နေပြည်တော်အပါအဝင် မြို့ပေါင်း(၁၀)မြို့ထက်မနည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ဒေသခံများအနေဖြင့် အကူအညီများလိုအပ်နေ

 5053

သန့်ဇင် (NP News) - စက်တင်ဘာ ၁၁

နေပြည်တော်အပါအဝင် မြို့ပေါင်း(၁၀)မြို့ထက်မနည်း ရေကြီးရေလျှံမှုများဖြစ်ပေါ်နေပြီး ဒေသခံများအနေဖြင့် အကူအညီများလိုအပ်နေကြောင်း ရေ ဘေးကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေသည့် ဒေသခံလူမှုကူညီရေးအသင်းများထံမှ သိရသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် ချောင်းရေများမြင့်တက်လာခြင်းကြောင့် ယနေ့(စက်တင်ဘာ ၁၁ ရက်)မှစတင်ကာ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်များတွင် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

“အခုကတော့ နေရာတော်တော်များများမှာကိုရေကြီးနေတာပါ။ အခုထိကယ်ဆယ်ရေးတွေလုပ်နေရတုန်းပါ”ဟု ရေဘေးကူညီကယ်ဆယ်ရေးများလုပ်ဆောင်နေသည့် ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက NP News ကိုပြောသည်။

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ချက်အရ ရာဂီမုန်တိုင်းအရှိန်ကြောင့် နေပြည်တော်ဒေသနှင့် အရှေ့ဘက်ကုန်းမြင့် ဒေသများတွင် မိုးရွာသွန်းမှုများပြားလျက်ရှိပြီး ပျဉ်းမနားမြို့နယ်အတွင်းရှိ ငလိုက်ချောင်း၊ ဆင်သေချောင်း နှင့် ပေါင်းလောင်းမြစ်များတွင် ရေမြင့်တက် လျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ပျဉ်းမနားမြို့နယ်အတွင်း ငလိုက်ချောင်း၊ ဆင်သေချောင်းနှင့် ပေါင်းလောင်းမြစ်တစ်လျှောက်ရှိ အနိမ့်ပိုင်းဧရိယာများနှင့် ကျေးရွာများတွင်နေထိုင်သူများအနေဖြင့် ရေဘေးအန္တရာယ်ကို သတိပြုနေထိုင်ကြပါရန် ထုတ်ပြန်ချက်တွင် ပါရှိသည်။

ထို့ပြင် နေပြည်တော်ကောာင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်အတွင်းရှိ၊ မန် ကျည်းပင်ကျေးရွာ၊ လက်ပံပုကျေးရွာ၊ ပိန်းတောကျေးရွာ၊ သရက်ကုန်းကျေးရွာ၊ ရှောက်ကုန်းကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ညောင်လွန့်၊ တပ်ကုန်းမြို့တွင်း၊ အနော်ရထာရပ်ကွက်၊ ဘုရင့်နောင် ရပ်ကွက်၊ ရွေမာန်းတော်ရပ်ကွက်၊ ဆေးရုံ၊ ဘိုးဘွားရိပ်သာများအတွင်းတွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေလျက်ရှိကြောင်း သိရသည်။

အလားတူပြီးခဲ့သည့် ဩဂုတ်လနှောင်းပိုင်းကလည်း နေပြည်တော်တွင် မိုးသည်းထန်စွာရွာသွန်း၍ ငလိုက်ချောင်းရေမြင့်တက်ခြင်းနှင့် တောင်ကျရေကျဆင်းခြင်းများကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ မြို့နယ်(၅)ခုထိ ရေကြီးရေလျှံမှုဖြစ်ပေါ်ခဲ့သည်။

ရာဂီမုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေချောင်းရေမြင့်တက်ခြင်းနှင့် တောင်ကျရေများကျဆင်းခြင်းများကြောင့် ကျိုက်ထိုမြို့၊ ပျဉ်းမနားမြို့၊ တပ်ကုန်းမြို့၊ ပုသိမ်ကြီးမြို့၊ ရမည်းသင်းမြို့၊ မြဝတီမြို့၊ ကျိုင်းတုံမြို့၊ ဟိုပုံးမြို့၊ တောင်ကြီးမြို့၊ ပျော်ဘွယ်မြို့၊ တာချီလိတ်မြို့၊ ရွှေညောင်မြို့၊ ကလောမြို့၊ သာယာဝတီမြို့နှင့် တောင်ကြီးမြို့တို့တွင် ရေကြီးရေလျှံမှုမှု များဖြစ်ပေါ်နေကြောင်း NP News သတင်းဌာနက စုံစမ်းထားသည့် အ ချက်အလက်များအရ သိရသည်။

“ရေကြီးတာက ရွှေညောင်မှာက အနိမ့်ပိုင်းဆိုရင် မိုးရွာရင် ရေတက်တာရှိတယ်။ ဒီနှစ်က ပိုပြီးရေတက်တာပေါ့။ အနိမ့်ပိုင်းဆိုရင် ရင်ခေါင်းလောက်ထိရှိတယ်။ ဒီနေ့မနက်မှစတက်လာတာ။ လျှပ်စစ်မီးတွေဖြတ်ထားတော့ ထမင်းချက်လို့လည်းမရဘူး။ အိမ်အောက်ထပ်တွေလည်း ရေမြုပ်နေတာ” ဟု ရွှေညောင်မြိုခံတစ်ဦးက ပြောသည်။

လက်ရှိတွင် တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်နေသောကြောင့် အနိမ့်ပိုင်းရေလွှမ်းမိုးခံရသည့် နေအိမ်အဆောက်အအုံများအတွင်း၌လည်း ပိတ်မိနေသူများရှိနေပြီး ရေဘေးကယ်ဆယ်ရေးလုပ်ဆောင်နေသူများကို စောင့်ဆိုင်းနေရလျက်ရှိကြောင်း သိရသည်။ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ ဩဂုတ်လအတွင်းက ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ရေကြီးရေလျှံမှုကြောင့် လူဦးရေ (၃၉၃၀၀၀) ခန့် ရေးဘေးသင့်ခဲ့ကြောင်း သိရသည်။

zawgyi version
ေနျပည္ေတာ္အပါအဝင္ ၿမိဳ႕ေပါင္း(၁၀)ၿမိဳ႕ထက္မနည္း ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနၿပီး ေဒသခံမ်ားအေနျဖင့္ အကူအညီမ်ားလိုအပ္ေန
သန႔္ဇင္ (NP News) - စက္တင္ဘာ ၁၁

ေနျပည္ေတာ္အပါအဝင္ ၿမိဳ႕ေပါင္း(၁၀)ၿမိဳ႕ထက္မနည္း ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚေနၿပီး ေဒသခံမ်ားအေနျဖင့္ အကူအညီမ်ားလိုအပ္ေနေၾကာင္း ေရ ေဘးကူညီကယ္ဆယ္ေရးမ်ားလုပ္ေဆာင္ေနသည့္ ေဒသခံလူမႈကူညီေရးအသင္းမ်ားထံမွ သိရသည္။

မိုးသည္းထန္စြာ႐ြာသြန္းျခင္းႏွင့္ ေခ်ာင္းေရမ်ားျမင့္တက္လာျခင္းေၾကာင့္ ယေန႔(စက္တင္ဘာ ၁၁ ရက္)မွစတင္ကာ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္းရွိ ၿမိဳ႕နယ္မ်ားတြင္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚခဲ့ေၾကာင္း သိရသည္။

“အခုကေတာ့ ေနရာေတာ္ေတာ္မ်ားမ်ားမွာကိုေရႀကီးေနတာပါ။ အခုထိကယ္ဆယ္ေရးေတြလုပ္ေနရတုန္းပါ”ဟု ေရေဘးကူညီကယ္ဆယ္ေရးမ်ားလုပ္ေဆာင္ေနသည့္ ေဒသခံလူမႈကူညီေရးအသင္းမွ တာဝန္ရွိသူတစ္ဦးက NP News ကိုေျပာသည္။

မိုးေလဝသႏွင့္ဇလေဗဒၫႊန္ၾကားမႈဦးစီးဌာနက ထုတ္ျပန္ခ်က္အရ ရာဂီမုန္တိုင္းအရွိန္ေၾကာင့္ ေနျပည္ေတာ္ေဒသႏွင့္ အေရွ႕ဘက္ကုန္းျမင့္ ေဒသမ်ားတြင္ မိုး႐ြာသြန္းမႈမ်ားျပားလ်က္ရွိၿပီး ပ်ဥ္းမနားၿမိဳ႕နယ္အတြင္းရွိ ငလိုက္ေခ်ာင္း၊ ဆင္ေသေခ်ာင္း ႏွင့္ ေပါင္းေလာင္းျမစ္မ်ားတြင္ ေရျမင့္တက္ လ်က္ရွိေၾကာင္း သိရသည္။

ထို႔ေၾကာင့္ ပ်ဥ္းမနားၿမိဳ႕နယ္အတြင္း ငလိုက္ေခ်ာင္း၊ ဆင္ေသေခ်ာင္းႏွင့္ ေပါင္းေလာင္းျမစ္တစ္ေလွ်ာက္ရွိ အနိမ့္ပိုင္းဧရိယာမ်ားႏွင့္ ေက်း႐ြာမ်ားတြင္ေနထိုင္သူမ်ားအေနျဖင့္ ေရေဘးအႏၲရာယ္ကို သတိျပဳေနထိုင္ၾကပါရန္ ထုတ္ျပန္ခ်က္တြင္ ပါရွိသည္။

ထို႔ျပင္ ေနျပည္ေတာ္ေကာာင္စီနယ္ေျမ၊ တပ္ကုန္းၿမိဳ႕နယ္အတြင္းရွိ၊ မန္ က်ည္းပင္ေက်း႐ြာ၊ လက္ပံပုေက်း႐ြာ၊ ပိန္းေတာေက်း႐ြာ၊ သရက္ကုန္းေက်း႐ြာ၊ ေရွာက္ကုန္းေက်း႐ြာ၊ ေညာင္ကုန္းေက်း႐ြာ၊ ေညာင္လြန႔္၊ တပ္ကုန္းၿမိဳ႕တြင္း၊ အေနာ္ရထာရပ္ကြက္၊ ဘုရင့္ေနာင္ ရပ္ကြက္၊ ေ႐ြမာန္းေတာ္ရပ္ကြက္၊ ေဆး႐ုံ၊ ဘိုးဘြားရိပ္သာမ်ားအတြင္းတြင္လည္း မိုးသည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ား ျဖစ္ေပၚေနလ်က္ရွိေၾကာင္း သိရသည္။

အလားတူၿပီးခဲ့သည့္ ဩဂုတ္လေႏွာင္းပိုင္းကလည္း ေနျပည္ေတာ္တြင္ မိုးသည္းထန္စြာ႐ြာသြန္း၍ ငလိုက္ေခ်ာင္းေရျမင့္တက္ျခင္းႏွင့္ ေတာင္က်ေရက်ဆင္းျခင္းမ်ားေၾကာင့္ ေရႀကီးေရလွ်ံမႈမ်ားျဖစ္ေပၚကာ ၿမိဳ႕နယ္(၅)ခုထိ ေရႀကီးေရလွ်ံမႈျဖစ္ေပၚခဲ့သည္။

ရာဂီမုန္တိုင္းအရွိန္ေၾကာင့္ မိုးသည္းထန္စြာ႐ြာသြန္းျခင္း၊ ျမစ္ေရေခ်ာင္းေရျမင့္တက္ျခင္းႏွင့္ ေတာင္က်ေရမ်ားက်ဆင္းျခင္းမ်ားေၾကာင့္ က်ိဳက္ထိုၿမိဳ႕၊ ပ်ဥ္းမနားၿမိဳ႕၊ တပ္ကုန္းၿမိဳ႕၊ ပုသိမ္ႀကီးၿမိဳ႕၊ ရမည္းသင္းၿမိဳ႕၊ ျမဝတီၿမိဳ႕၊ က်ိဳင္းတုံၿမိဳ႕၊ ဟိုပုံးၿမိဳ႕၊ ေတာင္ႀကီးၿမိဳ႕၊ ေပ်ာ္ဘြယ္ၿမိဳ႕၊ တာခ်ီလိတ္ၿမိဳ႕၊ ေ႐ႊေညာင္ၿမိဳ႕၊ ကေလာၿမိဳ႕၊ သာယာဝတီၿမိဳ႕ႏွင့္ ေတာင္ႀကီးၿမိဳ႕တို႔တြင္ ေရႀကီးေရလွ်ံမႈမႈ မ်ားျဖစ္ေပၚေနေၾကာင္း NP News သတင္းဌာနက စုံစမ္းထားသည့္ အ ခ်က္အလက္မ်ားအရ သိရသည္။

“ေရႀကီးတာက ေ႐ႊေညာင္မွာက အနိမ့္ပိုင္းဆိုရင္ မိုး႐ြာရင္ ေရတက္တာရွိတယ္။ ဒီႏွစ္က ပိုၿပီးေရတက္တာေပါ့။ အနိမ့္ပိုင္းဆိုရင္ ရင္ေခါင္းေလာက္ထိရွိတယ္။ ဒီေန႔မနက္မွစတက္လာတာ။ လွ်ပ္စစ္မီးေတြျဖတ္ထားေတာ့ ထမင္းခ်က္လို႔လည္းမရဘူး။ အိမ္ေအာက္ထပ္ေတြလည္း ေရျမဳပ္ေနတာ” ဟု ေ႐ႊေညာင္ၿမိဳခံတစ္ဦးက ေျပာသည္။

လက္ရွိတြင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ားတြင္ ေရႀကီးေရလွ်ံမႈျဖစ္ေပၚေနေသာေၾကာင့္ အနိမ့္ပိုင္းေရလႊမ္းမိုးခံရသည့္ ေနအိမ္အေဆာက္အအုံမ်ားအတြင္း၌လည္း ပိတ္မိေနသူမ်ားရွိေနၿပီး ေရေဘးကယ္ဆယ္ေရးလုပ္ေဆာင္ေနသူမ်ားကို ေစာင့္ဆိုင္းေနရလ်က္ရွိေၾကာင္း သိရသည္။ ကုလသမဂၢလူသားခ်င္းစာနာမႈဆိုင္ရာ ညႇိႏႈိင္းေရး႐ုံး (UNOCHA)၏ ဩဂုတ္လအတြင္းက ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံတစ္ဝန္းလုံးတြင္ ေရႀကီးေရလွ်ံမႈေၾကာင့္ လူဦးေရ (၃၉၃၀၀၀) ခန႔္ ေရးေဘးသင့္ခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.