NUG ၏ သက်ငယ်မုဒိမ်းတရားခံကို ဖမ်းဝရမ်းထုတ်သည် ဆိုသော်လည်း ဖမ်းမိဖွယ်မရှိ

 6336

သုတကျော် (NP News) - စက်တင်ဘာ ၁ဝ

NUG ကြောင့် ကာလရှည်လွတ်မြောက်နေသော သက်ငယ်မုဒိမ်းတရားခံကို NUG ကပင် ပြန်လည် ဖမ်းဝရမ်း ထုတ်သည်ဆိုသော်လည်း ဖမ်းမိဖွယ်မရှိကြောင်း ဖြစ်စဉ်နှင့်ပတ်သက်၍သိရှိသူ အမည်မ ဖော်လိုသော ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား သတင်းရင်းမြစ်တစ်ဦးက NP News သို့ သုံးသပ်ပြောကြားသည်။

အဆိုပါ အဓမ္မပြုကျင့်သည့်ဖြစ်စဉ်မှာ ပြီးခဲ့သည့် (၂၀၂၃) ခုနှစ် ဧပြီလအတွင်းက ထိုင်းနိုင်ငံ မဲဆောက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ဖြစ်စဉ်တွင် ရန်ကုန်တက္ကသိုလ်မှ CDM တွဲ ဖက်ပါမောက္ခအမျိုး သမီးတစ်ဦးသည် တွံတေး NLD ပါတီ၏ အတွင်းရေးမှူး အောင်မင်းနှင့် အိမ်နီးချင်းအဖြစ်နေထိုင်စဉ် ၎င်း၏ အသက်(၅)နှစ်အရွယ်သမီးငယ်ကို အောင်မင်းက သက်ငယ်မုဒိမ်းပြုကျင့်ခဲ့ခြင်းဖြစ်သည်။

‘အောင်မင်းက အသက် (၆၀)ကျော်ပြီ။ သင်္ကြန်တွင်းမှာ အောင်မင်းက ကလေးကိုပြုကျင့်တာ။ ကလေးကပဲ အကုန်ဖော်တာပေါ့။ ဓမ္မတာဆန့်ကျင်မုဒိမ်းမှုပါ သူကလုပ်တာ။ အမေကသိတော့ NUG ကို တိုင်တယ်။ ထိုင်းမှာလည်း တိုင်ချက်ဖွင့်တယ်’ဟု အထက်ပါသတင်းရင်းမြစ်က ဆိုသည်။ ထိုသို့ တိုင်ကြားမှုများပြုလုပ်ခဲ့ပြီးနောက် NUG က အောင်မင်းကို မဲဆောက်မြို့တွင် လျှို့ဝှက်စစ်ဆင် ရေးဆန်ဆန်ဖမ်းဆီးခဲ့သော်လည်း NUG လက်မှ အောင်မင်း ထွက်ပြေးလွတ်မြောက်သွားခဲ့ပြန်သည်။

‘အောင်မင်း ထွက်ပြေးတယ်ဆိုတာကို ဘယ်သူမှမယုံဘူး။ လွှတ်ပေးလိုက်တာလို့ပဲ ကျွန်တော်တို့ ယူဆတယ်။ ဒီကိစ္စက ဇာတ်ရှုပ်ကြီးဗျ။ အခြေအနေတွေ ကိုသုံးသပ်ကြည့်လို့ရတယ်။ ထိုင်းတရားရုံးကိုတိုင်တော့ ထိုင်းတရားရေးက ဒီအမှုမှာ ဝင်လာရင်အောင် မင်းကိုဖမ်းမှာလေ။ ဖမ်းလိုက်ရင် သူတို့ဟာတွေ ပေါ်ကုန်မှာလည်း စိုးတယ်ထင်တယ်။ ဒါကြောင့် ကြိုပြီးတော့ သူတို့ကဖမ်းတယ်။ ပြီးတော့ လွှတ်ပေးလိုက် တယ်လို့ပဲ ကျွန်တော်အတိအကျပြောချင်တယ်။ မဖမ်းခင်ကလည်း အောင်မင်းနဲ့ NUG တွေ့တာရှိတယ်။ တွေ့တယ်ဆိုတာတော့ အတည်ပြု မရပေမယ့် မှန်သလောက် နီးနီးပဲ’ဟု ၎င်းက ဆိုသည်။

အောင်မင်း လွတ်မြောက်သွားပြီးနောက် သက်ငယ်မုဒိမ်းမှု ဇာတ်မျောဖြစ်နေစဉ် ဩဂုတ်လအတွင်းက အဆိုပါ အမှုနှင့်ပတ်သက်၍ တောင်းဆိုမှုများရှိ လာခဲ့သည့်နောက် ယခုနှစ် ဩဂုတ်လ(၃၀)ရက်တွင် NUG က ၎င်းတို့၏ ကလေးမြို့နယ် တရားရုံးမှတစ်ဆင့် ဖမ်းဝရမ်းထုတ်ခဲ့သည်။

‘အခုမှ ထုတ်တော့ကော ဘာထူးမှာလဲ။ အောင်မင်းကလွတ်သွားပြီလေ။ အခုဆို ဘယ်ဆီဘယ်နေရာ ရောက်နေ မှန်းတောင် မသိတော့ဘူး။ ဖမ်းဝရမ်း ဆိုပေမယ့်လည်း မြေပြင်မှာ တကယ်လုပ်နိုင်၊ မလုပ်နိုင်ကရှိသေးတယ်။ NUG ဩဇာကကော ဘယ်လောက်သက်ရောက်လို့တုံး။ အောင်မင်းကို ဖမ်းမိ မယ်ထင်လား။ ဝေးတောင်ဝေးသေးတယ်’ဟု အ ထက်ပါ သတင်းရင်းမြစ်ကဆိုသည်။ သက်ငယ်မုဒိမ်းသမား NUG ဘက်တော်သား အောင်မင်းအမှုကို ပြည်ပရောက် အမျိုးသမီးသတင်းထောက်တစ်ဦးက ကျူးလွန်ခံရသူ မိသားစုတရားမျှတမှုရရေးအတွက် ကြိုးပမ်းပေးနေသည်ဟု သိရ သည်။

zawgyi version







Related news

© 2021. All rights reserved.