ပ-အ-န နှင့် အလားတူအဖွဲ့မျိုးကို ယခင်ကပင် ပြည်သူများက ဖွဲ့စည်းခဲ့ကြခြင်းများရှိဟု ဆို

 2925

သန့်ဇင် (NP News) - စက်တင်ဘာ ၁ဝ

မကြာမီပေါ်ပေါက်တော့မည့် ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့မျိုးသည် လိုအပ်ကြောင်းနှင့် အလားတူအဖွဲ့မျိုးကို ယခင်ကပင် ပြည်သူများက မိမိအသိစိတ်ဖြင့် ဖွဲ့စည်းခဲ့ကြခြင်းများရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ် စားလှယ်ဟောင်းဦးကျော်ဇေယျက NP News သို့ သုံးသပ်ပြောကြားသည်။

ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေး ဗဟိုကြီးကြပ်ကွပ်ကဲမှုအဖွဲ့ကို ဩဂုတ်လ (၁၆) ရက်တွင် အဖွဲ့ဝင်(၁၀)ဦးဖြင့် ဖွဲ့စည်းကြောင်း နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။

အဆိုပါအဖွဲ့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ဥက္ကဋ္ဌ၊ ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက ဒုတိယဥက္ကဋ္ဌအဖြစ် ဦးဆောင်ထားပြီး ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တွဲဖက်စစ်ထောက်ချုပ်၊ တွဲဖက်စစ်ရေးချုပ်၊ ဒုတိယတိုင်းမှူးများ၊ မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့မှ ဌာနချုပ်မှူးစသည်ဖြင့် ပါဝင်ဖွဲ့စည်းထားသည်။

‘ပြည်သူ့လုံခြုံရေးအနေနဲ့ကတော့ မိမိရပ်ရွာ၊ မိမိရဲ့ရပ်ကွက်၊ ကျေးရွာကို အခြေခံပြီးဖွဲ့တဲ့အဖွဲ့ပေါ့။ ကိုယ်က နားလည်တာ ပြောတာပါ။ အဲဒီတော့ ဒီအဖွဲ့မျိုးကအမှန်တော့ ကျွန်တော်ပွင့်ပွင့် လင်းလင်း ပြောပြမယ်။ အမိန့်အာဏာ မလာခင်တည်းကိုက အရေးခင်းကာလလို့ပဲပြောရမှာပေါ့ဗျာ။ တပ်မတော် အာဏာထိန်းပြီး တစ်ပတ်၊ နှစ်ပတ်လောက်မှာကို ရပ်ကွက်တွေမှာဖွဲ့တယ်။ အဲဒါ ပွင့်ပွင့်လင်းလင်းပြောတာ။ တရားဝင်အမိန့်အာဏာနဲ့ မဟုတ်သေးဘူး။ ရပ်ကွက် တွင်း စည်းစည်းလုံးလုံးနဲ့ လုပ်ကြတာ။ ရန်သူက ဘယ်သူမှန်း မသိသေးဘူး။ ရပ်ကွက်အတွင်းမှာ နေတဲ့သူတွေက အသိစိတ်ဓာတ်ရှိရှိနဲ့ ကိုယ့်လမ်း၊ ကိုယ့်ရပ်ကွက်ကို ကာကွယ်ဖို့အတွက် ညတည်းက လုံခြုံရေးကင်းတွေ စောင့်ကြ တယ်။ အဲဒါကလိုတယ်လို့ ကျွန်တော်က ပြောချင်တယ်’ဟု ဦးကျော်ဇေ ယျက (၂၀၂၁) ခုနှစ် ဖေဖော်ဝါရီလ ကာလများ တွင် ရပ်ကွက်များ၌ ကိုယ်ထူကိုယ်ထ လုံခြုံရေးအဖွဲ့များ ပြုလုပ်ခဲ့ခြင်းကို ကိုးကား၍ ပြောကြားသည်။

မြန်မာလူမျိုးများ၏ သဘာဝအနေအထားအရ ယခင်ကပင် မီးကင်းစောင့်ခြင်းများရှိပြီး မိမိရပ်ကွက်၊ မိမိလမ်းကို လုံခြုံစေရန်အတွက် ဆောင်ရွက် ခဲ့ကြကြောင်းလည်း ၎င်းက ဆိုသည်။
‘အခုကျတော့မှ လိုအပ်တော့မှ ထဖွဲ့တယ် ဆိုတဲ့အခါမှာ အန္တရာယ်အမျိုးမျိုး၊ အတွေးအမျိုးမျိုး နဲ့အတူ ပိကျလာနိုင်တဲ့ ဝေဖန်မှုတွေ၊ သုံးသပ်မှုတွေအရ တစ်ခါတစ်ရံမှာ ခြေထောက်ကိုကြိုးချည်ပြီး ပြေး ခိုင်းသလိုမျိုးဖြစ်တဲ့ အတွက် အလစ်အငိုက်တစ်ခု မရောက်ဖို့တော့ စိုးရိမ်ရပါတယ်။ ဒီလိုမျိုးအဖွဲ့အစည်းတွေက အခုဖြစ်ပေါ်နေတဲ့ အခြေအနေကောင်း မဟုတ်ဘဲ နိုင်ငံတော်မှာရှိတဲ့ ရှိသင့်ရှိထိုက်တဲ့ ပြည်တွင်းပြည်ပက ပေါ်လာနိုင်သော အရေးအရာ တွေကို စုပေါင်းတွန်းလှန်ကာကွယ်နိုင်ရန် ဖွဲ့စည်းသင့်တဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ဟိုးအရင်တည်းက ဖွဲ့သင့် တယ်လို့ ယူဆပါတယ်’ဟု နိုင်ငံရေး သုံးသပ်လေ့လာသူတစ်ဦးက ဆိုသည်။

zawgyi version
ပ-အ-န ႏွင့္ အလားတူအဖြဲ႕မ်ိဳးကို ယခင္ကပင္ ျပည္သူမ်ားက ဖြဲ႕စည္းခဲ့ၾကျခင္းမ်ားရွိဟု ဆို
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁ဝ

မၾကာမီေပၚေပါက္ေတာ့မည့္ ျပည္သူ႔လုံၿခဳံေရးႏွင့္ အၾကမ္းဖက္ႏွိမ္နင္းေရးအဖြဲ႕မ်ိဳးသည္ လိုအပ္ေၾကာင္းႏွင့္ အလားတူအဖြဲ႕မ်ိဳးကို ယခင္ကပင္ ျပည္သူမ်ားက မိမိအသိစိတ္ျဖင့္ ဖြဲ႕စည္းခဲ့ၾကျခင္းမ်ားရွိေၾကာင္း ရန္ကုန္တိုင္း ေဒသႀကီး လႊတ္ေတာ္ကိုယ္ စားလွယ္ေဟာင္းဦးေက်ာ္ေဇယ်က NP News သို႔ သုံးသပ္ေျပာၾကားသည္။

ျပည္သူ႔လုံၿခဳံေရးႏွင့္ အၾကမ္းဖက္ႏွိမ္နင္းေရး ဗဟိုႀကီးၾကပ္ကြပ္ကဲမႈအဖြဲ႕ကို ဩဂုတ္လ (၁၆) ရက္တြင္ အဖြဲ႕ဝင္(၁၀)ဦးျဖင့္ ဖြဲ႕စည္းေၾကာင္း ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ သတင္းထုတ္ျပန္ေရးအဖြဲ႕က ထုတ္ျပန္ခဲ့သည္။

အဆိုပါအဖြဲ႕တြင္ နယ္စပ္ေရးရာဝန္ႀကီးဌာန၊ ျပည္ေထာင္စုဝန္ႀကီးက ဥကၠ႒၊ ကာကြယ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက ဒုတိယဥကၠ႒အျဖစ္ ဦးေဆာင္ထားၿပီး ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံး(ၾကည္း)မွ တြဲဖက္စစ္ေထာက္ခ်ဳပ္၊ တြဲဖက္စစ္ေရးခ်ဳပ္၊ ဒုတိယတိုင္းမႉးမ်ား၊ ျမန္မာႏိုင္ငံ စစ္မႈထမ္းေဟာင္းအဖြဲ႕မွ ဌာနခ်ဳပ္မႉးစသည္ျဖင့္ ပါဝင္ဖြဲ႕စည္းထားသည္။

‘ျပည္သူ႔လုံၿခဳံေရးအေနနဲ႔ကေတာ့ မိမိရပ္႐ြာ၊ မိမိရဲ႕ရပ္ကြက္၊ ေက်း႐ြာကို အေျခခံၿပီးဖြဲ႕တဲ့အဖြဲ႕ေပါ့။ ကိုယ္က နားလည္တာ ေျပာတာပါ။ အဲဒီေတာ့ ဒီအဖြဲ႕မ်ိဳးကအမွန္ေတာ့ ကြၽန္ေတာ္ပြင့္ပြင့္ လင္းလင္း ေျပာျပမယ္။ အမိန႔္အာဏာ မလာခင္တည္းကိုက အေရးခင္းကာလလို႔ပဲေျပာရမွာေပါ့ဗ်ာ။ တပ္မေတာ္ အာဏာထိန္းၿပီး တစ္ပတ္၊ ႏွစ္ပတ္ေလာက္မွာကို ရပ္ကြက္ေတြမွာဖြဲ႕တယ္။ အဲဒါ ပြင့္ပြင့္လင္းလင္းေျပာတာ။ တရားဝင္အမိန႔္အာဏာနဲ႔ မဟုတ္ေသးဘူး။ ရပ္ကြက္ တြင္း စည္းစည္းလုံးလုံးနဲ႔ လုပ္ၾကတာ။ ရန္သူက ဘယ္သူမွန္း မသိေသးဘူး။ ရပ္ကြက္အတြင္းမွာ ေနတဲ့သူေတြက အသိစိတ္ဓာတ္ရွိရွိနဲ႔ ကိုယ့္လမ္း၊ ကိုယ့္ရပ္ကြက္ကို ကာကြယ္ဖို႔အတြက္ ညတည္းက လုံၿခဳံေရးကင္းေတြ ေစာင့္ၾက တယ္။ အဲဒါကလိုတယ္လို႔ ကြၽန္ေတာ္က ေျပာခ်င္တယ္’ဟု ဦးေက်ာ္ေဇ ယ်က (၂၀၂၁) ခုႏွစ္ ေဖေဖာ္ဝါရီလ ကာလမ်ား တြင္ ရပ္ကြက္မ်ား၌ ကိုယ္ထူကိုယ္ထ လုံၿခဳံေရးအဖြဲ႕မ်ား ျပဳလုပ္ခဲ့ျခင္းကို ကိုးကား၍ ေျပာၾကားသည္။

ျမန္မာလူမ်ိဳးမ်ား၏ သဘာဝအေနအထားအရ ယခင္ကပင္ မီးကင္းေစာင့္ျခင္းမ်ားရွိၿပီး မိမိရပ္ကြက္၊ မိမိလမ္းကို လုံၿခဳံေစရန္အတြက္ ေဆာင္႐ြက္ ခဲ့ၾကေၾကာင္းလည္း ၎က ဆိုသည္။
‘အခုက်ေတာ့မွ လိုအပ္ေတာ့မွ ထဖြဲ႕တယ္ ဆိုတဲ့အခါမွာ အႏၲရာယ္အမ်ိဳးမ်ိဳး၊ အေတြးအမ်ိဳးမ်ိဳး နဲ႔အတူ ပိက်လာႏိုင္တဲ့ ေဝဖန္မႈေတြ၊ သုံးသပ္မႈေတြအရ တစ္ခါတစ္ရံမွာ ေျခေထာက္ကိုႀကိဳးခ်ည္ၿပီး ေျပး ခိုင္းသလိုမ်ိဳးျဖစ္တဲ့ အတြက္ အလစ္အငိုက္တစ္ခု မေရာက္ဖို႔ေတာ့ စိုးရိမ္ရပါတယ္။ ဒီလိုမ်ိဳးအဖြဲ႕အစည္းေတြက အခုျဖစ္ေပၚေနတဲ့ အေျခအေနေကာင္း မဟုတ္ဘဲ ႏိုင္ငံေတာ္မွာရွိတဲ့ ရွိသင့္ရွိထိုက္တဲ့ ျပည္တြင္းျပည္ပက ေပၚလာႏိုင္ေသာ အေရးအရာ ေတြကို စုေပါင္းတြန္းလွန္ကာကြယ္ႏိုင္ရန္ ဖြဲ႕စည္းသင့္တဲ့ အဖြဲ႕အစည္းတစ္ခုျဖစ္ပါတယ္။ ဟိုးအရင္တည္းက ဖြဲ႕သင့္ တယ္လို႔ ယူဆပါတယ္’ဟု ႏိုင္ငံေရး သုံးသပ္ေလ့လာသူတစ္ဦးက ဆိုသည္။

Related news

© 2021. All rights reserved.