အွန်လိုင်း လိမ်လည်သူများသည် ဆင်းရဲသူများ နှင့် လူလတ်တန်းစားများကို ပစ်မှတ်ထားနေပြီး လိမ်နည်း လေးမျိုးထက် မနည်းကို အဖန်တလဲလဲ အသုံးပြုနေ

 977

သုတကျော်၊ ချယ်ရီ (NP News) - စက်တင်ဘာ ၁၂

အွန်လိုင်း လိမ်လည်သူများသည် ဆင်းရဲသူများ နှင့် လူလတ်တန်းစားများကို ပစ်မှတ်ထားနေပြီး လိမ်နည်း လေးမျိုးထက် မနည်းကို အဖန်တလဲလဲ အသုံး ပြုနေကြောင်း ကျားဖျန့်တိုက်ဖျက်ရေး နှင့် အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်နေသော ဦးဝေယံတင်မောင်ဝင်းက NP News သို့ သုံးသပ်ပြောကြားထားချက်အရ သိရသည်။

အွန်လိုင်းမှ လိမ်လည်မှုများသည် ယခုနောက်ပိုင်းကာလများတွင် ပိုမိုများ ပြားလာကာ ကျပ်ငွေထောင်ဂဏန်းမှစတင်ကာ ကျပ်သိန်းရာဂဏန်းအထိ လိမ်လည်မှုများရှိနေခြင်းဖြစ်ကြောင်း NP News က စုံစမ်းမေးမြန်းထားချက်များအရ သိရသည်။ ယခုကဲ့သို့ အွန်လိုင်းမှ လိမ်လည်နည်းမျိုး မတိုင်မီ ယခင်ကပင် ဆက်သွယ်ရေးစနစ်သုံး လိမ်လည်မှုအချို့ရှိခဲ့ခြင်းဖြစ်သည်။ “လွန်ခဲ့တဲ့ (၁ဝ)နှစ်ပတ်ချာလည်လောက်က (၁ဝ)နှစ်နဲ့အထက် နှစ်(၂ဝ) အတွင်းမှာကျတော့ နိုင်ငံခြားကနေ စာတွေ၊ ဘာတွေလာတယ်။ အဲဒါက ဘာလဲဆိုတော့ ဥပမာအားဖြင့် နှစ်မျိုးပေါ့နော်။ သူက လူတစ်ယောက်ကသေဆုံးခါနီးဖြစ်တယ်။ ပြီးတော့ သူ့မှာအမွေတွေရစရာအများကြီးပဲ ရထားတဲ့ဟာတွေ။ အဲဒီလိုဟာမျိုးမှာ သူကအမွေပေးခဲ့ချင်တယ်ပေါ့။ အဲဒီလိုပုံစံမျိုးနဲ့လာတယ်။ ငွေပေးခဲ့ဖို့ စာရွက်စာတမ်းတွေ အတုတွေလုပ်ပြီးတော့ လွှဲပေးတယ်ပေါ့နော်။ ရှေ့နေတွေ၊ ဘာတွေပုံစံနဲ့လုပ်တယ်။ ပြီးတော့ ငွေပို့ဖို့အတွက်ကို ငွေလွှဲခပေါ့နော်၊ ငွေလွှဲခဆိုပြီးတော့ တောင်းပြီးတော့ သူတို့ရဲ့လိမ်ညာတဲ့ပုံစံတစ်မျိုးပါ”ဟု ဦးဝေယံတင်မောင်ဝင်း က ဆိုသည်။

ထို့နောက် အင်တာနက်ခေတ်တွင် ကံစမ်းမဲပေါက်သည်၊ ပရိုမိုးရှင်း ပေး သည်ဆိုသော အီးမေလ်များ ပေးပို့လိမ်လည်မှုများရှိခဲ့ကာ ထို့နောက်တွင်မူ ကျားဖျန့်တို့သည် လိမ်နည်းကို အဆင့်ဆင့်မွမ်းမံတိုးမြှင့်လာခဲ့ခြင်း ဖြစ် သည်။

“အစောဆုံးကတော့သူတို့က ကံစမ်းမဲပေါက်တာတို့၊ ပရိုမိုးရှင်းလုပ်တာတို့။ ပြီးရင် ငွေချေးတဲ့ဟာတို့၊ ဘောလုံးပွဲရယ်၊ လောင်းကစားရယ်ဆိုပြီးပေါ်လာတယ်။ ပြီးရင် ဂိမ်းကစားတဲ့ကိစ္စလာတယ်။ ပြီးရင် အလိမ်အများဆုံးက Online Shop ကို ခရစ်ပတိုတို့၊ Forex တို့ပေါ့။ လုပ်ငန်းတစ်ခုနဲ့တွဲတွဲပြီးတော့ လာတယ်။ ပြီးတော့ နောက်ဆုံးတစ်ခုက Payment တစ်ခုကို အခြေခံတာပေါ့။ ရှိပြီးသား Bussiness ကို အခြေခံပြီးအတုလုပ်ပြီးတော့မှ လိမ်တယ်။ ပြီးတော့ ရှယ်ယာခေါ်တယ်။ အမြတ်အများပေးတယ်။ လူတွေက လောဘသားကောင်သွားဖြစ်လို့။ အမြတ်ဆိုတာက တကယ့်စီးပွားရေးလုပ်နေတာ တစ်ရာမှာ ၅ ကျပ်မြတ်ဖို့တောင် အနိုင်နိုင်လေ”ဟု ၎င်းက ရှင်းပြသည်။

လတ်တလော ပေါပေါများများ တွေ့နေရသည့် လိမ်နည်းတမျိုးမှာ ဖုန်းအော် ပရေတာတစ်ခုခုမှ ကံစမ်းမဲပေါက်သည်ဟု လိမ်နည်းမျိုးဖြစ်ပြီး အခြားတစ်မျိုးမှာ KBZ Pay သို့မဟုတ် Wave Pay အပလီကေးရှင်းမှာ မလုံခြုံသော ကြောင့် အဆင့်မြှင့်ရမည်ဟုဆိုကာ ဖုန်းအတွင်းဝင်လာသော OTP ကုတ်ကို တောင်းခြင်းမျိုး ဖြစ်သည်။ ထို့ပြင် အင်တာနက်လူမှုကွန်ယက်များ ခေတ်စားလာပြီးနောက် ချေးငွေလုပ်ငန်းများ အမည်ခံကာ လိမ်နည်းတမျိုးပေါ် လာပြီး အဆိုပါ လိမ်နည်းမှာ မသိနားမလည်သူများအတွက် အလိမ်ခံရရန် ပိုမိုအခွင့်အလမ်းများခဲ့သည်။

“စာရွက်၊ စာတမ်းတွေ၊ CV တွေ၊ ဓာတ်ပုံတွေ၊ မှတ်ပုံတင်တွေ၊ အိမ်ထောင်စုဇယားတွေနဲ့တောင်းပြီးတော့ သူတို့ကဘာလဲဆိုတော့ Deposit အနေနဲ့ ပိုက်ဆံလွှဲခိုင်းတယ်။ ပြီးရင် ပထမလရဲ့အတိုး နောက်ပြီးဘယ်လောက်ချေးမှာလဲ (၁ဝ)သိန်းဟုတ်ပြီ ပထမလအတိုးက (၁)ကျပ်ဆိုတော့ (၁)သောင်းကျပ်ပေါ့၊ အဲဒီ (၁)သောင်း အရင်လွှဲပေးရမယ် ပထမလကိုပေါ့၊ ဒီလူက ယုံရလား၊ မယုံရလား စမ်းသပ်တာ ဘာညာပေါ့။ ငွေလွှဲပေးတာနဲ့ တစ်ဖက်မှာ ငွေထုတ်တယ်၊ ထုတ်ပြီးတာနဲ့ ကိုယ်နဲ့ပတ်သက်တဲ့ ဖုန်းတွေအားလုံးကို block ပြီးတော့ ပြေးသွားတယ်”ဟု ဦးဝေယံ တင်မောင်ဝင်းက ဆိုသည်။

ထို့နောက်တွင်မှ လောင်းကစားဂိမ်းဖြင့် လိမ်သည့်နည်း အွန်လိုင်းတွင် ပေါ်ပေါက်လာပြီး အဆိုပါလိမ်နည်းဖြင့် အလိမ်ခံရသူ ပမာဏမှာလည်း မနည်းလှပေ။ “ဘောလုံးပွဲနဲ့ဂိမ်းတို့ ဝင်လာတဲ့အခါမှာလည်း သူတို့ပြောတဲ့အတိုင်းကို လောင်းရတယ်။ အနိုင်ပေးထားတယ်။ ပထမဦးဆုံးတစ်ကြိမ်၊ နှစ်ကြိမ်ပေါ့နော်။ ဦးဆုံးစဝင်တဲ့သူရဲ့ယုံကြည်မှုရပြီဆိုမှ ထပ်ခေါ်လာမှာ။ သူငယ်ချင်းမိတ်ဆွေတွေကို ဟ ဒါရတယ်လုပ်ကြည့်ပါ၊ ငါတောင် ဘယ်နှစ်သိန်းရသွားပြီဆိုတဲ့အခါမှာမှ သိန်းဆယ်ဂဏန်း၊ ရာဂဏန်းလုပ်မယ့်သူတွေ လူလတ်တန်းစားကို မက်လုံးထားတယ်။ အရမ်းချမ်းသာတဲ့သူတွေက သိတယ်လေ အဲဒီဟာကိုမလုပ်ကြဘူးပေါ့နော်။ အဲဒါကြောင့် ဆင်းရဲသားအုပ်စုနဲ့ လူလတ်တန်းစားတွေကိုပဲ ပစ်မှတ်ထားတယ်။ သူတို့တွေရဲ့ ထမင်းအိုးတွေကို ခွဲတာပေါ့နော်”ဟု ဦးဝေယံတင်မောင်ဝင်းက ရှင်းပြသည်။

ထို့ပြင် အခြားသောထင်ရှားသည့် လိမ်နည်းတစ်မျိုးမှာ Online Shop ပရိုမိုးရှင် ပေးသည်ဆိုသော လိမ်နည်တစ်မျိုး ဖြစ်သည်။ “Online Shop ပုံစံနဲ့ လာတဲ့အခါမှာ တုံးပြီးကြောက်ရွံ့လွန်းတဲ့သူကိုလည်း ပစ်မှတ်မထားဘူး။ အွန်လိုင်းကို နားလည်တဲ့သူတွေ၊ ဝင်ငွေကြပ်တည်းနေတဲ့လူတွေပေါ့နော်။ ပြောရမယ်ဆို မုန်တိုင်းကျတဲ့အချိန်မှာ ငါးရှာ၊ ဖားရှာပေါ့ကွယ် အဲဒီလိုမျိုးပစ်မှတ်ထားတာ”ဟု ၎င်းက ဆိုသည်။

Online Shop ပုံစံ လိမ်လည်ရာတွင် Promotion ပေးသည်ဟု ဆိုကာ Online Shop ရောင်းသူထံ ပစ္စည်းများကို စျေးပေါပေါဖြင့် လက္ကားဖြန့်ပေးပြီး တစ်ကြိမ်၊ နှစ်ကြိမ်ခန့်ကို မလိမ်ပဲလွှတ်ပြီးနောက် ယုံကြည်သည်ဟုဆိုသောအခါမှ ဝယ်သူက ထပ်ပေးသော ငွေပမာဏများစွာကို လိမ်လည်သွားခြင်း ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

ထို့ပြင် ငွေကြေးစျေးကစားခြင်းပြုလုပ်နိုင်မည်ဟုဆိုကာ လိမ်လည်ခြင်းလည်းရှိနေပြီး အဆိုပါ လိမ်နည်းအတွက် သင်တန်းဆရာအတုဖြင့် သင် တန်းပေးခြင်းကိုပါ ပြုလုပ်ပေးပြီး ၎င်းတို့က စိတ်ကြိုက်ချယ်လှယ်နိုင်မည့် ငွေကြေး စျေးကစားနိုင်သော ဝက်ဘ်ဆိုက်အတု၌ သားကောင်ကို ငွေထည့်ပြီး စျေးကစားစေကာ တစ်ကြိမ်၊ နှစ်ကြိမ် အနိုင်ရပြီးနောက် လောဘဖြင့် ငွေထပ်သွင်း၍ ကိုယ်တိုင်ကြိုးစားပါက အနိုင်မပေးတော့ပဲ လိမ်ခြင်း ဖြစ် ကြောင်းလည်း ၎င်းက ရှင်းပြသည်။

zawgyi version
အြန္လိုင္း လိမ္လည္သူမ်ားသည္ ဆင္းရဲသူမ်ား ႏွင့္ လူလတ္တန္းစားမ်ားကို ပစ္မွတ္ထားေနၿပီး လိမ္နည္း ေလးမ်ိဳးထက္ မနည္းကို အဖန္တလဲလဲ အသုံးျပဳေန
သုတေက်ာ္၊ ခ်ယ္ရီ (NP News) - စက္တင္ဘာ ၁၂

အြန္လိုင္း လိမ္လည္သူမ်ားသည္ ဆင္းရဲသူမ်ား ႏွင့္ လူလတ္တန္းစားမ်ားကို ပစ္မွတ္ထားေနၿပီး လိမ္နည္း ေလးမ်ိဳးထက္ မနည္းကို အဖန္တလဲလဲ အသုံး ျပဳေနေၾကာင္း က်ားဖ်န႔္တိုက္ဖ်က္ေရး ႏွင့္ အသိပညာေပးလုပ္ငန္းမ်ားကို ေဆာင္႐ြက္ေနေသာ ဦးေဝယံတင္ေမာင္ဝင္းက NP News သို႔ သုံးသပ္ေျပာၾကားထားခ်က္အရ သိရသည္။

အြန္လိုင္းမွ လိမ္လည္မႈမ်ားသည္ ယခုေနာက္ပိုင္းကာလမ်ားတြင္ ပိုမိုမ်ား ျပားလာကာ က်ပ္ေငြေထာင္ဂဏန္းမွစတင္ကာ က်ပ္သိန္းရာဂဏန္းအထိ လိမ္လည္မႈမ်ားရွိေနျခင္းျဖစ္ေၾကာင္း NP News က စုံစမ္းေမးျမန္းထားခ်က္မ်ားအရ သိရသည္။ ယခုကဲ့သို႔ အြန္လိုင္းမွ လိမ္လည္နည္းမ်ိဳး မတိုင္မီ ယခင္ကပင္ ဆက္သြယ္ေရးစနစ္သုံး လိမ္လည္မႈအခ်ိဳ႕ရွိခဲ့ျခင္းျဖစ္သည္။ “လြန္ခဲ့တဲ့ (၁ဝ)ႏွစ္ပတ္ခ်ာလည္ေလာက္က (၁ဝ)ႏွစ္နဲ႔အထက္ ႏွစ္(၂ဝ) အတြင္းမွာက်ေတာ့ ႏိုင္ငံျခားကေန စာေတြ၊ ဘာေတြလာတယ္။ အဲဒါက ဘာလဲဆိုေတာ့ ဥပမာအားျဖင့္ ႏွစ္မ်ိဳးေပါ့ေနာ္။ သူက လူတစ္ေယာက္ကေသဆုံးခါနီးျဖစ္တယ္။ ၿပီးေတာ့ သူ႔မွာအေမြေတြရစရာအမ်ားႀကီးပဲ ရထားတဲ့ဟာေတြ။ အဲဒီလိုဟာမ်ိဳးမွာ သူကအေမြေပးခဲ့ခ်င္တယ္ေပါ့။ အဲဒီလိုပုံစံမ်ိဳးနဲ႔လာတယ္။ ေငြေပးခဲ့ဖို႔ စာ႐ြက္စာတမ္းေတြ အတုေတြလုပ္ၿပီးေတာ့ လႊဲေပးတယ္ေပါ့ေနာ္။ ေရွ႕ေနေတြ၊ ဘာေတြပုံစံနဲ႔လုပ္တယ္။ ၿပီးေတာ့ ေငြပို႔ဖို႔အတြက္ကို ေငြလႊဲခေပါ့ေနာ္၊ ေငြလႊဲခဆိုၿပီးေတာ့ ေတာင္းၿပီးေတာ့ သူတို႔ရဲ႕လိမ္ညာတဲ့ပုံစံတစ္မ်ိဳးပါ”ဟု ဦးေဝယံတင္ေမာင္ဝင္း က ဆိုသည္။

ထို႔ေနာက္ အင္တာနက္ေခတ္တြင္ ကံစမ္းမဲေပါက္သည္၊ ပ႐ိုမိုးရွင္း ေပး သည္ဆိုေသာ အီးေမလ္မ်ား ေပးပို႔လိမ္လည္မႈမ်ားရွိခဲ့ကာ ထို႔ေနာက္တြင္မူ က်ားဖ်န႔္တို႔သည္ လိမ္နည္းကို အဆင့္ဆင့္မြမ္းမံတိုးျမႇင့္လာခဲ့ျခင္း ျဖစ္ သည္။

“အေစာဆုံးကေတာ့သူတို႔က ကံစမ္းမဲေပါက္တာတို႔၊ ပ႐ိုမိုးရွင္းလုပ္တာတို႔။ ၿပီးရင္ ေငြေခ်းတဲ့ဟာတို႔၊ ေဘာလုံးပြဲရယ္၊ ေလာင္းကစားရယ္ဆိုၿပီးေပၚလာတယ္။ ၿပီးရင္ ဂိမ္းကစားတဲ့ကိစၥလာတယ္။ ၿပီးရင္ အလိမ္အမ်ားဆုံးက Online Shop ကို ခရစ္ပတိုတို႔၊ Forex တို႔ေပါ့။ လုပ္ငန္းတစ္ခုနဲ႔တြဲတြဲၿပီးေတာ့ လာတယ္။ ၿပီးေတာ့ ေနာက္ဆုံးတစ္ခုက Payment တစ္ခုကို အေျခခံတာေပါ့။ ရွိၿပီးသား Bussiness ကို အေျခခံၿပီးအတုလုပ္ၿပီးေတာ့မွ လိမ္တယ္။ ၿပီးေတာ့ ရွယ္ယာေခၚတယ္။ အျမတ္အမ်ားေပးတယ္။ လူေတြက ေလာဘသားေကာင္သြားျဖစ္လို႔။ အျမတ္ဆိုတာက တကယ့္စီးပြားေရးလုပ္ေနတာ တစ္ရာမွာ ၅ က်ပ္ျမတ္ဖို႔ေတာင္ အႏိုင္ႏိုင္ေလ”ဟု ၎က ရွင္းျပသည္။

လတ္တေလာ ေပါေပါမ်ားမ်ား ေတြ႕ေနရသည့္ လိမ္နည္းတမ်ိဳးမွာ ဖုန္းေအာ္ ပေရတာတစ္ခုခုမွ ကံစမ္းမဲေပါက္သည္ဟု လိမ္နည္းမ်ိဳးျဖစ္ၿပီး အျခားတစ္မ်ိဳးမွာ KBZ Pay သို႔မဟုတ္ Wave Pay အပလီေကးရွင္းမွာ မလုံၿခဳံေသာ ေၾကာင့္ အဆင့္ျမႇင့္ရမည္ဟုဆိုကာ ဖုန္းအတြင္းဝင္လာေသာ OTP ကုတ္ကို ေတာင္းျခင္းမ်ိဳး ျဖစ္သည္။ ထို႔ျပင္ အင္တာနက္လူမႈကြန္ယက္မ်ား ေခတ္စားလာၿပီးေနာက္ ေခ်းေငြလုပ္ငန္းမ်ား အမည္ခံကာ လိမ္နည္းတမ်ိဳးေပၚ လာၿပီး အဆိုပါ လိမ္နည္းမွာ မသိနားမလည္သူမ်ားအတြက္ အလိမ္ခံရရန္ ပိုမိုအခြင့္အလမ္းမ်ားခဲ့သည္။

“စာ႐ြက္၊ စာတမ္းေတြ၊ CV ေတြ၊ ဓာတ္ပုံေတြ၊ မွတ္ပုံတင္ေတြ၊ အိမ္ေထာင္စုဇယားေတြနဲ႔ေတာင္းၿပီးေတာ့ သူတို႔ကဘာလဲဆိုေတာ့ Deposit အေနနဲ႔ ပိုက္ဆံလႊဲခိုင္းတယ္။ ၿပီးရင္ ပထမလရဲ႕အတိုး ေနာက္ၿပီးဘယ္ေလာက္ေခ်းမွာလဲ (၁ဝ)သိန္းဟုတ္ၿပီ ပထမလအတိုးက (၁)က်ပ္ဆိုေတာ့ (၁)ေသာင္းက်ပ္ေပါ့၊ အဲဒီ (၁)ေသာင္း အရင္လႊဲေပးရမယ္ ပထမလကိုေပါ့၊ ဒီလူက ယုံရလား၊ မယုံရလား စမ္းသပ္တာ ဘာညာေပါ့။ ေငြလႊဲေပးတာနဲ႔ တစ္ဖက္မွာ ေငြထုတ္တယ္၊ ထုတ္ၿပီးတာနဲ႔ ကိုယ္နဲ႔ပတ္သက္တဲ့ ဖုန္းေတြအားလုံးကို block ၿပီးေတာ့ ေျပးသြားတယ္”ဟု ဦးေဝယံ တင္ေမာင္ဝင္းက ဆိုသည္။

ထို႔ေနာက္တြင္မွ ေလာင္းကစားဂိမ္းျဖင့္ လိမ္သည့္နည္း အြန္လိုင္းတြင္ ေပၚေပါက္လာၿပီး အဆိုပါလိမ္နည္းျဖင့္ အလိမ္ခံရသူ ပမာဏမွာလည္း မနည္းလွေပ။ “ေဘာလုံးပြဲနဲ႔ဂိမ္းတို႔ ဝင္လာတဲ့အခါမွာလည္း သူတို႔ေျပာတဲ့အတိုင္းကို ေလာင္းရတယ္။ အႏိုင္ေပးထားတယ္။ ပထမဦးဆုံးတစ္ႀကိမ္၊ ႏွစ္ႀကိမ္ေပါ့ေနာ္။ ဦးဆုံးစဝင္တဲ့သူရဲ႕ယုံၾကည္မႈရၿပီဆိုမွ ထပ္ေခၚလာမွာ။ သူငယ္ခ်င္းမိတ္ေဆြေတြကို ဟ ဒါရတယ္လုပ္ၾကည့္ပါ၊ ငါေတာင္ ဘယ္ႏွစ္သိန္းရသြားၿပီဆိုတဲ့အခါမွာမွ သိန္းဆယ္ဂဏန္း၊ ရာဂဏန္းလုပ္မယ့္သူေတြ လူလတ္တန္းစားကို မက္လုံးထားတယ္။ အရမ္းခ်မ္းသာတဲ့သူေတြက သိတယ္ေလ အဲဒီဟာကိုမလုပ္ၾကဘူးေပါ့ေနာ္။ အဲဒါေၾကာင့္ ဆင္းရဲသားအုပ္စုနဲ႔ လူလတ္တန္းစားေတြကိုပဲ ပစ္မွတ္ထားတယ္။ သူတို႔ေတြရဲ႕ ထမင္းအိုးေတြကို ခြဲတာေပါ့ေနာ္”ဟု ဦးေဝယံတင္ေမာင္ဝင္းက ရွင္းျပသည္။

ထို႔ျပင္ အျခားေသာထင္ရွားသည့္ လိမ္နည္းတစ္မ်ိဳးမွာ Online Shop ပ႐ိုမိုးရွင္ ေပးသည္ဆိုေသာ လိမ္နည္တစ္မ်ိဳး ျဖစ္သည္။ “Online Shop ပုံစံနဲ႔ လာတဲ့အခါမွာ တုံးၿပီးေၾကာက္႐ြံ႕လြန္းတဲ့သူကိုလည္း ပစ္မွတ္မထားဘူး။ အြန္လိုင္းကို နားလည္တဲ့သူေတြ၊ ဝင္ေငြၾကပ္တည္းေနတဲ့လူေတြေပါ့ေနာ္။ ေျပာရမယ္ဆို မုန္တိုင္းက်တဲ့အခ်ိန္မွာ ငါးရွာ၊ ဖားရွာေပါ့ကြယ္ အဲဒီလိုမ်ိဳးပစ္မွတ္ထားတာ”ဟု ၎က ဆိုသည္။

Online Shop ပုံစံ လိမ္လည္ရာတြင္ Promotion ေပးသည္ဟု ဆိုကာ Online Shop ေရာင္းသူထံ ပစၥည္းမ်ားကို ေစ်းေပါေပါျဖင့္ လကၠားျဖန႔္ေပးၿပီး တစ္ႀကိမ္၊ ႏွစ္ႀကိမ္ခန႔္ကို မလိမ္ပဲလႊတ္ၿပီးေနာက္ ယုံၾကည္သည္ဟုဆိုေသာအခါမွ ဝယ္သူက ထပ္ေပးေသာ ေငြပမာဏမ်ားစြာကို လိမ္လည္သြားျခင္း ျဖစ္ေၾကာင္း ၎က ရွင္းျပသည္။

ထို႔ျပင္ ေငြေၾကးေစ်းကစားျခင္းျပဳလုပ္ႏိုင္မည္ဟုဆိုကာ လိမ္လည္ျခင္းလည္းရွိေနၿပီး အဆိုပါ လိမ္နည္းအတြက္ သင္တန္းဆရာအတုျဖင့္ သင္ တန္းေပးျခင္းကိုပါ ျပဳလုပ္ေပးၿပီး ၎တို႔က စိတ္ႀကိဳက္ခ်ယ္လွယ္ႏိုင္မည့္ ေငြေၾကး ေစ်းကစားႏိုင္ေသာ ဝက္ဘ္ဆိုက္အတု၌ သားေကာင္ကို ေငြထည့္ၿပီး ေစ်းကစားေစကာ တစ္ႀကိမ္၊ ႏွစ္ႀကိမ္ အႏိုင္ရၿပီးေနာက္ ေလာဘျဖင့္ ေငြထပ္သြင္း၍ ကိုယ္တိုင္ႀကိဳးစားပါက အႏိုင္မေပးေတာ့ပဲ လိမ္ျခင္း ျဖစ္ ေၾကာင္းလည္း ၎က ရွင္းျပသည္။

Related news

© 2021. All rights reserved.