ကျိုင်းတုံမြို့နယ်တွင် TOYOTA HILUX REVO ကားပေါ်မှ ငွေကျပ် (၈)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 417

သန့်ဇင် (NP News) - စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်တွင် TOYOTA HILUX REVO ကားပေါ်မှ ငွေကျပ် (၈)ဘီလျံကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံမူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖြစ်စဉ်မှာ ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်၊ နံနက် ၄ နာရီခွဲအချိန်ခန့်က ကျိုင်းတုံမြို့နယ်၊ ယန်းကျိန်ကျေးရွာအနီး၊ မိုင်းလား - ကျိုင်းတုံသွား ကားလမ်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ကားလမ်းတွင် လော်တား မောင်းနှင်လာသည့် TOYOTA HILUX REVO ကားကို လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က စစ်ဆေးရှာဖွေခဲ့ရာ ကားပေါ်မှ ငွေကျပ်(၈ ဒသမ ၃၇)ဘီလျံကျော်တန်းဖိုးရှိ အိုက်စ် (မက်သ်အဖက်တမင်း) ၁ ဒသမ ၀၄၇ တန်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ဆေးဖော်ထုတ်ချက်အရ အဆိုပါ ဖမ်းဆီးရမိသည့် အိုက်စ်(မက်သ်အဖက်တမင်း)များကို ကျိုင်းတုံမြို့နယ်မှ မိုင်းဖြတ်မြို့နယ်သို့ သယ်ဆောင်ရောင်း ဝယ်ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် လော်လားကို သက်ဆိုင်ရာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အမှုဖွင့်အရေးယူထားပြီး ကွင်းဆက်များအား စစ်ဆေးလျက်ရှိကြောင်း သိရသည်။

zawgyi version
က်ိဳင္းတုံၿမိဳ႕နယ္တြင္ TOYOTA HILUX REVO ကားေပၚမွ ေငြက်ပ္ (၈)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိ

သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၁

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ိဳင္းတုံၿမိဳ႕နယ္တြင္ TOYOTA HILUX REVO ကားေပၚမွ ေငြက်ပ္ (၈)ဘီလ်ံေက်ာ္တန္ဖိုးရွိ မူးယစ္ေဆးဝါးမ်ား ဖမ္းဆီးရမိခဲ့ေၾကာင္း ျမန္မာႏိုင္ငံမူးယစ္ေဆးဝါးတားဆီးႏွိမ္နင္းေရးရဲတပ္ဖြဲ႕ထံမွ သိရသည္။

ျဖစ္စဥ္မွာ ၿပီးခဲ့သည့္ စက္တင္ဘာ ၇ ရက္၊ နံနက္ ၄ နာရီခြဲအခ်ိန္ခန႔္က က်ိဳင္းတုံၿမိဳ႕နယ္၊ ယန္းက်ိန္ေက်း႐ြာအနီး၊ မိုင္းလား - က်ိဳင္းတုံသြား ကားလမ္းတြင္ ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါ ကားလမ္းတြင္ ေလာ္တား ေမာင္းႏွင္လာသည့္ TOYOTA HILUX REVO ကားကို လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားပါဝင္ေသာ ပူးေပါင္းအဖြဲ႕က စစ္ေဆးရွာေဖြခဲ့ရာ ကားေပၚမွ ေငြက်ပ္(၈ ဒသမ ၃၇)ဘီလ်ံေက်ာ္တန္းဖိုးရွိ အိုက္စ္ (မက္သ္အဖက္တမင္း) ၁ ဒသမ ၀၄၇ တန္ကို ဖမ္းဆီးရမိခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

စစ္ေဆးေဖာ္ထုတ္ခ်က္အရ အဆိုပါ ဖမ္းဆီးရမိသည့္ အိုက္စ္(မက္သ္အဖက္တမင္း)မ်ားကို က်ိဳင္းတုံၿမိဳ႕နယ္မွ မိုင္းျဖတ္ၿမိဳ႕နယ္သို႔ သယ္ေဆာင္ေရာင္း ဝယ္ျခင္းျဖစ္ေၾကာင္း သိရသည္။

လက္ရွိတြင္ ေလာ္လားကို သက္ဆိုင္ရာၿမိဳ႕မရဲစခန္းတြင္ မူးယစ္ေဆးဝါးႏွင့္ စိတ္ကိုေျပာင္းလဲေစေသာ ေဆးဝါးမ်ားဆိုင္ရာ ဥပေဒအရ အမႈဖြင့္အေရးယူထားၿပီး ကြင္းဆက္မ်ားအား စစ္ေဆးလ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.