ဂျပန်နိုင်ငံမှာ ၂ဝ၃ဝ ပြည့်နှစ်လယ်ပိုင်းမှာ မောင်းသူမဲ့ ရှန်ကန်ဆန် ကျည်ဆန်ရထားများ ပြေးဆွဲဖို့ စီစဉ် နေ

 143

ရောင်နီ (NP News) - စက်တင်ဘာ ၁၂

ဂျပန်နိုင်ငံမှာ ၂ဝ၃ဝ ပြည့်နှစ်လယ်ပိုင်းလောက်ကစ တိုကျိုမှ နီဂါတာ ရထားလမ်းကြောင်းကို မောင်းသူမဲ့ ရှန်ကန် ဆန် ကျည်ဆန်ရထားတွေပြေးဆွဲဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ဒီအတွက် East Japan Railway (JR East)က ၂ဝ၂၈ ခုနှစ်ကစ ရထားယာဉ်မောင်းရဲ့တာဝန်တွေကို အလို အလျောက်လုပ်ဆောင်ပေးမယ့် မောင်းသူမဲ့ရထားတွေကို ပထမဆုံး စတင်မိတ်ဆက်သွားမှာဖြစ်ပြီး ၂ဝ၂၉ ခုနှစ်မှာ စမ်းသပ်မောင်းနှင်သွားမယ်လို့ စက်တင်ဘာ ၁၀ ရက်မှာ ပြောကြားခဲ့ပါတယ်။
"မောင်းသူမဲ့ရထားဟာ ရထားလမ်းစီမံခန့်ခွဲမှုစနစ်ကို ပိုထိထိရောက်ရောက် ထိန်းသိမ်းနိုင်မှာဖြစ်ပြီး ၎င်းကို လူမှုပတ်ဝန်းကျင်အပြောင်းအလဲတွေနဲ့လိုက်လျောညီထွေဖြစ်အောင် ဆောင်ရွက်သွားမယ်" "ဒါဟာ အလုပ်သမား ရှားပါးမှုပြဿနာကို ဖြေရှင်းပြီးသားဖြစ်စေမယ်" လို့ ကုမ္ပဏီက ဆိုပါတယ်။

ရှန်ကန်ဆန်ရထားရဲ့ အမြင့်ဆုံးနှုန်းဟာ 275 kmh ဖြစ်ပြီး အခြားရထားလိုင်းတွေထက် တစ်နာရီ ကီလိုမီတာ ၃၀၀ သို့မဟုတ် ပိုမြန်စွာ ပြေးဆွဲနိုင်ပါတယ်။ မောင်းသူမဲ့ရထားကတော့ ဒီထက်ပိုမြန်မယ်လို့ ခန့်မှန်းရပြီး အရှိန်နှုန်း ဘယ်လောက်ရှိမယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

Zawgyi Version;
ဂ်ပန္ႏိုင္ငံမွာ ၂ဝ၃ဝ ျပည့္ႏွစ္လယ္ပိုင္းမွာ ေမာင္းသူမဲ့ ရွန္ကန္ဆန္ က်ည္ဆန္ရထားမ်ား ေျပးဆြဲဖို႔ စီစဥ္ ေနေ

ရာင္နီ (NP News) - စက္တင္ဘာ ၁၂

ဂ်ပန္ႏိုင္ငံမွာ ၂ဝ၃ဝ ျပည့္ႏွစ္လယ္ပိုင္းေလာက္ကစ တိုက်ိဳမွ နီဂါတာ ရထားလမ္းေၾကာင္းကို ေမာင္းသူမဲ့ ရွန္ကန္ ဆန္ က်ည္ဆန္ရထားေတြေျပးဆြဲဖို႔ စီစဥ္ေနတယ္လို႔ သိရပါတယ္။

ဒီအတြက္ East Japan Railway (JR East)က ၂ဝ၂၈ ခုႏွစ္ကစ ရထားယာဥ္ေမာင္းရဲ႕တာဝန္ေတြကို အလို အေလ်ာက္လုပ္ေဆာင္ေပးမယ့္ ေမာင္းသူမဲ့ရထားေတြကို ပထမဆုံး စတင္မိတ္ဆက္သြားမွာျဖစ္ၿပီး ၂ဝ၂၉ ခုႏွစ္မွာ စမ္းသပ္ေမာင္းႏွင္သြားမယ္လို႔ စက္တင္ဘာ ၁၀ ရက္မွာ ေျပာၾကားခဲ့ပါတယ္။
"ေမာင္းသူမဲ့ရထားဟာ ရထားလမ္းစီမံခန႔္ခြဲမႈစနစ္ကို ပိုထိထိေရာက္ေရာက္ ထိန္းသိမ္းႏိုင္မွာျဖစ္ၿပီး ၎ကို လူမႈပတ္ဝန္းက်င္အေျပာင္းအလဲေတြနဲ႔လိုက္ေလ်ာညီေထြျဖစ္ေအာင္ ေဆာင္႐ြက္သြားမယ္" "ဒါဟာ အလုပ္သမား ရွားပါးမႈျပႆနာကို ေျဖရွင္းၿပီးသားျဖစ္ေစမယ္" လို႔ ကုမၸဏီက ဆိုပါတယ္။

ရွန္ကန္ဆန္ရထားရဲ႕ အျမင့္ဆုံးႏႈန္းဟာ 275 kmh ျဖစ္ၿပီး အျခားရထားလိုင္းေတြထက္ တစ္နာရီ ကီလိုမီတာ ၃၀၀ သို႔မဟုတ္ ပိုျမန္စြာ ေျပးဆြဲႏိုင္ပါတယ္။ ေမာင္းသူမဲ့ရထားကေတာ့ ဒီထက္ပိုျမန္မယ္လို႔ ခန႔္မွန္းရၿပီး အရွိန္ႏႈန္း ဘယ္ေလာက္ရွိမယ္ဆိုတာကိုေတာ့ မသိရေသးပါဘူး။

Related news

© 2021. All rights reserved.