"သူပုန်အဖွဲ့ဝင် အဆိုတော် မိုင်းမိုင်ဆိုင်းရဲ့ ဗုဒ္ဓဘာသာအပေါ် စော်ကားမှု"

 38120

အိဖြူ (NP News) - စက်တင်ဘာ ၁ဝ

“The Statesman Myanmar” ရဲ့အပတ်စဉ်ဖော်ပြတဲ့ အနုပညာအနှစ်ချုပ်ကဏ္ဍကနေ အနုပညာသတင်းတွေကို NP News က ထပ်ဆင့် ဖော်ပြပေးပါမယ်။

ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကနေ "ဗုဒ္ဓဘာသာဝင်များ အထွတ် အမြတ်ထားရာ စေတီတော်ရင်ပြင်ပေါ် ဖိနပ်စီးတက်ခဲ့သူ Myanmar Idol အဆိုတော် မိုင်းမိုင်ဆိုင်းရဲ့ဘာသာရေးစော်ကားမှုလုပ်ရပ်၊ ဆင်ဆာအဖွဲ့ကို လှောင်ပြောင်နေတဲ့ ညိုမင်းလွင်နဲ့အနုပညာရှင်အချို့၊ မေမီကျော်ကျော်ရဲ့ (၈) နှစ်ကြာ အိမ်ထောင်ရေး၊ (၂၇) ရက်သာ ပေါင်းဖက်ခဲ့ရတဲ့ Anonimus ရဲ့ အိမ်ထောင်ရေး" အစရှိတဲ့ အနုပညာသတင်းတွေကို ဖော်ပြပေးပါမယ်။

ဗုဒ္ဓဘာသာဝင်များ အထွတ်အမြတ်ထားရာ ဘုရားစေတီတော်ရင်ပြင်ပေါ်ကို ဖိနပ်စီးတက်ခဲ့သူ ကချင်သူပုန် အဆိုတော် မိုင်းမိုင်ဆိုင်းရဲ့လုပ်ရပ်

အဆိုတော် မိုင်းမိုင်ဆိုင်းဟာ (၁-၉-၂၀၂၄)ရက်က ကချင်ပြည်နယ်အတွင်းရှိ သမိုင်းဝင် စိန်လုံတောင်ပေါ်ရှိ စေတီတော် ရင်ပြင်ပေါ် ဖိနပ်စီး တက်ကာ ဓာတ်ပုံရိုက်ပြီး ဗုဒ္ဓဘာသာအပေါ် စော်ကား ပြုမူခဲ့ပါတယ်။ သူ့ရဲ့လုပ်ရပ်ဟာ တိုက်ပွဲအတွင်း တပ်မတော်ပိုင်နယ်မြေကို သိမ်းပိုက်နိုင်ကြောင်း၊ နိုင်ငံရေးဖြစ်စဉ်နဲ့ ဘာသာရေးကို ရောနှောပြောဆို တုံ့ပြန်ခဲ့ပေမယ့် သူ့ရဲ့စော်ကားအတဲ့အပြုအမူကို ဆို ရှယ်မီဒီယာအသုံးပြုသူတိုင်းနဲ့ ဗုဒ္ဓဘာသာဝင် တိုင်းက ဝေဖန်ပြစ်တင်ခဲ့ကြပြီး၊ ဒေါသစိတ်ဖြစ်ပေါ် ခဲ့ကြပါတယ်။

ကချင်လူမျိုး ခရစ်ယာန်ဘာသာဝင် မိုင်းမိုင်ဆိုင်းက Myanmar Idol Season 2 ပြိုင်ပွဲဝင်ဖြစ်ပြီး၊ ၂၀၂၁ ခုနှစ် နိုင်ငံရေးအရေး အခင်းနောက်ပိုင်း တပ်မတော်အပေါ် အကြမ်းဖက် လက်နက်ကိုင်ပုန်ကန်မှုလမ်းစဉ်ကို ရွေးချယ်ခဲ့သူ KIA စစ်သွေးကြွသူပုန်အဖွဲ့ဝင်တစ်ဦးဖြစ်ပါတယ်။ ဒါ့ပြင် AA လက်နက်ကိုင်ခေါင်းဆောင်ထွန်းမြတ်နိုင်ရဲ့ အငယ်အနှောင်းအဖြစ် နာမည်ထွက်ပေါ် နေသူဖြစ်ပါတယ်။

မိုင်းမိုင်ဆိုင်းရဲ့ပိုစ့်ကို ပြန်ရှဲကာ လူမှုကွန် ရက်သုံးစွဲသူအမျိုးသားတစ်ဦးက "တိုင်းရင်းသား လက်နက်ကိုင်တွေ စစ်တိုက်လို့ စစ်နိုင်တာအပေါ် ဘာမှဝေဖန်စရာမလိုပေမယ့် ထင်ရှားတဲ့ တိုင်းရင်း သားအနုပညာရှင်တစ်ယောက်အနေနဲ့ အခုလို ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ဘုရား စေတီတွေအပေါ် ရိုင်းပြစွာ ပြုမူတာကိုတော့ ဗုဒ္ဓဘာသာဝင်တစ်ဦးအနေနဲ့ လုံးဝလက်မခံနိုင်ပါဘူး။ မြန်မာ့တပ်မတော်ကိုလည်း မေတ္တာရပ်ခံလိုတာက နိုင်ငံငြိမ်းချမ်းရေးအတွက်၊ ဘာသာ သာသနာ အစော်ကားမခံရရေးအတွက် စစ်ကို အနိုင်တိုက် ပေးစေချင်ပါတယ်"လို့ ပြောဆိုခဲ့တာပါ။

အလားတူ "ဘာသာရေးဆိုတာ မည် သည့်အရာနဲ့မှထိပါးစော်ကား၍ မရပါ။ ဘယ်ဘာသာ ဝင်ပဲဖြစ်ပါစေ၊ ကိုယ့်ဘာသာကို ရိုသေလေးစား တန်ဖိုးထားတတ်ကြသလို တခြားသူရဲ့ယုံကြည် သက်ဝင်မှုကိုလည်း မစော်ကား၊ မလေးမစား မလုပ် မိဖို့ လိုအပ်ပါတယ်။ ဘာသာတိုင်းကို လေးစားမှုထား တတ်ဖို့ အရေးကြီးပါတယ်။ ငါတို့လည်း ခရစ်ယာန်တွေ ဆုတောင်းချိန်ဆို မျက်လုံးမှိတ်ပြီး ငြိမ်သက်ပေးခဲ့တယ်။ ငါတို့ဘာသာမဟုတ်လို့ မလေးစား ဘူးဆိုတာ တကယ့်ကိုအောက်တန်းစား စိတ်ဓာတ် ပဲ။ ဘာသာရေးကို နိုင်ငံရေး၊ လူမျိုးရေးနဲ့ရောယှက်ပြီး အသုံးမချကြပါနဲ့။ ဘုရားစေတီဆိုတာ စစ်တပ်ကပဲ ကိုးကွယ်တာမဟုတ်ဘူး၊ ကျွန်မတို့ဒေသခံလူမျိုးတွေ လည်း ကိုးကွယ်ပါတယ်။ ဗုဒ္ဓဘာသာကို စော်ကား ပြုမူခြင်းက ဗုဒ္ဓဘာသာဝင်လူမျိုးအားလုံးကို စော်ကားခြင်းသာဖြစ်ပါတယ်} လို့ လူမှုကွန်ရက် အသုံးပြုသူတိုင်းက မိုင်းမိုင်ဆိုင်းကို ဝေဖန်ပြစ်တင် ပြောဆိုခဲ့ကြပါတယ်။

မိုင်းမိုင်ဆိုင်းဘက်က ဗုဒ္ဓဘာသာဝင်တွေ အပေါ် တောင်းပန်မှုမရှိတဲ့အပြင် "မဆီမဆိုင် ဘာသာရေးနဲ့ကိုင်ပြီး လိုက်စိတ်ကောက်မနေကြနဲ့။ ဒီလောက်ယုတ်ညံ့တဲ့ ခွေးတွေနေတဲ့နေရာ ဘာ ဘုရားမှလည်း မရှိဘူးဆိုတာယုံ။ စစ်တပ်စခန်းတိုင်း ဘုရားစေတီနဲ့တွဲတွဲပြီး ကာဗာလုပ်၊ ဘုရားဟော အတိုင်းနေကြသလားဆိုတော့ သောက်တလွဲ။ သူများလူမျိုးဘာသာတွေရဲ့ သမိုင်းဝင်တောင်ပေါ် အနိုင်ကျင့် ဘုရားတည်၊ သူများလူမျိုးတွေကို ရက်ရက်စက်စက် ဂူသွင်းသတ်ထည့်ခဲ့တဲ့စေတီတွေ။ ဒီလိုအရာကို ဘုရားလို့တောင် ခင်ဗျားတို့ဗုဒ္ဓဘာသာ တွေ ယောင်လို့တောင် မသုံးနှုန်းမိစေနဲ့။ ဒါတွေဟာ ဘုရားတွေလည်းမဟုတ်သလို ဘာသာရေးအတွက် လည်း လုပ်ထားတာမဟုတ်ပါ"လို့ ထပ်မံ ရိုင်းစိုင်းစော်ကားခဲ့တာပါ။

ဒါပေမဲ့ နာရီပိုင်းအတွင်း အဲဒီပို့စ်ကို ပြန်လည်ဖျက်သွားခဲ့ပြီး တော်လှန် ရေးဘက်တော် သားတွေထဲက ဗုဒ္ဓဘာသာဝင်တွေကို အားနာမိတဲ့အတွက် ပြန်လည်ဖျက်ခဲ့ခြင်းမျိုးဖြစ်တယ်လို့ ဆိုခဲ့ပြန်ပါတယ်။

အလားတူ နိုင်ငံရေးပုန်ကန်မှုလုပ်ဆောင် နေကြတဲ့ အကြမ်းဖက်အားပေးအနုပညာရှင်တွေ ထဲမှာ ဘာသာခြားတွေဖြစ်ကြတဲ့ ပိုင်ဖြိုးသု၊ ချစ်သု ဝေ၊ မိုင်းမိုင်ဆိုင်း၊ မျိုးကြီး၊ L လွန်းဝါ၊ ဖြူဖြူကျော်သိန်း၊ နိုဗန်ထူး၊ ဟန်ထူးလွင်၊ အေသင်ချိုဆွေ၊ ချမ်းချမ်း စတဲ့ ပြည်ပြေးအနုပညာသမားတွေက ဗုဒ္ဓဘာ သာနဲ့ပတ်သက်လာပါက ဘက်ပေါင်းစုံမှ စော်ကား ပြောဆိုမှုတွေ လုပ်ဆောင်လျက်ရှိပါတယ်။ ၎င်းတို့ ထက် ပိုမိုဆိုးရွားသည်မှာ ဗုဒ္ဓဘာသာဝင်တွေဖြစ်ကြတဲ့ NUG အဖွဲ့များ၊ ကိုပေါက်၊ မင်းမော်ကွန်း၊ ဟား ငါးကောင်၊ လင်းလင်း၊ မြနှင်းရည်လွင်၊ R ဇာနည် အစရှိသူတို့ ကိုယ်တိုင်က မြန်မာနိုင်ငံမှာ ဘာသာရေး ပွဲတော်တွေကျင်းပချိန်နဲ့ ရဟန်းသံဃာတော်တွေကို ရိုင်းစိုင်းစွာပြောဆိုခြင်း၊ ပြည်သူလူထုအပေါ် ခြိမ်းခြောက်ပြောဆိုခြင်းတွေ ဆက်တိုက်လုပ်ဆောင် လျက်ရှိပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းယူ ထားတဲ့နယ်မြေတွေမှာ ဗုဒ္ဓဘာသာဝင်တွေကို နှိမ့်ချ ‌စော်ကားနှိပ်စက်ခြင်း၊ ဘုန်းကြီးကျောင်းတိုက်၊ စေတီပုထိုးတွေကို အကာအကွယ်ပြု အသုံးချခြင်း၊ ဖြိုချဖျက်ဆီးခြင်း စတဲ့လုပ်ရပ်တွေကို တိုင်းရင်း သားလက်နက်ကိုင်တွေ လုပ်ဆောင်လျက်ရှိပါတယ်။

၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၈ ရက်ကလည်း လောက်ကိုင်ပွိုင့် ၂၂၀၂ တောင်ကုန်း(ဆင်ဦးကင်း ကုန်း) ပေါ်ရှိ စေတီတစ်ဆူကို MNDAA အဖွဲ့ဝင် တစ်ဦးက တူနဲ့ထုရိုက် ဖြိုဖျက်နေတဲ့ ရုပ်သံဖိုင်နဲ့ ဘုရားဆင်းတုတော်ကို လည်ပင်း ဖြတ်၊ ပျက်စီးနေတဲ့ ရုပ်သံဖိုင်တွေ ထွက်ပေါ်လာခဲ့တဲ့အပေါ် ဗုဒ္ဓဘာ သာဝင်တွေ ပြင်းထန်စွာရှုတ်ချခဲ့ကြပါတယ်။

ဆင်ဆာအဖွဲ့ကို လှောင်ပြောင်နေတဲ့ ညိုမင်းလွင်နဲ့ အနုပညာရှင်အချို့
ဒါရိုက်တာညိုမင်းလွင်က "ရှမ်းကိုးမီး" ရုပ်ရှင်ဇာတ်ကားအတွက် ဆင်ဆာတင်ရာမှာ ဆင်ဆာအကဲဖြတ်အဖွဲ့က နှစ်ကြိမ်တိတိ ခွင့်မပြုခဲ့ တာကြောင့် ဇာတ်ကားနာမည်ကို လှည့်ပတ်ပေးခဲ့ရ ကြောင်း ပြောပြလာပါတယ်။

ညိုမင်းလွင်က "ရှမ်းကိုးမီး" အမည်ရှိ ရုပ်ရှင် ဇာတ်ကားရိုက်ကူးမှုပြီးစီးချိန် ဆင်ဆာအကဲဖြတ်အဖွဲ့ထံ တင်ပြရာ ဇာတ်ကားအမည် ဆင်ဆာမရတာ ကြောင့် "ဂျက်ကွင်းကင်း" လို့ အမည်ပြောင်းလဲ ပေးခဲ့ပါတယ်။ ဒါပေမဲ့ "ဂျက်ကွင်းကင်း"ဆိုတဲ့ ခေါင်းစဉ်ကိုလည်း ဆင်ဆာအဖွဲ့က ခွင့်မပြုခဲ့တဲ့ အတွက် ထပ်မံပြီး (၃) ကြိမ်မြောက်အဖြစ် "အော် တိုနှစ်ဆ"လို့ အမည်ပြောင်းလဲပေးခဲ့ရတယ်လို့ သိရပါတယ်။

ဆင်ဆာအကဲဖြတ်အဖွဲ့ရဲ့သတ်မှတ်ချက် တွေကို လေ့လာကြည့်မိသလောက် နိုင်ငံရေး အပါ အဝင် ဘာသာရေး၊ ရှေးရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာအသုံးအနှုန်းတွေကို ထိခိုက်ပျက်စီးစေ နိုင်ပါက ဆင်ဆာခွင့်မပြုကြောင်း၊ ဒါ့ပြင် လူထုအ ပေါ် အဆိပ်အတောက်ဖြစ်စေနိုင်တယ်လို့ ယူဆရတဲ့ လောင်းကစားအကြောင်း ရိုက်ကူးမှုတွေနဲ့ပတ်သက်ပြီးလည်း ဆင်ဆာခွင့်ပြုခြင်းမျိုးမရှိကြောင်း သိရှိဖူးပါတယ်။

ညိုမင်းလွင်ဟာ ဆင်ဆာအကဲဖြတ်အဖွဲ့နဲ့ ပတ်သက်ရင် အမြဲတစေဝေဖန်ပြောဆိုလေ့ရှိသူဖြစ်သလို တစ်ချိန်က ဆင်ဆာခွင့်ပြုချက်မရရှိတာကြောင့် မရိုက်ဖြစ်ခဲ့တဲ့ဇာတ်ကားလည်း ရှိခဲ့ဖူးကြောင်း မီဒီယာတွေထံ ရင်ဖွင့်ခဲ့ဖူးပါတယ်။ သူဟာ မြန်မာ့ ရုပ်ရှင်လောကမှာ ဆင်ဆာအကဲဖြတ်အဖွဲ့ဆိုတာ ရှိမကောင်း မရှိမကောင်းလို့ မှတ်ချက်ပြုခဲ့ဖူးသူတစ်ဦးလည်းဖြစ်ပါတယ်။

အနုပညာလောကသားအချို့က ညိုမင်းလွင်ရဲ့လှည့်ပတ် နာမည်ပေးတတ်ပုံ၊ ဆင်ဆာ ရှောင် ကွင်းတတ်ပုံကို ချီးကျူးထားကြပြီး၊ ရှမ်းကိုးမီး ဆိုတဲ့ဇာတ်ကားက လက်ရှိမြန်မာနိုင်ငံတွင် ဆိုးရွား စွာဖြစ်ပွားလျက်ရှိတဲ့ ကျားဖျန့်လောင်းကစား အ ကြောင်းတွေနဲ့ဆက်စပ်သွားနိုင်တာကြောင့် ဆင်ဆာမကျခြင်းဖြစ်နိုင်တယ်လို့ ယူဆနေကြပါ တယ်။ လောင်းကစားနာမည်ကိုပဲ လှည့်ပတ်ပြီး စဉ်းစားတတ်ပုံကိုလည်း အနုပညာလောက သားတွေ ကတော့ ချီးကျူးထားကြပြီး ဆင်ဆာအဖွဲ့ကို လူရိုးများသဖွယ်ပြောဆိုနေကြတာကို တွေ့မြင်ရပါတယ်။

မေမီကျော်ကျော် ရဲ့ (၈)နှစ်ကြာ အိမ်ထောင်ရေး
"ထာဝရမန္တလေး"ဇာတ်လမ်းတွဲနဲ့ လူသိများအောင်မြင်လာသူ သရုပ်‌ဆောင် မေမီကျော် ကျော်က (၈) နှစ်ကြာတည်ထောင်ခဲ့တဲ့ သူရဲ့ အိမ်ထောင်ရေးကို အဆုံးသတ်လိုက်ပြီဖြစ်ကြောင်း တရားဝင်အသိပေးဖော်ပြခဲ့ပါတယ်။

မေမီကျော်ကျော်ဟာ ၂၀၁၆ ဝန်းကျင်က နိုင်ငံခြားသားတစ်ဦးနဲ့အိမ်ထောင်ပြုပြီးနောက် သူရဲ့အမျိုးသားနေထိုင်ရာ အမေရိကန်နိုင်ငံ laurel, Maryland, Howard Country သို့ ရွှေ့ပြောင်း နေထိုင်ခဲ့ပါတယ်။ အမျိုးသားဖြစ်သူရဲ့ အသေးစိတ်အချက်အလက်ကို ထုတ်ဖော်ပြောခဲ့ခြင်းမရှိခဲ့ဘဲ အောင်မြင်လျက်ရှိတဲ့ သူရဲ့အနုပညာလှုပ် ရှားမှုတွေကို စွန့်လွှတ်ပြီး ခင်ပွန်းဖြစ်သူနောက်ကို အပြီးလိုက်သွားခဲ့တာပါ။ ၂၀၂၂ ခုနှစ်မှာ မေမီကျော်ကျော် Comeback အဖြစ် ပထမဆုံးပြန် လည်ရိုက်ကူးခဲ့တဲ့ "ကုထုံးမဲ့ချစ်ခြင်း" ဇာတ်လမ်းတွဲ မှာ ပရိသတ်အားပေးမှုကို အထိုက်အလျောက်ပြန် လည် ရရှိခဲ့ပါတယ်။ ၂၀၂၂-၂၃ နောက်ပိုင်း အနုပညာအလုပ်တွေကို ဆက်တိုက်ပြုလုပ်ခဲ့ရင်း တည်ဆောက်ထားပြီးသားဖြစ်တဲ့အိမ်ထောင်ရေးကို မပြိုကွဲချင်တာကြောင့် နှစ်ဖက်စလုံး ညှိနှိုင်းခဲ့ ကြပေမယ့်လည်း အဆင်မပြေတော့တာကြောင့် အဆုံးသတ်ခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။

မေမီကျော်ကျော်က "8 Years Relationship ပြီးဆုံးသွားပါပြီ။ ကိုယ့်ကိုယ်ကိုယ် လှအောင်နေမယ်။ ကိုယ့်ဘဝရှေ့ရေးအတွက် ပိုပြီး ကြိုးစားမယ်။ ကိုယ့်ကို မလိုအပ်တဲ့ရပ်ဝန်းတွေကို ရှောင်မယ်။ ဒီလောက်ပါပဲ" လို့ သူရဲ့ဖေစ့်ဘွတ်ခ် မိုင်ဒေးမှာ ပိုစ့်တင်ဖော်ပြခဲ့တာပါ။
လက်ရှိမှာ သရုပ်ဆောင် မေမီကျော် ကျော်က "အတိတ်ရဲ့နေ့စွဲများ" ဇာတ်လမ်းတွဲထဲ ပိုးပန်းချီအဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။

(၂၇) ရက်သာ သက်တမ်းကြာခဲ့တဲ့ Anonimus ရဲ့ အိမ်ထောင်ရေးဇာတ်လမ်း
"ထားလိုက်ပါ" သီချင်းနဲ့ လူသိများ အောင်မြင်မှုရရှိလာတဲ့ Anonimus ရဲ့ အိမ်ထောင်ရေးသက်တမ်းက ၄ လကျော်ကြာမြင့်ခဲ့တယ်လို့ ဆိုကြပေမယ့် ၂၇ ရက်သာ ပေါင်းဖက်ခွင့် ရရှိခဲ့ပါတယ်။

Anonimus (ခ) သီဟထွန်းနဲ့ ထက်အဉ္ဇလီ (ခ) နှင်းအိလင်းတို့ဟာ (၁) ရက်နေ့၊ မေလ၊ (၂၀၂၄) ခုနှစ်က မွေးရပ်ဇာတိမြို့ဖြစ်တဲ့ ဖြူးမြို့မှာ နှစ်ဦးသဘောတူ နှစ်ဖက်မိသားစုအသိုင်း အဝိုင်းရှေ့မှောက် လူသိရှင်ကြား တရားဝင်ထိမ်း မြားလက်ထပ်ခဲ့ကြခြင်းဖြစ်ပါတယ်။ သီချင်းတစ်ပုဒ် နဲ့အောင်မြင်ပြီး မကြာခင်မှာပဲ Anonimus ရဲ့ မင်္ဂလာသတင်း ရုတ်တရက်ထွက်ပေါ်လာတဲ့အတွက် သူ့ကိုအားပေးသူပရိသတ်တွေကတော့ အိမ်ထောင်ပြုတာ အလျင်စလိုဖြစ်လွန်းကြောင်း၊ သီချင်းတွေ ဆိုရင်း အနုပညာအလုပ်အကိုင်တွေ ပိုမိုကြိုးစား လုပ်ကိုင်ဖို့လိုအပ်ကြောင်း အားမလိုအားမရ စကားများစွာ မှတ်ချက်ပြုခဲ့ကြပါတယ်။

သူတို့အိမ်ထောင်ရေးကို လူငယ်စုံတွဲပီပီ ပျော်ရွှင်စရာကောင်းလိမ့်မယ်လို့ လူအများက ထင်မှတ်ကြပေမယ့် အိမ်ထောင်ပြုပြီး (၂၇) ရက်မြောက်နေ့မှာပဲ နှစ်ဦးသဘောထား မတိုက်ဆိုင် တာကြောင့်လို့ဆိုကာ အမျိုးသမီးဖြစ်သူ ထက်အဉ္ဇလီက မိဘနေအိမ်ကိုပြန်သွားခဲ့ပြီး ခွဲနေခဲ့ကြခြင်းဖြစ်တယ်လို့ သိရပါတယ်။ ၄ လကြာပြီးနောက် ၃၁ ရက် ဩဂုတ်လ ၂၀၂၄ ခုနှစ် မှာ ၎င်းတို့ နှစ်ဦးသဘောတူကွာရှင်းပြတ်စဲလိုက်ပြီ ဖြစ်ကြောင်း မြန်မာ့အလင်းသတင်းစာထဲမှာ ထည့် သွင်းကြေညာခဲ့ပါတယ်။

နှစ်ဦးသဘောတူ ကွာရှင်းလိုက်ပြီဖြစ် ကြောင်း ကြေညာပြီးနောက် ထက်အဉ္ဇလီရဲ့အ တိတ်လူမှုရေးအရှုပ်အထွေးသတင်းတွေ တစ်တော့ ပလက်ဖာင်းမှာ ပျံ့နှံ့လာခဲ့ပြီး ထက်အဉ္ဇလီကြောင့် အိမ်ထောင်ရေးပြိုကွဲရခြင်းဖြစ်တယ်လို့ သူ့ကို ဝေဖန်ပြောဆိုနေကြတာပါ။
]]ကျွန်မရဲ့နာမည်နဲ့အကောင့်အတုတွေ သုံးနေကြပြီး၊ ကျွန်မကို ဂုဏ်သိက္ခာညှိုးနွမ်းအောင် လုပ်ဆောင်နေကြပါတယ်။ ကျွန်မ စွပ်စွဲခံနေရတာ က ကျွန်မက အိမ်ထောင်ကျဖူးတယ်၊ ခိုးရာလိုက်ပြေး ဖူးတယ်ဆိုပြီး ဝေဖန်တာမျိုး မဟုတ်တော့ဘဲ ဂုဏ် သိက္ခာညှိုးနွမ်းအောင်လုပ်နေကြပါတယ်။ ကျွန်မက အိမ်ထောင်လည်း မကျဖူးသလို အရင် ယောကျာ်းဆို တာလည်း မရှိခဲ့ဖူးပါဘူး။ အနောနိမတ်(ခ)သီဟ ထွန်းနဲ့ပဲ အိမ်ထောင်ကျဖူးပါတယ်။ သူနဲ့ပဲ ခိုးရာ လိုက်ပြေးဖူးပါတယ်}} လို့ ထက်အဉ္ဇလီက ပြန်လည် ဖြေရှင်းထားပါတယ်။ ထက်အဉ္ဇလီက သူ့အပေါ် ဂုဏ်သိက္ခာညှိုးနွမ်းအောင် ထပ်မံပြောဆိုလုပ် ဆောင်လာပါက တရားဥပဒေအတိုင်း ဆောင်ရွက် သွားမှာဖြစ်ကြောင်း ထည့်သွင်းအသိပေးထားပါ တယ်။
ဒီတစ်ပတ်အတွက် အနုပညာကဏ္ဍကို ရပ်နားခွင့်ပြုပါ....

zawgyi version
"သူပုန္အဖြဲ႕ဝင္ အဆိုေတာ္ မိုင္းမိုင္ဆိုင္းရဲ႕ ဗုဒၶဘာသာအေပၚ ေစာ္ကားမႈ"
အိျဖဴ (NP News) - စက္တင္ဘာ ၁ဝ

“The Statesman Myanmar” ရဲ႕အပတ္စဥ္ေဖာ္ျပတဲ့ အႏုပညာအႏွစ္ခ်ဳပ္က႑ကေန အႏုပညာသတင္းေတြကို ေဖာ္ျပေပးပါမယ္။

ဒီတစ္ပတ္အတြက္ အႏုပညာက႑ကေန "ဗုဒၶဘာသာဝင္မ်ား အထြတ္ အျမတ္ထားရာ ေစတီေတာ္ရင္ျပင္ေပၚ ဖိနပ္စီးတက္ခဲ့သူ Myanmar Idol အဆိုေတာ္ မိုင္းမိုင္ဆိုင္းရဲ႕ဘာသာေရးေစာ္ကားမႈလုပ္ရပ္၊ ဆင္ဆာအဖြဲ႕ကို ေလွာင္ေျပာင္ေနတဲ့ ညိဳမင္းလြင္နဲ႔အႏုပညာရွင္အခ်ိဳ႕၊ ေမမီေက်ာ္ေက်ာ္ရဲ႕ (၈) ႏွစ္ၾကာ အိမ္ေထာင္ေရး၊ (၂၇) ရက္သာ ေပါင္းဖက္ခဲ့ရတဲ့ Anonimus ရဲ႕ အိမ္ေထာင္ေရး" အစရွိတဲ့ အႏုပညာသတင္းေတြကို ေဖာ္ျပေပးပါမယ္။

ဗုဒၶဘာသာဝင္မ်ား အထြတ္အျမတ္ထားရာ ဘုရားေစတီေတာ္ရင္ျပင္ေပၚကို ဖိနပ္စီးတက္ခဲ့သူ ကခ်င္သူပုန္ အဆိုေတာ္ မိုင္းမိုင္ဆိုင္းရဲ႕လုပ္ရပ္

အဆိုေတာ္ မိုင္းမိုင္ဆိုင္းဟာ (၁-၉-၂၀၂၄)ရက္က ကခ်င္ျပည္နယ္အတြင္းရွိ သမိုင္းဝင္ စိန္လုံေတာင္ေပၚရွိ ေစတီေတာ္ ရင္ျပင္ေပၚ ဖိနပ္စီး တက္ကာ ဓာတ္ပုံ႐ိုက္ၿပီး ဗုဒၶဘာသာအေပၚ ေစာ္ကား ျပဳမူခဲ့ပါတယ္။ သူ႔ရဲ႕လုပ္ရပ္ဟာ တိုက္ပြဲအတြင္း တပ္မေတာ္ပိုင္နယ္ေျမကို သိမ္းပိုက္ႏိုင္ေၾကာင္း၊ ႏိုင္ငံေရးျဖစ္စဥ္နဲ႔ ဘာသာေရးကို ေရာေႏွာေျပာဆို တုံ႔ျပန္ခဲ့ေပမယ့္ သူ႔ရဲ႕ေစာ္ကားအတဲ့အျပဳအမူကို ဆို ရွယ္မီဒီယာအသုံးျပဳသူတိုင္းနဲ႔ ဗုဒၶဘာသာဝင္ တိုင္းက ေဝဖန္ျပစ္တင္ခဲ့ၾကၿပီး၊ ေဒါသစိတ္ျဖစ္ေပၚ ခဲ့ၾကပါတယ္။

ကခ်င္လူမ်ိဳး ခရစ္ယာန္ဘာသာဝင္ မိုင္းမိုင္ဆိုင္းက Myanmar Idol Season 2 ၿပိဳင္ပြဲဝင္ျဖစ္ၿပီး၊ ၂၀၂၁ ခုႏွစ္ ႏိုင္ငံေရးအေရး အခင္းေနာက္ပိုင္း တပ္မေတာ္အေပၚ အၾကမ္းဖက္ လက္နက္ကိုင္ပုန္ကန္မႈလမ္းစဥ္ကို ေ႐ြးခ်ယ္ခဲ့သူ KIA စစ္ေသြးႂကြသူပုန္အဖြဲ႕ဝင္တစ္ဦးျဖစ္ပါတယ္။ ဒါ့ျပင္ AA လက္နက္ကိုင္ေခါင္းေဆာင္ထြန္းျမတ္ႏိုင္ရဲ႕ အငယ္အေႏွာင္းအျဖစ္ နာမည္ထြက္ေပၚ ေနသူျဖစ္ပါတယ္။

မိုင္းမိုင္ဆိုင္းရဲ႕ပိုစ့္ကို ျပန္ရွဲကာ လူမႈကြန္ ရက္သုံးစြဲသူအမ်ိဳးသားတစ္ဦးက "တိုင္းရင္းသား လက္နက္ကိုင္ေတြ စစ္တိုက္လို႔ စစ္ႏိုင္တာအေပၚ ဘာမွေဝဖန္စရာမလိုေပမယ့္ ထင္ရွားတဲ့ တိုင္းရင္း သားအႏုပညာရွင္တစ္ေယာက္အေနနဲ႔ အခုလို ဗုဒၶဘာသာဝင္ေတြ အထြတ္အျမတ္ထားရာ ဘုရား ေစတီေတြအေပၚ ႐ိုင္းျပစြာ ျပဳမူတာကိုေတာ့ ဗုဒၶဘာသာဝင္တစ္ဦးအေနနဲ႔ လုံးဝလက္မခံႏိုင္ပါဘူး။ ျမန္မာ့တပ္မေတာ္ကိုလည္း ေမတၱာရပ္ခံလိုတာက ႏိုင္ငံၿငိမ္းခ်မ္းေရးအတြက္၊ ဘာသာ သာသနာ အေစာ္ကားမခံရေရးအတြက္ စစ္ကို အႏိုင္တိုက္ ေပးေစခ်င္ပါတယ္"လို႔ ေျပာဆိုခဲ့တာပါ။

အလားတူ "ဘာသာေရးဆိုတာ မည္ သည့္အရာနဲ႔မွထိပါးေစာ္ကား၍ မရပါ။ ဘယ္ဘာသာ ဝင္ပဲျဖစ္ပါေစ၊ ကိုယ့္ဘာသာကို ႐ိုေသေလးစား တန္ဖိုးထားတတ္ၾကသလို တျခားသူရဲ႕ယုံၾကည္ သက္ဝင္မႈကိုလည္း မေစာ္ကား၊ မေလးမစား မလုပ္ မိဖို႔ လိုအပ္ပါတယ္။ ဘာသာတိုင္းကို ေလးစားမႈထား တတ္ဖို႔ အေရးႀကီးပါတယ္။ ငါတို႔လည္း ခရစ္ယာန္ေတြ ဆုေတာင္းခ်ိန္ဆို မ်က္လုံးမွိတ္ၿပီး ၿငိမ္သက္ေပးခဲ့တယ္။ ငါတို႔ဘာသာမဟုတ္လို႔ မေလးစား ဘူးဆိုတာ တကယ့္ကိုေအာက္တန္းစား စိတ္ဓာတ္ ပဲ။ ဘာသာေရးကို ႏိုင္ငံေရး၊ လူမ်ိဳးေရးနဲ႔ေရာယွက္ၿပီး အသုံးမခ်ၾကပါနဲ႔။ ဘုရားေစတီဆိုတာ စစ္တပ္ကပဲ ကိုးကြယ္တာမဟုတ္ဘူး၊ ကြၽန္မတို႔ေဒသခံလူမ်ိဳးေတြ လည္း ကိုးကြယ္ပါတယ္။ ဗုဒၶဘာသာကို ေစာ္ကား ျပဳမူျခင္းက ဗုဒၶဘာသာဝင္လူမ်ိဳးအားလုံးကို ေစာ္ကားျခင္းသာျဖစ္ပါတယ္} လို႔ လူမႈကြန္ရက္ အသုံးျပဳသူတိုင္းက မိုင္းမိုင္ဆိုင္းကို ေဝဖန္ျပစ္တင္ ေျပာဆိုခဲ့ၾကပါတယ္။

မိုင္းမိုင္ဆိုင္းဘက္က ဗုဒၶဘာသာဝင္ေတြ အေပၚ ေတာင္းပန္မႈမရွိတဲ့အျပင္ "မဆီမဆိုင္ ဘာသာေရးနဲ႔ကိုင္ၿပီး လိုက္စိတ္ေကာက္မေနၾကနဲ႔။ ဒီေလာက္ယုတ္ညံ့တဲ့ ေခြးေတြေနတဲ့ေနရာ ဘာ ဘုရားမွလည္း မရွိဘူးဆိုတာယုံ။ စစ္တပ္စခန္းတိုင္း ဘုရားေစတီနဲ႔တြဲတြဲၿပီး ကာဗာလုပ္၊ ဘုရားေဟာ အတိုင္းေနၾကသလားဆိုေတာ့ ေသာက္တလြဲ။ သူမ်ားလူမ်ိဳးဘာသာေတြရဲ႕ သမိုင္းဝင္ေတာင္ေပၚ အႏိုင္က်င့္ ဘုရားတည္၊ သူမ်ားလူမ်ိဳးေတြကို ရက္ရက္စက္စက္ ဂူသြင္းသတ္ထည့္ခဲ့တဲ့ေစတီေတြ။ ဒီလိုအရာကို ဘုရားလို႔ေတာင္ ခင္ဗ်ားတို႔ဗုဒၶဘာသာ ေတြ ေယာင္လို႔ေတာင္ မသုံးႏႈန္းမိေစနဲ႔။ ဒါေတြဟာ ဘုရားေတြလည္းမဟုတ္သလို ဘာသာေရးအတြက္ လည္း လုပ္ထားတာမဟုတ္ပါ"လို႔ ထပ္မံ ႐ိုင္းစိုင္းေစာ္ကားခဲ့တာပါ။

ဒါေပမဲ့ နာရီပိုင္းအတြင္း အဲဒီပို႔စ္ကို ျပန္လည္ဖ်က္သြားခဲ့ၿပီး ေတာ္လွန္ ေရးဘက္ေတာ္ သားေတြထဲက ဗုဒၶဘာသာဝင္ေတြကို အားနာမိတဲ့အတြက္ ျပန္လည္ဖ်က္ခဲ့ျခင္းမ်ိဳးျဖစ္တယ္လို႔ ဆိုခဲ့ျပန္ပါတယ္။

အလားတူ ႏိုင္ငံေရးပုန္ကန္မႈလုပ္ေဆာင္ ေနၾကတဲ့ အၾကမ္းဖက္အားေပးအႏုပညာရွင္ေတြ ထဲမွာ ဘာသာျခားေတြျဖစ္ၾကတဲ့ ပိုင္ၿဖိဳးသု၊ ခ်စ္သု ေဝ၊ မိုင္းမိုင္ဆိုင္း၊ မ်ိဳးႀကီး၊ L လြန္းဝါ၊ ျဖဴျဖဴေက်ာ္သိန္း၊ ႏိုဗန္ထူး၊ ဟန္ထူးလြင္၊ ေအသင္ခ်ိဳေဆြ၊ ခ်မ္းခ်မ္း စတဲ့ ျပည္ေျပးအႏုပညာသမားေတြက ဗုဒၶဘာ သာနဲ႔ပတ္သက္လာပါက ဘက္ေပါင္းစုံမွ ေစာ္ကား ေျပာဆိုမႈေတြ လုပ္ေဆာင္လ်က္ရွိပါတယ္။ ၎တို႔ ထက္ ပိုမိုဆိုး႐ြားသည္မွာ ဗုဒၶဘာသာဝင္ေတြျဖစ္ၾကတဲ့ NUG အဖြဲ႕မ်ား၊ ကိုေပါက္၊ မင္းေမာ္ကြန္း၊ ဟား ငါးေကာင္၊ လင္းလင္း၊ ျမႏွင္းရည္လြင္၊ R ဇာနည္ အစရွိသူတို႔ ကိုယ္တိုင္က ျမန္မာႏိုင္ငံမွာ ဘာသာေရး ပြဲေတာ္ေတြက်င္းပခ်ိန္နဲ႔ ရဟန္းသံဃာေတာ္ေတြကို ႐ိုင္းစိုင္းစြာေျပာဆိုျခင္း၊ ျပည္သူလူထုအေပၚ ၿခိမ္းေျခာက္ေျပာဆိုျခင္းေတြ ဆက္တိုက္လုပ္ေဆာင္ လ်က္ရွိပါတယ္။

တိုင္းရင္းသားလက္နက္ကိုင္ေတြ သိမ္းယူ ထားတဲ့နယ္ေျမေတြမွာ ဗုဒၶဘာသာဝင္ေတြကို ႏွိမ့္ခ် ‌ေစာ္ကားႏွိပ္စက္ျခင္း၊ ဘုန္းႀကီးေက်ာင္းတိုက္၊ ေစတီပုထိုးေတြကို အကာအကြယ္ျပဳ အသုံးခ်ျခင္း၊ ၿဖိဳခ်ဖ်က္ဆီးျခင္း စတဲ့လုပ္ရပ္ေတြကို တိုင္းရင္း သားလက္နက္ကိုင္ေတြ လုပ္ေဆာင္လ်က္ရွိပါတယ္။
၂၀၂၄ ခုႏွစ္ ဇန္နဝါရီလ ၈ ရက္ကလည္း ေလာက္ကိုင္ပြိဳင့္ ၂၂၀၂ ေတာင္ကုန္း(ဆင္ဦးကင္း ကုန္း) ေပၚရွိ ေစတီတစ္ဆူကို MNDAA အဖြဲ႕ဝင္ တစ္ဦးက တူနဲ႔ထု႐ိုက္ ၿဖိဳဖ်က္ေနတဲ့ ႐ုပ္သံဖိုင္နဲ႔ ဘုရားဆင္းတုေတာ္ကို လည္ပင္း ျဖတ္၊ ပ်က္စီးေနတဲ့ ႐ုပ္သံဖိုင္ေတြ ထြက္ေပၚလာခဲ့တဲ့အေပၚ ဗုဒၶဘာ သာဝင္ေတြ ျပင္းထန္စြာရႈတ္ခ်ခဲ့ၾကပါတယ္။

ဆင္ဆာအဖြဲ႕ကို ေလွာင္ေျပာင္ေနတဲ့ ညိဳမင္းလြင္နဲ႔ အႏုပညာရွင္အခ်ိဳ႕
ဒါ႐ိုက္တာညိဳမင္းလြင္က "ရွမ္းကိုးမီး" ႐ုပ္ရွင္ဇာတ္ကားအတြက္ ဆင္ဆာတင္ရာမွာ ဆင္ဆာအကဲျဖတ္အဖြဲ႕က ႏွစ္ႀကိမ္တိတိ ခြင့္မျပဳခဲ့ တာေၾကာင့္ ဇာတ္ကားနာမည္ကို လွည့္ပတ္ေပးခဲ့ရ ေၾကာင္း ေျပာျပလာပါတယ္။

ညိဳမင္းလြင္က "ရွမ္းကိုးမီး" အမည္ရွိ ႐ုပ္ရွင္ ဇာတ္ကား႐ိုက္ကူးမႈၿပီးစီးခ်ိန္ ဆင္ဆာအကဲျဖတ္အဖြဲ႕ထံ တင္ျပရာ ဇာတ္ကားအမည္ ဆင္ဆာမရတာ ေၾကာင့္ "ဂ်က္ကြင္းကင္း" လို႔ အမည္ေျပာင္းလဲ ေပးခဲ့ပါတယ္။ ဒါေပမဲ့ "ဂ်က္ကြင္းကင္း"ဆိုတဲ့ ေခါင္းစဥ္ကိုလည္း ဆင္ဆာအဖြဲ႕က ခြင့္မျပဳခဲ့တဲ့ အတြက္ ထပ္မံၿပီး (၃) ႀကိမ္ေျမာက္အျဖစ္ "ေအာ္ တိုႏွစ္ဆ"လို႔ အမည္ေျပာင္းလဲေပးခဲ့ရတယ္လို႔ သိရပါတယ္။

ဆင္ဆာအကဲျဖတ္အဖြဲ႕ရဲ႕သတ္မွတ္ခ်က္ ေတြကို ေလ့လာၾကည့္မိသေလာက္ ႏိုင္ငံေရး အပါ အဝင္ ဘာသာေရး၊ ေရွး႐ိုးရာယဥ္ေက်းမႈ ဓေလ့ထုံးတမ္းစဥ္လာအသုံးအႏႈန္းေတြကို ထိခိုက္ပ်က္စီးေစ ႏိုင္ပါက ဆင္ဆာခြင့္မျပဳေၾကာင္း၊ ဒါ့ျပင္ လူထုအ ေပၚ အဆိပ္အေတာက္ျဖစ္ေစႏိုင္တယ္လို႔ ယူဆရတဲ့ ေလာင္းကစားအေၾကာင္း ႐ိုက္ကူးမႈေတြနဲ႔ပတ္သက္ၿပီးလည္း ဆင္ဆာခြင့္ျပဳျခင္းမ်ိဳးမရွိေၾကာင္း သိရွိဖူးပါတယ္။

ညိဳမင္းလြင္ဟာ ဆင္ဆာအကဲျဖတ္အဖြဲ႕နဲ႔ ပတ္သက္ရင္ အၿမဲတေစေဝဖန္ေျပာဆိုေလ့ရွိသူျဖစ္သလို တစ္ခ်ိန္က ဆင္ဆာခြင့္ျပဳခ်က္မရရွိတာေၾကာင့္ မ႐ိုက္ျဖစ္ခဲ့တဲ့ဇာတ္ကားလည္း ရွိခဲ့ဖူးေၾကာင္း မီဒီယာေတြထံ ရင္ဖြင့္ခဲ့ဖူးပါတယ္။ သူဟာ ျမန္မာ့ ႐ုပ္ရွင္ေလာကမွာ ဆင္ဆာအကဲျဖတ္အဖြဲ႕ဆိုတာ ရွိမေကာင္း မရွိမေကာင္းလို႔ မွတ္ခ်က္ျပဳခဲ့ဖူးသူတစ္ဦးလည္းျဖစ္ပါတယ္။

အႏုပညာေလာကသားအခ်ိဳ႕က ညိဳမင္းလြင္ရဲ႕လွည့္ပတ္ နာမည္ေပးတတ္ပုံ၊ ဆင္ဆာ ေရွာင္ ကြင္းတတ္ပုံကို ခ်ီးက်ဴးထားၾကၿပီး၊ ရွမ္းကိုးမီး ဆိုတဲ့ဇာတ္ကားက လက္ရွိျမန္မာႏိုင္ငံတြင္ ဆိုး႐ြား စြာျဖစ္ပြားလ်က္ရွိတဲ့ က်ားဖ်န႔္ေလာင္းကစား အ ေၾကာင္းေတြနဲ႔ဆက္စပ္သြားႏိုင္တာေၾကာင့္ ဆင္ဆာမက်ျခင္းျဖစ္ႏိုင္တယ္လို႔ ယူဆေနၾကပါ တယ္။ ေလာင္းကစားနာမည္ကိုပဲ လွည့္ပတ္ၿပီး စဥ္းစားတတ္ပုံကိုလည္း အႏုပညာေလာက သားေတြ ကေတာ့ ခ်ီးက်ဴးထားၾကၿပီး ဆင္ဆာအဖြဲ႕ကို လူ႐ိုးမ်ားသဖြယ္ေျပာဆိုေနၾကတာကို ေတြ႕ျမင္ရပါတယ္။

ေမမီေက်ာ္ေက်ာ္ ရဲ႕ (၈) ႏွစ္ၾကာ အိမ္ေထာင္ေရး
"ထာဝရမႏၲေလး"ဇာတ္လမ္းတြဲနဲ႔ လူသိမ်ားေအာင္ျမင္လာသူ သ႐ုပ္‌ေဆာင္ ေမမီေက်ာ္ ေက်ာ္က (၈) ႏွစ္ၾကာတည္ေထာင္ခဲ့တဲ့ သူရဲ႕ အိမ္ေထာင္ေရးကို အဆုံးသတ္လိုက္ၿပီျဖစ္ေၾကာင္း တရားဝင္အသိေပးေဖာ္ျပခဲ့ပါတယ္။

ေမမီေက်ာ္ေက်ာ္ဟာ ၂၀၁၆ ဝန္းက်င္က ႏိုင္ငံျခားသားတစ္ဦးနဲ႔အိမ္ေထာင္ျပဳၿပီးေနာက္ သူရဲ႕အမ်ိဳးသားေနထိုင္ရာ အေမရိကန္ႏိုင္ငံ laurel, Maryland, Howard Country သို႔ ေ႐ႊ႕ေျပာင္း ေနထိုင္ခဲ့ပါတယ္။ အမ်ိဳးသားျဖစ္သူရဲ႕ အေသးစိတ္အခ်က္အလက္ကို ထုတ္ေဖာ္ေျပာခဲ့ျခင္းမရွိခဲ့ဘဲ ေအာင္ျမင္လ်က္ရွိတဲ့ သူရဲ႕အႏုပညာလႈပ္ ရွားမႈေတြကို စြန႔္လႊတ္ၿပီး ခင္ပြန္းျဖစ္သူေနာက္ကို အၿပီးလိုက္သြားခဲ့တာပါ။ ၂၀၂၂ ခုႏွစ္မွာ ေမမီေက်ာ္ေက်ာ္ Comeback အျဖစ္ ပထမဆုံးျပန္ လည္႐ိုက္ကူးခဲ့တဲ့ "ကုထုံးမဲ့ခ်စ္ျခင္း" ဇာတ္လမ္းတြဲ မွာ ပရိသတ္အားေပးမႈကို အထိုက္အေလ်ာက္ျပန္ လည္ ရရွိခဲ့ပါတယ္။ ၂၀၂၂-၂၃ ေနာက္ပိုင္း အႏုပညာအလုပ္ေတြကို ဆက္တိုက္ျပဳလုပ္ခဲ့ရင္း တည္ေဆာက္ထားၿပီးသားျဖစ္တဲ့အိမ္ေထာင္ေရးကို မၿပိဳကြဲခ်င္တာေၾကာင့္ ႏွစ္ဖက္စလုံး ညႇိႏႈိင္းခဲ့ ၾကေပမယ့္လည္း အဆင္မေျပေတာ့တာေၾကာင့္ အဆုံးသတ္ခဲ့ရျခင္းျဖစ္တယ္လို႔ သိရပါတယ္။

ေမမီေက်ာ္ေက်ာ္က "8 Years Relationship ၿပီးဆုံးသြားပါၿပီ။ ကိုယ့္ကိုယ္ကိုယ္ လွေအာင္ေနမယ္။ ကိုယ့္ဘဝေရွ႕ေရးအတြက္ ပိုၿပီး ႀကိဳးစားမယ္။ ကိုယ့္ကို မလိုအပ္တဲ့ရပ္ဝန္းေတြကို ေရွာင္မယ္။ ဒီေလာက္ပါပဲ" လို႔ သူရဲ႕ေဖစ့္ဘြတ္ခ္ မိုင္ေဒးမွာ ပိုစ့္တင္ေဖာ္ျပခဲ့တာပါ။
လက္ရွိမွာ သ႐ုပ္ေဆာင္ ေမမီေက်ာ္ ေက်ာ္က "အတိတ္ရဲ႕ေန႔စြဲမ်ား" ဇာတ္လမ္းတြဲထဲ ပိုးပန္းခ်ီအျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထားပါတယ္။

(၂၇) ရက္သာ သက္တမ္းၾကာခဲ့တဲ့ Anonimus ရဲ႕ အိမ္ေထာင္ေရးဇာတ္လမ္း
"ထားလိုက္ပါ" သီခ်င္းနဲ႔ လူသိမ်ား ေအာင္ျမင္မႈရရွိလာတဲ့ Anonimus ရဲ႕ အိမ္ေထာင္ေရးသက္တမ္းက ၄ လေက်ာ္ၾကာျမင့္ခဲ့တယ္လို႔ ဆိုၾကေပမယ့္ ၂၇ ရက္သာ ေပါင္းဖက္ခြင့္ ရရွိခဲ့ပါတယ္။

Anonimus (ခ) သီဟထြန္းနဲ႔ ထက္အၪၨလီ (ခ) ႏွင္းအိလင္းတို႔ဟာ (၁) ရက္ေန႔၊ ေမလ၊ (၂၀၂၄) ခုႏွစ္က ေမြးရပ္ဇာတိၿမိဳ႕ျဖစ္တဲ့ ျဖဴးၿမိဳ႕မွာ ႏွစ္ဦးသေဘာတူ ႏွစ္ဖက္မိသားစုအသိုင္း အဝိုင္းေရွ႕ေမွာက္ လူသိရွင္ၾကား တရားဝင္ထိမ္း ျမားလက္ထပ္ခဲ့ၾကျခင္းျဖစ္ပါတယ္။ သီခ်င္းတစ္ပုဒ္ နဲ႔ေအာင္ျမင္ၿပီး မၾကာခင္မွာပဲ Anonimus ရဲ႕ မဂၤလာသတင္း ႐ုတ္တရက္ထြက္ေပၚလာတဲ့အတြက္ သူ႔ကိုအားေပးသူပရိသတ္ေတြကေတာ့ အိမ္ေထာင္ျပဳတာ အလ်င္စလိုျဖစ္လြန္းေၾကာင္း၊ သီခ်င္းေတြ ဆိုရင္း အႏုပညာအလုပ္အကိုင္ေတြ ပိုမိုႀကိဳးစား လုပ္ကိုင္ဖို႔လိုအပ္ေၾကာင္း အားမလိုအားမရ စကားမ်ားစြာ မွတ္ခ်က္ျပဳခဲ့ၾကပါတယ္။

သူတို႔အိမ္ေထာင္ေရးကို လူငယ္စုံတြဲပီပီ ေပ်ာ္႐ႊင္စရာေကာင္းလိမ့္မယ္လို႔ လူအမ်ားက ထင္မွတ္ၾကေပမယ့္ အိမ္ေထာင္ျပဳၿပီး (၂၇) ရက္ေျမာက္ေန႔မွာပဲ ႏွစ္ဦးသေဘာထား မတိုက္ဆိုင္ တာေၾကာင့္လို႔ဆိုကာ အမ်ိဳးသမီးျဖစ္သူ ထက္အၪၨလီက မိဘေနအိမ္ကိုျပန္သြားခဲ့ၿပီး ခြဲေနခဲ့ၾကျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ၄ လၾကာၿပီးေနာက္ ၃၁ ရက္ ဩဂုတ္လ ၂၀၂၄ ခုႏွစ္ မွာ ၎တို႔ ႏွစ္ဦးသေဘာတူကြာရွင္းျပတ္စဲလိုက္ၿပီ ျဖစ္ေၾကာင္း ျမန္မာ့အလင္းသတင္းစာထဲမွာ ထည့္ သြင္းေၾကညာခဲ့ပါတယ္။

ႏွစ္ဦးသေဘာတူ ကြာရွင္းလိုက္ၿပီျဖစ္ ေၾကာင္း ေၾကညာၿပီးေနာက္ ထက္အၪၨလီရဲ႕အ တိတ္လူမႈေရးအရႈပ္အေထြးသတင္းေတြ တစ္ေတာ့ ပလက္ဖာင္းမွာ ပ်ံ႕ႏွံ႔လာခဲ့ၿပီး ထက္အၪၨလီေၾကာင့္ အိမ္ေထာင္ေရးၿပိဳကြဲရျခင္းျဖစ္တယ္လို႔ သူ႔ကို ေဝဖန္ေျပာဆိုေနၾကတာပါ။
]]ကြၽန္မရဲ႕နာမည္နဲ႔အေကာင့္အတုေတြ သုံးေနၾကၿပီး၊ ကြၽန္မကို ဂုဏ္သိကၡာညႇိဳးႏြမ္းေအာင္ လုပ္ေဆာင္ေနၾကပါတယ္။ ကြၽန္မ စြပ္စြဲခံေနရတာ က ကြၽန္မက အိမ္ေထာင္က်ဖူးတယ္၊ ခိုးရာလိုက္ေျပး ဖူးတယ္ဆိုၿပီး ေဝဖန္တာမ်ိဳး မဟုတ္ေတာ့ဘဲ ဂုဏ္ သိကၡာညႇိဳးႏြမ္းေအာင္လုပ္ေနၾကပါတယ္။ ကြၽန္မက အိမ္ေထာင္လည္း မက်ဖူးသလို အရင္ ေယာက်ာ္းဆို တာလည္း မရွိခဲ့ဖူးပါဘူး။ အေနာနိမတ္(ခ)သီဟ ထြန္းနဲ႔ပဲ အိမ္ေထာင္က်ဖူးပါတယ္။ သူနဲ႔ပဲ ခိုးရာ လိုက္ေျပးဖူးပါတယ္}} လို႔ ထက္အၪၨလီက ျပန္လည္ ေျဖရွင္းထားပါတယ္။ ထက္အၪၨလီက သူ႔အေပၚ ဂုဏ္သိကၡာညႇိဳးႏြမ္းေအာင္ ထပ္မံေျပာဆိုလုပ္ ေဆာင္လာပါက တရားဥပေဒအတိုင္း ေဆာင္႐ြက္ သြားမွာျဖစ္ေၾကာင္း ထည့္သြင္းအသိေပးထားပါ တယ္။
ဒီတစ္ပတ္အတြက္ အႏုပညာက႑ကို ရပ္နားခြင့္ျပဳပါ....

Related news

© 2021. All rights reserved.