ရွှေကုက္ကိုလ် ဒေသတွင် နာမည်ကြီး ရထိုက်စုပေါင်းရုံး၏ လုပ်ငန်းများ အပြီးတိုင် ဖျက်သိမ်းမည်ဟု ကြေညာ

 6547

မြူနစ် (NP News) - စက်တင်ဘာ ၁ဝ

အွန်လိုင်းလုပ်ငန်းများဖြင့် နာမည်ကျော်သော ရွှေကုက္ကိုလ်ဒေသတွင် နာမည်ကြီး ရွှေကုက္ကိုလ် ရထိုက်စုပေါင်းရုံး၏လုပ်ငန်းများ အပြီးတိုင်ဖျက်သိမ်းမည်ဟု ကြေညာထားသည်။

နိုင်ငံတကာဖိအားပေးမှုနှင့် နိုင်ငံတော်၏ တောင်းဆိုမှုကြောင့် လက်ရှိလုပ်ကိုင်နေသော ဒေသဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများအားလုံးကို အကန့်အသတ်မရှိ ရပ်ဆိုင်းမည်ဖြစ်သည့်အတွက် ရွှေကုက္ကိုလ်နှင့် ရထိုက်အပါအဝင်မြို့အတွင်းရှိ လုပ်ငန်းရှင်နှင့် ဝန်ထမ်းများအားလုံးအနေဖြင့် စက်တင်ဘာ(၂၀) ရက်နေ့ နောက်ဆုံးထားကာ အပြီးတိုင်ရွှေ့ပြောင်းပေးရမည်ဟု အဆိုပါရုံးက အသိပေးထားသည်။

ထို့ကြောင့် ထွက်ခွာမည့်သူများအားလုံးသည် စက်တင်ဘာ (၈) ရက်နေ့ နောက်ဆုံးထားကာ ရထိုက်စုပေါင်းရုံးတွင် ကျသင့်ငွေ (၃၉၉၉၉)ဘတ် ပေးဆောင်၍ လာရောက်စာရင်းသွင်းပြီးနောက် ရထိုက်စုပေါင်းရုံးက စီစဉ်ပေးသည့် ကားဖြင့် မြဝတီမြို့ကို ထွက်ခွာရမည်ဟု ဆိုသည်။

ထိုကဲ့သို့ လာရောက်စာရင်းမသွင်းဘဲ မိမိအစီအစဉ်ဖြင့် ထွက်ခွာမည့်သူများကို ရထိုက်စုပေါင်းရုံးက နိုင်ငံတကာ ရဲတပ်ဖွဲ့နှင့် မြန်မာနိုင်ငံရဲ တပ်ဖွဲ့များထံသို့ ကိုယ်ရေးအချက်အလက်များ ပေးပို့သွားမည်ဟုလည်း ထည့်သွင်းကြေညာ ထားသည်။

ရွှေကုက္ကိုလ် ရထိုက်စုပေါင်းရုံး၏ ကြေညာချက်သည် စက်တင်ဘာ(၁၅)ရက်မှစတင်ကာ အကျုံးဝင်မည် ဖြစ်သကဲ့သို့ လုပ်ငန်းရှင်များနှင့် ဝန်ထမ်း များအားလုံးအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန်လည်း ရထိုက်စုပေါင်းရုံးက တိုက်တွန်းထားသည်ကို တွေ့ရသည်။

‘ရထိုက်က အဲဒီမှာအဓိကပဲ။ ရထိုက်က နာမည်ကြီး။ တရုတ်တွေချည်းပဲ။ သူရဲ့ကုမ္ပဏီတွေ၊ အဆောက် အအုံတွေ အများကြီးရှိတယ်။ သူတို့ရဲ့ လုံခြုံရေးဂိတ်တွေ၊ ဘာတွေရှိတယ်။ အဲဒီမှာ ဆိုင်ကယ်နဲ့ဝင်ရင် ဦးထုပ်မဆောင်း တာတို့၊ ပါဆယ်ပို့တဲ့ သူတွေဆိုရင် ပါဆယ်အင်္ကျီတို့ ဘာတို့မဝတ်ရင် ဖမ်းတာတွေ လုပ်တယ်။ စောချစ်သူရဲ့ BGF အဖွဲ့က လည်း ရှိတယ်လေ။ သူတို့က အတူတူပဲလို့ ပြောလို့ရတယ်’ဟု ရွှေကုက္ကိုလ်ဒေသတွင် နေထိုင်အလုပ် လုပ်ကိုင်နေသူ တစ်ဦးက NP News ကိုပြောသည်။

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်ဒေသတွင် ရထိုက်စုပေါင်းရုံး၏ လုပ်ငန်းများ ရပ်ဆိုင်းလိုက်မည်ဆိုပါက ဝန်ထမ်းများအပါအဝင် ဒေသခံများအနေဖြင့်လည်း အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

အလားတူ ယခု (၂၀၂၄) ခုနှစ်၊ မေလတွင် ဗိုလ်မှူးကြီးစောချစ်သူ၏ BGF အဖွဲ့က မြဝတီမြို့ နယ်ဒေသ တစ်ဝိုက်တွင် အွန်လိုင်းလုပ်ငန်းများ ဆောင် ရွက်နေသည့် နိုင်ငံခြားသားများအနေဖြင့် အောက်တိုဘာ(၃၁)ရက်နေ့ နောက်ဆုံးထားကာ ထွက်ခွာသွားရန် သတိပေးစာထုတ်ပြန်ခဲ့ဖူးသည်။
‘ဒီမှာနေထိုင်ခွင့်မရှိတဲ့ တရုတ်တွေကတော့ ပြန်ချင်ပြန်မှာပေါ့။ ဒေသခံတွေကတော့ ဆက်ရှိနေတုန်းပဲ။ အခုကတော့ အေးအေးဆေးဆေးနဲ့ သွားလာနေတုန်းပဲ။ နောက်ပြီးတော့ အိန္ဒိယက လူတွေ၊ ဗီယက်နမ်ဘက်က လူတွေလည်း အခုထပ်ရောက်နေတာရှိတယ်။ အခုဒီမှာကတော့ လူတွေကြားမှာ ပြောနေကြတာရှိတယ်။ (၁၀)လပိုင်းတောင် သိပ်မသေချာဘူးပေါ့။ မသေချာဘူး ဆိုတာက တိုက်ပွဲတွေ ဖြစ်လာမယ့်အနေအထားမျိုး ရှိတယ်လို့ ပြောနေကြ တာရှိတယ်’ဟု ရွှေကုက္ကိုလ်ဒေသတွင် သွားရောက်အလုပ်လုပ်ကိုင်နေသူက ထပ်မံပြောသည်။

ရွှေကုက္ကိုလ်ဒေသ မြို့သစ်စီမံကိန်းကို ဗိုလ်မှူးကြီးစောချစ်သူဦးဆောင်သော BGF အဖွဲ့ ပိုင် ချစ်လင်းမြိုင်ကုမ္ပဏီနှင့် ရထိုက်အုပ်စုတို့က ပူးပေါင်းအကောင်အထည်ဖော်နေခြင်းဖြစ်ပြီး အွန်လိုင်း ငွေလိမ်လုပ်ငန်းများဖြင့်လည်း နာမည်ကြီးနေသည့် ဒေသတစ်ခုဖြစ်သည်။ ကျားဖျန့်ဟုဆိုခေါ်သော အွန်လိုင်းငွေလိမ် ဂိုဏ်းများသည် အမေရိကန်နိုင်ငံသားများကို ပစ်မှတ်ထားကာ BGF အဖွဲ့ထိန်းချုပ်ထားသည့် ရွှေကုက္ကိုလ် ဒေသတွင်အခြေချလုပ်ကိုင်နေပြီး BGF ခေါင်းဆောင်များလည်း ဆက်နွှယ်နေ ကြောင်း အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) က ထုတ်ဖော်ပြော ဆိုခဲ့ဖူးသည်။
ထို့ပြင် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်(BGF) အဖွဲ့သည် ကရင်အမျိုးသားတပ်မတော်(KNA)အဖြစ် အမည်ပြောင်းကာ ပြောင်းလဲရပ်တည်ရန် ဆုံးဖြတ်ထားကြောင်း ပြီးခဲ့သည့် ကာလများတွင်လည်း သတင်းများထွက်ပေါ် ခဲ့ဖူးသည်။

လက်ရှိတွင် ရွှေကုက္ကိုလ်ဒေသ၌ စစ်ရေး ပဋိပက္ခများ ဖြစ်ပွားလာနိုင်ဖွယ်ရှိကြောင်း ပြောဆိုသုံးသပ်မှုများ ရှိနေသော်လည်း BGF အဖွဲ့နှင့် နီးစပ်သူတစ်ဦးက ‘ကိုယ်ကြည့်လို့ရတဲ့အခြေအနေကတော့ နိုင်ငံရေးအခင်းအကျင်း အပေါ်နဲ့ တပ်က ထိန်းသိမ်းတဲ့အပေါ်မှာ မူတည်ပြီးတော့ ကြည့်ရမှာပဲ။ လက်ရှိအနေအထားမှာ အားလုံးက တည်တည်ငြိမ်ငြိမ်ပါပဲ။ မဖြစ်အောင်လို့တော့ လူကြီးတွေက ထိန်းကြမယ်ထင်ပါတယ်’ဟု NP News ကို သုံးသပ်ပြောကြားသည်။

zawgyi version
ေ႐ႊကုကၠိဳလ္ ေဒသတြင္ နာမည္ႀကီး ရထိုက္စုေပါင္း႐ုံး၏ လုပ္ငန္းမ်ား အၿပီး တိုင္ ဖ်က္သိမ္းမည္ဟု ေၾကညာ
ျမဴနစ္ (NP News) - စက္တင္ဘာ ၁ဝ

အြန္လိုင္းလုပ္ငန္းမ်ားျဖင့္ နာမည္ေက်ာ္ေသာ ေ႐ႊကုကၠိဳလ္ေဒသတြင္ နာမည္ႀကီး ေ႐ႊကုကၠိဳလ္ ရထိုက္စုေပါင္း႐ုံး၏လုပ္ငန္းမ်ား အၿပီးတိုင္ဖ်က္သိမ္းမည္ဟု ေၾကညာထားသည္။

ႏိုင္ငံတကာဖိအားေပးမႈႏွင့္ ႏိုင္ငံေတာ္၏ ေတာင္းဆိုမႈေၾကာင့္ လက္ရွိလုပ္ကိုင္ေနေသာ ေဒသဖြံ႕ၿဖိဳးမႈဆိုင္ရာ လုပ္ငန္းမ်ားအားလုံးကို အကန႔္အသတ္မရွိ ရပ္ဆိုင္းမည္ျဖစ္သည့္အတြက္ ေ႐ႊကုကၠိဳလ္ႏွင့္ ရထိုက္အပါအဝင္ၿမိဳ႕အတြင္းရွိ လုပ္ငန္းရွင္ႏွင့္ ဝန္ထမ္းမ်ားအားလုံးအေနျဖင့္ စက္တင္ဘာ(၂၀) ရက္ေန႔ ေနာက္ဆုံးထားကာ အၿပီးတိုင္ေ႐ႊ႕ေျပာင္းေပးရမည္ဟု အဆိုပါ႐ုံးက အသိေပးထားသည္။

ထို႔ေၾကာင့္ ထြက္ခြာမည့္သူမ်ားအားလုံးသည္ စက္တင္ဘာ (၈) ရက္ေန႔ ေနာက္ဆုံးထားကာ ရထိုက္စုေပါင္း႐ုံးတြင္ က်သင့္ေငြ (၃၉၉၉၉)ဘတ္ ေပးေဆာင္၍ လာေရာက္စာရင္းသြင္းၿပီးေနာက္ ရထိုက္စုေပါင္း႐ုံးက စီစဥ္ေပးသည့္ ကားျဖင့္ ျမဝတီၿမိဳ႕ကို ထြက္ခြာရမည္ဟု ဆိုသည္။

ထိုကဲ့သို႔ လာေရာက္စာရင္းမသြင္းဘဲ မိမိအစီအစဥ္ျဖင့္ ထြက္ခြာမည့္သူမ်ားကို ရထိုက္စုေပါင္း႐ုံးက ႏိုင္ငံတကာ ရဲတပ္ဖြဲ႕ႏွင့္ ျမန္မာႏိုင္ငံရဲ တပ္ဖြဲ႕မ်ားထံသို႔ ကိုယ္ေရးအခ်က္အလက္မ်ား ေပးပို႔သြားမည္ဟုလည္း ထည့္သြင္းေၾကညာ ထားသည္။

ေ႐ႊကုကၠိဳလ္ ရထိုက္စုေပါင္း႐ုံး၏ ေၾကညာခ်က္သည္ စက္တင္ဘာ(၁၅)ရက္မွစတင္ကာ အက်ဳံးဝင္မည္ ျဖစ္သကဲ့သို႔ လုပ္ငန္းရွင္မ်ားႏွင့္ ဝန္ထမ္း မ်ားအားလုံးအေနျဖင့္ ပူးေပါင္းေဆာင္႐ြက္ေပးရန္လည္း ရထိုက္စုေပါင္း႐ုံးက တိုက္တြန္းထားသည္ကို ေတြ႕ရသည္။

‘ရထိုက္က အဲဒီမွာအဓိကပဲ။ ရထိုက္က နာမည္ႀကီး။ တ႐ုတ္ေတြခ်ည္းပဲ။ သူရဲ႕ကုမၸဏီေတြ၊ အေဆာက္ အအုံေတြ အမ်ားႀကီးရွိတယ္။ သူတို႔ရဲ႕ လုံၿခဳံေရးဂိတ္ေတြ၊ ဘာေတြရွိတယ္။ အဲဒီမွာ ဆိုင္ကယ္နဲ႔ဝင္ရင္ ဦးထုပ္မေဆာင္း တာတို႔၊ ပါဆယ္ပို႔တဲ့ သူေတြဆိုရင္ ပါဆယ္အက်ႌတို႔ ဘာတို႔မဝတ္ရင္ ဖမ္းတာေတြ လုပ္တယ္။ ေစာခ်စ္သူရဲ႕ BGF အဖြဲ႕က လည္း ရွိတယ္ေလ။ သူတို႔က အတူတူပဲလို႔ ေျပာလို႔ရတယ္’ဟု ေ႐ႊကုကၠိဳလ္ေဒသတြင္ ေနထိုင္အလုပ္ လုပ္ကိုင္ေနသူ တစ္ဦးက NP News ကိုေျပာသည္။

ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕၊ ေ႐ႊကုကၠိဳလ္ေဒသတြင္ ရထိုက္စုေပါင္း႐ုံး၏ လုပ္ငန္းမ်ား ရပ္ဆိုင္းလိုက္မည္ဆိုပါက ဝန္ထမ္းမ်ားအပါအဝင္ ေဒသခံမ်ားအေနျဖင့္လည္း အခက္အခဲမ်ား ျဖစ္ေပၚလာႏိုင္ေၾကာင္း ၎က ဆက္လက္ေျပာသည္။

အလားတူ ယခု (၂၀၂၄) ခုႏွစ္၊ ေမလတြင္ ဗိုလ္မႉးႀကီးေစာခ်စ္သူ၏ BGF အဖြဲ႕က ျမဝတီၿမိဳ႕ နယ္ေဒသ တစ္ဝိုက္တြင္ အြန္လိုင္းလုပ္ငန္းမ်ား ေဆာင္ ႐ြက္ေနသည့္ ႏိုင္ငံျခားသားမ်ားအေနျဖင့္ ေအာက္တိုဘာ(၃၁)ရက္ေန႔ ေနာက္ဆုံးထားကာ ထြက္ခြာသြားရန္ သတိေပးစာထုတ္ျပန္ခဲ့ဖူးသည္။
‘ဒီမွာေနထိုင္ခြင့္မရွိတဲ့ တ႐ုတ္ေတြကေတာ့ ျပန္ခ်င္ျပန္မွာေပါ့။ ေဒသခံေတြကေတာ့ ဆက္ရွိေနတုန္းပဲ။ အခုကေတာ့ ေအးေအးေဆးေဆးနဲ႔ သြားလာေနတုန္းပဲ။ ေနာက္ၿပီးေတာ့ အိႏၵိယက လူေတြ၊ ဗီယက္နမ္ဘက္က လူေတြလည္း အခုထပ္ေရာက္ေနတာရွိတယ္။ အခုဒီမွာကေတာ့ လူေတြၾကားမွာ ေျပာေနၾကတာရွိတယ္။ (၁၀)လပိုင္းေတာင္ သိပ္မေသခ်ာဘူးေပါ့။ မေသခ်ာဘူး ဆိုတာက တိုက္ပြဲေတြ ျဖစ္လာမယ့္အေနအထားမ်ိဳး ရွိတယ္လို႔ ေျပာေနၾက တာရွိတယ္’ဟု ေ႐ႊကုကၠိဳလ္ေဒသတြင္ သြားေရာက္အလုပ္လုပ္ကိုင္ေနသူက ထပ္မံေျပာသည္။

ေ႐ႊကုကၠိဳလ္ေဒသ ၿမိဳ႕သစ္စီမံကိန္းကို ဗိုလ္မႉးႀကီးေစာခ်စ္သူဦးေဆာင္ေသာ BGF အဖြဲ႕ ပိုင္ ခ်စ္လင္းၿမိဳင္ကုမၸဏီႏွင့္ ရထိုက္အုပ္စုတို႔က ပူးေပါင္းအေကာင္အထည္ေဖာ္ေနျခင္းျဖစ္ၿပီး အြန္လိုင္း ေငြလိမ္လုပ္ငန္းမ်ားျဖင့္လည္း နာမည္ႀကီးေနသည့္ ေဒသတစ္ခုျဖစ္သည္။ က်ားဖ်န႔္ဟုဆိုေခၚေသာ အြန္လိုင္းေငြလိမ္ ဂိုဏ္းမ်ားသည္ အေမရိကန္ႏိုင္ငံသားမ်ားကို ပစ္မွတ္ထားကာ BGF အဖြဲ႕ထိန္းခ်ဳပ္ထားသည့္ ေ႐ႊကုကၠိဳလ္ ေဒသတြင္အေျခခ်လုပ္ကိုင္ေနၿပီး BGF ေခါင္းေဆာင္မ်ားလည္း ဆက္ႏႊယ္ေန ေၾကာင္း အေမရိကန္ ၿငိမ္းခ်မ္းေရးအင္စတီက်ဳ (USIP) က ထုတ္ေဖာ္ေျပာ ဆိုခဲ့ဖူးသည္။
ထို႔ျပင္ ကရင္ျပည္နယ္ နယ္ျခားေစာင့္ တပ္(BGF) အဖြဲ႕သည္ ကရင္အမ်ိဳးသားတပ္မေတာ္(KNA)အျဖစ္ အမည္ေျပာင္းကာ ေျပာင္းလဲရပ္တည္ရန္ ဆုံးျဖတ္ထားေၾကာင္း ၿပီးခဲ့သည့္ ကာလမ်ားတြင္လည္း သတင္းမ်ားထြက္ေပၚ ခဲ့ဖူးသည္။

လက္ရွိတြင္ ေ႐ႊကုကၠိဳလ္ေဒသ၌ စစ္ေရး ပဋိပကၡမ်ား ျဖစ္ပြားလာႏိုင္ဖြယ္ရွိေၾကာင္း ေျပာဆိုသုံးသပ္မႈမ်ား ရွိေနေသာ္လည္း BGF အဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက ‘ကိုယ္ၾကည့္လို႔ရတဲ့အေျခအေနကေတာ့ ႏိုင္ငံေရးအခင္းအက်င္း အေပၚနဲ႔ တပ္က ထိန္းသိမ္းတဲ့အေပၚမွာ မူတည္ၿပီးေတာ့ ၾကည့္ရမွာပဲ။ လက္ရွိအေနအထားမွာ အားလုံးက တည္တည္ၿငိမ္ၿငိမ္ပါပဲ။ မျဖစ္ေအာင္လို႔ေတာ့ လူႀကီးေတြက ထိန္းၾကမယ္ထင္ပါတယ္’ဟု NP News ကို သုံးသပ္ေျပာၾကားသည္။

Related news

© 2021. All rights reserved.