါ်မူတည်၍ လိုအပ်သလို တုံ့ပြန် ဆောင်ရွက်သွားမည်ဖြစ် သဖြင့် ၎င်းတို့ အဓမ္မဝင် ရောက်နေထိုင်လျက်ရှိသည့် မြို့၊ ရွာများရှိ ပြည်သူများ အနေဖြင့် ၎င်းတို့၏အသုံးချမှု မခံရစေရေးနှင့် ဘေးကင်းလုံခြုံမှုရှိစေရေးတို့အတွက် သတိပြုကြရန်လိုအပ်ကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က စက်တင်ဘာလ(၃)ရက်က ရှမ်းပြည် နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်နှင့်ခရိုင်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများအား တောင်ကြီးမြို့၊ မြို့တော်ခန်းမ၌ တွေ့ဆုံအမှာစကားပြောကြားစဉ် ထည့်သွင်းပြောကြားသည်။
တပ်မတော်အနေဖြင့် စက်တင်ဘာလ (၅) ရက် ညပိုင်းနှင့် စက်တင်ဘာလ (၆) ရက်တို့တွင် လေကြောင်းတို က်ခိုက်မှုများကို အရှိန်မြှင့်ဆောင် ရွက်ခဲ့ကြောင်းတွေ့မြင်ခဲ့ရကာ စက်တင်ဘာလ (၅) ရက် ညပိုင်း(၉)နာရီခွဲအချိန်က ဖယ်ခုံမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုဆောင်ရွက်ခဲ့ပြီးနောက် စက်တင်ဘာလ (၆) ရက် နံနက်ပိုင်းက မင်းတပ် မြို့နယ်၊ နေ့လယ်ပိုင်းတွင် မြိုင်မြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့တွင် လေကြောင်းတိုက်ခိုက်မှုများကို ဆောင်ရွက်ခဲ့ ကြောင်းသိရသည်။

zawgyi version
ေလေၾကာင္းတိုက္ခိုက္မႈျပဳလုပ္ခဲ့ေသာ နမ့္ခမ္းညေဈးေနရာမွာ TNLA မ်ား ေရာက္ရွိ စိမ့္ဝင္ေနထိုင္ေသာေနရာျဖစ္ေၾကာင္း ေဒသခံေျပာ
သုတေက်ာ္ (NP News) - စက္တင္ဘာ ၁ဝ

ရွမ္းျပည္နယ္ နမ့္ခမ္းၿမိဳ႕တြင္ တပ္မေတာ္က ေလေၾကာင္းတိုက္ခိုက္မႈျပဳလုပ္ခဲ့ေသာေနရာမွာ TNLA မ်ား ေရာက္ရွိစိမ့္ဝင္ေနထိုင္ေသာေနရာျဖစ္ေၾကာင္း နမ့္ခမ္းျဖစ္စဥ္ႏွင့္ပတ္သက္၍အတြင္းက်က် သိရွိထားေသာ ေဒသခံတစ္ဦးက NP News ကိုေျပာသည္။

နမ့္ခမ္းၿမိဳ႕ကို TNLA က ထိန္းခ်ဳပ္ထား ျခင္းျဖစ္ကာ စက္တင္ဘာလ (၆) ရက္ နံနက္(၁)နာရီခြဲခန႔္တြင္ တပ္မေတာ္မွ ေလေၾကာင္းတိုက္ခိုက္မႈ ျပဳလုပ္ခဲ့ျခင္းျဖစ္သည္။

‘ဟုတ္တယ္။ သူတို႔ TNLA က ေရာက္တဲ့အခ်ိန္ေပါ့။ ႀကဲတဲ့ေနရာကလည္း သူတို႔ TNLA က ၿမိဳ႕ထဲမွာ အိပ္တယ္လို႔ သိရတယ္။ အမွန္တကယ္ေတာ့ လူထုေတြ႕ဆုံပြဲလုပ္မလို႔ ေရာက္ေနတာ’ဟု အထက္ပါသတင္းရင္းျမစ္က ဆိုသည္။

ေလေၾကာင္းမွ ဗုံးႀကဲခံရသည့္ နမ့္ခမ္းၿမိဳ႕တြင္ အခင္းျဖစ္ညက TNLA အေထြေထြအတြင္းေရးမႉး တာဘုန္းေက်ာ္ရွိေနသည္ဟု NP News ကသိရေသာ္လည္း အထက္ပါအခ်က္ ကို အတည္ျပဳႏိုင္ခဲ့ျခင္းမရွိခဲ့ေပ။ ထိုသို႔ ေလေၾကာင္းဗုံးႀကဲသည့္ျဖစ္စဥ္တြင္ အရပ္သားေသဆုံးမႈလည္းရွိခဲ့ကာ TNLA ကလည္း ျပည္သူအတြင္း ခိုေအာင္းေနထိုင္သည့္နည္းကို ယခင္ ကပင္က်င့္သုံးခဲ့ေၾကာင္း ရွမ္းျပည္နယ္ေျမာက္ပိုင္း တြင္ေနထိုင္သူ ေဒသခံတစ္ဦး ကဆိုသည္။

‘သူတို႔က အရင္ၿမိဳ႕သိမ္းတိုက္ပြဲေတြမွာလည္း ၿမိဳ႕ထဲကိုဝင္ၿပီး အရပ္သားအိမ္ေတြထဲကေန တိုက္တာေပါ့။ အဲဒီအခါ တပ္ကလည္း ပစ္ရတာခက္တယ္။ ေျပာရမယ္ဆိုရင္ လူသားဒိုင္းလိုပုံစံမ်ိဳးေပါ့။ ၿမိဳ႕သိမ္းတိုက္ပြဲေတြ ဥပမာ ၾကည့္ဗ်ာ။ တိုက္ပြဲျဖစ္ရင္ ၿမိဳ႕နာၿပီးသားပဲ။ ဘာလို႔လဲဆိုေတာ့ သူတို႔က ၿမိဳ႕ထဲကိုဝင္လာၿပီးေတာ့ ျပည္သူကို အကာအကြယ္ယူတာေလ။ ၿပီးေတာ့ သူတို႔ ၿမိဳ႕ထဲေတြကိုဝင္တယ္ဆိုရင္လည္း အရပ္သားအိမ္ေတြထဲ စခန္းခ်တာ။ ျပည္သူကို အကာအကြယ္ယူတယ္။ တပ္ကဗုံးႀကဲရင္ ျပည္သူအိမ္ကိုက်ပါတယ္လုပ္တယ္’ဟု ၎က ဆိုသည္။

ထို႔ေၾကာင့္ TNLA အပါအဝင္ လက္နက္ကိုင္အဖြဲ႕မ်ား လူေနအိမ္မ်ားအတြင္း စခန္းခ်ေနထိုင္ပါက ေရွာင္ရွားသင့္ပါသလားဟု NP News က ၎ထံ သေဘာထားမွတ္ခ်က္ ေတာင္းခံေမးျမန္းခဲ့ရာ ‘သတိထားသင့္တယ္။ သူတို႔ လာမယ္ ဆိုရင္လည္း အနီးအနားေရာက္တယ္ဆိုရင္ ကိုယ္က တိမ္းေရွာင္တာမ်ိဳး လုပ္သင့္တယ္။ ဘာေၾကာင့္လဲ ဆိုေတာ့ ကိုယ္ပါ ၾကားထဲကေရာပါသြားတာမ်ိဳးမျဖစ္ ေအာင္ ဆင္ျခင္သင့္တယ္’ဟု ဆိုသည္။

သတင္းရရွိမႈအေပၚတြင္လည္း တာဝန္ရွိ သူမ်ားအေနျဖင့္ တိက်စြာ ရန္သူကို ေခ်မႈန္းေစလိုေၾကာင္းလည္း ၎က စစ္ေဘးသင့္ေဒသမွ ျပည္သူ တစ္ဦးအေနျဖင့္ အႀကံျပဳေျပာၾကားသည္။ ထို႔ျပင္ TNLA ဘက္က မၾကာခဏ ထုတ္ျပန္ေနက်ျဖစ္သည့္ တိုက္ပြဲမရွိဘဲဗုံးႀကဲသည္ဆိုေသာ ျဖစ္စဥ္မ်ိဳး၌ အမွန္တကယ္တြင္မူ ၎တို႔ ခိုေအာင္း ေသာေနရာမ်ားကို တပ္မေတာ္က ေလေၾကာင္းတိုက္ ခိုက္မႈျပဳ လုပ္ျခင္းျဖစ္သည္ဟု ေဒသခံတစ္ဦးက NP News သို႔ ေျပာၾကားခဲ့ဖူးသည္။

နမ့္ခမ္းၿမိဳ႕ျဖစ္စဥ္ႏွင့္ပတ္သက္၍ ေဖာ္ျပေသာ Video မ်ား၊ ဓာတ္ပုံပို႔စ္မ်ား၏ေအာက္တြင္ အၾကမ္းဖက္ မႈကိုမလိုလားေသာ ျပည္သူမ်ားက မွတ္ခ်က္မ်ားေရးသားခဲ့ၾကရာ ‘အၾကမ္းဖက္ေတြရွိတဲ့ ေနရာႀကဲမွာေပါ့။ သတင္း မီဒီယာတင္တဲ့သူ၊ ေရးတဲ့သူေတြက ဘက္မလိုက္ဘဲ မွန္မွန္ကန္ကန္၊ တိတိက်က် ေရးၿပီးတင္ေပးပါ’၊ ‘သူပုန္ရွိတဲ့ၿမိဳ႕ေန ရင္ အသက္ေတာင္ စိတ္မခ်ရပါ’ စသည္ျဖင့္ မွတ္ခ်က္ေပါင္း မ်ားစြာကို ေရးသားခဲ့ၾကေၾကာင္းလည္း ေတြ႕ျမင္ရသည္။

လက္ရွိအခ်ိန္တြင္ လက္နက္ကိုင္အၾကမ္း ဖက္ေသာင္းက်န္းသူမ်ားအေန ျဖင့္ ၎တို႔ အဓမၼဝင္ ေရာက္ေနထိုင္ ေနသည့္ ၿမိဳ႕၊ ႐ြာမ်ား၌ တပ္မေတာ္၏ တန္ျပန္ထိုးစစ္ဆင္မႈမ်ားကို ကာကြယ္ရန္အတြက္ ျပည္သူတို႔၏ ေနအိမ္ အေဆာက္အအုံမ်ား၊ အရပ္ဘက္အုပ္ခ်ဳပ္မႈဆိုင္ရာအေဆာက္အအုံမ်ားကို အသုံးျပဳျခင္း၊ အျပစ္မဲ့ျပည္သူလူထုတို႔ကို လူသားတံတိုင္း အျဖစ္အသုံးျပဳႏိုင္ေရး ယာယီေနရပ္စြန႔္ခြာေနရသူမ်ားကို ျပန္လည္ေနထိုင္ရန္ ဆြဲေဆာင္စည္း႐ုံးျခင္း၊ အတင္း အဓမၼလူသစ္စုေဆာင္းျခင္းမ်ားကို လုပ္ေဆာင္လ်က္ ရွိေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာအာဏာကို မျဖစ္မေန ကာကြယ္ေစာင့္ ေရွာက္သြားမည္ျဖစ္ၿပီး အဆိုပါ လက္နက္ကိုင္အၾကမ္း ဖက္ေသာင္း က်န္းသူမ်ား၏ သတင္းရရွိမႈႏွင့္ အေျခအေနအရပ္ရပ္အေပၚမူတည္၍ လိုအပ္သလို တုံ႔ျပန္ ေဆာင္႐ြက္သြားမည္ျဖစ္ သျဖင့္ ၎တို႔ အဓမၼဝင္ ေရာက္ေနထိုင္လ်က္ရွိသည့္ ၿမိဳ႕၊ ႐ြာမ်ားရွိ ျပည္သူမ်ား အေနျဖင့္ ၎တို႔၏အသုံးခ်မႈ မခံရေစေရးႏွင့္ ေဘးကင္းလုံၿခဳံမႈရွိေစေရးတို႔အတြက္ သတိျပဳၾကရန္လိုအပ္ေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရး ေကာင္စီ ဥကၠ႒၊ ႏိုင္ငံေတာ္ဝန္ႀကီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္က စက္တင္ဘာလ(၃)ရက္က ရွမ္းျပည္ နယ္အစိုးရအဖြဲ႕ဝင္မ်ား၊ ျပည္နယ္ႏွင့္ခ႐ိုင္အဆင့္ ဌာနဆိုင္ရာတာဝန္ရွိသူမ်ားအား ေတာင္ႀကီးၿမိဳ႕၊ ၿမိဳ႕ေတာ္ခန္းမ၌ ေတြ႕ဆုံအမွာစကားေျပာၾကားစဥ္ ထည့္သြင္းေျပာၾကားသည္။
တပ္မေတာ္အေနျဖင့္ စက္တင္ဘာလ (၅) ရက္ ညပိုင္းႏွင့္ စက္တင္ဘာလ (၆) ရက္တို႔တြင္ ေလေၾကာင္းတို က္ခိုက္မႈမ်ားကို အရွိန္ျမႇင့္ေဆာင္ ႐ြက္ခဲ့ေၾကာင္းေတြ႕ျမင္ခဲ့ရကာ စက္တင္ဘာလ (၅) ရက္ ညပိုင္း(၉)နာရီခြဲအခ်ိန္က ဖယ္ခုံၿမိဳ႕နယ္တြင္ ေလေၾကာင္းတိုက္ခိုက္မႈေဆာင္႐ြက္ခဲ့ၿပီးေနာက္ စက္တင္ဘာလ (၆) ရက္ နံနက္ပိုင္းက မင္းတပ္ ၿမိဳ႕နယ္၊ ေန႔လယ္ပိုင္းတြင္ ၿမိဳင္ၿမိဳ႕နယ္ႏွင့္ ႏြားထိုးႀကီးၿမိဳ႕နယ္တို႔တြင္ ေလေၾကာင္းတိုက္ခိုက္မႈမ်ားကို ေဆာင္႐ြက္ခဲ့ ေၾကာင္းသိရသည္။

Related news

© 2021. All rights reserved.